Skip to main content

Posts

Showing posts from June, 2006

Le@rn English

London Metropolitan University

University ( www.londonmet.ac.uk ) ကိုသွားခဲ့တယ်။ လိပ်စာက 166-220, Holloway Road, N7 8DB တဲ့။ သွားရတာတောသိပ်မဝေးလှပါဘူး။ တစ်နာရီခွဲလောက်ပဲကြာတယ် :) ။ Asian တွေတော့ တော်တော်များတယ်။ ဆန်ဂျပေါက် တွေ တော်တော်များတယ်။ Purple Group မှာ သွားတက်ရတယ်။
Lecturer Name က Mark Wallace ။ တော်တော်သဘောကောင်းပါတယ်။ လိုအပ်တဲ့ အကူအညီတွေလည်း ပေးပါတယ်။
ဒါပေမဲ့ ... ပျင်းတယ်။
:( မြန်မာ သူငယ်ချင်းမှ မရှိတာကိုး :(

London မြို့ကို လေ့ခြင်း

မြို့ထဲကိုသွားပြီး နည်းနည်း လေ့ ခဲ့တယ်။ တကယ်တော့ London ဆိုတာ ကုလားပြည်ပါပဲ။ ပြီးတော့ မြို့ဟောင်းကြီး။ ဒါပေမယ့် နေရာတကာမှာ စည်းစနစ်တော်တော်ကျပါတယ်။ အဲဒါတော့ လက်မခံလို့မရဘူး။ စည်းစနစ်ကျလို့ပဲ သူတို့ ကမ္ဘာပတ်ပြီး အုပ်ချုပ်ခဲ့တယ်မလား။
အမှတ်တရဖြစ်အောင် ဓာတ်ပုံတွေရိုက်ခဲ့တယ်။ သရဲလန့်တတ်ရင်တော့ မကြည့်နဲ့နော်။



ပြေးကြည့်မှ ဒီမောင်နှမ နှစ်ယောက်ပဲရှိသည်။

Ygn > Doha > London

ဟီးသရိုးလေဆိပ်သို့ ဇွန်လ ၁၉ ရက်နေ့ လန်ဒန်စံတော်ချိန် ၆ နာရီထိုးခါနီးလောက်မှာရောက်တယ်။ လန်ဒန်မြို့ပေါ်ကို ပထမဆုံး ခြေချတဲ့နေ့ပါပဲ။ လန်ဒန်ကိုရောက်နှင့်နေပြီးသော အစ်မ ကလာကြိုခဲ့တယ်။ ရာသီဥတုကတော့ အေးနေတယ်။ တစ်နေကုန်နီးပါး လေယာဉ်စီးခဲ့သောကြောင့် အလှူလိုအိပ်ချင်နေပြီ။ ဒါပေမဲ့ နေရမည့် နေရာကိုမရောက်သေး။ မြေအောက်ရထား ၁ နာရီလောက်ဆက်စီးခဲ့ရသည်။
အစ်မနေသည်က NewburyPark ဟီးသရိုးနှင့်က အရှေ့ နှင့် အနောက် :)
မြေအောက်ရထားလက်မှတ်ဝယ်ခဲ့သည်။ တစ်ပတ်စာ ကို 32£ တဲ့။ များတော့များသည်။ ကျောင်းသားကဒ်ရှိရင် 30% Discount ရသည်။ ကျောင်းသားကဒ်ကလည်းမရှိသေးတော့ ဒီချိန်မှာ တော်တော် ထွက်တယ်။ လိုအပ်တဲ့ ဘာညာကွိကွ တွေလည်းဝယ်ရသေးတာပေါ့။
MDY က အဖေ နဲ့ အမေ ကိုရော သူငယ်ချင်းတွေကိုပါ အရမ်းသတိရတယ်။ ဒါကြောင့် အလွမ်းပြေကြည့်ဖို့ Photo တွေတင်ထားလိုက်တယ်။

ဆရာဦးခင်လတ်၊ ဖေဖေ၊ မေမေ၊ ကြီးကြီးစန်း

ဖေဖေ (မျက်မှန်နှင့်)

မေမေ


ငယ်သူငယ်ချင်းကြီး ဇီဒန်း (သန့်ဇော်ဆွေ)

သူငယ်ချင်းများနှင့် ၀င်းဝင်း အကင်ဆိုင် (MDY) တွင်အမှတ်တရ

အောင်သူရ၊ ဖိုးလုံး၊ နေမျိုးအောင်၊ မျိုးဝင်းအောင်၊ ရန်မျိုးအောင်၊ နိုင်နွေးအောင်၊ စိုးဇေနောင် ၊ ဆင်ကြီး၊ ဝေေ၀၊ နေဇာလင်း၊ မျိုးအောင်