Skip to main content

Posts

Showing posts from September, 2006

Atumashi Kyaung Temple - Mandalay

The Atumashi Kyaung, or Incomparable Monastery (Maha Atulawaiyan Kyaungdawgyi) , was originally built in 1857 by King Mindon (1853-1879), who had founded his new capital of Upper Burma at Mandalay just a few years earlier in 1855. It was one of the King’s last great religious construction project. The original Atumashi was a magnificent wooden structure with considerable exterior stucco and set on a high platform reached by a formal ceremonial staircase. Instead of the traditional “pyatthat” (graduated wooden spires of decreasing size) and multi-roof design of traditional monastic buildings, the Atumashi was a huge grandiose structure surrounded by five graduated rectangular terraces. It was considered one of Southeast Asia ’s most magnificent buildings. It originally contained a very large, almost 30 ft (9 m), image of the Buddha made from the king’s lacquered silk clothing. There were numerous treasures within the structure, including a large diamond set in the forehead of the

မန္တလေးမိုး

မန္တလေးမှာ မိုးကောင်းသလား မမေးနဲ့ဗျို့... ပြီးခဲ့တဲ့ အဖိတ်နေ့က (အဖိတ်နေ့ ဆိုတာရော သိကြရဲ့လား မသိဘူး... ၂၈-၉-၀၆ နေ့) ညနေ ၅း၁၅ နာရီ ၀န်းကျင်က မိုတွေ စရွာတာ ည ၉ နာရီ ၀န်းကျင်မှ စဲသွားတယ်ဗျ... လမ်းမပေါ်လည်း ရေတွေကြီးပဲ... မနေ့က လမ်း-၂၀ ကနေ ရွှေတစ်ချောင်းဘက်သွားတာ ရွှေတချောင်းမြောင်းကြီးလည်း ရေတွေ လျှံလို့ဗျ...၂၂-လမ်း ကနေ ၂၅လမ်းအထိ ၈၄ လမ်းမပေါ်မှာ ရေတွေဗျို့... ရွှေတံချောင်းမြောင်းက လျှံတက်လာတဲ့ရေတွေရော မိုးရေတွေပါ... ဆန်နီ ပစ်ကပ်ကားဘီး တစ်ဝက်လောက်ကို မြှပ်တယ်... မြို့သစ်ဘက်မှာဆို ပေါင်လည်လောက်ကို မြှပ်တယ်လို့ ကြားတယ်။ [ Source: ကိုတုံ ] ဒီနှစ် သိကြားမင်က မန္တလေးကို တော်တော်ချစ်နေပုံရတယ်။ သိကြားမင်းကြီးရေ သိပ်လည်း မချစ်ပါနဲ့ လူတွေ တော်တော် ဒုက္ခရောက်တယ်ဗျ။ Tag: MandalayRain, MandalayNews , Mandalay

Joomla!

Joomla! ( URL ) is one of the most powerful Open Source Content Management Systems on the planet. It is used all over the world for everything from simple websites to complex corporate applications. Joomla! is easy to install, simple to manage, and reliable. သုံးတတ်တဲ့သူများ သုံးကြဗျား။ ဂွတ်လိမ့်မယ်လို့တော့ ထင်ပါတယ်။ သုံးဖူးတဲ့လူတွေလည်း ရှိရင်ရှိမှာပါ။ ကျွန်တော်ကတော့ Programming ဆို စိတ်ပျက်လွန်းလို့ Calculator တောင် မကိုင်ဘူး။ မျက်စိလည်းလမ်းမှားပြီး အဲဒီဟာလေးကို တွေ့သွားတာ။ :) This book is a fast paced tutorial to creating a website using Joomla!. By purchasing a copy of Building Websites With Joomla! you are also helping support our project as we receive a small percentage from each sale. ၀ယ်ရင် ဈေးကြီးတယ်။ £25 ... သေရချည်ရဲ့။ အလကား ယူသွား။ Dowonload >> Building Websites With Joomla! << တလက်စတည်း ဒီစာအုပ်လေးပါ ယူသွားလိုက်။ Apress Building Online Communities With Drupal phpBB and WordPress Dec 2005 Tag: Joomla , WebDesign , EBook , Download , Software

ဝေထွန်း ငါ မုန့်လဲ မစားလိုက်ရဘူး :(

သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ။ ကြည့်စမ်း ... စားနေလိုက်ကြတာ အားရပါးရ .. ဟန်။ ငါကိုကျတော့ မကျွေးဘူး။ ကောင်းပါတယ်။ ကိုမျိုးအောင်လေးကလည်း ဓာတ်ပုံရိုက်တဲ့သူကို ဘာလုပ်ပြနေမှန်းမသိဘူး။ အောင်အောင်ကလည်း ဒီဘက်ကို ပန်းကန်လှမ်းလိုက်အုံးတဲ့ (လိုက်ပွဲပေါ့ .. ဟားဟား)။ ကိုသက်ကြီးတို့ကလည်း သိပ်မစားနိုင်ပါဘူး။ ဇွတ်ကို ပန်းကန်ထဲကို လောင်းထည့်နေတာ .. ဘာတွေလဲတော့ မသိဘူး ဟီးဟီး။ ကိုကျော်ကြီးဆိုတဲ့သူကတော့ ဟင်းထဲမှာ အသားဖတ်တွေ ရှာနေတယ်။ ဇင်ကွန်းဆိုတဲ့ ကောင်လေးကလည်း ဓာတ်ပုံဆရာနဲ့ ရန်ဖြစ်ထားလို့တဲ့ ကျောပေးထားတယ်။ လှည့်ကိုမကြည့်ချင်ဘူးတဲ့။ မိန်းကလေး အုပ်စုကတော့ စကားကို မပြောနိုင်အောင်ပါပဲ။ အလုပ်ရှုပ်တာတော့ မဟုတ်ဘူး။ အစားကို အာရုံရောက်နေကြတာလေ။ ဖန်ခွက်ကိုင်ထားတဲ့ တစ်ယောက်ဆိုရင် ဓာတ်ပုံဆရာကို သေချာကြည့်နေတယ်။ သူ့အမျိုးနဲ့ တူလို့လား မသိဘူး။ အဖိုးဘက်က တော်တာလား အဘွားဘက်က တော်သလားပေါ့ ... ဟီးဟီး နောက်ထပ် ပုံတစ်ပုံမှာက လေးယောက်ထဲ သပ်သပ်ထိုင်ပြီး အတင်းတုပ်နေကြတယ်။ ဘယ်သူ့အတင်းလဲတော့ မသိပါဘူး။ အပြောခံရတဲ့သူကတော့ လျှာတွေ ခလုပ်တိုက်နေလောက်ပြီ။ ကမ္ဘာ့အတင်းတုပ်ရေး ကော်မတီ အစည်းအဝေး ကျင်းပနေသလားမှတ်

Active Desktop Calendar

Weekly, Monthly, Yearly Plan တွေ လုပ်ဖို့အတွက် အရမ်းအသုံးဝင်တဲ့ S/W တစ်ခု။ ဘယ်သူအတွက်ပဲ ဖြစ်ဖြစ်အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ်။ Alarm စနစ်လည်းပါတယ်။ ဂွတ်တယ် ... မဆိုးဘူး။ ကျွန်တော်ကတော့ တော်တော်ကြိုက်တယ်။ Install လုပ်ပြီးတာနဲ့ Register လုပ်ဖို့အတွက် Keygen လေးပါ အစစ်ပါသေးတယ်။ Rar file လေးကို ဒီကနေ ဆွဲချပါ။ Rar Password: shwemanmg Tag: DesktopUtilities, Download , Software

သူငယ်ချင်းများစွာ ...

ဒီဘ၀တစ်ခုမှာ ဆုံတွေခဲ့ရာ အစဉ်အမြဲတို့တတွေ အတူရှိခဲ့ရာ နောက်ဆုံးသောအချိန် ပြန်ပြီးခွဲခွာ သူငယ်ချင်းများစွာ ထာဝရ ဝေးကွာ ... တစ်ချိန်မှာ ငွေကြေးများနဲ့ အလုပ်အကိုင်ရှိလာမယ် ဟိုစဉ် ကလေးဘ၀လောက် ပျော်စရာတွေလည်း မကောင်းတော့တာမှန်ပဲ ... စက်ဘီတွေစီးခဲ့ကြတယ် တို့လမ်းတွေလျောက်ခဲ့ကြတယ် စကြနောက်ကြ စိတ်ဆိုကြရင်း စာတွေကျက်ခဲ့ကြတယ် ... တစ်နေ့နေ့မှာတော့ကွာ ပြန်ဆုံမှာပေါ့ ချစ်တဲ့သူငယ်ချင်းများ Tag: Song , SaiSai

Welcome Week

အခုတလော ကျောင်းမှာ ပျားပန်းခတ်မျှ စည်းကားနေတယ်။ အဖြူတွေရော အမဲတွေရော အဖြူတစ်ဝက် အမဲတစ်ဝက်တွေရော မဖြူ့တဖြူ မမဲတမဲတွေရော ဟာ ဘာတွေမှန်းကို မသိဘူး။ စုံနေတာပဲ။ ဒါပေမဲ့ အများဆုံးကတော့ အမဲ။ ကြာရင်လည်း ကုလားမြို့တော် ဖြစ်တော့မှာပါ။ ပြီးတော့ ရောတောရှိ (ဂျပန်) တွေလည်း များပါ့။ ကြာရင် ဂျပန်စကားပြောနိုင်တော့မယ် ထင်တာပဲ :) အရင်တုန်းကတော့ သူငယ်ချင်းတွေနဲ့ ဂျပန်စကားလိုလို ဘာလိုလို စကားတွေကို ရှောက်ပြောကြတယ် အချင်းချင်းနှုတ်ဆက်ကြရင် အူရှီးတို့ပါတို့ပေါ့ :) နှုတ်ဆက်ခံရတဲ့ လူကတော့ပြန်ပြောတယ် ချူရှီး :) ဒါတွေက သူငယ်ချင်းတွေနဲ့ အမြဲနောက်ပြောင်ရင်း ပြောတတ်တဲ့စကားတွေ :) ဂျပန်နဲ့ ဆက်စပ်မိပြီး သတိရသွားတာ။ ဆိုင်တော့ သိပ်မဆိုင်ဘူး။ ကျောင်းသားကဒ် ပြဿနာတက်တာလည်း ဒီနေ့မှ ပြီးသွားတယ်ဗျား။ ပိုက်ဆံသွင်းပြီးတာကို ကျောင်းသားကဒ်က Building Access လုပ်လို့မရဘူး။ Facilities တွေကတော့ သုံးလို့ရတယ်။ အဲဒါနဲ့ TowerBuilding က Main Admin ကိုသွားမေးတယ်။ မောင် Admin များက ပြန်ပြီးလမ်းညွှန်ပြန်ရော။ Undergraduate Center ကိုပြန်ကြွပါတဲ့။ အဲဒီကိုလည်း ကြွသွားရော ထောက်လှမ်းရေးနဲ့တွေ့တော့တာပဲ။ ဟိုဟာပြ ဒီဟာပြနဲ့။ Program တွေထဲမှာ ရှိမရှိ

သီတင်းကျွတ်အတွေးများ

တို့အညာဒေသ ရွာသာရွာ ရွာဦးကျောင်းက ထိုနီးအနားမှာ အလွန် ကြည်စိမ်းလဲ့လဲ့ရေကန်သာ ဖြူနီပြာဝါရောင်စုံကြာ တင်ဆန်းလန်းစွာ ဦးတင်ကာ မြစ်ရောင်ရေထဲ ရှပ်ဖြာပုံဆွဲ ပုထိုးမြတ်ဘော်ဖြူ ငွေအဆင်းပါ ပျိုပျိုမေ ဖော်ဆွေသဟာ ညှိထွန်းမီးကြာ ရောင်စုံပင်ထင်နေတာ နုသောမျက်နှာ သီတင်းကျွတ်ရိပ်သာ ထွန်းပစန္ဒာ ပြုံလျက်မူရာ နှစ်ကိုယ်တူ မောင်မယ်ပါ။ ဘာလိုလိုနဲ့ သီတင်းကျွတ်ကာလကို ရောက်ပြီ။ ဒီနှစ်ကစပြီး အဖေအမေနဲ့ ဆရာ၊ ဆရာမတွေကို စိတ်ထဲကပဲ ကန်တော့နိုင်တော့မယ်။ ကာယကံ ၀စီကံမနောကံတွေနဲ့ ပြစ်မှားမိတာရှိရင် ခွင့်လွတ်ပါ ... အဖေ အမေ နှင့် သင်ဆရာ မြင်ဆရာ နှင့် ကြားဆရာများခင်ဗျား။ ၁၆ ကျောင်းက ဆရာကန်တော့ပွဲကိုလည်း မသွားနိုင်တော့ဘူး။ ကျွန်တော် အမြဲသတိရနေပါတယ် ဆရာဆရာမများခင်ဗျား။ မန္တလေးမှာလည်း ဘုရားပွဲတွေနဲ့ စည်ကားနေလောက်ပြီ။ အရမ်းသတိရတယ် ရွှေမန္တလေး။ သူငယ်ချင်းတွေနဲ့ ကျုံးဘေးမှာ ဖျောက်တွေဖောက်ခဲ့တာတွေလည်း မျက်စိထဲမှာမြင်မိတယ်ကွာ။ မင်းတို့လည်း ငါ့ကို သတိရမှ ရကြရဲ့လားတော့မသိဘူး။ ငါကတော့ မင်းတို့ကို အမြဲသတိရနေပါတယ်ကွာ။ မီးရောင်တွေ၊ မီးပုံးပျံတွေနဲ့ထိန်ထိန်လင်းနေမယ့် မန္တလေးတောင်ကြီးကလည်း အတွေးထဲမှာ ၀င်ဝင်လာတယ်။ လပြည့်နေ့ဆိုရင် ကျုံးဘေးမှာ

သီချင်းငတ်သူ

ဒီသီချင်းလေးနှစ်ပုဒ်ကို Mp3 Format လေးများရှိရင် ကူညီမစကြပါ။ အရမ်း နားထောင်ချင်နေလို့ပါခင်ဗျာ။ ကိုယ်ချင်းစာတတ်သူများအား ကျေးဇူးအထူးတင်ပါ၏။ အတောင်ပံတွေ - မျိုးကျော့မြိုင် မိန်းကလေးတစ်ယောက်ကို ချစ်မိရင် - စိုင်းစိုင်းခမ်းလှိုင် ပုံ / အမ်ပီသရီး ကိုယ်တော်ကြီး ♣ သီချင်းများ အတွက် မမေ နှင့် ပန်းပွင့်လေး အား အထူး ကျေးဇူးတင်ပါ၏။ ♣

တနပ်ကယ်၀၀ စားလိုက်ရရင်ဖြင့်

မန္တလေးမုန့်ဟင်းခါးများကိုလည်း လွေးချင်လှ၏။ အထူးသဖြင့် ရသာ မုန့်ဟင်းခါး၊ ငါးဥလေးပါရင်တော့ ပိုဂွတ်၏။ အာပူလျှာပူဆိုရင်တော့ မဟာဇေယျာပုံထဲက ဆိုင်ကိုပဲ သွားသောက်ချင်တယ်။ ငဖယ်သုပ်လေး စားရင်းပေါ့။ ကောက်ညှင်းပေါင်းကတော့ ဘယ်ဆိုင်ကစားစား အရသာရှိ၏။ မင်းသီဟ ကဖေးမှာ အမြဲစားဖြစ်၏။ ဘာဘူ၏ ဗယာကြော်လေးပါရင်တော့ ပိုမြိန်၏။ အခုတော့ ဘိန်းမုန့်၏ အနံ့လေးကိုပင်မရတော့ပါ။ ၃၄လမ်းမှ ဘိန်းမုန့်ဆိုင်များ အရသာရှိလှ၏။ အထူးသဖြင့် ထောပတ်ဘိန်းမုန့်။ လူလည်းအခုတော့ ဘိန်းပြတ်ပြီပေါ့။ အရီးတောင်းဆို လက်ဘက်ကောင်းတဲ့၊ ဦးကျော်သိန်းရယ် ဒီမှာ ဆိုင်ခွဲလေး ဘာလေး လာဖွင့်ပါလားကွယ်။ မှန်မှန်ဝယ်စားဆို စားပါ့မယ်။

ချစ်ခြင်းရင်ခုန် ယုံကြည်စွာဖြင့်

မန္တလေးမှာ ရိုက်ထားတဲ့ ဇာတ်လမ်းလေး၊ အရမ်းကြိုက်တယ်။ ရန်ကင်တောင်နားက နည်းပညာတက္ကသိုလ်ထဲမှာ နောက်ခံထားပြီးရိုက်ထားတယ်။ နောက်ခံသီချင်းလေးလည်း အရမ်းမိုက်တယ်။ ဒွေး ဆိုထားတာ။ ဒီဇာတ်ကားလေးကြည့်ပြီး နည်းပညာတက္ကသိုလ်မှာ Evening Class တက်တုန်းက သွားခဲ့တဲ့အချိန်တွေကို သတိရမိတယ်။ တကယ်တော့နည်းပညာတက္ကသိုလ်ဟာ ကျွန်တော်အရင်တုန်းက နေခဲ့တဲ့အိမ်နဲ့ နီးနီးလေး။ အရင်တုန်းက ရန်ကင်းတောင်ခြေက မန္တလေး သမ၀ါယမကောလိပ်မှာ နေခဲ့တယ်။ ငယ်ငယ်လေးကတည်းကပေါ့။ ရန်ကင်းတောင်တ၀ိုက်ဟာ အရမ်းသာယာတဲ့နေရာလေးပါပဲ။ ရေတံခွန်တောင်နဲ့လည်း နီးနီးလေး။ မေမြို့ကိုလည်း ဆက်သွားလို့ရသေးတယ်။ ပြီးတော့ ရန်ကင်းတောင်ခြေနားလေးမှာ မြကျောက်စေတီဆိုတာရှိတယ်။ အဲဒီမှာ သဘာဝအတိုင်း ရေသန့်တွေထွက်နေတယ်။ မြကျောက်ဆရာတော် ဆိုတာလည်းရှိတယ်။ နာမည်ကြီးပေါ့။ လူကြီးပိုင်းတွေ တော်တော်ကိုးကွယ်ကြတယ်။ အထူးသဖြင့် နန်းတွင်းထဲက လုလင်တွေပေါ့။ ဒီဇာတ်ကားလေးတင်ပေးတဲ့ ခရမ်းပြာအိမ်မက် မှ ကိုကို မမ များကို ကျေးဇူးတင်ပါ၏။ [ အပိုင်း ၁ ] [ အပိုင်း ၂ ]

Fees, Interview & Wimbledon

Course အတွက် ပိုက်ဆံသွင်းခဲ့တယ်။ တစ်ဝက်ပဲ သွင်းခဲ့လိုက်တယ်။ Information တစ်ခု မသိလိုက်တာနဲ့ 10% Discount နဲ့လွဲသွားတယ်။ အခုတော့ 5% ပဲရတော့မယ်တဲ့။ သင်ခန်းစာပေါ့ ... မောင်ဖိုးချမ်းရာ။ မှတ်ပြီလား။ နောက်ဆိုရင် ဘယ် Information မှ မလွတ်စေနဲ့။ ရသမျှ Information အကုန်သာမှတ်ကွာ။ နေ့လည်ပိုင်း Wimbledon သွားပြီး အင်တာဗျူးတစ်ခု သွားဖြေခဲ့တယ်။ Multiple Choice အခု ၈၀ လောက်လုပ်ခဲ့ရတယ်။ Viva ကတော့ ၂မိနစ် လောက်ပဲ ဖြေရတယ်။ မဆိုးပါဘူး။ Wimbledon ကိုသွားရတာ တော်တော်တော့ဝေးတယ်။ Tennis ကွင်းဖက်ကို သွားကြည့်ချင်ပေမဲ့ အချိန်မရလိုက်ဘူး။ အဲဒီဘက်ကို သွားရင် District Line ကိုစီးပြီး သွားရတယ်။ အသွားတုန်းကတော့ သိပ်မကြာသလိုလိုနဲ့ အပြန်ကြတော့ တော်တော်ကြာတယ်။ ၅ နာရီ ၃၀ လောက် Wimbledon ကနေ ပြန်ထွက်လာတာ တိုက်ခန်းကို ပြန်ရောက်တော့ ၈ နာရီ ထိုးခါနီးနေပြီ။ ရုံးဆင်ချိန် မို့လို့လားတော့ မသိဘူး။ ရထားတွေက စောင့်စောင့်နေရတယ်။ ရပ်လိုက် သွားလိုက်နဲ့။ ရပ်တဲ့အချိန်က မောင်းတဲ့အချိန်ထက်များနေတယ်။ အဲဒီပြဿနာက ဒီမှာ အကြီးဆုံးပဲ။ ကြိုကြိုပြီးသွားထားမှ တော်ရုံကျမယ်။ တစ်ခါတလေ Tube Service မရှိဘူးဆိုရင် Bus နဲ့လစ်ရပြီ။ ၁၅မိနစ်လောက်ပဲကြာမဲ့ ခ

စိတ်ထဲရှိတာတွေ ချရေးမိတဲ့အခါ

ဒီတစ်ပတ်အတွင်း အင်တာနက်ပြန်ရတော့ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်နေမိတယ်။ သတင်းတွေလိုက်ဖတ်လိုက်၊ သီချင်းတွေ ဒေါင်းလုပ်လုပ်လိုက်၊ ချက်တင်ထဲဝင်လိုက်နဲ့ အလုပ်ကိုဖြစ်နေတာပဲ။ ကျောင်းကလည်း ၂၅ ရက်နေ့လောက်မှ ပြန်စမယ်ဆိုတော့ ကျောင်းမဖွင့်ခင် အွန်လိုင်းပေါ်မှာ အဲဗား လိုလိုရောက်နေမိတာပေါ့။ ကျောင်းပြန်ဖွင့်ရင် ကို့စ် အတွက်ထောက်အကူဖြစ်မည့် ၀က်ဆိုဒ်တွေလည်းရှာရအုံးမယ်။ အခုကတည်းကရှာထား ပြင်ဆင်ထားမှဖြစ်မယ်။ နောက်မှဆိုရင်မလွယ်ဘူး။ အဆိုင်းမန့် တွေရော ပရောဂျက်တွေရော လုပ်ရပေအုံးမည်။ ကို့စ်အတွက် ပိုက်ဆံသွင်းဖို့ ကိစ္စလည်းစဉ်းစားရအုံးမယ်။ တစ်ခါတည်းသွင်းရင်တော့ ၇၀၀ သက်သာတယ်။ နှစ်ရစ်ခွဲသွင်းရင်တော့ ဒီတိုင်းပဲ။ တစ်ခါတည်းပဲ ကောင်းပါတယ်။ သက်သာတာပေါ့။ အင်း .. မနက်ဖြန် အလုပ်အတွက် အင်တာဗျူးသွားရအုံးမယ်။ အဆင်ပြေမယ်လို့တော့ထင်တာပဲ။ အလုပ်အတွက်ကလည်း NI Number နဲ့ BankAccount ကလည်း တော်တော်အရေးပါနေတယ်။ NI Number အတွက် အင်တာဗျူးကလည်း ၂၅ ရက်နေ့မှ သွားရမယ်။ အလုပ်က NI ရှိလားမေးရင်တော့ ဒုက္ခ။ မမေးပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ဖြေရမယ်။ ဟူး .. သက်ပြင်းတွေ ဘာလို့အရမ်းချမိနေပါလိမ့်။ သီချင်းတွေနာထောင

နေပြည်တော်မှ လေဆိပ်တော်ကြီး

တိုင်းသူပြည်သား လူအများတို့လေး ဤပုံသည်ကား ကျွန်တော်မျိုးကြီးတို့၏ ဘုရင်မင်းမြတ်နှင့် ၀န်ကြီးအပေါင်းအပါများ နေထိုင်ရုံးစိုက်ရာ ပျဉ်းမနား မဟာနေပြည်တော်ကြီး၏ လေဆိပ်အဆောက်အဦးတစ်ခုဖြစ်ကြောင်း အဆွေတော်တို့အား ကြေငြာမောင်းခပ်လိုက်ရပါသည်။

ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်

Fancy Transparent Testing

သုံးလပြည့်သွားပြီ

ဘာလိုလိုနဲ့ မန္တလေးနဲ့ ခွဲလာတာ သုံးလရှိသွားပြီ။ အချိန်တွေကုန်တာ မြန်နေတာလား နှေးနေတာလား မသိတော့ဘူး။ ဒါပေမဲ့ သေချာတာကတော့ သုံးလပြည့်သွားတာပဲ။

ကွန်နက်ရှင်

သူ့ကြောင့်ပဲ ... မင်းနဲ့ကိုယ်နဲ့ ဆုံဆည်းခဲ့ရတယ် မင်းကိုကိုယ် စကားတွေအများကြီး ပြောနိုင်ခဲ့တယ် မင်းနဲ့ကိုယ်နဲ့ ချစ်သူတွေဖြစ်ခဲ့ကြတယ် သြော် ... အခုတော့ သူက မင်းနဲ့ကိုယ့်ရဲ့ကြားမှာရှိတဲ့ အဆက်အသွယ်တွေကို နှောင့်နှေးစေခဲ့တယ် သြော် ... ရက်စက်ပါ့ ... ကွန်နက်ရှင် ဆိုတာကြီးရယ် [ ကွန်နက်ရှင် - အင်တာနက်ကိုယ်တော်ကြီး ]

Funny Song

သူငယ်ချင်းတစ်ယောက်ဆီက ရထားတဲ့သီချင်းလေးပါ။ ရှမ်းဘုန်းကြီးနှစ်ယောက် ရွာတစ်ရွာကိုသွားတုန်းမှာ ဖြစ်ခဲ့တဲ့အကြောင်းလေးကို သီချင်းလေးလုပ်ထားတာပါ။ တကယ်ဖြစ်ခဲ့တာလား အကြံအဖန် ဖြစ်ခဲ့တာလားဆိုတာတော့ မသိဘူးခင်ဗျ။ ဆိုထားတဲ့ သူကတော့ ဇာဂနာလို့ပဲ ထင်တာပဲ။ အဲဒီသီချင်းထဲက စာသားလေးတချို့ကတော့ ... ဒီမှာလဒကာ လမွန်းတည့်တော့မယ်လကွာ လဆွမ်းကပ်တော့လကွာ လဒကာကြီးရာ ကျွန်တော်ကတော့ သီချင်းလေးပြီးခါနီးအပိုင်းလေးကို နားထောင်ပြီး အရမ်းရီချင်တယ်။ နားထောင်ကြည့်ပါအုံး။ OriginalSong Download

ထပ်တူညီမျှခြင်း

ငါနဲ့ ငါ့နေ့များ ကြည်လင်ပြီး နေပါစေ ငါနဲ့ ငါ့အိမ်မက် ထပ်တူရင်း စိတ်ကျေနပ်မိ ငါ့စိတ် ငါ့ရဲ့အတွေး ညီမျှခြင်း တူညီပါစေ သေချာလား တွက်ဆရင်း ခိုင်မာမှုရဲ့ အဖြေကိုလေ . . . အချိန်တိုင်းစဉ်းစားပြီး ငါ့ရဲ့လမ်း ငါရှာမယ် ငါနဲ့ ငါ့ရဲ့ခရီး လှပအောင် စိုက်ပျိုးသွား ဘ၀ရဲ့သခင် စီးရီးထဲက အရမ်းကြိုက်တဲ့သီချင်းလေးပါ။ အကြိုက်ချင်းတူလို့ နားထောင်ချင်တယ် ... ဒါမှမဟုတ် သိမ်းထားချင်တယ်ဆိုရင်တော့ >> ထပ်တူညီမျှခြင်း <<

မြန်မာ ၀ီကီ လာပြီ

မြန်မာဝီကီနော် ... ၀ီစကီမဟုတ်ဘူး .. တော်ကြာ အရက် ကြော်ငြာပေးတယ်မှတ်နေမှာစိုးလို့။ ကျွန်တော်တို့ မြန်မာတွေလည်း တိုးတက်လာပါပြီ (ဘတ်စ်ကားပေါ်)။ အခု Wikipedia ကို မြန်မာလို ဖတ်လို့ရနေပါပြီ။ သုံးထားတဲ့ Font ကတော့ Myanmar1 Font တဲ့။ ကြားတော့ မကြားဖူးဘူး။ ကျွန်တော်ကတော့ ဇော်ဂျီမှ ဇော်ဂျီ။ မြန်မာဝမ်းက သိပ်တော့ အဆင်မပြေသေးပါဘူး။ ဇော်ဂျီလောက် ဖတ်ရတာ ထင်ထင်ရှားရှားမရှိဘူး။ မြန်မာစာနဲ့ ဘာသာပြန်လိုက်တော့လည်း တချို့စာတွေက တမျိုးပဲ။ MainPage ကို ဗဟိုစာမျက်နှာ တဲ့။ တချို့တွေကတော့ မူလအစသို့တဲ့။ ရှိစေတော့။ ပြီးတော့ ရေးထားသေးတယ်။ မြန်မာယူနီကုတ်ကောင်းကောင်းရဖို့ ပညာရှင်များကြိုးစားနေကြသည်တဲ့။ ဇော်ဂျီကိုပဲ လမ်းညွှန်ပေးလိုက်ချင်တယ်။ သုံးကြည့်ပါလို့ မကြိုက်ရင် ပြန်မပေးနဲ့လို့ .. ဟားဟား။ ပြီးတော့ Content မှာ မြန်မာစာလုံး "ည" ပြီးတော့ လာတဲ့ စာလုံးတွေ မတွေ့ဘူး။ ပေါင်းရတာခက်လို့လားတော့ မသိဘူး။ မြန်မာစာမှာ အဲဒါကပြဿနာရယ်။ သိပ်မသုံးတော့တဲ့ စကားလုံးတွေရှိသလိုပဲ (ကျွန်တော် ထင်တာပေါ့)။ ဘာပဲ ပြောပြော မြန်မာဝီကီပေါ်လာတာကတော့ မြန်မာတွေအတွက် ဂုဏ်ယူစရာပါ။ ပြီးတော့ မြန်မာဝီကီမှာ ပို့စ်တွေရေးဖို့အတွက် ဖိတ်ခေါ်ထားတယ်လို

ဇော်ပိုင်ကြိုက်လို့ပါ

ဘုန်းကြီးတစ်ပါးနှင့် ကိုရင်တစ်ပါးတို့ ဆွမ်းခံကြွလာရင်း လမ်းတွင်ဆုံမိကြသည်။ ဘုန်းကြီး > ကိုရင် ဘယ်ကကြွလာတာလဲ။ ကိုရင် > မဆုံသောလမ်း ဘုန်းကြီး > ဆွမ်းတွေများလှပါလား ဘယ်ကလောင်းလိုက်တာလဲ ကိုရင် > မနေ့က ကောင်မလေး

အင်တာနက်ရပြီ

ဒီနေ့အင်တာနက် စရပြီ။ လိုင်းကတော့ Tiscali ဆိုတဲ့လိုင်း။ Speed ကတော့ 3.3MB ပဲရတယ်။ ရှိစေတော့။ စသုံးပြီးဘာမှလည်း မကြာသေးဘူး Connection မရတော့ဘူး။ Trace ပြန်လိုက်ကြည့်တော့ ဘေးအခန်းက လူကဖုန်းကြိုးကို သောက်ကမြင်းကြောထပြီး ဖြုတ်ထားတယ်။ ကျွန်တော်တို့နေတဲ့ တိုက်ခန်းက အခန်း ၄ခန်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်အခန်းက အလယ်ခေါင်လောက်မှာ ရှိတယ်။ အဲဒီတော့ အရင်တုန်းက ဖုန်းကြိုးကို ကျွန်တော့အခန်းထဲ ယူလိုက်တယ်။ လိုင်းရအောင်လျှောက်ရတော့ ကိုယ်ကပဲလျှောက်ရတယ်။ ပိုက်ဆံပေးရတော့လည်း ကိုယ်Accountထဲကပဲပေးရဦးမယ်။ ဒီဖုန်းကြိုးလေးကိုတော့ အခန်းထဲယူပြီး ထားခွင့်တော့ ရှိအုံးမှပေါ့။ ဒါကိုပဲ ဘာတွေလာပြီး မကြေမနပ် ဖြစ်နေလဲမသိဘူး။ မြန်မာအချင်းချင်းမို့ပဲ တော်တော့တယ်။ သောက်ရေးကိုမပါဘူး။ ယောက်ျားလေးသာ ဆိုလို့ကတော့ စကားနဲ့မပြောချင်ဘူး၊ လက်နဲ့ပဲ ပြောလိုက်ချင်တယ်။ အင်တာနက်ပြန်ရအောင် အဲဒီကျေးဇူးရှင်လာတာကို စောင့်နေရသေးတယ်။ အချိန်ကြည့်လိုက်တော့ ည ၁၂နာရီခွဲနေပြီ။ အဲဒီအချိန်ကြမှ ပြန်သုံးလို့ရတယ်။ ဒါတောင် မနက်ဖြန်ကြရင် ပြန်ပြီး Sharing လုပ်ရအုံးမယ်။ အဆင်ကိုမပြေပါဘူး။ စိတ်ထဲမှာတော့ တနေကုန်လုပ်တာ မရလို့ တင်းနေတယ်။ ဖုန်းက ဘာပြဿနာ ဖြစ်တာလဲပေ

ကျေးဇူးတင်ပါတယ် ... အားပေးတဲ့မိတ်ဆွေ

မနေ့က ပို့စ် မတင်ဖြစ်လိုက်ပါ။ မြို့ထဲကို သွားစရာရှိတာနဲ့။ ပြန်လာတော့လည်း ပျိုင်းနေပြီ ဘယ်မှ မသွားချင်တော့တာနဲ့ စက်တော်ခေါ်လိုက်တယ်။ ဒီနေ့လည်း ကျောင်းမှာ login error ဖြစ်နေတာနဲ့ ၀င်လို့မရဘူးဖြစ်နေတယ်။ ဒါနဲ့ အင်တာနက် ကဖေးမှာပဲ လာသုံးလိုက်တယ်။ ရှင်းရော။ ဒီလောက် Login Error ပြတဲ့ Computer တွေ။ ကိုသက်နိုင် >> ဦးပိန်တံတား ပန်းချီလေးက ပန်းချီ ကိုတင်ထွန်းလှိုင်ရဲ့လက်ရာပါ။ သူ့လက်ရာတွေအပြင် တခြားပန်းချီဆရာများရဲ့ လက်ရာများကိုလေ့လာနိုင်တဲ့ ဆိုဒ်လေးတစ်ခုရှိပါတယ်။ ပန်းချီကို ခံစားတတ်သူများ အကြိုက်တွေ့မည့် ဆိုဒ်လေးလို့ ထင်ပါတယ်။ အဲဒါကတော့ >> ဒီမှာပါ << မမိုးမိုး >> ကျွန်တော့ ဘလော့မှာ ပါတဲ့ နောက်ခံ သီချင်းလေးက "ဘ၀ရဲ့သခင်" စီးရီးထဲက "ထပ်တူညီမျှခြင်း" ဆိုတဲ့ သီချင်လေးပါ။ ဒွေး ဆိုထားတာပါ။ မြန်မာအမ်ပီသရီး ဆိုဒ်ကနေ လှမ်းပြီး လင့်ခ်လုပ်ထားတာပါ။ [ http://myanmarmp3.net/album.aspx?AlbumID=467 ] လာလည်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ပါ မင်ပါ နောင်လည်းလာပါ။ ဘယ်တုန်းကတည်းက ခေါင်းထဲကို ၀င်နေတဲ့ စကားမှန်းတော့ မသိပါဘူး :) ကိုမျိုးဟန်ထွန်း (ခ) ကိုတိုး >> အစ်ကိုက ကဗျ

Congradulations!

ဦးပိန်တံတား

ဦးပိန်တံတား အမှတ်တရ ( ပန်းချီ - တင်ထွန်းလှိုင်)

ကျွန်တော့်ရဲ့အမြင်

ကိုမျိုးကျော်ထွန်း ဘလော့မှ[လတ်တလော ပြဿနာများ နှင့် ခံစားချက်များ 2006-09-11 11:11:46] ဟိုတစ်နေ့က ရန်ကုန်သူ တစ်ယောက်က ‘‘ ရှင်တို့ မန္တလေးကလူတွေက တော်တော်လေလုံးထွားတယ်တဲ့ ’’ ‘‘ ပြောလိုက်ရင် မန္တလေး မန္တလေးတဲ့ ’’ ‘‘ ရှင့် ကြည့်ရတာ ဇာတ်ကြိုက်တဲ့ တောသားပုံပဲ၊ အရေးအသားတွေက ဇာတ်သမားပုံပေါက်နေလို့ ’’။ အရေးထဲ ကျွန်တော့် ရဲ့ MountMandalay web site, www.mountmandalay.com ကိုပါ ‘‘ မောင့်မန္တလေး ’’ လို့ ဘာလို့ဒီနာမည်ပေးရတာလဲ၊ ခေါ်ရတဲ့နာမည်က တော်တော်စီးပိုး ဆိုပဲတဲ့ ဗျာ။ ကြံကြံဖန်ဖန် ရန်ကုန်သူရယ် မန္တလေးသားတွေက ‘‘ အပိုမပြောတဲ့ ညိုချောတွေပါ ’’ . . . ‘‘မောင့်မန္တလေး’’ လို့မခေါ်ချင်ရင်လည်း ‘‘ကိုကိုမန္တလေး’’ လို့ခေါ်လို့လဲရပါတယ် ဟဲဟဲ။ မန္တလေးသားတစ်ယောက်ကို အဲဒီလိုပြောလာတဲ့ ရန်ကုန်သူကိုတော့ ကျွန်တော်နဲ့လည်း မသိပါဘူး။ ဒါပေမဲ့ ပြောသင့် မပြောသင့်တော့ စဉ်းစားသင့်ပါတယ်။ ကျွန်တော့်အသိတစ်ယောက်(မလဲ့) ပြောသလိုပဲ မန္တလေးသားတွေက လေလုံးထွားတာမဟုတ်ပါဘူး။ စကားတတ်တာပါ။ အဲဒါကို လေလုံးထွားတယ်လို့ ပြောတာကတော့ မသင့်တော်ဘူးလို့ထင်ပါတယ်။ လေလုံးထွားတယ်ဆိုတာက အကြွားသန်တဲ့သဘောပါ။ မြန်မာနိုင်ငံမှာ ဘယ်မြို့က လူတွေ အကြွားသန်လဲ ဆိုတာကတော့ အား

ယောင်္ကျား ပေးစားပစ်မယ်

ရာသီဥတုကတော့ မိုးအုံ့ပြီး ရွာလိုက် တိတ်လိုက်နဲ့။ နောက်ပြီး ဖွဲဖွဲလေးပဲ ကျနေတယ်။ Presentation ကတော့ပြီးသွားပြီ။ အဆင်ပြေသွားလို့တော်သေးတယ်။ စိတ်ထဲမှာတော့ပေါ့သွားတယ်။ Presentation ပြီးတာနဲ့ Library ကိုတန်းပြေးပြီး အင်တာနက်သွားသုံးတယ်။ ထူးထူးဆန်းဆန်းဗျာ ... ငယ်သူငယ်ချင်းလေးတစ်ယောက် email ပို့ထားတယ်။ သူပြောတာတော့ မန္တလေးမှာ Gmail သုံးရတာ သိပ်အဆင်မပြေဘူးတဲ့ ... ဒါကြောင့် မပို့ဖြစ်တာတဲ့ ... ဖြစ်နိုင်သည် [သိပ်တော့ ... မယုံချင် :) ] ဘာပဲ ဖြစ်ဖြစ် မေးလ် ပို့ထားတဲ့အတွက် အရမ်းကျေးဇူးတင်တယ်။ ၀မ်းလည်းသာတယ်ကွာ။ သူငယ်ချင်းရေ [ ငါ ... မင်းတို့ကို အမြဲသတိရပါတယ် ... ငါပြန်လာမှ ... ၁၆ ကျောင်းက သူငယ်ချင်းတွေအားလုံးနဲ့ ...ဆုံအောင်လုပ်ပေးမယ် ... ငါပြန်လာတဲ့အချိန် နင်တို့ ... ရည်းစားမရသေးရင် ... ငါကိုယ်တိုင်ရှာပြီး ပေးစားပစ်မယ် ... :) ] [ ငါ ... မင်းတို့ကို ... သတိရတယ် ... မရဘူး ဆိုတာကတော့ ... ငါ့ရဲ့ ဘန်နာကိုပဲကြည့်လိုက်တော့ကွာ]

မြန်မာသမိုင်းကို နိုင်ငံတကာမှ လေ့လာနိုင်ပြီ

The Universities Historical Research Centre serves as a national centre for research on Myanmar history. Working closely with the Myanmar Historical Commission, its main activities are: the collection of historical source materials; research on Myanmar history; and the publication of historical research works. In addition, it undertakes special research projects which are assigned to it as national tasks. Visit Here: UHRC

"မိုး"ကောင်းနေတဲ့ မန္တလေး

မန္တလေးမှာ ဒီနေ့တော်တော် မိုးကောင်းနေတယ်လို့ သိရပါတယ်။ ကိုတုံရဲ့ ဘလော့ မှာ ရေးထားချက်အရ မနက် ၅ နာရီလောက်ကတည်းက စပြီးရွာနေတာတဲ့။ ကောင်းလိုက်တဲ့မိုး။ မေမေ့တော့ ဒီနေ့ စာသွားသင်ရတာ အဆင်ပြေမှာ မဟုတ်လောက်ဘူး။ မိုးက အရမ်းရွာနေတာဆိုတော့။ တစ်နေကုန်သာ ရွာမယ်ဆိုလို့ကတော့ မန္တလေးမှာ လှေတွေ ငှားစားရင် အလုပ်ဖြစ်လောက်ပြီ။ ဒါပေမဲ့ မိုးရွာတာ အဲဒီလောက်များလွန်းတော့လည်း ရုံးသမားတွေ ကျောင်းသားတွေ အခက်တွေ့တယ်ဗျာ။ ပြီးတော့ ဘုန်းကြီးတွေ။ ဘာမှကို လုပ်လို့မရဘူး။ မန္တလေးကလည်း မိုးရွာရင် ရေ၀ပ်တယ်ဆိုတာ အစဉ်အလာကြီးကို ဖြစ်လို့။ စည်ပင်ကလူတွေကလည်း အခုထိကို ရေမြောင်းတွေကို ရေစီးရေလာကောင်းအောင် မလုပ်တတ်ကြသေးဘူးထင်ပါတယ်။ မျိုးအောင်ရေ ... မင်းတို့တော့ ဒီနေ့ အမ်စီစီမှာ ကျောင်းသားတွေ မလာတာနဲ့ အေးဆေးညိမ့်နေကြတယ်မလား။ မိုးအေးအေးလေးနဲ့ အန်တီဆိုင်မှာ ကော်ဖီပူပူလေး သောက်ခဲ့တာတွေကို မြင်ယောင်မိတယ်ကွာ။

မန္တလေးမှာ ဆုံချင်သေးတယ်

လောကမှာ တစ်ခါလေးပဲ တွေ့ဖူးမြင်ဖူးတဲ့ အရာတွေကိုတောင် တိုက်ဆိုင်ရင်သတိရကြတာပဲ၊ ကိုယ့်ရဲ့ ဘေးမှာ အကြာကြီး ခင်ခဲ့ မြင်ခဲ့ ဆုံတွေ့ခဲ့ရတဲ့ အရာတွေဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ကိုမျိုးဟန်ထွန်းကို ကျွန်တော်ကိုယ်ချင်းစာပါတယ်ဗျာ။ အစ်ကိုလိုပဲ ကျွန်တော်လည်း မန္တလေးဘူတာလေးပါတဲ့ Video ကိုကြည့်ပြီး ၀မ်းနည်းမိပါတယ်။ ကျွန်တော် မန္တလေးနဲ့ ခွဲလာတာ သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ မန္တလေးနှင့်ပက်သက်တဲ့ အရာအားလုံးကိုတော့ တစ်နေ့မှ မေ့မရပါဘူးဗျာ။ ကိုကျော်မင်းထွန်း ... မန္တလေးကို ချစ်ခင်တာသိတော့ အရမ်းဝမ်းသာပါတယ်ဗျာ။ တကယ်တော့ မန္တလေးဟာ အမှတ်ရစရာတွေ အများကြီးရှိတဲ့နေရာလေးပါ။ အစ်ကို့အမျိုးသမီးက မန္တလေးသူဆိုတော့ အစ်ကိုကံကောင်းတာပေါ့ဗျာ။ မန္တလေးလေးသူတွေက အရမ်းကြင်နာတတ်ပြီး အရမ်းဖော်ဖော်ရွေရွေရှိတယ်လေ။ ဘုရားပွဲရာသီရောက်ရင်တော့ မန္တလေးဟာပျော်စရာအကောင်းဆုံးပါပဲ။ အစ်ကိုပြောသလိုပဲ ဟိုအိမ်သွားစား ... ဒီအိမ်သွားစားလိုက်နဲ့။ ပြောလေ ... လွမ်းလေပါပဲဗျာ။ ကျွန်တော်တို့ အဝေးရောက်မန္တလေးသားတွေနှင့် မန္တလေးသား ဘလော်ဂါတွေအားလုံး တစ်နေ့တော့ မန္တလေးမှာဆုံချင်သေးတယ်ဗျာ။

တော်သလင်းလပြည့်

မနေ့က တော်သလင်းလပြည့်နေ့ဆိုတာ ညကျမှသိတယ် ဒါတောင် Calendar ကြည့်မိလို့။ မန္တလေးမှာတော့ ဘုရားပွဲတွေစတော့မယ်လို့ ကိုဇော်မိုးအောင်ရေးထားတာတွေ့တယ်။ ပျော်စရာကြီးဗျာ။ ကျောက်တော်ကြီးပွဲကတော့ အစည်ကားဆုံးပေါ့။ စားချင်တဲ့ အစားအစာတွေကလည်းစုံနေအောင် ၀ယ်စားလို့ရတယ်။ စားလိုက် လည်လိုက်နဲ့ ဗိုက်ကိုမပြည့်နိုင်ဘူး။ ပြီးတော့ ဇာတ်ပွဲမှာ ဟာသလေးတွေ သွားကြည့်ရတာလည်း ဖီလင်တမျိုး။ အခုတော့ လပြည့်နေ့ဆိုတာ ဘာမှန်းကိုမသိဘူး။ လပြည့်ဝန်းကြီးကိုကြည့်ပြီး အူကြောင်ကြောင်နဲ့ ဟိုတွေးလိုက် ဒီတွေးလိုက်နဲ့ ... ဒီနေ့ " နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ " ပါ။ ဒီနေ့လေး ဖြစ်လာဖို့နဲ့ လူသားအားလုံးစာတတ်ဖို့အတွက် ကြိုးပမ်းနေသူတွေအားလုံးကို လေးစားမိပါတယ်။ http://www.un.org/depts/dhl/literacy/ http://www.myanmar.com/newspaper/kyaymon/Sept08.pdf [page 3]

အထူးဆန်အရောင်းဆိုင် (မန္တလေးမြို့)

မန္တလေးမြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှာ အထူးဆန်အရောင်းဆိုင် ၁၀ဆိုင်ကို သြဂုတ်လ ၂၇ ရက်နေ့က ဖွင့်ခဲ့တယ်ဆိုပဲ။ အဲဒီဆိုင်တွေမှာ ရောင်းချမည့် ဆန်အမျိုးအစားများကတော့ ရွှေရင်သွယ်တဲ့။ ဆန်အရည်အသွေး သတ်မှတ်ချက်ကတော့ ၂၅မှတ်အထက် ၁၅ မှတ်အောက် (ကုန်သည်အခေါ် လတ်ထိပ်) ဆန်များဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးမှာ ၅၅၀ ကျပ်ဝန်းကျင်ရှိပြီး အဲဒီဆိုင်တွေမှာတော့ ၄၅၀ ကျပ်နဲ့ရောင်းချပေးနေကြောင်း သိရသည်။ Source: WeeklyEleven

ဟူး ... ခက်ပါလား

Essay Assignment ဒီနေ့ပြီးသွားပြီ။ ရင်ထဲမှာ တော်တော်ပေါ့သွားတယ်။ ဒါပေမဲ့ Tuesday ကျရင် Presentatin လုပ်ရအုံးမယ်။ မလွယ်ပါလားနော်။ အရင်တုန်းက Presentatin ဆိုရင်လန့်တတ်တယ်သူ အခုတော့ ကောင်းကောင်းကြီး Training မိနေပြီ။ ကောင်းပါတယ်လေ။ တစ်ခါလေ ကိုယ့်ကိုကို မုန်းတဲ့အကြောင်းအရာတွေလည်းရှိတယ်။ လုပ်စရာတွေကတော့ စိတ်ထဲမှာ တန်းစီနေတာပဲ။ ဒါပေမဲ့ လုပ်စရာ သုံးခုလေးခုလောက် ရှိတယ်ဆိုရင် တစ်ခုနှစ်ခုပဲ လုပ်ဖြစ်နေတယ်။ ဘယ်တုန်းကတည်းက ဖြစ်နေတဲ့အကျင့်မှန်းတောင် မသိဘူး။ တစ်ခါလေ စိတ်ကို တော်တော် အလိုလိုက်လွန်းတဲ့သူလို့ ကိုယ့်ကိုကိုယ်ထင်မိတယ်။ အမှန်တော့ အဲဒီစိတ်ဟာ မကောင်းဘူး။ ဖယ်ထုတ်ဖို့လဲ ကြိုးစားနေတယ်။ ဒါပေမဲ့ လက်တွေ့မှာ လေ့ကျင့်တဲ့အဆင့်ပဲဖြစ်နေတယ်။ မလွတ်မြောက်သေးဘူး။ ဟူး ... ခက်ပါလား ... ဒီလထုတ် CEO Magazine မှာ "ဆိုက်ဘာကဖေး တည်ထောင်လိုသော်" ဆိုတဲ့ဆောင်းပါးလေး ပါလာပါတယ်။ စိတ်ဝင်စားသူများ လေ့လာချင်တယ်ဆိုရင် >> Link <<

အလွမ်းခရီးသည် - အငဲ

မန္တလေးဘူတာကနေ ထွက်လာတဲ့ နေ့ နှင့် အဲဒီနေ့က မြင်ကွင်းလေး၊ အရာအားလုံးကို အခုထိမေ့မရဘူး။ ဒီ VCD ရိုက်တဲ့ ဒါရိုက်တာကို အရမ်းကျေးဇူးတင်မိတယ်ဗျာ။

မန္တလေးနှင့်ဆောင်းရာသီအတွေး

အခုတလော ရာသီဥတု နည်းနည်းအေးလာသလိုပဲ။ ဆောင်းရာသီကလည်း စတော့မယ်ထင်တယ်။ ဆောင်းတွင်းကိုတော့ တော်တော်ကြိုက်ပါတယ်။ ဒါပေမဲ့ ကျောင်းတက်ချိန်နော်ကျမှာကိုတော့ မြင်ယောင်မိပါသည်။ မန္တလေးမှာဆို ဆောင်းတွင်းရောက်တိုင်း မေမြို့ကိုသွားချင်တယ်။ ရောက်အောင်လည်းသွားတယ်။ အဲဒီကိုရောက်သွားတိုင်း စိတ်ထဲမှာ ကြည်နူးမှုတစ်မျိုးမျိုးခံစားရသလိုပဲ။ သူငယ်ချင်းတွေအများကြီး စုပြီးသွားရတာ အရမ်းပျော်စရာကောင်းတယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ကားနဲ့ပဲ တက်ဖြစ်တာများတယ်။ ဒါပေမဲ့ ဆိုင်ကယ်နှင့်မေမြို့ ကိုတက်ရတဲ့ အရသာကလည်း ဘာနဲ့မှမတူ။ စောစောစီးစီး ၆ နာရီလောက်ထ၊ မင်းသီဟမှာ ကော်ဖီသွားမော့၊ ပြီးတော့ လူစု၊ တပျော်တပါးကြီး မေမြို့ကိုဆိုင်ကယ်နှင့်သွားခဲ့တာတွေက အခုတော့ အရမ်းလွမ်းစရာကောင်းတယ်။ မန္တလေး - မေမြို့ကားလမ်းအတိုင်း တက်သွားပြီးနောက်၊ ၂၁မိုင်ကိုရောက်လျှင် ကြာဆံဟင်းခါးလေးသောက်ရတာလည်း လူကိုနွေးထွေးသွားစေတယ်။ မေမြို့ရောက်လျှင် ပထမဆုံးဝင်ဖြစ်တာက မြို့ဦးစေတီ၊ အရမ်းသာယာတဲ့ မေမြို့ရှု့ခင်းတွေကို လေတဖြူးဖြူးတိုက်နေတဲ့ မြို့ဦးစေတီလေးပေါ်မှကြည့်လိုက်ရလျှင် မေမြို့လာရကျိုးနပ်သွားပြီဟု ခံစားရသည်။ အဲဒီနောက် ဆက်ပြီး ရွေ့ဖြစ်တာက မေမြို့ ဘုရားကြီး

File Sharing

+ Access important files from any computer + Share photos, and files too big for email + Synchronize and backup folders + Sub-accounts and RSS feeds for groups + 1GB for free

ကိုယ်ချင်းစာတရား ကင်းမဲ့လှချည်လား

ကိုယ်ခံအားကျဆင်းရောဂါပိုး ကူးစက်ခံထားရသော ကလေးများအတွက် ရန်ပုံငွေရှာသည့် အဖြူရောင်သက်တံ ကဗျာရွတ်ပွဲကို သြဂုတ်လ ၃၀ ရက်နေ့က မန္တလေးမြို့တွင် ကျင်းပရာ မန္တလေးတိုင်းအာဏာပိုင်များက ကဗျာရွတ်ဆိုခွင့် မပေးကြောင်း စုံစမ်းသိရှိရသည်။ မန္တလေးနှင့် ရန်ကုန်မှ ကဗျာဆရာများ စာရေးဆရာများ ပူးပေါင်းစီစဉ်သည့် ၎င်းကဗျာရွတ်ပွဲသို့ ပိုင်စိုးဝေ၊ အောင်ဝေး၊ စောဝေ၊ မောင်နွေဦး၊ မောင်နီဦး စသဖြင့် ကဗျာဆရာအများအပြား တက်ရောက်ခဲ့ကြသော်လည်း ကဗျာရွတ်ခွင့်မရခဲ့ကြဟု ဆိုသည်။ >> အပြည့်အစုံသို့ <<

လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ရှိခြင်း

ဒီတပတ် စနေ၊ တနင်္ဂနွေကတော့ မမေ နှင့် ကိုဝေဖြိုး တို့ရဲ့ကျေးဇူးကြောင့်တော်တော် ဂွတ်သွားပြီ။ အိမ်စာတွေလုပ်ရင်း မမေ ပို့ပေးထားတဲ့ လေးဖြူရဲ့ "ခဏလေးများ"၊ မြေပဲယိုရဲ့ "ရေနွေးကြမ်းနဲ့မြေပဲယို" သီချင်းတွေနဲ့ ငြိမ့်လိုရပြီ။ သီချင်းနတ်သမီးလေး မမေကို ကျေးဇူးတင်ပါတယ်။ ရှဲရှဲ :) သူများတွေလုပ်ထားတဲ့ လင့်ခ်တွေပါတဲ့ ဘန်နာလေးတွေကို အားကျနေတာကြာပြီ။ အရမ်းလုပ်ချင်နေတယ်။ အခု တော့ ကိုဝေဖြိုးရဲ့ ကျေးဇူးကြောင့် အဆင်ပြေသွားပြီ။ စမ်းသပ်မှုလေးတွေလုပ်လို့ရပြီ။ ဒေါင်းလုပ် လင့်ခ် နှင့် Sample CSS Code ကို ဒီကနေထပ်ပြီး Share လိုက်ပါတယ်။ >> Download Link << >> Sample CSS Code << [ ကိုဝေဖြိုးရေ ... ဖြတ်ညှပ်ကပ်လုပ်တယ်ဆိုတာ ... တော်တော်ကျွမ်းတဲ့လူတွေမှ လုပ်တတ်တာနော် ... တော်ရုံတန်ရုံ လောက်နဲ့ မရဘူး ... ကျွန်တော်ကတော့ ဖြတ်ပဲဖြတ်တတ်တယ် (Code တွေ) ... ညှပ်တာတို့ ... ကပ်တာတို့ မလုပ်တတ်သေးဘူး ... အစ်ကို့ဆီက ... သင်ရအုံးမယ် ] ထပ်မံတွေ့ရှိချက်လေးတွေ http://www.dynamicdrive.com/style/ [05/09/06]

ဇယားတွေရှုပ်ကုန်တော့မယ်

ကျောင်းလည်း ကြာရင် London Metropolitan University ကနေ Japan Metropolitan University လို့ နာမည်ပြောင်းရတော့မယ်။ များလိုက်တဲ့ ဂျပန်တွေ။ ရိုက်သတ်လို့တောင်ကုန်မှာမဟုတ်ဘူး။ ကျောင်းကဆရာတွေ ထဲမှာလည်း ဂျပန်မတွေနဲ့ ပလီနေတဲ့လူတွေတောင်ရှိသေးတယ်။ တတ်လည်းတတ်နိုင်တဲ့ဟာတွေ။ ဒါပေမဲ့ Asian အချင်းချင်းမို့လို့လားမသိ ဖောဖော်ရွေရွေတော့ဆက်ဆံသည်။ ဒါတောင် တချို့က မြန်မာကို မသိတာလိုလိုဘာလိုလိုနဲ့။ သမိုင်းကိုပြန်ပြောလိုက်ရင် ဇယားတွေရှုပ်ကုန်တော့မယ်။