Skip to main content

Posts

Showing posts from February, 2007

ကျွန်တော် နှင့် မေးခွန်းများ

လတွေအားလုံးထဲမှာ ဒီလဖြစ်တဲ့ February လဟာ အတိုတောင်းဆုံးပါပဲ [ ဘာကြေင့်လဲဆိုတာ သိချင်ရင်တော့ ဒီမှာ ဖတ်ကြည့်နိုင်ပါတယ် ] ရက် နည်းတဲ့အတွက် လကုန်တာ မြန်သလို တစ်ဘက်ကကြည့်ရင်လည်း အချိန်တွေကုန်တာ မြန်တာကို ပြနေသလိုပါပဲ။ အဝေးတစ်နေရာကို ရောက်နေသူတစ်ယောက် အနေနဲ့ အစကတော့ အချိန်တွေရယ်ကြာလိုက်တာ ထင်ခဲ့ပေမယ့် အခု တကယ့်ကိုပဲ မြန်နေတာပါ။ အဲဒီလို ရွေ့လျားနေတဲ့ အချိန်နဲ့အမျှ ငါ ဘာတွေအကျိုးရှိအောင် လုပ်နေသလဲ၊ ကြံစည်နေသလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း ကိုယ့်ကိုကိုယ် ပြန်ပြီးမေးမိနေတယ်? သေချာတာကတော့ အသက်တစ်နှစ် ထပ်ပြီးကြီးလာတာပဲ။ လောကသင်ခန်းစာတွေ၊ ဆိုဆုံးမမှုတွေအရလည်း လူဆိုတာ အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ အသိဥာဏ်ပိုပြီး ရင့်ကျက်လာရမယ်လို့ ဆိုထားပါတယ်။ ငါရော ... ဘာအသိဥာဏ်တွေ ရင့်ကျက် တိုးပွားလာသလဲ? အဲဒီလို ဖြစ်လာအောင်ရော ဘာအစီအစဉ်တွေ ဘာရည်မှန်းချက်တွေထားပြီး လုပ်နေသလဲ? ငါ့အတွက် ဒါမှမဟုတ် ငါ့မိသားစုအတွက် ငါ ဘာတွေ လုပ်ခဲ့ ပြီးပြီလဲ? စာဖတ်မှတ်စုများအရ "လူသည် အိပ်ရာမ၀င်ခင်တိုင်း ဒီနေ့အတွက် အသိဥာဏ်၊ ပညာ၊ ဥစ္စာ ထဲက တစ်ခုခုကို ရလိုက်မှ အဲဒီ တစ်နေ့တာအတွက် အဓိပ္ပာယ်ရှိရှိဖြတ်သန်းခဲ့သောသူ ဖြစ်သည်" နောက်တစ်ခုကလည်း

Watch Videos Online

ဒီနေ့ သူငယ်ချင်း တစ်ယောက်ဆီ သွားရင်းနဲ့ Video ကြည့်လို့ရတဲ့ Site လေးသိလိုက်ရတယ်။ အဲဒီ Site ထဲမှာ Video တွေတော်တော်များပါတယ်။ ကြိုက်တာကတော့ TV Series တွေကို ပိုကြိုက်တယ်။ TV မှာ ပြနေတဲ့ ဇာတ်လမ်းတွေလည်းပါတယ်။ အပျင်းပြေ ကြည့်လို့ရတာပေါ့။ အရင်တုန်းကတော့ anzv.tv မှာကြည့်တယ်။ သူက Register လုပ်ပြီး Winamp နဲ့ကြည့်ရတယ်။ ဒါပေမဲ့ အဲဒီမှာက တရုတ်ကားတွေ ကိုရီးယားကားတွေ များတယ်။ အခု Site ကတော့ Register လုပ်စရာလည်း မလိုဘူး။ English Action/Drama တွေတော်တော်လည်းကောင်းတယ်။ သူငယ်ချင်းကတော့ လူတွေပြိုင်ကြည့်တော့ Connection နှေးတဲ့အခါကျရင် သူက Save လုပ်ထားချင်တယ်။ အဲဒီတော့ ကျွန်တော့ကို မေးတယ်။ ဘယ်လို လုပ်ရမလဲတဲ့။ ဒါနဲ့ ကျွန်တော်လည်း သိသလောက် ဥာဏ်နီ ဥာဏ်နက် ဥာဏ်ဖြူတွေနဲ့ စမ်းပြီး လုပ်ကြည့်ပါသေးတယ် :P ဒါပေမဲ့ ဘယ့်နှယ့်မှကို မဘယ့်နှယ့်တာပါ။ မရတဲ့ အဆုံး လက်လျော့ထားလိုက်တယ်။ Movie တွေကြည့်ပြီး Download လုပ်လို့ရတဲ့နည်းတွေ့ရင်လည်း ပြောပေးသွားပါဦး။ အားလည်းနာတယ် ခင်လည်း ခင်တယ် ဆိုသလိုဖြစ်နေပြီ။ Movie တွေက FlashObject တွေများတယ်။ ကျွန်တော်တော့နည်းမျိုးစုံနဲ့ စမ်းတယ်ဗျာ။ မရဘူး။ Connection ကောင်းရင်တော့ ကြည့်ရတာအဆင်

GoogleAdsense စိတ်ဝင်စားသူများအတွက်

Download Here (MeidaFire) Download Here (SendSpace)

GENIUS - ဂျီးနီးယပ်(စ်)

တကယ်ထူးချွန်ထက်မြတ်တဲ့ ပညာရှင်တိုင်းဟာ နဂိုဝါသနာအခြေခံပေါ်မှာ ထပ်တလဲလဲ လေ့ကျင့်မှု၊ သက်ဆိုင်ရာနယ်ပယ်နဲ့ ပက်သက်တဲ့ သိသင့် တတ်သင့်သမျှကို သိအောင် တတ်အောင် လေ့လာဆည်းပူးမှု ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို စိတ်တိုင်းမကျမချင်း လက်မလွှတ်တတ်မှု ဆိုတဲ့ ပညာသည်ကောင်းရဲ့ အကျင့်တွေ ထပ်ဆင့်ပေါင်းစပ်ပြီးမှသာ တစ်ဖတ်ကပ်းခတ်ကျွမ်းကျင်သူ (Expert) တွေ၊ အသက်မွေးနိုင်လောက်အောင် တတ်မြောက်သူ (Professional) တွေ၊ သူတကာထက် ထူးကဲထက်မြတ်တဲ့ ပါရမီရှင် (Genius) တွေဖြစ်လာကြတာ။ Source : GENIUS - ဖေမြင့်

Cute Animated Clock

Banner မှာပါတဲ့ Animated Clock ပုံစံမျိုး Blog မှာထည့်သွင်းချင်တယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ 1. Download the source file (html) 2. Upload the html (source file) @ any file hosting (I used www.pages.google.com ) 3. Get your address/URL of your file 4. In the blogger, go to Template section, Click - Add page elements 5. Choose - html/Javascript element 6. Insert the following code <iframe allowtransparency='true' border='0' frameborder='no' framespacing='0' height='67' scrolling='no' src=' address of your html file ' width='69'></iframe> That's all. ကျွန်တော့အတွက်တော့ Banner မှာ ဘာပုံမှ မရှိတဲ့အတွက် အဲဒီမှာပဲ ထည့်ထားလိုက်တာပါ။ လုပ်ကြည့်လိုက်ပါ။ နှစ်သက်မယ်လို့ထင်ပါတယ်။ :) Credit : animekaos

သူရဲကောင်းများပါပဲ

စိတ်ဓာတ်ကျလို့ တုန်ရီနေတုန်း ခွန်အားသစ်များကို ပေးစွမ်းနိုင်တယ် ကျွန်တော့်ရဲ့ ဘ၀လေး အဖြေရှာမရတုန်း အလင်းဆုံး လမ်းတွေ ရွေးပေးနိုင်တယ် အဖေရယ် အမေရယ် အားကိုးရင်းနဲ့ ရင်မှာယုံကြည် သူရဲကောင်းများလို ပင်လယ်ပြင်လို လှိုင်းများကြမ်းပစေ ရင်ဆိုင် လျောက်လမ်းဝင့်သူ အဖေရယ် အမေရယ် ... ကျွန်တော့်ရဲ့ဘ၀မှာတော့ သူရဲကောင်းများပါပဲ အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ထဲက စာသားလေးတွေပါ အဖေရယ်အမေရယ် ... တကယ်ပါ ... သူရဲကောင်းများပါပဲ

Animated GIFs (သို့) စိတ်ကြည်နူးစရာလေးတွေ

ချစ်စရာကောင်းတဲ့ အရုပ်လေးတွေ (HelloKitty, Pooh, CandyDolls) Website/Blog တွေမှာထည့်ချင်တယ် ဆိုရင် site တစ်ခုကို ညွှန်းပါရစေ။ အဲဒီဆိုဒ်မှာ တော်တော်စုံပါတယ်။ အပေါ်က ပုံလေးတွေက ကျွန်တော် ကြိုက်တဲ့ ပုံလေးတွေတင်ထားတာပါ။ Forum တွေမှာလည် Avatar အဖြစ်သုံးရင်လည်း အသုံးဝင်ပါတယ်။ size ကြီးနေရင်တော့ ImageReady မှာသွားချုံ့လို့ရပါသေးတယ်။ အဲဒီနည်းကတော့ သိပြီးသားဖြစ်ကြမှာပါ။ အဲဒီလို Animation ပုံလေးတွေပါတဲ့ ဆိုဒ်တွေ ကျွန်တော်သိသလောက်တော့ Italy, Germany, France ကဆိုဒ်တွေများတယ်။ တစ်ခြားဆိုဒ်ရဲ့ Link တွေကိုတော့ အဲဒီကပဲ တစ်ဆင့်ဆက်ပြီး ကူးသွားနိုင်ပါတယ်။ ပုံလေးတွေအပြင် Calendar, Clock, Bakground image တွေအတွက် source တွေကိုလည်း တွေ့နိုင်ပါတယ်။ အချင်းချင်း အင်တာနက်ကနေ e-present :P အဖြစ်ပေးရင်လည်း သင့်တော်ပါတယ်။ Visit Here Credit : Lunarea ^_^

Right or Wrong

မိဘတွေက သူတို့သားသမီးတွေကို စိတ်မဆင်းရဲ စေချင်တဲ့ မေတ္တာ ဂရုဏာစိတ်တွေနဲ့ တစ်ချို့ ကိစ္စတွေကို ဖုံးကွယ်ထားတတ်ကြတယ်။ ဒါပေမဲ့ဗျာ သားသမီးတွေဘက်က အဲဒီလို ကိစ္စတွေကို နောက်မှ သိလိုက်ရတော့ ပိုပြီးစိတ်မကောင်းဖြစ်ရတယ်။ မလုပ်သင့်ဘူး ထင်တယ်ဗျာ။ မိဘနဲ့သားသမီးပဲ အေးအတူ ပူအမျှပေါ့။ သားသမီးတွေ အတွက်ပဲ စဉ်းစားတတ်တဲ့ မိဘတွေရဲ့ စေတနာကတော့ အဆမတန်ကြီးမားလှပါတယ်။ ဒါပေမဲ့ဗျာ ...

PC Magazine March 07

ဒီကောင်လေးက ဖတ်စရာ ပိုများပါတယ်။ အီးစာအုပ်ဆိုတော့ လက်ညှိုးလေးတော့ ညောင်းလိမ့်မယ်။ Download Here

PC World March 2007

PC World အီးစာအုပ် :P Download Here

Online Color Generators

ကုလားနဲ့ပက်သက်ပြီး အဲ ... ကာလာနဲ့ပက်သက်ပြီး အသုံးဝင်တဲ့ဆိုဒ်လေးတွေကို တွေ့လို့မှတ်ထားလိုက်တယ်။ အရေးရယ် အကြောင်းရယ်ဆို အသုံးဝင်တာပေါ့။ တစ်ခါတလေမှာ ကာလာကြောင့် အချိန်ကုန်ပြီး အုန်းကိုက်တတ်တယ်။ အဲဒီလို အချိန်တွေမှာ ဒီကောင်လေးတွေက ကျေးဇူးရှင်လေးတွေ။ Kuler.Adobe.com Adobe Color Labs (Create, Edit and Save Color Themes) ColorBlender.com Free online color matching toolbox ColorCombos.com Web colour combinations tool and library Color Calculator With saturation and lightness adjustment. ColorMixers Remixing RGB since 2003 Color Palette Generator Generate a color palette based on an image color palette creator v1.6 A color swatch generator based on the tutorial located here Color Palette Generator Enter the URL of an image to get a color palette that matches the image. Color Scheme Generator 2 Color scheme generator for webpages and coding colr.org It’s a tool to let people fiddle around with colors and words. Color Schemer Create matching color schemes at the click of a button EasyRGB The firs

F-Secure, Torrent and MyComputer

မနေ့က F-Secure စမ်းပြီးသုံးချင်တာနဲ့ Torrent Site တစ်ခုကနေ ဆွဲချပြီး လုပ်လိုက်တယ်။ Run လည်း Run ပြီး စက်လည်း Restart လုပ်ရော Screen မှာ ဘာမှ မပေါ်တော့ဘူး။ ထင်တာကတော့ ကွန်ပျူတာကြောင်သွားလို့ပဲလား။ Program တွေအရမ်းများနေလို့ပဲလားမသိ။ တစ်ညလုံး ခဏခဏ Restart ပြန်လုပ်တာလည်း မရ။ ချွေးလည်းပျံနေပြီ Project ကလုပ်နေတုန်းပဲရှိသေးတာကိုး။ ကျောင်းမှာလုပ်ဖို့ရလည်း ဘယ်လိုမှ အဆင်မပြေ။ မနက်ကျောင်းသွားခါနီး ပြန်ဖွင့်တော့မှ တောစောင့်နတ် တောင်စောင့်နတ်တွေ မလို့သာပေါ့ ကျေးဇူးရှင် ကွန်ပျူတာ ပြန်ပြီးအဆင်ပြေသွားတယ်။ နဲနဲတော့ သဘောပေါက်လိုကတယ် Torrent တွေကလာတဲ့ ဟာတွေလည်း စိတ်မချရဘူး။ Comment တွေကို ဖတ်ပြီးမှာ ဒေါင်းလုပ်ဆွဲတာကောင်းတယ်။ ဒါနဲ့ပဲ F-Secure လေးကို စက်တက်တက်ချင်း ပြန်ဖြုတ်လိုက်တယ်။ ဒါမှ နဲနဲလေးစက်က သွက်သွားတယ်။ သူ့ခမျာလည်း မနိုင်ဝန်ထမ်းထားရရှာသလိုဖြစ်နေတယ်။ Security အတွက်စမ်းသုံးရင်းနဲ့ ကိုယ့်စက်ပါ ငါးပါးမှောက်တော့မလို့။ အခုတော့ AVG လေးနဲ့ အနည်ထိုင်သွားပြီ။ စက်လည်း သိပ်မလေးတော့ မဆိုးဘူး။ Firewall ကတော့ Sygate ပဲသုံးလိုက်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ သုံးလို့ကောင်းပါတယ်။ တစ်ခြားဟာတွေတော့ ထပ်ပြီး မစမ်းသပ်ချင်တော့

Add Google Video/Map Gadget

Google Video/Map တွေကို ဘလော့တွေ ဆိုဒ်တွေမှာ ထည့်ချင်ရင် အောက်ပါ Link တွေမှာ သွားရောက် လေ့လာနိုင်ပါတယ်။ တစ်ချို့ဆိုဒ်တွေမှာတော့ Company လိပ်စာတွေ၊ ဆိုင်လိပ်စာတွေကို ညွှန်းချင်ရင် Map ထည့်ထားတာတွေ တွေ့ရပါတယ်။ Add the video search gadget to your blog Add the video search bar to your blog Add the video search gadget to your home page Add the map search gadget to your blog Add the map search gadget to your home page Resource/More info : http://ajaxsearch.blogspot.com/

Flash embed basics: embed and object

Flash file (swf) တွေကို webpage မှာထည့်သွင်းဖို့အတွက် အသုံးပြုတဲ့နည်း နှစ်နည်း ရှိပါတယ်။ Using Embed: <embed type="application/x-shockwave-flash" src="example.swf" width=" " height=" " pluginspage="http://www.adobe.com/go/getflashplayer" /> <noembed>Alternative content</noembed> Using Object: <object type="application/x-shockwave-flash" » data="example.swf" width=" " height=" "> <p>Alternative content</p> </object> အပြည့်အစုံကို ဒီဆိုဒ် [ A List Apart ] မှာ သွားရောက်လေ့လာနိုင်ပါတယ်။ အဲဒီဆိုဒ်က သင်ခန်းစာတွေအရမ်းကောင်းတယ်ဗျာ။ အချိန်တော်တော်ပေးပြီး လေ့လာရဦးမယ်။

Chinese New Year

မနက်ဖြစ် တရုတ်နှစ်သစ်ကူးရောက်ပြီ။ တရုတ်သူငယ်ချင်း ဘော်ဘော်များ Gong Xi Fa Cai . Gong Xi Fa Cai :) ဒီနှစ်ဟာ တရုတ်ပြက္ခဒိန်အရ ၀က်နှစ်လို့ သိရပါတယ်။ ကျွန်တော်လည်း စကားနောက် တရားပါဆိုသလို တရုတ်လုံးလုံးဖြစ်တော့မယ်ဗျာ။ အသိမိတ်ဆွေဖြစ်သွားတဲ့ သူငယ်ချင်း ဒါမှမဟုတ် ဆရာတွေက ကျွန်တော့်ကို တရုတ်လို့ပဲ ထင်နေတယ်။ အဲဒါလည်း တစ်ဒုက္ခ၊ တရုတ်ဆိုင် လိုတာလေးတွေ ဈေးသွားဝယ်ရင်တောင် ဆိုင်က တရုတ်မ/ထီးတွေက တရုတ်လိုလာပြောနေတယ်။ ခက်တာက တရုတ်စကားနားလည်ရင်လည်း အကောင်းသား။ တရုတ်လို နားလည်တာဆိုလို့ ငါ နင့်ကို အရမ်းအိုက်တယ် ဆိုတာပဲ သိတယ် ;) ဟားဟား အသုံးတော့ဝင်သား :D အဲဒီတရုတ်လို့ အထင်ခံလာရတာက အခုမှမဟုတ် ငယ်ငယ်လေးကတည်းက။ အသားဖြူတိုင်း တရုတ်ချည်းထင်နေတော့လည်း မခက်ပေဘူးလား။ နောက်ပြီး တရုတ်ပေါတဲ့ မန်းလေးမြို့မှာနေတာဆိုတော့ ပိုဆိုးပြီပေါ့။ ကျွန်တော်တို့ မန်းလေးမှာကလည်း လမ်းတွေထဲမ၀င်လိုက်နဲ့ အဲ အခုလိုချိန်ဆို ပိုဆိုးပေါ့ နီနီရဲရဲ စာတန်းလေးတွေ ရှိတဲ့ တရုတ်အိမ်တွေတော်တော်များများကို တွေ့ရလိမ့်မယ်။ တရုတ်တွေ နှစ်သစ်ကူးဟာ ကျွန်တော်တို့ ဗမာတွေလိုပဲ စိတ်ဝင်စားဖို့တော့ကောင်းတယ်။ သူ့တို့ အယူအဆကလည်း ဗုဒ္ဓဘာသာမို့လို့လားမသိ ကျွန်တော်တို့

Embedding Simple Flash MP3 Player

အရိုးရှင်းဆုံး MP3 Player လို့ထင်ပါတယ်။ အရင်တုန်းက Del.icio.us ကနေ MP3 Tagger လုပ်ပြီး သုံးသလိုပဲ။ လုပ်စရာလိုတာကတော့ swf, javascript နဲ့ mp3 file တွေကို Hosting တစ်ခုခုမှာ တင်ပေးလိုက်ရုံပါပဲ။ Player တစ်ခုထက်မက ထည့်သွင်းချင်ရင်လည်း ID တွေခွဲပြီး ထည့်သွင်းနိုင်ပါသေးတယ်။ js တွေကို တင်လို့ရတဲ့ free hosting ထဲမှာတော့ GooglePage တွေမှာပဲတွေ့သေးတယ်။ တစ်ခြား Hosting တွေကတော့ ခါးခါးသီးသီးငြင်းပယ်နေဆဲပဲ :P ဒီ Player အတွက် Tutorial ကို ဒီဆိုဒ် [ Macloo ] မှာ သွားရောက်လေ့လာနိုင်ပါတယ်။ Tutorial အတွက် လိုအပ်တဲ့ File တွေကို ဒီမှာ [ SourceFiles ] ရယူပါ။ TalkCrunch site မှာလည်း ဒီ Player ကို တွင်တွင် ကျယ်ကျယ်အသုံးပြုထားတာကို တွေ့နိုင်ပါတယ်။

Readers Digest _ March 2007

Download Here [ File Type: PDF, Size: 16.1MB, Life : 90 days ]

Web Annotation with FLECK

Fleck.com allows you to add notes and bullets to webpages and share these annotated pages with friends. Webpage တစ်ခု ဒါမှ မဟုတ် Website တစ်ခုနဲ့ပက်သက်ပြီး ထင်မြင်ချက်၊ ယူဆချက် လေးတွေကို Notes သဘောမျိုးနဲ့ ရေးမှတ်ချင်တယ် ဒါမှ မဟုတ် သူငယ်ချင်းတွေနဲ့ မျှဝေပြီး ဆွေနွေးချင်တယ်ဆိုရင် Fleck လေးက အဆင်ပြေပါလိမ့်မယ်။ Wordpress နဲ့တွဲဖက်ပြီး သုံးနိုင်တဲ့အပြင် FireFox နဲ့ IE အတွက် extension လည်းထည့်သွင်း အသုံးချနိုင်ပါသေးတယ်။

Search MP3s easily in Google

Google မှာ အမ်ပီသရီး MP3 File တွေကို warez direct links များမှတဆင့် အလွယ်တကူ ရှာလို့ ရတဲ့နည်းကို ကိုဖိုးဇင် ဘလော့မှာတွေ့တယ်။ အဲဒီအတိုင်းစမ်းသပ်ကြည့်တာ တော်တော်လေးအသုံးဝင်တယ်ဗျာ။ ရှာတဲ့နည်းက လွယ်ပါတယ်(မခက်ဘူးပေါ့) ။ ဒီလိုဗျာ ... Goolge search (web) က Text Box မှာ ဒီစာသားလေး ရိုက်ပေးလိုက်ရုံပဲ ?intitle:index.of? mp3 ရိုက်ထည့်လိုက်ရင် ဒီလိုလေး ထွက်လာလိမ့်မယ် ထွက်လာတဲ့ Result List တွေကို Click လိုက် ... သီချင်းတွေ DownLoad လုပ်ဖို့ Direct Link တွေထွက်လာလိမ့်မယ်။ အဲဒီကမှတဆင့် ဆွဲသာချကြတော့ဗျာ။ Downlaod Manager ပဲသုံးသုံး Orbit ကိုပဲသုံးသုံး :) အဲ ... အဆိုတော်အမည်၊ Album အမည်နဲ့ တိတိကျကျ ရှာချင်ရင်တော့ ဒီတိုင်းလေး ရိုက်ထည့်ပေးရင် OK ပြီ။ ?intitle:index.of? mp3 song/album/artist/singer တစ်ခုရှိတာက ဆိုဒ်တွေ တော်တော်များများကတော့ Underground Site တွေများတယ် :) ကိုဖိုးဇင် ရေ ဒီပို့စ်အတွက် ကျေးဇူးတင်တယ်ဗျာ :)

Tools 4 Programmer N WedDesigner

Programer လား ? WebDesigner လား ? လာလာ ဒီကိုလာ ပစ္စည်းကိရိယာ အစုံအလင်ပေးမယ် :P လူတွေများ တူး( Digg )လိုက်ကြတာ တစ်ထောင်ကျော်နေပြီ

GigaSize : Host and Share your Files

Free Account Unlimited Files - 1.5 GB/file Files stored for 90 days Convenient file organizer Earn and trade GigaPoints Import address book Premium Account No Download limits Unlimited Files - 2.5 GB/file Faster Downloads Organize/Store files forever No Ads GigaSize : မြန်ရှာပါတယ် ... မဆိုးဘူး :)

Add Digg vote button on New Blogger Template

Find this code in HTML view: <p><data:post.body/></p> Replace with: <p> <!-- DIGG --> <div style='float:right; margin-left:10px;'> <script type='text/javascript'> digg_url = '<data:post.url/>'; </script> <script src='http://digg.com/tools/diggthis.js' type='text/javascript'/> </div> <data:post.body/> </p>

ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ

ရာဇ၀င် အထုပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ဒီနေ့ ဗိုလ်ချုပ်ရှိနေမယ်ဆိုရင် ဗိုလ်ချုပ်ရဲ့ ၉၂နှစ်မြောက် မွေးနေ့ပါ။ ဗိုလ်ချုပ် လူ့လောကကြီးမှာ မရှိတော့ပေမဲ့ ဗိုလ်ချုပ်ရဲ့ စကားတွေ ဗိုလ်ချုပ်ရဲ့ ရုပ်ပုံလွှာတွေကတော့ ကျွန်တော်တို့ ရင်ထဲ အသဲထဲမှာ အစဉ်အမြဲရှိနေကြတယ်ဆိုတာ ငြင်းလိုမရပါဘူး။ ဖေဖေါ်ဝါရီ ဆယ့်သုံး ဟာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား ဇာတိ နတ်မောက် မကွေးခရိုင် သိကြများ ခုတိုင် ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင်ဒေါ်စုသား တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင် ကောင်းစေချင်တဲ့ မှာစကား ငါတို့ မမေ့အား။ ဗိုလ်ချုပ်နဲ့ ပက်သက်တဲ့ ရာဇ၀င်သမိုင်းကြောင်းတွေ စွမ်းဆောင်ချက်တွေအကြောင်း ပါဝင်တဲ့ ဗွီဒီယိုများကိုလည် YouTube မှာ ကြည့်ရှူ့နိုင်ပါတယ်။ 1. Who is Aung San of Myanmar? 2. Bo Aung San

ကျော်ကြ ခွကြစို့

ခွေးတိုးပေါက် ကြွက်တိုးပေါက်ကလေးများ ပိတ်နေတဲ့ကာလတွေမှာ ဒီကောင်လေးက အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ အဲ တစ်ခုတော့ ရှိတယ်။ ကြည့်ပြီး ကျော်ကြ၊ ခွကြပေါ့ဗျာ။ တော်ကြာ သံဆူးကြိုးတွေ ဘာတွေနဲ့ ငြိနေမှာ စိုးလို့ပါ :P ဒါလေးကတော့ မဆိုးပါဘူး

Zlango Web - Icon Language

ကမ္ဘာပေါ်မှာ Language ပေါင်းမြောက်များစွာရှိပါတယ်။ အဲဒီထဲမှာ အခုနောက်ဆုံး တစ်ခုအနေနဲ့ Icon Language ဆိုတာပေါ်လာပါပြီ။ ကွန်ပျူတာသမားတွေ အတွက်ထင်တယ် :) သူ့ရဲ့ပုံစံကတော့ icon လေးတွေမှာ သူနဲ့သက်ဆိုင်တဲ့ အဓိပ္ပာယ် ယူဆချက်လေးတွေရှိပြီး icon ရဲ့အောက်ခြေမှာလည်း english လို label ထိုးပြီးသားပါ။ icon လေးတွေလုပ်ပြီးသွားရင် သူငယ်ချင်းဆီကို အီးမေးလ်နဲ့ပို့လို့ ရနိုင်သလို embed လုပ်ပြီး webpage တွေ blog တွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Mobile Messaging အနေနဲ့လည်း ပြုလုပ်နိုင်ပါသေးတယ်။ တော်တော်လေး သဘောကျစရာတော့ ကောင်းပါတယ်။ Zlango is a beautiful flash based site built by Mantis

60th Anniversary Union Day ဖေဖော်ဝါရီလ ၁၂ ရက်

ဒီနေ့ နှစ် (၆၀)ပြည့် ပြည်ထောင်စုနေ့ကို မေ့နေတယ်။ ကောင်းရော ဖိုးချမ်းရာ။ ဘလော့တွေလိုက်ဖတ်လိုက်မှပဲ ဒီနေ့ဆိုတာ သတိရတယ်။ မြန်မာ Calendar မရှိတာလည်း ပါတယ်။ ဟိုနေ့ကတော့ ဘုန်းဘုန်းဆီက ယူလာခဲ့ပါတယ်။ အသိတစ်ယောက်ကို ပေးလိုက်တာနဲ့ မရှိတော့ဘူး။ ဒီနေ့လိုနေမျိုး ရန်ကုန်မှာပဲဖြစ်ဖြစ် မန်းလေးမှာပဲဖြစ်ဖြစ် အိမ်တွေရဲ့ရှေ့မှာ အလံလေးတွေ ရှိနေဦးမယ်လို့ထင်ပါတယ်။ အထူးသဖြင့် ဒီနေ့လိုနေ့မျိုးမှာ မန်လေးကျုံးကို သွားလိုက်မယ်ဆိုရင် အိမ်တွေရှေ့မှာ လွင့်ထူထားတဲ့ အလံတွေကို တွေ့မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးတာတော့ နှစ်ခြောက်ဆယ် ပြည့်ပြီဖြစ်သော်လည်း ... မလွတ်လပ်သေးတဲ့ လူတွေလည်း ရှိနေပါသေးတယ်။ သြော် ... ထောင်ကျနေတဲ့လူတွေကို ပြောပါတယ်။ မလွတ်လပ်သေးတဲ့ သူ့ကျွန်ဘ၀ကနေ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် တိုင်းပြည်ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်(သခင်)အောင်ဆန်းရဲ့ ကျေးဇူးတွေကလည်း ကြီးမားလှပါတယ်။ အခုတော့ ဗိုလ်ချုပ်ဓာတ်ပုံကို ဘယ်မှာရှာရမလဲ မသိအောင်ဖြစ်နေသလိုပါပဲ။ သိပ်မတွေ့တော့ပါဘူး။ မန်းလေးမှာဆိုရင်တော့ ဘုရားကြီးက ဆိုင်တွေမှာ အရင်တုန်းက ဗိုလ်ချုပ်တို့ရဲ့ မိသားစုပုံတွေကို ၀ယ်ပြီး အမှတ်တရ သိမ်းထားနိုင်ပါတယ်။ အခုေ

Chat with any visitor using Plugoo

Gabbly Chat ထက်တော့ ဒီကောင်လေးက ပိုသာသွားပြီ။ လေးလည်း မလေးဘူး။ ကြိုက်တဲ့ Messenger(Yahoo, GTalk, MSN) တွေနဲ့လည်း တွဲသုံးလို့ရတယ်။ ကျွန်တော်ကတော့ GTalk ID နဲ့တွဲပြီး side bar မှာ တင်ထားတယ်။ မိတ်ဆွေများလည်း စမ်းပြီး သုံးကြည့်အုံးပေါ့။ စမ်းသုံးကြည့်သလောက်တော့ GTalk mail message တွေနဲ့လည်းတွဲပြီး သုံးလို့ရတယ်။ အဲဒီတော့ cbox မှာလို message တွေ expire မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော့်လည်း cbox နဲ့ ဒီကောင်လေးနဲ့ကို အစားထိုးထားတယ် :)

Free Web 2.0 Icons

Download Images and Icons Design by UtomBox

Download Flash swf files from the web browser by using Firefox or Internet Explorer

Internet webpage တွေထဲက Flash game, Flash Animations, Flash Tutorials, Flash Movie Trailers, Flash Advertisements တွေကိုကြိုက်လို့ သိမ်းထားချင်တယ်ဆိုရင် Flash Downloader တွေကို သုံးစရာမလိုသေးပဲ FireFox နှင့် Internet Explore ကိုအသုံးပြုပြီး Dlownload လုပ်ယူနိုင်ပါတယ်။ အင်တာနက်ကဖေးတွေမှာ ဆော့ဖ်ဝဲတွေမရှိဘဲ သုံးနေတဲ့လူတွေ အတွက်ဆိုရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။ ပုံမှန်အားဖြင့် ရုပ်ပုံတွေကို Download လုပ်ချင်တယ်ဆိုရင် RightClick နှိပ်ပြီးသိမ်းလို့ရပေမဲ့ swf file တွေအတွက်ကျတော့ မရတော့ပါဘူး။ ဒါ့ကြောင့် swf တွေကို အလွယ်ဆုံး Download လုပ်နိုင်မည့်နည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ Saving Flash Files from Firefox ၁။ သိမ်းချင်သော swf file ရှိတဲ့ webpage ကို အရင်ဆုံးဖွင့်ပေးထားရပါမယ်။ ၂။ Tools Menu မှ Page Info ကိုရွေးချယ်ပါ။ (Page ပေါ်တွင် RightClick လုပ်၍လည်း ရွေးချယ်နိုင်ပါသည်) ၃။ Page Info Window မှ Media Tab ကိုရွေးပါ။ (လက်ရှိဖွင့်ထားတဲ့ Page မှာပါဝင်တဲ့ image file, css file နှင့် flash (swf) file တွေကို list အနေနဲ့ ပြပေးတဲ့နေရာဖြစ်ပါတယ်) ၄။ Media List မှ .swf နှင့် အဆုံးသတ်ပြီး FileType အနေ

Changing 2 Cols to 3 ColsTemplate

အခုတလော ဘလော့တွေလိုက်ဖတ်ပြီး 3 Columns Template ကို ပြောင်းချင်စိတ်ပေါက်လာတာနဲ့ ပြောင်းလိုက်တယ်။ အဓိကကတော့ Side Bar ဟိုဘက်ဒီဘက်မှာ ဟိုဟာ ဒီဟာတွေ လျောက်ထည့်ချင်တာရယ် အပြောင်းအလဲလေးလည်း ထပ်ပြီးဖြစ်သွားအောင်ရယ်ပါ။ အဟောင်းကိုတော့ Backup လုပ်ပြီးသိမ်းထားလိုက်တယ်။ ဒီ Template ကို အင်တာနက်ထဲမှာပဲ လွယ်လွယ်ကူကူ တွေ့နိုင်ပါတယ်။ ဒီပုံစံနဲ့ပဲ အရောင်ကွဲတွေ၊ ပုံစံကွဲတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဓိကကတော့ BetaBlogger အတွက်ပါပဲ။ 3 Columns ကြိုက်သူတွေအတွက်တော့ တော်တော်လေး အဆင်ပြေပါလိမ့်မယ်။ Blogger မှာ Original ပါဝင်ပြီးသား 2 Col: Template တွေကို 3 Col: များဖြစ် တော်တော်များများ ပြောင်းလဲထားတာတွေ့ရပါတယ်။ Template တွေကို ဒီဆိုဒ် [ Here ] မှာ Download လုပ် လုပ်ယူနိုင်ပါတယ်။ Credit : www.blogcrowds.com

ယနေ့လူငယ်များ

ကမ္ဘာမှာရော မြန်မာတွင်ပါ ယနေ့လူငယ်အများစုမှ ၁၀ ရာခိုင်နှုန်းခန့်သာ တက္ကသိုလ်များမှ ဘွဲ့ရကြပြီး ၉၀ ရာခိုင်နှုန်းသည် အောက်ပါအကြောင်းများကြောင့် လမ်းခုလတ်၌ ပညာရေးရပ်ဆိုင်းခဲ့ရသည်။ အချစ်ရေး နှင့် အိမ်ထောင်ရေး ကိစ္စများ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း လောင်းကစား နှင့် အပျော်အပါး ကိစ္စများ စီးပွားရေး နှင့် လူမှုရေး ကိစ္စများ စိုးစံ(ပြင်ဦးလွင်) ပညာရေး ၀က်ဆိုဒ်မှ ဖတ်မိတာလေးပါ။ ဗိုလ်မှူးမောင်လတ် (အငြိမ်းစား) ဦးစီးတဲ့ အဲဒီ စိုးစံဘော်ဒါဆောင်ကတော့ မေမြို့မှာ မသိသူ မရှိသလောက်ပါပဲ။ ပညာသင်ကြားရေး အပိုင်းရော စည်းကမ်းထိန်းသိမ်းရေး အပိုင်းပါ အရမ်းနာမည်ကြီးပါတယ်။ ဆယ်တန်းတုန်းက ကျူရှင်အတွက် စိုးစံမှာ တက်ချင်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တက်ခွင့်မရခဲ့ပါဘူး။ မန်းလေးမှာ ရှိတဲ့ ကျူရှင်ဝိုင်းလေး တစ်ခုမှာပဲ တက်ခဲ့ရပါတယ်။

CSS 4 WebDesign

Whom this book is for: Those designers who understand CSS at an intermediate to advanced level, but who are not clear on how to effectively develop CSS-enabled designs at a professional level, will benefit tremendously from the information in this book. In particular, the following readers will find this book most useful: Intermediate to experienced HTML users new to CSS. Any professional Web developer who has been exposed to CSS, but needs a better understanding of how to put the pieces together to create professional-level Web sites. Professional designers. Professional Web developers learning CSS (without any knowledge of traditional, 1990s-era design practices) and want to understand the best practices for utilizingthe technology. CSS For Web Design : Download Here (pdf)

လူတွေရဲ့ ဘက်လိုက်တတ်တဲ့ သဘာဝ

လူတွေမှာ အစွဲကလေးတွေ ရှိတတ်ကြသည်။ အယူအဆစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ စသဖြင့်။ အဲသည်ထဲမှာ အားအကြီးဆုံးက ငါစွဲ။ ကိုယ့်ဘာသာကိုယ်ကတော့ မျှမျှတတ မှန်မှန်ကန်ကန် မြင်သည် ဟု ထင်တတ်ကြသည်။ သို့သော် ပြောရာဆိုရာ လုပ်ကိုင်ရာများမှာ သတိထားပြီးကြည့်လျှင် တစ်ဖက်ဖက်က လိုက်မိနေတာတွေ၊ အစွဲကလေးတွေနဲ့ ဆုံးဖြတ်မိတာတွေရှိနေတာ တွေ့ရလိမ့်မည်။ လူတွေမှာရှိတတ်ကြတဲ့ အဲသည်သဘောကို Tom Knight ဆိုသော ပုဂ္ဂိုလ်က အခုလိုပြောထားတယ်။ လူတစ်ယောက် အလုပ်တစ်ခုကို အကြာကြီး အချိန်ယူပြီးလုပ်နေရင် သိပ်နှေးကွေးတယ်လို့ပြောတယ်။ ကိုယ်ကြာရင်တော့ အဲဒါစေ့စပ်သေချာတာတဲ့။ ကိစ္စတစ်ခုကို လူတစ်ယောက်မလုပ်ရင် ပျင်းတာ။ ကိုယ်မလုပ်တာက အလုပ်များလို့တဲ့။ ကိစ္စတစ်ခုကို သူ့လုပ်ပါမပြောဘဲနဲ့ လူတစ်ယောက်ကထလုပ်ရင် အဲဒီလူ ဘောင်ကျော်တာတဲ့။ ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လာဘ်မြင်တာတဲ့။ လုပ်သင့်တဲ့အလုပ်ကို ကိုယ့်ဥာဏ်နဲ့ကိုယ် တီထွင်ကြံဆပြီး လုပ်တတ်တာတဲ့။ လူတစ်ယောက်က သူ့အယူအဆကို အကြောက်အကန်ပြောနေရင် အဲဒါ တစ်စောက်ကန်း တစ်ယူသန်။ ကိုယ်ဆိုရင်တော့ သဘောထားပြတ်သားခိုင်မာတာတဲ့။ အစဉ်အလာ ကျင့်ဝတ်စည်းကမ်း တစ်ခုတစ်လေ ချိုးဖောက်မိရင် အဲဒီလူ ယဉ်ကျေးမှု မရှိတာတဲ့ ကိုယ်ဂရုမစိုက်ခဲ့ရင်တော့ ဟာ .

JS Rollover Effect and GoodBye Alert

ဟိုလျောက်မွှေ ဒီလျောက်မွှေရင်း နဲ့ တွေခဲ့တယ်။ လိုတဲ့အချိန်မှာ ပြန်ကြည့်နိုင်အောင်ရယ် မသိသေးတဲ့သူတွေ သုံးနိုင်အောင်ရယ် တင်ထားလိုက်တာပါ။ ကျွန်တော်ကတော့ မသိတာတွေ များလွန်းသေးတော့ မှတ်မှတ်ထားရတယ်။ ဒီလို ကုဒ်မျိုးက ဘယ်လောက်လွယ်လဲဆိုတော့ ကျွန်တော်လို ငတုံးတောင် နားလည်တယ်။ ရှင်းနေတာပဲ။ <a href=" LINK " onMouseover="document.image.src=' FIRST IMAGE '" onMouseout="document.image.src=' SECOND IMAGE '"> <IMG src=" SECOND IMAG " border="0" name="image"></a> ပြန်ခါနီး ဧည့်သည်ကို နှုတ်ဆက်ချင်တယ်ဆိုရင် ဒီကုဒ်လေးနဲ့ အဆင်ပြေမယ်ထင်တယ် <body onUnload="alert('YOUR GOODBYE ALERT GOES HERE')">

ဒုတိယံပိ နှင်း

ဒီနှစ်ရဲ့ ဒုတိယမြောက်အဖြစ် ဒီနေ့ နှင်းကျတယ်။ ဒီတစ်ခါကတော့ Heavy ပေါ့။ မနက်ကျောင်းသွားချိန်မှာလည်း ကျနေတယ်။ ဦးထုပ်ယူသွားရသေးတယ်။ မဟုတ်ရင် ခေါင်းဖြူကြီးဖြစ်သွားမှာ သေချာတယ်။ နေရာတိုင်း ဖြူဖွေးနေတာပဲ။ ကျောင်းရောက်တဲ့ အထိပဲ။ ဒီကလူတွေ နှင်းကို ဘာကြောင့် မမြင်ကတ်လဲဆိုတာ ဒီနေ့မှ လက်တွေ့သိတော့တယ်။ သွားရလာရတာမကောင်းဘူး။ နှင်းပေါ်လမ်းလျောက်ရတာ ဇွက်ဇွက်နဲ့ ဟမ်မိုနီလိုက်နေသလား အောက်မေ့ရတယ်။ ဒါပေမဲ့ နှင်းတွေ အရည်ပျော်သွားတဲ့ အခါမှာတော့ စိတ်ပျက်စရာကောင်းအောင် အမဲရောင်ရွှံ့တွေဖြစ်သွားတယ်။ အဲဒါတော်တော်ဆိုးတယ်။ အရမ်းကျရင် လေယာဉ်တွေလည်း ဒုက္ခတွေ့တော့တာပဲ။ ဆင်းမရ ပြုမရနဲ့ ... မုန်းလည်း မုန်းလောက်ပါတယ် :) ကျောင်းကနေပြန်လာတော့လည်း လမ်းမှာ တော်တော်အေးတယ်။ လက်တွေတောင်ကျင်လာတယ်။ ဒီရက်ပိုင်းအတွင်း ဒီလိုရာသီဥတုကြီးနဲ့ပဲ ဆက်သွားနေဦးမယ် ထင်တာပဲ။ နှင်းကျတဲ့ပုံတွေ ထပ်ပြီးရိုက်ထားတယ်ဗျာ။ နှင်းချစ်သူများ ခံစားကြည့်ပါဦး။

2 in 1 ( PersonalBlog + Notes4PC )

ကျွန်တော်ရေးနေတဲ့ ဘလော့ နှစ်ခုရှိပါတယ်။ ဒီ မိန်းဘလော့ ရယ် Notes4PC ရယ်ဆိုပြီးတော့ပေါ့။ အဲဒီဘလော့ကို လုပ်ထားတဲ့အကြောင်းအရင်းက မသိတာလေးတွေ ဗဟုသုတရမည့်စာလေးတွေ မှတ်ထားဖို့ပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ Notes4PC ကိုသိပ်ပြီး Update မလုပ်ဖြစ်ဘူး။ ဒါ့ကြောင့် မှတ်စုမှတ်ရာ ရှိလာရင်လည်း ဒီဘလော့မှာပဲ ပေါင်းပြီးမှတ်ထားတော့မယ်။ ဒါ့ကြောင့် ကျွန်တော်နောက်ပိုင်းရေးမည့်ပို့စ်တွေကတော့ မန်းလေးအကြောင်းပါလိုက် မပါလိုက်ဖြစ်နေပါလိမ့်မယ်။ နောက်ပြီး ပို့စ်တွေကတော့ ဟိုအကြောင်းအရာ ရောက်လိုက် ဒီအကြောင်းအရာရောက်လိုက်ဖြစ်နေပါလိမ့်မယ်။ ဥပမာ ဒီနေ့လန်ဒန်မှာ နှင်းကျတာရေးပြီး နောက်ပို့စ်တစ်ခုက Online Tutorial တစ်ခုအကြောင်းဖြစ်ရင် ဖြစ်နေပါလိမ့်မယ်။ Notes4PC ကပို့စ်တွေကိုလည်း ဒီဘလော့မှာ ပြန်ပြီး Combine ပြန်လုပ်ပါမယ်။ အကုန်ကုန်သွားပြီဆိုရင်တော့ အဲဒီဘလော့ကို ပိတ်လိုက်ပါတော့မယ်။ နောက်ပြီး ကျွန်တော်နောက်ပိုင်းရေးမည့် တစ်ချို့ပို့စ်တွေကတော့ ကျွန်တော်နဲ့ ရင်းနှီးခဲ့ဖူးတဲ့ လူတစ်ချို့အတွက် ရည်ရွယ်ပါတယ်။ အဲဒီလိုပို့စ်လေးတွေကိုတော့ နှစ်ရက်တစ်ခါ ဒါမှမဟုတ် သုံးရက်တစ်ခါ တင်နိုင်အောင်လုပ်သွားပါမယ်။ ကျွန်တော်ရေးထားတဲ့ စာတွေကို မျက်စိညေ

Colindale Photos and My Flash Tutorial

Colindale ထမနဲပွဲမှာ တုန်းက ဓာတ်ပုံတွေ ကိုညီပို့ပေးလို့ ဒီနေ့ရလိုက်တယ်။ ကျေးဇူးပါ ကိုညီ။ ဓာတ်ပုံတွေက တော်တော်ကောင်းပါတယ်။ ၀ါးတာတို့ ဘာတို့တောင် မရှိဘူး။ ကျွန်တော်လည်းဓာတ်ပုံထဲကြမှ ကြည့်မိတယ် ဘုန်းကြီးအရောင်ကြီးနဲ့ ပြီးတော့ ဘုန်းကြီးနားကို ရောက်နေတယ် :D ပုံထဲမှာတော့ လူတွေ ထမနဲကို ဘယ်လောက်ကြိုးစားပမ်းစား ထိုးကြတယ်ဆိုတာ ကြည့်နိုင်ပါတယ်။ ထမနဲဆိုတာကလည်း စားတော့သာ အရသာရှိတာ ထမနဲဖြစ်လာဖို့ လုပ်ရတဲ့အဆင့်တွေကြတော့ မနည်းဘူး။ နောက်ပြီး တစ်ယောက်တည်းလည်း လုပ်စားလို့ရတဲ့ အရာမဟုတ်။ ခက်တော့ အခက်သား။ မိသားစုဝင်များတဲ့ အိမ်တစ်အိမ်မှာ အပိုဝင်ငွေ ရချင်ရင် ထမနဲသာထိုးပြီးရောင်းကြလို့တောင် အကြံပေးရမလို ဖြစ်နေပြီ။ ကျွန်တော်တို့ မန်းလေးက ဒေါ်ရှိလည်း အဲဒီအတိုင်းပဲလားတော့မသိဘူး (ရမ်းပြောကြည့်တာ)။ နောက်ပြီး ထိုးရတာလည်း ပညာ တော်တော်ပါတယ်နော်။ အဓိက ကတော့ ထမနဲကို မွှေကတာ တော်တော်ပညာပါတယ်လို့ထင်တယ်။ ရောသမမွှေဆိုတာ ဒီကစတာပဲ။ အမွှေမတတ် အကုန်ငတ်ဆိုသလိုပဲ မွှေတာမကောင်းလို့ကတော့ တူးတူးနဲ့ တွေ့ပြီ။ ထမနဲအထိုးကောင်းမှုက ချက်ချင်းမခံစားရပါဘဲ နောက်နေ့ကျမှ ခံစားရပါတယ်။ လက်မောင်းလေးတွေက သူတို့ကို ဂရုစိုက်ဖို့ ခဏခဏ သတိပေးလာတယ်။ ဓာတ်ပံ

Adobe Kuler

အရောင်တွေနဲ့ အလုပ်လုပ်နေသူတွေအတွက်တော့ အရမ်းအသုံးဝင်တဲ့ Service လေးတစ်ခုပါပဲ။ Adobe ကနေ Support လုပ်ထားတာဖြစ်ပါတယ်။ Colour ရွေးချယ်ဖို့အတွက် Flash နဲ့ ရေးထားတဲ့ Interface ကလည်း အံ့မခန်းပါပဲ။ လေးစားလောက်ပါတယ် Adobe။ Color ရွေးချယ်ရမှာ ညစ်နေတဲ့သူတွေအတွက်တော့ ညစ်နေတဲ့စိတ်တွေ လစ်သွားစေရမည့် Service တစ်ခုလို့ထင်ရင်လည်း မမှားပါဘူး။ ကိုယ်တိုင်လည်း Theme တွေဖန်တီးပြီး သိမ်းထားလို့ ရနိုင်သလို Popular/TopRated Themes များကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါသေးတယ်။ ဒါ့အပြင် Colour Theme တွေကို ASE(Adobe Swatch Exchange) File အနေနဲ့ Download လုပ်နိုင်ပြီး AdobePhotoshop ထဲက Swatch မှာ Load လုပ်ပြီး ပြန်သုံးနိုင်ပါတယ်။ အဲဒီလို သိမ်းတာဆည်းတာတွေ လုပ်ဖို့အတွက်တော့ Member ဆိုတဲ့ လူတန်းစားလေးဖြစ်ထားဖို့လိုပါတယ်။ ဒါကလည်း လွယ်ပါတယ်။ Free Membership ဆိုတော့ လူတိုင်းအကြိုက်ပေါ့ :) Visit Adobe Kuler Website Here

Colindale ထမနဲပွဲတော်

ဟိုတစ်လောကတော့ အသိတစ်ယောက်ယူလာပေးလို့ ထမနဲစားရတယ်။ ဒီတစ်ခါ(၄ ရက်နေ့တုန်းက)တော့ ထမနဲစားရုံတင် မဟုတ်ဘူး ... ကုသိုလ်လုပ်တဲ့ အနေနဲ့ ထမနဲပါသွားထိုးပေးလိုက်တယ်။ ထမနဲပွဲလုပ်တာက Colindale ကျောင်းမှာပါပဲ။ အရမ်းပျော်ဖို့ကောင်းပါတယ်။ မြန်မာတွေလည်း အများကြီးလာကြတယ်။ တကယ်ကိုပဲ မြန်မာပြည်ပြန်ရောက်သွားသလို ခံစားရတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေကြီး ကိုညီကတော့ တတပ်တအား ၀င်ပြီးအားပေးကြတာပေါ့ဗျာ ... ထမနဲကို ပြောပါတယ်။ ဒယ်အိုး လေးအိုးတောင်ထိုးကြတယ်။ မမေလှမောင်တို့ပါတဲ့ အမျိုးသမီးများအဖွဲ့က တစ်ဒယ်ရအောင်ထိုးကြတယ်။ တကယ်ကို ချီးကျူးစရာပါပဲ။ ထမနဲအတွက် အလှူလုပ်တဲ့သူတွေကတော့ ဒေါက်တာဝင်းထွဋ်+မေလှမောင် တို့ဖြစ်ပါတယ်။ ကျွန်တော် သတိမေ့လျော့မှုကြောင့် ကင်မရာပါမသွားပါဘူး။ ဒါပေမဲ့ ကိုညီက ဓာတ်ပုံတွေပို့ပေးမယ် ပြောထားတဲ့အတွက် သူရဲ့မေးလ်ကို မျှော်နေပါတယ်။ ဒီတစ်ရက်နှစ်ရက်တွင်း ရောက်မယ်လို့ထင်ပါတယ်။ အဲဒီအခါကျမှာ အားနဲ့မာန်နဲ့ လုပ်အားပေးနေတဲ့ပုံတွေကို ကြည်ညိုသဒ္ဒါပွား ရှူ့စားကြပါခင်ဗျာ။ ထမနဲထိုးပြီးတဲ့နောက် ပြန်ရမှာလည်း နောက်ကျနေတယ် ... နောက်ပြီး ရထားတွေကလည်း အဲဒီနေ့မှာ အဆင်မပြေဖြစ်တာနဲ့ ဘုန်းကြီးကျောင်းမှာပဲ ကျိန်း

ပြီးတော့လည်း ပြီးသွားတာပါပဲ (1st Sem)

"ဟင်း" ... ဆိုတဲ့ သက်ပြင်းကြီးကို ဒီနေ့မှ ချနိုင်တော့တယ်။ အရင်နေ့တွေက စာမေးပွဲအတွက် ကမ္ဘာကြီးချာချာလည် ဖြစ်နေတယ်။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ထူးဆန်းတာ တစ်ခုက 1 ရက်နေ့တုန်းက ဖြေရတဲ့ အချိန်ကိုလည်း ကြည့်အုံး။ ညနေ ၆ နာရီကနေ ၈ နာရီခွဲအထိတဲ့။ အဓိပ္ပယ်မဲ့တာ။ တစ်သက်နဲ့တစ်ကိုယ် စာမေးပွဲ ညနေပိုင်းဖြေတာဆိုလို့ ဒီတစ်ခါပဲ ကြုံဖူးတယ်။ စာမေးပွဲလည်း ပြီးရော မှောင်နေပြီ။ အဲဒီနေ့က အခြေအနေကတော့ လေပြေပါပဲ။ နောက်နေ့ ... အဲ ... ဒီနေ့ပေါ့ဗျာ ... ဒီနေ့ဖြေရတဲ့ Logic (Z Language) ကတော့ Unseen တွေကြီး လှိမ့်ပိန့်မေးတယ်။ မေးခွန်းဖတ်ပြီး မျက်နှာတွေကို လိုက်ကြည့်လိုက်တာ ဘီလူးသံပရာသီးကိုက်တဲ့ ရုပ်တွေကြီးဖြစ်နေတယ်။ ကျွန်တော် အပါအ၀င်ပေါ့ :P အဲဒီတော့ အဲဒ်ီဘာသာရဲ့ အခြေအနေက အသေအကြေပေါ့။ နောက်တစ်ပတ်ဆို 2nd Sem: နှင့်တူ eCommerce Project ကြီးစမယ်။ ထို့အတွက်ကြောင့် မောင်ဖိုးချမ်း ယခုတစ်ပတ်မှ စ၍ အွန်လိုင်းပေါ်တွင် အရှုပ်လုပ်တော့မယ် ... အဲ ... အလုပ်ရှုပ်တော့မည် :) အခုတလော စာမေးပွဲ ရှိနေသူ မိတ်ဆွေ သူငယ်ချင်းများလည်း လေပြေလို အခြေနေလေးတွေပဲ ရှိနိုင်ပါစေဗျာ။ အထူးသဖြင့် ဘော်ဘော်ကြီး ကိုမျိုးအောင် ပေါ့။