Skip to main content

Posts

Showing posts from March, 2007

What's wrong? Who's fault?

ဘယ်နားက Signboard မှန်းတော့ မခန့်မှန်းတတ်တော့ဘူး။ သေချာတာကတော့ မန်းလေးတောင်ခြေနား တ၀ိုက်ကထင်တာပဲ။ နိုင်ငံခြားသား ငနဲတစ်ကောင်က ဒီပုံကိုရိုက်ပြီး Flickr မှာတင်ထားတာတွေ့လို့ အခု ပြကြည့်တာပါ။ ပုံကိုကြည့်ပြီး ဘယ်သူ့ကို အပြစ်တင်ရမှန်းကို မသိတော့ဘူး။ တွေ့မိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရတော့မလား :-w Check The Source

အမှား

သူငယ်ချင်း ... ငါ့ Project အတွက် စိတ်ညစ်နေတယ် Error တွေ အများကြီးတက်နေတယ်တဲ့ သူငယ်ချင်းတစ်ယောက် ငြီးတွားခဲ့တာလေးပါ။ သူငယ်ချင်း ... Project မှာပါတဲ့ အမှားတွေ (သို့) Error တွေက ကြိုးစားပြီးပြင်လိုက်ရင် ကောင်းသွားပါတယ်ကွာ။ လူ့ဘ၀မှာ ငါတို့ တစ်ခါတလေမှားတဲ့ အမှားတွေကျတော့ ပြင်လို့မရတဲ့ အမှားတွေ ဖြစ်သွားတတ်ကြတယ်။ တစ်ချို့ဆို ငယ်ငယ်ကမှားတဲ့ အမှား အသက်ကြီးတဲ့အထိ ဖျက်လို့မရတော့ဘူး။ ဘ၀မှာ အမည်းစက်ကြီးလို ထင်ကျန်သွားပါတယ်။ လူတွေလည်း တော်တော်ရီရတယ်။ CorrectionPen (သို့) ဖျက်ဆေးတဲ့ ... တီထွင်ထားကြတာပဲ။ တကယ်တော့ မှားတာတွေကို ဖျက်လိုက်တယ်လို့ မထင်ပါဘူး။ ခဏတာ ဖုံးကွယ်လိုက်တဲ့ သဘောပါပဲ။ အချိန်ကြာလာတာနဲ့အမျှတော့ ပြန်ပေါ်လာတာပါပဲ။ လူဆိုတာတော့ အမှားနဲ့ မကင်းပါဘူး။ အမှားဆိုတာ ကျွန်တော်တို့ရဲ့ မွေးရာပါ သူငယ်ချင်းလိုဖြစ်နေတာပါ။ မမှားဘူးတဲ့သူ ဘယ်မှာရှိလို့လဲ။ နဲနဲမှားတာနဲ့ များများမှားတာပဲ ကွာကြတာပါ။ မနက်ဖြန် ... မနက်ဖြန်တွေအတွက် အမှား (သို့) ပြင်လို့မရတဲ့ အမှားတွေ မလုပ်မိအောင်တော့ သတိနဲ့ထိန်းသိမ်း နေထိုင်သွားရမှာပါပဲ။ [ ဘာရယ်မဟုတ် ... သူငယ်ချင်းပြောသွားတဲ့ စကားလေးနဲ့ ပက်သက်ပြီး အတွေးနယ်ချဲ့လိုက်တာပါ ]

Messenger Hacks

Blog တွေ Webpage တွေမှာ Contact/IM Link သဘောမျိုးအနေနဲ့ ထည့်ဖို့အတွက်ပါ။ Yahoo, WindowMessenger, GTalk နှင့် Skype တို့အတွက် ဖြစ်ပါတယ်။ Window Messenger [ Source ] <a href="msnim:chat?contact=yourID@hotmail.com">Chat with me!</a> <a href="msnim:add?contact=yourID@hotmail.com">Add me to your contact list!</a> <a href="msnim:voice?contact=yourID@hotmail.com">Voice chat with me!</a> <a href="msnim:video?contact=yourID@hotmail.com">Video conv: with me!</a> GoogleTalk [ Source ] <a href="gtalk:chat?jid=username@gmail.com">Chat with me!</a> <a href="gtalk:call?jid=username@gmail.com">Voice Chat with me!</a> Yahoo Messenger [ Source ] <a href="ymsgr:sendIM?yourID">Chat with me!</a> <a href="ymsgr:addfriend?yourID">Add me to your buddy list</a> <a href="ymsgr:sendIM?yourID&m=YOUR+MESSAGE">Send me a

သင်္ကြန် နှင့် ဘလော်ဂါများ

သင်္ကြန်မတိုင်ခင် ဘလော်ဂါတွေ အများကြီး ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ Contributor တွေပါဝင်ပြီး အုပ်စုလိုက်ရေးကြတဲ့ ဘလော့တွေကိုလည်း ပါဝင်ပါတယ်။ မြန်မာဘလော်ဂါတွေ အများကြီးပေါ်ထွက်လာတာ အားရစရာပါပဲ။ အင်တာနက်ကမ္ဘာထဲမှာ လည်စရာ ပတ်စရာနေရာတွေ များလာသလိုပေါ့။ မန်းလေးမှာလည်း ဘလော်ဂါသင်တန်းတွေ ရှိနေတယ်လို့ကြားပါတယ်။ သင်္ကြန်ရောက်ခါနီးတော့ သင်္ကြန်နဲ့ပက်သက်တဲ့ သတင်းတွေ ဓာတ်ပုံတွေကို မြင်ရ ဖတ်ရတော့လည်း စိတ်ထဲမှာ တစ်မျိုးပါပဲ။ FirstEleven Journal မှာလည်း သင်္ကြန်မတိုင်ခင် သင်္ကြန်နဲ့ ပက်သက်တဲ့ ဘလော့တစ်ခုကို လုပ်နေတယ်လို့လည်း သိရပါတယ်။ အခုဝင်ကြည့်သလောက်တော့ အဆိုတော်တွေ မင်းသား မင်းသမီးတွေနဲ့ ပက်သက်တဲ့ သတင်းတွေကိုပဲ တွေ့ရပါတယ်။ www.thingyan.blogspot.com မှာဝင်ရောက် ကြည့်ရှူ့နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော့်အထင် မန်းလေးကလူတွေ တော်တော်များများ ပါဝင်တဲ့ သင်္ကြန်ဘလော့တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ မန်းလေးပုံတွေကို တော်တော်များများ အဲဒီဘလော့မှာ တွေ့နိုင်ပါတယ်။ Contributor တွေလည်း အများကြီးပါပဲ။ ပျော်ပျော်ပါးပါး ဘလော့ကြတာပေါ့။ လိပ်စာကတော့ www.thin-gyan.blogspot.com ပါ။ သင်္ကြန်မတိုင်ခင် မိတ်ဆွေတွေကို လက်ဆောင်တွေ ပေးလိုက်ဥ

မန်းလေးမှာလည်း ပွတ်ကုန်ပြီ (DJ..DJ)

မန်းလေးမှာ ပထမဆုံး DJ (Disc Jockey) Concert ကို ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်တိတိ ကျင်းပမယ်လို့ NativeMyanmar သတင်းများနှင့် ကျွန်တော်ရဲ့ ဆရာသမား ကိုတုံ ရဲ့ မန်းလေးသတင်းများအရ သိရပါတယ်။ မန်းလေးမှာလည်း တော်တော်လုပ်လာပြီပဲ။ ကျင်းပတဲ့နေရာက ရတနာပုံဈေးအပေါ်ထပ်မှာရှိတဲ့ Skywalk Shopping Mall မှာဖြစ်ပါတယ်။ မနှစ်က ဒီအချိန် အဲဒီထဲမှာ ဘာတွေရှုပ်လို့ ရှုပ်နေမှန်း မသိဘူး။ ရှုပ်နေတာတော့ သေချာတယ် :) ဒီအချိန်ဆို အဲဒီမှာ လူတွေ စည်ကားနေရောပေါ့။ မန်းလေးရာသီဥတုကလည်း ပူတော့ ဈေးဝယ်တာ မ၀ယ်တာ အသာထား၊ အေးတဲ့နေရာကို လာပြီး လျောက်၊ ပြန်၊ အသံပေး လုပ်တဲ့သူတွေလည်း ပေါမှပေါ =)) အခုပွဲက DJ တွေကတော့ အများကြီးပဲ။ အဲဒီပုံတွေကြည့်ပြီး HipHop တွေ အရမ်းဝါသနာပါတဲ့ ကျွန်တော့်သူငယ်ချင်း Alter (ရန်မျိုးအောင်) ကိုလည်း သတိရမိသေးတယ်။ သူလည်း ဒီလိုပွဲမျိုး ရောက်နေမှာ သေချာပါတယ်။ အမှတ်မထင် ကြည့်လိုက်ရင်တော့ မူလတန်းကျောင်းက မုန့်ဈေးတန်းလေးလိုပါပဲ :P ဒီပုံကတော့ ကိုတုံ ရိုက်ထားတဲ့ပုံပါ။ ထပ်ပြီး ကြည့်ချင်သေးတယ် ဆိုရင်တော့ သူရဲ့ဘလော့ မှာသွားရောက်ကြည့်ရှူ့နိုင်ပါသေးတယ်။ မန်းလေး အလွမ်းပြေ ပုံတွေအတွက် ကျေးဇူးပါ ကိုတုံရေ Skywalk က Aircon တေ

Donations 4 MOM's Birthday

မေမေ့မွေးနေ့အတွက် အမှတ်တရကုသိုလ်အဖြစ် ဘုန်းကြီးကျောင်းမှာ လိုအပ်တဲ့ ပစ္စည်းတွေကို မောင်နှမနှစ်ယောက် သွားရောက်လှူဒါန်းခဲ့ပါတယ်။ စိတ်ထဲမှာတော့ အရမ်းကို ကြည်နူးမိပါတယ်။ ဘုန်းဘုန်းကလည်း ဆုတွေအများကြီး ပေးခဲ့တယ်။ မေမေ သက်ကျော်ရာကျော်ရှည်ပါစေ :)

Making Simple Cloud Label

ဒီ့ထက်ရှင်းတာတောင် ဒီလောက် ရှင်းမှာ မဟုတ်ပါဘူး။ အစက Label တွေ ရှည်နေတာကို ကြည့်ရတာမကြိုက်ဘူး။ တစ်ချို့ Hack လုပ်တဲ့နည်းတွေလည်း ရှိပါတယ်။ ရှုပ်လို့ မလုပ်ဖြစ်ဘူး။ အခုမှ အကြံရတော့တယ်။ Label မှာ ပါတဲ့ List Item (li) ကို comment အနေနဲ့ထားရင်ထား ဒါမှ မဟုတ် ဖျက်လိုက်ရင် အိုကေသွားပါလိမ့်မယ်။ တစ်ခုရှိတာက Expand Widget Templates ကိုဖွင့်ပြီး လုပ်ရမှာ ဖြစ်တဲ့အတွက် မလုပ်ခင် Template ကို Backup လုပ်ထားစေချင်ပါတယ်။ နောက်မှ ကိုယ့်ဒေါသနဲ့ကိုယ် ဖြစ်နေမှာစိုးလို့ပါ။ ကြုံဖူးလို့ :P

Web 2.0 Gradients

Download အရောင်များနှင့် ပျော်ရွှင်ပါစေ ;)

ပျော်ခြင်းဆုံရာ ကြွခဲ့ပါ

ပျော်ခြင်းဆုံရာ ကြွခဲ့ပါ ဥသြတွံသံ၊ ပိတောက်ဟန်ဖြင့် ရွှန်းလျှံတင့်မော၊ နွေသဘောကို မပြောဘဲနဲ့ သိသလို မြန်မာရက်ကူး၊ နှစ်သစ်ထူးမှာ ဖြစ်ဖူးကုသိုလ်၊ ဆက်ပွားလိုကြ မဂ်ဖိုလ်တလျှက်၊ ဘ၀ဆင့်တန်း ဂုဏ်တင့်လျှမ်းအောင်၊ လှူဒါန်းဒါန မြတ်သီလနှင့် ပွားထဘာဝနာ သူသူငါလည်း၊ ဘယာကင်းဝေး ကော်လင်ဒေး(Colindale)၌ ပိုက်ထွေးရတနာ၊ လန်ဒန်မှာလျှင် သံဃာမြတ်ပေါင်း၊ ဆွမ်းဆန်လောင်းလျက် စုပေါင်းအမျှ၊ ပေးဝေငှရင်း အပေါင်းသင်းတို့၊ ပျော်ခြင်းဆုံရာ ကြွခဲ့ပါလို့၊ ဖိတ်စာပို့သည် နှစ်မြို့ရွှင်လန်းပါစေသော်ဝ်။ ဘုန်းသီ (သာသနရံသီ - လန်ဒန်မြို့) www.burmesemonastery.org.uk

HappyBirthday MOM

မင်္ဂလာရှိသော မွေးနေ့ပါ မေမေ ... ဒီနေ့မှာ ကျရောက်တဲ့ မေမေ့ရဲ့ မွေးနေ့မှာ မေမေစိတ်ချမ်းသာပျော်ရွှင်ပါစေလို့ သားတို့ ဆုတောင်းပါတယ်။ မေမေ့မွေးနေ့မှာ မေမေချစ်တဲ့သားသမီးတွေ အနားမှာမရှိပေမဲ့ မေမေရဲ့ချစ်ခင်ပွန်း ဖေဖေရှိနေတဲ့အတွက် သားတို့ ၀မ်းသာပါတယ်။ ဖေဖေနှင့်မေမေ ကျန်းမာပျော်ရွှင်ပြီး သက်ကျော်ရာကျော်ရှည်ပါစေလို့ သားတို့ အမြဲဆုတောင်းပါတယ်။ မန်းလေးအိမ်မှာ ဒီနေ့ ဘုန်းဘုန်းတွေကို ဆွမ်းကပ်တော့ အိမ်ကိုတော့ သတိရမိတယ် ဘုန်းကြီးဆွမ်းကပ်ဖို့ လုပ်ပြီဆိုရင် ဟိုစပ်စပ် ဒီစပ်စပ် လိုက်လုပ်တတ်လို့ မေမေဆူတာ အမြဲခံရတယ် :) ဒါပေမဲ့ ဒီမှာလည်း သားတို့ ဘုန်းကြီးကျောင်းသွားဖို့ စီစဉ်ထားပါတယ်။ သားတို့ထင်တာ မမှားဘူးဆိုရင် ဒီနေ့ မေမေ့ မွေးနေ့မှာ မေမေ့အပေါင်းအသင်းတွေ၊ တပည့်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မေမေပျော်ရွှင်လိမ့်မယ်လို့ သားတို့ယုံကြည်ပါတယ်။ မေမေနဲ့ဝေးရာမှာ ရောက်နေပေမဲ့ မေမေရဲ့ ရင်ခွင်ဓာတ်က ဒီအထိအကျိုးသက်ရောက်နေဆဲပါမေမေ။

InternetExplorer, FireFox and Opera

Popular Browser သုံးခု နှိုင်းယှဉ်ချက်တွေပါ။ ကျွန်တော့်အနေနဲ့ကတော့ IE ကိုတော့ သိပ်ကိုမသုံးဖြစ်ပါဘူး။ နောက်ပိုင်းသုံးဖြစ်တာကတော့ FireFox နှင့် Opera ပါပဲ။ FireFox ရဲ့ Features တွေကတော့ Blogger တွေအတွက် သင့်လျော်ပါတယ်။ တစ်ခါတလေလည်း Social WebBrowser ဖြစ်တဲ့ Flock ကိုသုံးဖြစ်တယ်။ သုံးရတဲ့ထဲမှာ အမြန်ဆုံးကတော့ Opera ပါပဲ [ Why? ] Features တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Also Check Browser speed Comparisions PC Requirements Firefox : Intel Pentium II or AMD K6-III+ 233 MHz | 64 MB RAM 52 MB hard drive space | Windows 98 or higher IE : 66 MHz processor| 16-32 MB ram | 12 MB Install size | Windows 98 or higher Opera : 20 MB of free disk space | Any system running Windows 95 or higher PC Requriements အရရော RAM အသုံးပြုမှုပမာဏ အရပါ Opera က သာနေတာတွေ့ရပါတယ်။ နောက်ပိုင်းမှာ FireFox တို့ IE တို့ထက် ပိုပြီး Popular ဖြစ်လာမည့်သဘောမှာရှိနေပါတယ်။ အရင်တုန်းကတော့ မြေခွေးက IE ကို ကိုက်ထားတာပါ။ အခုတော့ :P Sources: HowToCreate | ExtremeTech | Cyber-Knowledge

ဘယ်သူသေသေ ငတေ မပါရင် ပြီးရောလား

ကိုယ့်စီးပွားရေးအတွက် သူများဒုက္ခရောက်လည်း သောက်ဂရုမစိုက်ဘူးဆိုတဲ့ လူတန်းစားတွေကလည်း ရှိသေးတယ်။ ရွံဖို့ကောင်းလိုက်တာ။ ဒီသတင်းထည့်ပေးတဲ့ 11 Journal ကိုလည်းကျေးဇူးတင်ပါတယ်။ စားသုံးသူတွေ သတိထားမိသွားတယ်။ ပစ္စည်းများဝယ်ရင် ကြည့်ကြပ်သာ ၀ယ်ကြပါတော့။ သတင်းထဲမှာ ရေးထားသလိုပဲ စားသုံကုန်မဟုတ်ဘဲ ဆေးဝါးတွေသာ အဲလိုလုပ်ရောင်းနေလို့ကတော့ မတွေးရဲစရာပဲ။

စာပေ နှင့် ဘ၀တိုးတက်အောင်မြင်မှု

စာပေဖြင့် သင့်ဘ၀ တိုးတက်အောင်မြင်မှုရလိုသည်ဆိုလျှင် ရှေးဦးစွာ သင်သည် ဤဘ၀၌ အဘယ်သို့သော နယ်ပယ်တွင် ကျင်လည်လှုပ်ရှားပါမည်၊ ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းပါမည်ဟူ၍ ဦးတည်ရည်မှန်းထားပါသလဲ။ စဉ်းစားပါ။ ပြီးလျှင် ဖတ်စရာစာအုပ် ရွေးချယ်သည့်အခါ၌ ယင်းဦးတည်ရည်မှန်းချက်နှင့် ဆက်စပ်ပတ်သက်သယောင်ထင်ရသော စာအုပ်များကို တကယ်ဆက်စပ် မဆက်စပ် သေချာအောင် မြည်းစမ်းကြည့်ပါ။ အတန်အသင့်မျှ ပက်သက်သည့် စာအုပ်မျိုးဖြစ်လျှင် ခပ်သုတ်သုတ် မျိုချသော နည်းမျိုးဖြင့် ဖတ်ရှူ့ပါ။ မိမိနှင့် လုံးလုံးလျားလျား ဆက်စပ်ပက်သက်သည့် စာအုပ်မျိုးကိုမူ ညက်ညက်ကြေအောင် ၀ါး၊ အစာချေ၊ အသွေးအသားထဲ စုပ်ယူ ဟူသော နည်းမျိုးဖြင့် ဖတ်ရှူ့ပါ။ စာရေးဆရာ ဖေဖြင့် ရေးသားသော ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါစာအုပ်မှ (P-14)

Changing MyBlogLog Readers Style

MyBlogLog Readers Style တွေကို Customize လို့ရတဲ့ဆိုဒ်တစ်ခုကို တွေ့လိုက်တယ်။ CSS တွေကလည်း Opensource ပဲ။ ကြိုက်သလို ပြန် Change လို့ရသေးတယ်။ အစက cmsmdy.blospot.com နဲ့လုပ်လို့မရပဲဖြစ်နေတယ်။ ဘယ်ကနေဘယ်လို ဟို List ထဲရောက်သွားမှန်းမသိဘူး :D ဒါနဲ့ပဲ OwnDomain (cmsmdy.com) နဲ့ထပ်ပေးလိုက်တယ်။ အခုမှ ပြန်ရတယ်။ How to Make your Readers Look Good

WinUHA

High Compression Multimedia Archiver UHARC is a high compression multimedia archiver. It has a better compression ratio than ZIP, RAR, ACE, etc. Here are a few characteristics of WinUHA: - User friendly and modern interface, as commercial software - Shell Context Menu to speed up archives management - SFX GUI for UHA archives - Translation Engine to be really user friendly File တစ်ခုကို ဒေါင်းလုပ်လုပ်တာ .uha ဆိုပြီးပါလာတာနဲ့ လိုက်ရှာတော့ winrar လိုမျိုး archive လုပ်တဲ့ဟာမျိုးဖြစ်နေတယ်။ Multimedia Archiver လို့သာပြောတာ WinRAR ပြိုင်ပြီး ချုံ့ကြည့်လိုက်တော့ size ကသိပ်မကွာဘူး။ ဒါနဲ့ဆက်ရှာကြည့်တော့ 7zip ဆိုတာလည်းတွေ့တယ်။ သူလည်း အလားတူပါပဲ။ ကွာလည်း 2kb, 3kb လောက်ပါပဲ။ အားလုံး သူမသာ ကိုယ်အားသုဘဆိုတောတွေ ချည်းပါပဲ။ ဒါပေမဲ့ ရလဒ်ကတော့ .uha ဆိုတာ ဒါပါလားဆိုတာ သိလိုက်တာလေးတစ်ခုပါပဲ။

Angel by Tha O

လှောင်ရီသံတွေကြား ပျံနိုင်အောင်လှုပ်ရှား ငါဟာလေ အရူးတစ်ယောက်သာ လူတွေမှတ်ကြပစေ အိန်ဂျယ်တွေလိုမျိုး ပျံနိုင်မယ်ဆိုရင် ကမ္ဘ္ဘာမြေကို အခုထက်လေ ပိုလှပအောင် ဖန်ဆင်းချင်ပြီ

Happy Birthday Ko Zaw Moe Aung

သူငယ်ချင်း ကိုဇော်မိုးအောင် _^_ မွေးနေ့မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး မိဘကျေးဇူး အထူးဆပ်နိုင်သော လူတော်လူကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ရည်းစားချောချော (၀ါ) မိန်းမချောချောလေးရပြီး မြေးမြစ်တီတွတ်ကျွတ်ဆတ် တိုင်အောင် ပေါင်းသင်းနိုင်ပါစေ :)

KlipFolio 4 - The Personal Desktop Dashboard

YouTube, GoogleNews, Weather(LiveUpdate), Gmail, Digg News တွေကို Desktop ပေါ်ကနေ တစ်ပြိုင်နက် Access လုပ်နိုင်တဲ့ Tool တစ်ခုပါ။ အရမ်းအသုံးဝင်ပါတယ်။ Desktop Feed Reader အနေနဲ့လည်း သုံးလို့ရပါတယ်။ Flickr နဲ့ချိတ်ဆက်ပြီးသုံးနိုင်သလို ပုံတွေပြောင်းလဲမှုတစ်ခု(Update Automatically)ဖြစ်သွားတိုင်း Alarm ပေးတဲ့စနစ်ကလည်း Userရဲ့သုံးချင်စိတ်ကို စွဲဆောင်စေပါလိမ့်မယ်။ အထက်ဖော်ပြပါ Klips တွေအပြင် Klips ပေါင်း ၄၀၀၀ ကျော်ကိုအသုံးပြုနိုင်ပါတယ်။ Features တွေကတော့ Smallest dashboard Klips are tiny, so they stay out of your way until you need them. Always up-to-date New information flows into Klips so you don't have to go looking for it. Monitor anything If your Web browser can access it, a Klip can monitor it. There are over 4000 Klips at KlipFolio.com to get you started. Built-in RSS support Monitor your favorite RSS feeds on your desktop using Klips. Intelligent sidebars Place Klips along any screen edges, keeping them always visible, or enable auto-hide for smallest screen usage. Liquid layo

Talisman Desktop 2.99

"Talisman Desktop" is a desktop alternative and shell-replacement for Windows 9x/ME and NT/2000/XP/2003/Vista, capable of transforming your desktop into an interface organized as you like. The program's basic purpose: Launch other applications in a new interface, instead of the standard Windows desktop. But the opportunities presented by "Talisman" are much broader. The program does not limit your computer fantasies - draw anything you like and arrange it as your imagination tells you to. When you get tired of looking at the same screen - change it all over again. If you are in a good mood - throw flowers and favorite photos on the screen. If you're not feeling so bright - leave the black screen with lonely Norton Commander or winking Bill Gates. Create invisible buttons - they will open those places and the pictures, known only to you. Construct galleries of the best pictures and photos. Simply create your own little world, created by and for you, instead o

Style XP - Theme Your Desktop

What is Style XP? Style XP is not a skinning engine. It uses Microsoft's built-in visual style engine, but enhances it by providing many useful tools. Style XP can import, select, rotate, and manage themes, visual styles, wallpapers, logons, bootscreens, icons, and explorer bar. Future versions may support sounds, cursors, screensavers, and packages of all the above. How does it work? Instead of lines and gradients, the XP user interface natively supports the use of skinned bitmap controls (a visual style). This is Microsoft's own innovation. Style XP includes its own visual styles. see more Download [+KG] 40.93MB

ရာသီဥတု ဘာလဲ .. ဘယ်လဲ

ပြည်ပရောက် မြန်မာများ ခံစားရတဲ့ ဝေဒနာလေးတွေထဲမှာ ရာသီဥတုကလည်း တစ်ခုအပါအ၀င်ပါ။ ဒီနေ့ပဲကြည့်တော့ မိုးလိုလို နှင်းလိုလိုတွေ ကျနေတယ်။ တစ်ရက် နှစ်ရက်အတွင်း ပြန်ပြီးအေးလာတယ်။ အိုဇုန်းလွှာတွေပဲ မကောင်းတော့လို့လားတော့ မသိဘူး။ မန်းလေးဆောင်းမှာ နေခဲ့တဲ့သူတစ်ယောက်အတွက် ဒီကဆောင်းက ပိုပြီးအေးနေပါတယ်။ ကျောင်းကအပြန်ကို နှင်းတွေမျက်နှာလာရိုက်သေးတယ်။ နှင်းက ငါးမိနစ်လောက်ပဲကျတယ်။ ပြီးတော့ မကျတော့ပြန်ဘူး။ အခုတလော ထပ်ပြီးကျလိမ့်ဦးမယ် ထင်တာပဲ။ အဲဒီတော့ ကျန်းမာရေးလည်း ဂရုစိုက်ဖို့လိုတယ်ဗျား။ Heater ကလည်း ဖွင့်လွန်းလို့ အိမ်ရှင်လည်း လာတိုင်း ခို ဖြစ်နေပြီ :D မတတ်နိုင်ဘူးလေ အေးတာကိုး။ ကျွန်တော်တို့ ရွှေမန္တလေးမှာတော့ ပူနေလောက်ပြီထင်တယ်။ သစ်ရွက်ကြွေတွေနဲ့အတူ ဟို ပွဲတော်ကြီးကို ကြိုနေလောက်ရောပေါ့။ ဆယ်တန်းစာမေးပွဲတွေလည်း ပြီးသွားလောက်ပြီထင်တယ်။ ကျွန်တော်ဆယ်တန်းနောက်ဆုံးရက် ဖြေပြီးလို့ အိမ်အပြန် ကျုံးဘေးလမ်းကြီးကို သတိရမိတယ်။ ဖုန်တွေတလူးလူး လေရူးတွေတမြူးမြူးထဲ စိတ်ထဲမှာ ဘာကြီးမှန်းကို မသိဘူးဗျာ။ မယုံရင် မန္တလေးကို သွားသာကြည့်ကြပါတော့ :)

Accordion Panel Magic by PVII

Dreamweaver Extension တွေထဲက အရမ်းအသုံးဝင်တဲ့ Extension လေးတစ်ခုဖြစ်ပါတယ်။ Project VII ကရေးသားထာဖြစ်ပြီး UserFriendly လည်းဖြစ်လို့ သုံးရတာဘာမှ အခက်အခဲဖြစ်စရာ အကြောင်းမရှိပါဘူး။ ဘလော့တွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Sample ကို ဒီမှာ ကြည့်ရှူ့နိုင်ပါတယ်။ ရောင်းဈေး $60 ရှိပါတယ်။ ၀ယ်ထားတာတော့ မဟုတ်ပါဘူး။ အလကားရထားတာ :P အသေးစိတ်ကို ဒီမှာ ထပ်ပြီးလေ့လာနိုင်ပါတယ်။ အခု ကျွန်တော် Project လုပ်နေတော့ ဒီကောင်လေးက အရမ်းအသုံးဝင်ပါတယ်။ အထူးသဖြင့် ကျွန်တော့်လို Coding မကြိုက်သူတွေအတွက် အာလာဒင်မီးခွက်ကြီး ရလိုက်သလိုပါပဲ :D နောင်များမှာ ကျွန်တော်တို့ ကြုံကြိုက်တဲ့ အခါမှာလည်း အဲဒီ Extension တွေကို ဦးစားပေးတင်သွားပေးဖို့ MediaFire နဲ့တိုင်ပင်ထားပါတယ် (လေးဖြူ - IronCross Unplugged :P) Extension နှင့် UserGuide ကိုတော့ Download List မှာ ရယူနိုင်ပါတယ်။ ငှက်ပျောသီးအခွံနွှာတာကမှ ခက်ဦးမယ်။ ဒီဟာလုပ်တာက အဲဒီထက် ပိုလွယ်တယ်။

Mother's Day

Mom, I do miss you. I do love you now and forever. "M" is for the million things she gave me, "O" means only that she's growing old, "T" is for the tears she shed to save me, "H" is for her heart of purest gold; "E" is for her eyes, with love-light shining, "R" means right, and right she'll always be, Put them all together, they spell "MOTHER," A word that means the world to me. Howard Johnson (c. 1915)

Agnitum Outpost Firewall Pro 4.0 Build 1007591.145

Download Best-in-class ID-theft protection Outpost Firewall Pro will detect and prevent (using the most effective data leak prevention technology available) malicious applications from trying to transmit data out of your PC. The security of that information is assured. Advanced protection against network attacks Outpost Firewall Pro detects and prevents any attempted hack attacks from outside the network. 360-degree protection against spyware Outpost Firewall Pro detects all attempts by spyware to activate; instead, spyware is instantly removed from the PC. Automatic detection and configuration updates for optimum security With Outpost 4.0 you receive ImproveNet updates for the whole license period that include secure firewall settings and rules - meaning with ImproveNet you will get much less prompts from the firewall as it will be always up-to-date when it comes to deciding what to do. Self-protection against malicious software Outpost Firewall Pro protects itself from being terminat

ASEAN Flowers

ASEAN နိုင်ငံတွေကို ကိုယ်စားပြုတဲ့ ပန်းတွေပါ။ အခုချိန်မှာတော့ အပုံဆုံးက ကျွန်တော့်ကို တော်တော်ဖမ်းစားနိုင်ပါတယ်။ သတိလည်း ရအောင်လည်းလုပ်ပါတယ်။ ကိုယ့်ဘက်ကိုယ် ယက်တာတော့မဟုတ်ဘူး ... ပန်းတွေထဲမှာ ပိတောက်က အလှဆုံးပဲ။ သူငယ်ချင်းတို့ရော ... ဘယ်လိုမြင်လဲ (မျက်စိနဲ့မြင်ပါတယ်လို့တော့ မလုပ်နဲ့နော်) ဘယ်ပန်းပိုလှလဲလိုပြောတာပါ :) အခုချိန်ဆိုရင် မြန်မာပြည်မှာလည်း သင်္ကြန်ရောက်ခါနီးဆိုတော့ ပိတောက်တွေ ပွင့်ရောပေါ့။ တစ်ချို့လမ်းလေးတွေထဲ ဖြတ်သွားရင် ပိတောက်ရနဲ့လေးတွေ ရှူရှိုက်လိုက်မိတဲ့ အရသာကလည်း တစ်မျိုးပဲ။ သင်္ကြန်နဲ့ပိတောက် ပိတောက်နဲ့ သင်္ကြန် ... အာ .. ဘာတွေမှန်း မသိတော့ဘူး။ ရှင်းရှင်းပြောရရင် သင်္ကြန်ကို လွမ်းနေတယ် :) နောက်လထဲမှာ ဘုန်းကြီးကျောင်းမှာတော့ သင်္ကြန်ပွဲရှိတယ်။ သီချင်းတိုက်သူများကလည်း အခုကတည်းက ကြိုတင် တိုက်နေကြလေရဲ့ (ဘယ်သူလဲလို့ မမေးရဘူးနော် ... သူငယ်ချင်းတစ်ယောက်ပါ) အရေးထဲ ဘုန်းကြီးဝတ်ခိုင်းတဲ့ သူတွေကရှိသေး။ အေးရတဲ့ကြားထဲ ကတုံးနဲ့တော့ မနေပါရစေနဲ့။ စကားမစပ် ဒီမှာ အခု ပန်းတွေပွင့်နေတာ အရမ်းလှတယ်ဗျာ ... Summer ကို ကြိုနေပြီလေ။ ဘာပန်းတွေလဲတော့ မသိဘူး .. ဟိဟိ .. နောက်နေ့မှ လိုက်မေးပြီးတော့ ပြန်ပြောပြမ

Free Web Template Sites

http://www.oswd.org http://www.openwebdesign.org/ http://www.freecsstemplates.org/ http://www.freshtemplates.com/ http://www.zerodollartemplates.com/ http://www.effex-media.com/ http://www.templatesbox.com/ http://www.mastertemplates.com/free-templates.htm http://www.templateyes.com/ http://www.templateworkz.com/ http://www.4layouts.com/ http://www.templatehunter.com/topsite/in.php?id=4layout http://www.freetemplates.ca/templates/ http://www.freephotoshoptemplates.com/index.html http://www.freewebtemplatesnow.com/ http://www.zymic.com/ http://www.adesdesign.net/ http://www.notemplates.com/ http://www.freepsd.com/ http://www.zeroweb.org/ http://www.entheosweb.com/website_template...r-templates.asp

သီချင်းနားစဉ်ခြင်း နှင့် လူမှုရေးအသိ

ယနေ့ခေတ်မှာ လူတွေဟာ ပုံစံအမျိုးမျိုးနဲ့ သီချင်းအမျိုးမျိုးကို နားစဉ်ခံစားနေကြပါတယ်။ အများဆုံးကတော့ MP3/MP4 Player တွေနဲ့ နားစဉ်ခံစားကြတာကို တော်တော်များများတွေ့ရပါတယ်။ အဲဒီလို လူတွေအတွက်တော့ ပြဿနာ သိပ်မရှိပါဘူး။ နားကြပ်နဲ့ နားစဉ်တာဆိုတော့ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေကိုလည်း အနှောက်အယှက်မဖြစ်ပါဘူး။ ဒါတောင် တစ်ခါတလေ အဲဒီ Player တွေနဲ့ Volume ကို အသကုန်ဖြဲတင်ပြီး နားထောင်တဲ့လူတွေရှိသေးတယ်။ စဉ်းစားကြည့်တယ် ... အကြားအာရုံပဲ ချွတ်ယွင်းနေကြတာလား ? ဒါမှမဟုတ် သူ့တို့နားထောင်တဲ့ နာမည်ကြီး အဆိုတော်တွေရဲ့ တီးလုံးသံတွေကို ဘေးကကြားပြီး သူတို့ကို အထင်ကြီးမိအောင် ဂရုစိုက်မိအောင်လို့လား (လုံးဝအထင်မကြီးပါ ... သောက်မြင်တောင်ကတ်တယ်) အဲဒီလူတွေထက် ပိုဆိုးတာက တိုက်ခန်းမှာနေတဲ့လူတွေ နဲ့ ကားပိုင်ရှင် အချိုးမပြေတဲ့ ကာလနာလေးတွေ။ တိုက်ခန်းပိုင်ရှင်လေးတွေ .... ဟုတ်ပြီ ... သီချင်းနားစဉ်တာပဲ အေးဆေးလေး တော်ရုံတန်ရုံ Volume လောက်နဲ့ဆိုတော်ပြီပေါ့။ အဲဒါကို မဟုတ်ဘူး ... အသကုန် Volume ကို သေပြီးတဲ့ ငရဲပြည်က ဆွေမျိုးတွေပါ ကြားရအောင် ဖြဲကားနားထောင်တယ်။ ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်မှု မရှိဘူး။ တစ်ချို့ဆို ကိုယ့်ရဲ့အခ

နှစ်သက်မိတဲ့ သီချင်းလေး

ဆုတောင်း - ကေအက်ဖ်အေ powered by ODEO ကြယ်လေးတွေ ကြွေနေချိန်တိုင်း ဆုတောင်းတိုင်းလည်း ပြည့်သွားတတ်လို့ အဖြူရောင်ကြယ်လေးရယ် မကြွေပါစေနဲ့ ဒီအတိုင်းလေးပဲ ဟိုမိုးသားထက်မှာ နေနေတော့လေ ကောင်းကင်ထဲကိုလိုက်ရှာ ငွေရောင်ကြယ်လေးတွေကများစွာ ညအမှောင်ထဲကိုကြည့်တော့ အရာရာတိုင်းက လှနေဆဲပေါ့ လောကကြီးကိုကြည့်ပါ လူတွေတစ်မျိုးစီရူးနေကြတာ ကြယ်လေးတွေ ဆုတေတဲ့အခါ ဆုတောင်းတိုင်းပြည့်သတဲ့ကွာ အပြည့်နဲ့ပေးဆပ်ခြင်းကို လူတွေရရှိကြချိန်မှာ တမ်းတမိကြတဲ့အရာ ကြယ်တွေဘုရားရှင်ဖန်ဆင်းတာ ဖိုးလမင်းကြီးနားမှာ ကြယ်တွေဝိုင်းလို့လှနေတာ မှိတ်တုတ် မှိတ်တုတ် ကြယ်လေး မြေမှာခလို့ မင်းအသက်ဆင်းလို့မကြွေပါနဲ့ ဟိုးအရှေ့ကောင်းကင်ကြီးမှာ ရောင်စုံလင်းတန်းတွေကများစွာ အလင်းမှိတ်သွားတဲ့ ကြယ်ကလေး ပျောက်ကွယ်ကာ ကမ္ဘာနဲ့အဝေး ညဘက်ကောင်းကင်ကြီးမှာ အို . တစ်မျိုးစီလှနေကြတာ သူတို့တွေဆုတေတဲ့အခါ ဆုတောင်းတိုင်းပြည့်သတဲ့ကွာ အပြည့်နဲ့ပေးဆပ်ခြင်းကို လူတွေရရှိကြချိန်မှာ တမ်းတမိကြတဲ့အရာ ကြယ်တွေဘုရားရှင်ဖန်ဆင်းတာ ဖိုးလမင်းကြီးနားမှာ ကြယ်တွေဝိုင်းလို့လှချိန်မှာ မှိတ်တုတ် မှိတ်တုတ် ကြယ်လေး မြေမှာခလို့ မင်းအသက်မကြွေပါနဲ့ KFA သီချင်းများကို Song Download List တွင

Rocket Dock 1.3.0

Vista သုံးချင်ပါသော်လည်း ... အဆင်မပြေသေးပါ။ ဒီဟာတွေဆို ပိုဆိုးပြီပေါ့။ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ :)

250 Plugins + 350 Actions

Plugin နှင့် Action တွေက Design လုပ်ရာမှာ အရမ်းအသုံးဝင်ပါတယ်။ အချိန်ကုန်လည်း သက်သာသလို Design ကိုလည်း ပိုပြီး Attractive ဖြစ်စေပါတယ်။ အသုံးဝင်လိမ့်မယ်လို့ ထင်ပါတယ် :) 250 Plugins | 350 Actions password : cmsmdy

နှိပ်စက်ကြသူများ

ကျွန်တော့်ရဲ့ ဆရာသမားနှစ်ယောက် နှင့် သူငယ်ချင်းတစ်ယောက်တို့က ကျွန်တော့်ကို ကောင်းကောင်းကြီး နှိပ်စက်ကြတယ် :( သူငယ်ချင်းတစ်ယောက် (Fido) ကလည်း သီချင်းတွေလာယူတဲ့။ ကြည့်လိုက်တော့ သင်္ကြန်မိုး သီချင်းတွေ :( ဆရာသမားတစ်ယောက် (ကိုတုံ) ကတော့ လောလောလတ်လတ် နှိပ်စက်တာပါ။ အခုလေးတင် သူ့ဘလော့ကို ဖတ်ပြီးတယ်။ မန်းလေးသတင်းတွေပါပဲ။ ဒါပေမဲ့ ဒီသတင်းကြီးပါလာတယ်။ နောက်ဆုံး အနေနဲ့ မန္တလေး မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ကို စတင် ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သတင်းပေးပါရစေ... တေချင်တယ်။ မျိုးကျော့မြိုင် သီချင်းထဲကလိုပဲ "ဘာလုပ်ရမှန်း မသိပါဘူး။ ဘယ်သွားရမှန်း မသိပါဘူး" ဖြစ်နေပြီ။ ဒီအချိန် မန်းလေးမှာရှိရင်တော့ လှုပ်လှုပ်ရွရွပေါ့။ ကျုံးဘေးက ဖြစ်သွားရင်ကိုပဲ စိတ်ထဲမှာ ကြွနေတာ။ အခုတော့ ခဲလုံးနဲ့ဖိထားသလိုပဲ အဲဒီစိတ်တွေလည်း ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။ ဆရာသမားနောက်တစ်ယောက် (ကိုဆန်းဦး) ကလည်း ဘလော့မှာ သီချင်းတင်ထားပါတယ်။ သင်္ကြန်နိဒါန်းတဲ့ :( အခု နိဒါန်းလည်း မသိဘူး။ နိဂုံးလည်း မသိတော့ပါဘူး။ ဟား .... သင်္ကြန်ရက်မှာ သေချာတာကတော့ ဘုန်းကြီးကျောင်း သွားဖြစ်ဖို့ပဲ။ အဲဒါပဲ ရှိတယ်။ အထင်တော့ မကြီးလိုက်နဲ့ဦး။ ဘုန်းကြီးကျောင်းသွား

အရက်တို့၏ သဘော သဘာဝ

၁။ ပထမတွင် စိတ်ထဲမှာ ပျော်လာသည်။ စကားများလာသည်။ ၀ိုင်းဖွဲ့၍ အပေါင်းအသင်းများလာ လေလေ လက်ပံပင်ကို ဆက်ရက်ကျသလို ရှိသဖြင့် ဆက်ရက်မင်းစည်းစိမ်ဟု ခေါ်ပါသည်။ ၂။ ဒုတိယအဆင့်တွင် စိတ်ဓာတ်ကြွလာသည်။ ဒေါသဖြစ်လာသည်။ ရန်လိုလာသည်။ ရမ်းချင်လာသည်။ ဘီလူးစည်းစိမ်ဟုခေါ်ပါသည်။ ၃။ အမူးလွန်ပြီး အိပ်ပျော်သွားသည်။ တွေ့ရာနေရာတွင် အိပ်ပျော်သွားသည်။ တော်တော်နှင့် မနိုးတော့ပါ။ နဂါးမင်းစည်းစိမ်ဟု ခေါ်ပါသည်။ ၄။ အိပ်ရာမှ နိုးသော် အမူးမပြေသေးဘဲ ခေါင်းကိုက်လာသည်။ ရေငတ်လာသည်။ စိတ်ဓာတ်ကျပြီး မရွှင်မလန်းဖြစ်လာသည်။ အရက်မူးစဉ်က ကြမ်းခဲ့ရမ်းခဲ့သည်များကို ပြန်သတိရမိပါက နောင်တရသလို ဖြစ်လာသည်။ အရက်နာကျပြီး လင်းတမှိုင်သလို ဖြစ်နေသဖြင့် လင်းတမင်း စည်းစိမ်ဟု ခေါ်ပါသည်။ လူငယ်နှင့်ကျန်းမာရေး - ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ဆက်ရက်မင်းစည်းစိမ်လောက်ထိပဲ ကောင်းပါတယ်။ လင်းတမင်းစည်းစိမ်ထိ ရောက်သွားရင်တော့ မကောင်းတော့ဘူး။ မနေ့ကတော့ ရထားထဲမှာ နဂါးမင်းနဲ့ တွေ့လိုက်သေးတယ် (နဂါးတောင် ရိုးရိုးနဂါးမဟုတ်ဘူး ဆံရှည်နဂါး )။ ရထားထဲ မူးနေတယ် အဓိပ္ပာယ်မဲ့တာ ... အနံ့လေးတွေမှ လှိုင်နေတာပဲ (ဝေါ့)။ နောက်ပိုင်း ဘယ်စည်းစိမ်ထိ ရောက်သွားလဲတော့မသိဘူး။

Me and Blogging

ဘလော့ကို ကလိထားလိုက်ပြန်တယ်။ အားရင် ကလိတယ်။ မအားရင် တခြားဟာလုပ်နေတယ်။ မျက်စိထဲမှာ နောက်နောက်လာရင် ဖြုတ်လိုက်တယ်။ ဟိုနားရွှေ့ ဒီနားရွှေ့လုပ်လိုက်တယ်။ ဘလော့လာ မိတ်ဆွေများ ... မျက်စိနောက်အောင် လုပ်မိပါက သီးခံကြပါကုန်။ relax လုပ်စရာဆိုလို့ ဒီ ဘလော့ကလိတာလေးပဲရှိတယ် (ကိုယ့်ကိုကိုယ်တောင် ပြန်သနားလာပြီ)။ Menu လေး ပြန်တပ်ထားလိုက်တယ်။ ရချင် တပ်ချင်စိတ်ပေါက်သောသူများ 13Styels.com သို့ သွားကြပါကုန်။ Adsense နဲ့ Amazon ကိုတော့ စမ်းသပ်ပြီးထည့်ထားတယ် (စီးပွားရေးသောင်းကျန်းသည် ဟူ၍လည်း သတ်မှတ်နိုင်၏။ သို့သော် ...) Animated Clock လေးကိုလည်း ခဏပြန်ပြီး သိမ်းထားလိုက်တယ် :) Code ကိုတော့ ဒီပို့စ်နဲ့အတူပဲ သိမ်းထားလိုက်တော့မယ် (သတိမေ့တတ်လွန်းလို့)။ <iframe border="0" framespacing="0" frameborder="no" height="67" src="http://chanmyasoe.googlepages.com/imageclock.htm" scrolling="no" width="69" allowtransparency="true"/> သုံးချင်တဲ့လူများ ကြိုက်သလိုသာ ယူသုံးကြပါ။ အဲ ... နောက်တစ်ခုကတော့ တော်တော်ဂွတ်တယ်။ extremetracking service

Future of Web Apps 2007

Web APPS တွေနဲ့ ပက်သက်တဲ့ Presentation တွေ Seminar တွေကို Feb 20th, 21st တုန်းက London မှာလုပ်သွားခဲ့ပါတယ်။ အခု အဲဒီ Presentation တွေနဲ့ ပက်သက်တဲ့ Handout တွေ Speaker တွေရဲ့ Present လုပ်ထားတဲ့ File (mp3) တွေ ထွက်လာပါပြီ။ Main Presenter တွေကတော့ Digg , Google , Yahoo , Techcruch တွေအပြင် Microsoft , Vodafone နှင့် Amazon တို့ပါ ပါဝင်ပါသေးတယ်။ သူတို့ရဲ့ ဟောပြောချက်တွေကို ကြည့်ပြီး Web Technology/Project တွေအတွက် အကျိုးကျေးဇူးတွေ ရနိုင်သလို နောက်ပိုင်းထွက်လာမည့် Technology တွေ Standard တွေအကြောင်းကိုလည်း နားလည်သိရှိနိုင်ပါတယ်။ Visit FOWA | Photo & Slide ဟိုင်း ... ဒီ Web အကြောင်းပို့စ်ရေးရင်းနဲ့ ဘာမဆိုင် ညာမဆိုင် ဟို ... စားတဲ့ ၀က်သားကို သွားသတိရနေတယ်။ အထူးသဖြင့် ၀က်သားဒုတ်ထိုး။ မစားရတာကြာပြီ။ ဒီမှာကတော့ ၀က်သားဒုတ်ထိုး မဟုတ်ဘူး ၀က်သားရေခဲချောင်းဆိုပြီး ရောင်းလို့ရတယ်။ မာလိုက်တာ တောင်နေတာပဲ၊ ငန်လိုက်တာကလည်း ပြောမနေနဲ့ ဗိုလ်ချုပ်ဈေးက ဦးကြွိကတောင် အရှုံးပေးရလိမ့်မယ်။

The 50 Most Important People on the Web

အင်တာနက်ကမ္ဘာထဲမှာ ဒီလူတွေ ကျေးဇူးကြောင့် တိုးတက်မှုတွေ ရလာတယ်လို့လည်း ပြောနိုင်ပါတယ်။ အားလုံးက ငမွဲလေးတွေကြီးပါပဲ :P လေးစားပါတယ်။ အားလုံးပေါင်း အယောက် 50 ရှိပါတယ်။ ထိပ်သီး 10 ဦးကိုပဲ ဖော်ပြလိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက လူများလည်း နောင်တစ်ချိန်မှာ ပါဝင်လာမှာပါ။ ဟုတ်တယ်မလား။ အခုတော့ အားနဲ့မာန်နဲ့ ပ၀ါမကူ ရေမရှူ ကြိုးစားနေကြပါတယ် :) 1. Eric Schmidt, Larry Page, and Sergey BrinExecutives, Google 2. Steve JobsCEO, Apple 3. Bram CohenCofounder, BitTorrent 4. Mike MorhaimePresident, Blizzard Entertainment 5. Jimmy WalesFounder, Wikipedia 6. John DoerrVenture capitalist, Kleiner, Perkins, Caulfield & Byers 7. Craig NewmarkFounder, Craigslist 8. Peter LevinsohnPresident, Fox Interactive Media 9. Marissa MayerVice president for search products & user experience, Google 10. Chad Hurley and Steve ChenFounders, YouTube အပြည့်အစုံကိုတော့ ဒီမှာ ဆက်လက်ဖတ်ရှူ့ပါ။

Web2.0 Photoshop STYLES

Web 2.0 Button Sytel, Text Style တွေဖန်တီးဖို့အတွက် PhotoshopStyle ကိုအောက်မှာ Download လုပ်ပါ။ ထို့နောက် [ C:\Program Files\Adobe\Adobe Photoshop CS2\Presets\Styles ] သို့ ထည့်သွင်းပါ။ Style Sample Here | Download Here

Lightbox JS v2.0 Testing

Lightbox JS is a simple, unobtrusive script used to overlay images on the current page. It's a snap to setup and works on all modern browsers . Visit Here for Tutorial and Sources

Putney Bridge

PutneyBridge ဘက်ရှိ အသိတစ်ယောက် (ကိုဖိုးအော်) ဆီသို့သွားခဲ့တယ်။ ရထားတွေ Delay တအားဖြစ်တာကြောင့် 2 နာရီလောက်ကြာသွားခဲ့တယ်။ ကျွန်တော်အမြင်ကတ်ဆုံး Disrict Line ပဲ။ Station ရောက်တော့မပြီးသေး။ နောက်ထပ် ထပ်ပြီး Bus စီးခဲ့ရသေးသည်။ Bus stop က Bridge ပေါ်မှာဆိုတော့ Bus စောင့်ရင်း ဓာတ်ပုံတစ်ချို့ ရိုက်ခဲ့တယ်။ နေ့ခင်းဘက်သာနေပူနေတာ အပြန်မှာတော့ မိုးတွေရွာပြီး မိုးမိခဲ့သေးတယ်။ Putney1 | Putney2 | Putney3 | Putney4 | Putney5 အဲဒီ PutneyBridge ကနေ Station 3,4 ခု (District Line အဆုံး) ဆက်ပြီးသွားမယ်ဆိုရင် Tennis ၀ါသနာအိုးများ ပြိုင်ပွဲများ တည်ရှိရာ Wimbledon ကိုရောက်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကတော့ ရောက်ဖြစ်တယ်။ ဒါပေမဲ့ ကွင်းရှိတဲ့ဘက်ကို မရောက်လိုက်ဘူး။ PutneyBridge ကအပြန် Harrow on The Hill ရှိ အစ်ကိုတစ်ယောက် (ကိုသန်းအေး) ဆီသို့သွားခဲ့တယ်။ အဲဒီမှာပဲ အာလူးဖုတ်ရင်း မနက်မိုးလင်းမှ ကျွန်တော့်ရဲ့ ဘူမိနတ်သန် တိုက်ခန်းလေးရှိရာသို့ ပြန်လာခဲ့ပါတော့တယ်။

MYANMAR - BURMA - THE GOLDEN LAND

နိုင်ငံခြားရောက်နေသူတိုင်း သောက်မြင်အကတ်ဆုံး မေးခွန်းတစ်ခုရှိပါတယ် [ကျွန်တော့်အထင်ပေါ့လေ] အဲဒါက ဘာလဲဆိုတော့ မင်း ဘယ်ကလာတာလဲ? Myanmar လို့ပြောလိုက်ရင် ပြန်မေးကြတယ်။ Where's that? What's that? အဲဒီမေးခွန်းကို ကျွန်တော် သောက်မြင်အကတ်ဆုံးပါ။ အထူးသဖြင့် English တွေ Japan တွေက ပြန်ပြန်မေးရင် နဘန်တွေကြီး လေးခါးချက်လောက် ကျင်းပလိုက်ချင်တယ်။ မသာတွေ သူများနိုင်ငံသိမ်းတုန်းက သိမ်းပြီးတော့ အခုကျမှ ရူးတာလိုလို ရွှေပျောက်တာလိုလိုနဲ့။ သောက်ရမ်းချဉ်တယ်။ နောက်ပြီး တစ်ချို့ Forum တွေမှာလည်း UserBar တွေရှိတယ်။ အဲဒီ Bar တွေမှာ လိုက်ကြည့်လိုက်ရင် နိုင်ငံတွေအားလုံးနီးပါအတွက်ရှိတယ်။ ဒါပေမဲ့ မြန်မာ၊ မပါဘူး။ တော်တော်ခီးဖို့ကောင်းတယ်။ အာရှမှာဆို မေးလိုက်ရင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား အကုန်သိတယ်။ မြန်မာ မသိဘူး။ တွေးလေခီးလေပဲ။ ဒါကြောင့် ဘလော့တွေမှာပဲဖြစ်ဖြစ် ကိုယ်ဝင်နေတဲ့ တစ်ခြားဖိုရမ် (မြန်မာမဟုတ်သော) တွေမှာ မြန်မာဆိုတာဘာလဲဆိုတာ သိလာအောင်လုပ်ဖို့အတွက် ကျွန်တော် ဒီနေ့ UserBar လေးတွေကို လုပ်လိုက်တာပါ။ သုံးချင်တဲ့လူများ ဒေါင်းလုပ်လုပ်ပြီး ပြန်သုံးနိုင်ပါတယ်။ Bandwidth ဆွဲမသုံးဖို့ရာကိုတော့ မေတ္တာရပ်ခံပါရ