31 May 2007
Building Online Communities with Drupal, phpBB and WordPress
Part I - Drupal
Chapter 1 Introduction Drupal
Chapter 2 Configuring Drupal
Chapter 3 Using the Drupal Core Modules
Chapter 4 Adding Contributed Modules
Chapter 5 Adding and Customizing Themes
Chapter 6 Maintaining Your Site
Part II - phpBB
Chapter 7 Introducing phpBB
Chapter 8 Installing and Congifuring phpBB
Chapter 9 Touring phpBB's Features
Chapter 10 Securing and Maintaining phpBB
Chapter 11 Modifying phpBB
Chapter 12 Styling phpBB
Part III - WordPress
Chapter 13 Introducing WordPress
Chapter 14 Installing and Configuring WordPress
Chapter 15 Starting to Blog and Building Your Community
Chapter 16 Changing the Look of Your Blog
Chapter 17 Customizing Your Blog's Layout
Chapter 18 Maintaining Your Blog
File Size : 13.52MB, Type : PDF
Download : Rapidshare | Mediafire
Erudite 1.0 Beta Template
Template Design က အလန်းလေးနော်။ တွေ့တွေ့ချင်း ပြောင်းပြီးသုံးချင်စိတ်တောင်ပေါက်တယ်။ မနဲ စိတ်ထိန်းထားရတယ်။ ခဏခဏ ပြောင်းနေရင်လည်း တော်တော် သောက်မြင်ကတ်ကြတော့မှာ razz သူရဲ့ Template လေးကတော့ ညာဘက်မှာ sidebar နှစ်ခုပါလို့် Adsense ထည့်မည့်သူတွေအတွက် ပိုပြီး သင့်တော်ပါလိမ့်မယ်။ နောက်ထပ် တစ်ခုကောင်းတာက Post Box က ဘယ်ဘက်မှာ ရှိတာပါပဲ။ ဘာလို့လည်းဆိုတော့ စာဖတ်တယ်ဆိုတာ များသောအားဖြင့် မျက်လုံးက ညာဘက်ကနေစပြီး ဘယ်ဘက်ကိုသွားပါတယ်။ ဘယ်ဘက်ကစပြီး ညာဘက်ကိုကြည့်တာ မရှိသလောက် ရှားပါတယ်။ ကျွန်တော့် Template ကျတော့ အလယ်ရောက်နေတယ် ဟိဟိ ဘယ်လိုပြောရမှန်းတောင်မသိဘူး။
Erudite 1.0 Beta Template ကို သူ့ရဲ့ blog မှာသွားပြီး Download လုပ်နိုင်ပါတယ်။ User Manual လည်း တစ်ခါတည်း ပါပြီးသားဖြစ်တဲ့အတွက် သုံးတဲ့ User အတွက် ပိုပြီးအဆင်ပြေပါတယ်။ Code တွေက XML Format မဟုတ်ပဲ microsoft word ထဲမှာ အကုန်ထည့်ထားတာပါ။ အဲဒီ Code တွေကို အကုန် Copy ကူးယူပြီး Edit HTML Box မှာ Paste လုပ်လိုက်ရုံပါပဲ။ သုံးကြည့်လိုက်ပါ။ စိတ်တိုင်းကျ ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။
30 May 2007
Blogging Jokes - 1
The Widgetized Kawasaki
Modern Day Bully
Finish Your RSS
Understanding Women
Are You a Twitter Ninja?
Have Fun! biggrin see more ...
Clean Your Blogs Sidebars by Andy Wibbels
Andy Wibbels ပြောထားတဲ့ Video က အရမ်းရီဖို့ ကောင်းသလို ပညာလည်း ရပါတယ်။ ကျွန်တော်အပါအ၀င် First time blogging လုပ်တဲ့ blogger တွေမှာ ဖြစ်တတ်တာလေးတွေပါ။ video ကို ကြည့်လိုက်ရင် သူဘာကို ဆိုလိုလဲ ဆိုတာ နားလည်ပါလိမ့်မယ်။ ကြည့်ပြီးရင်တော့ ရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင်ဖို့ Idea တော့ ရမယ်ထင်ပါတယ်။
သူပြောထားတာလည်း တကယ် လက်တွေ့ကျပါတယ်။ Newbie တွေမှ မဟုတ်ပါဘူး Blogging လုပ်နေတဲ့ Blogger တိုင်း လိုက်နာသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို မြန်မာ Blogger တွေအတွက် CBox လိုမျိုး Tool ကတော့ ချွင်းချက်ပေါ့လေ။ အဓိက ပြဿနာက Loading Time ပဲ။ အရင်တုန်းက ကျွန်တော် Loading Time မြန်အောင်ဆိုပြီး Cbox ကို အပြင်ကို ထုတ်သေးတယ်။ Loading မှာတော့ နဲနဲမြန်တာပေါ့လေ။ ဒါပေမဲ့ တစ်ခြားဘက်မှာ ပြန်ကြည့်ရင် ပျင်းလာတယ်။ ဒီလိုဗျာ ... ကိုယ့် blogမှာ CBox မထားဘဲနဲ့ သူများ blogကို သွားလည်ကြည့်။ သူများတွေ အော်ထားတာ ပြောထားတာတွေကြည့်ရင် ကိုယ်လည်း နဲနဲတော့ Lonly ဖြစ်သလိုခံစားရလိမ့်မယ်။ ကျွန်တော့်အမြင်ပေါ့လေ။ နောက်ပြီး တစ်ချို့ web site တွေကို ကျွန်တော် ဒီကနေ Browse လုပ်တာတောင် တက်တာအရမ်းကြာတယ်။ စဉ်းစားကြည့်တယ် မြန်မာပြည်က Internet connection နဲ့ browse လုပ်မယ်ဆိုရင် ... rolleyes
Blogs တွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးကြတာပါ။ ဒါပေမဲ့ Blogging Standard လေးတွေရှိရင် ပိုပြီးကောင်းမယ်ထင်ပါတယ်။ ဥပမာ ငယ်ငယ်တုန်းက လေးကြောင်းမျဉ်းနဲ့ ၀ လုံးလေး စနစ်တကျ ရေးတတ်အောင် သင်သလိုပေါ့။ "မင်းကရော Standard ဘယ်လောက်ရှိလို့လဲ" မေးရင်လည်း ကျွန်တော်ဖြေမှာက သုညပါ။ ဟုတ်ပါတယ် ကျွန်တော်လည်း ရအောင် ကြိုးစားနေဆဲပဲ razz ဒါပေမဲ့ တော်တော်ဝေးပါသေးတယ်။ နောက်ပြီး ကိုယ့်ရဲ့ ဘလော့ဟာ Usability Standard နဲ့ ကိုက်မယ်ဆိုရင် ကိုယ့်ရဲ့ Visitor က ကိုယ့်ကို Impress ဖြစ်တာပေါ့။ "ငါ့ Blog ငါလုပ်တာ ဘယ်သူမှ အရေးမလုပ်ဘူး" ဆိုရင်တော့ တစ်မျိုးထားလိုက်ပါ wink လူအမျိုးမျိုး စိတ်အထွေထွေပဲလေ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ တစ်ခုဖြစ်မိတာက မြန်မာ Blogger Site တွေကို တစ်ခြား Blogger တွေက ကြည့်လိုက်တာနဲ့ Impress အရမ်းဖြစ်စေချင်တယ်ဗျာ။
ဒါဆို Standard ရလာဖို့အတွက် ဘယ်လိုလုပ်ရမလဲ မေးရင်တော့ အဖြေက တစ်ခုပဲ ရှိပါတယ်။ "စု တု ပြု" ပါ။ အချိန်ရရင် ဘလော့နဲ့ ပက်သက်တဲ့ Tips တွေကို လိုက်ဖတ်ဖို့ အကြံပြုချင်ပါတယ်။ မအားဘူးဆိုရင်လည်း ကိုယ့်ရဲ့ RSS Reader မှာ အဲဒီ web site ကို Subscribe လုပ်ထားပြီး၊ ပြီးမှ နားအေးပါးအေးဖတ်လည်း ရတာပဲ။ ဥပမာ ပြောရရင် Problgger.net, DailyBlogTips ... စသည်ဖြင့် blog Tips တွေကို အသားပေးပြီးရေးတဲ့ Web blog မျိုးပေါ့။ ဖတ်ရတာ ကိုယ့်အတွက်လည်း အများကြီး ကျန်တယ်လေ။ ကျွန်တော်ဆို အင်တာနက်သုံးတိုင်း အဲဒီ site တွေကို ၀င်ဖြစ်တယ်။ နောက်ပြီး ကိုယ်သိသလောက် ဘလော့မှာ ပြန်ပြီး Sharing လုပ်တယ်။ ကိုယ် တစ်ယောက်တည်း သိထားလို့ ဘာလုပ်မှာလဲ။ နောက်ပိုင်းလည်း အဲလိုလုပ်ဖြစ်ဖို့ များပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ တစ်ခြားအကြောင်းအရာတွေကို ရေးဖို့လည်း စိတ်မပါဘူးဖြစ်နေတယ်။ ဒါ့ကြောင့် နောက်ပိုင်း ကျွန်တော့် ဘလော့မှာ Tips နဲ့ Tutorial တွေ Blog Notes တွေကိုပဲ တွေ့ရပါလိမ့်မယ်။ Personal ကိုတော့ စိတ်ပါရင် ကြားထဲမှာ ညှပ်ညှပ်ပြီး ရေးသွားပါမယ်။ ပို့စ်တောင်နည်းနည်း ရှည်သွားပြီ smile
ရေးသားထားတဲ့ အချက်အလက်များအပေါ်မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်နိုင်ပါတယ်။ ကိုယ်လုပ်ထားတဲ့ အလုပ်တစ်ခုအတွက် Response တစ်ခုလောက်ပဲ ရတယ်ဆိုရင် ကျေနပ်ပါပြီ။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း ကွဲလွဲနိုင်တယ်လေ။ အဲဒါကြောင့်မို့ပါ။ နောက်တစ်ခုက သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် အဲလို Tips တွေကို ဘလော့မှာရေးရင် သိပြီးသားဖြစ်တဲ့ ဆရာကြီးတွေက ရီမှာပေါ့တဲ့။ သူတို့ရီတာက ကျွန်တော့်အတွက် အလုပ်မဟုတ်ပါဘူး။ သူတို့အတွက်လည်း ဘလော့ရေးနေတာ မဟုတ်ပါဘူး။ အဓိကက မသိသေးတဲ့ လူတွေ သိသွားရင် ရေးရတာ ကျေနပ်ပြီ။ နာမည်ကြီးပြီး ကျေးဇူး အတင်ခံချင်လို့လည်း မဟုတ်ဘူး။ Sharing လုပ်ရတာကို ၀ါသနာပါလို့။
သြော် ... မေ့သွားတယ်။ Loading Time နဲ့ ပက်သက်ပြီး အသုံးဝင်တဲ့ website နှစ်ခုကို sharing လုပ်ချင်ပါသေးတယ်။ ကိုယ့် ဘလော့ရဲ့ Loading Time ကို Test လုပ်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ website တွေမှာ သွားရောက် စမ်းသပ်နိုင်ပါတယ်။ Tips တွေကိုလည်း သေချာဖတ်ကြည့်စေချင်ပါတယ်။
http://www.linkvendor.com/seo-tools/speedtester.html
http://blog.auinteractive.com/website-optimization-speed-up-loading-time
အဲ ... စာဖတ်တာနဲ့ ပက်သက်ပြီး နဲနဲတော့ စကားကြော ရှည်လိုက်ဦးမယ်ဗျာ။ ဟိုတလောက ကျွန်တော့် ဘလော့မှာ antivirus တွေနဲ့ ပက်သက်တဲ့ post တစ်ခုကို တင်ဖူးတယ်။ ပို့စ်နဲ့ အတူတူ စိတ်ဝင်စားစရာကောင်းတဲ့ Site တစ်ချို့ကို လမ်းညွှန်ပေးထားတယ်။ နောက်ပြီး kaspersky antivirus software ကိုလည်း Download ပေးထားတယ်။ အဲဒီပို့စ်မှာ .... Download Link ကျတော့ နှိပ်တဲ့ အနှိပ် ပေးထားတဲ့ Link ကလေး ကျိုးမှာတောင် စိုးရိမ်ရတယ်။ virus နဲ့ ပက်သက်ပြီး Tips တွေရှိတဲ့ websites ကျတော့ နှိပ်ဖို့တောင် မေ့နေတယ် sad ကဲ ... ရပ်ပြီဗျာ ဖတ်ရတဲ့သူလည်း မျက်စိညောင်းလောက်ပြီ။ ကျန်းမာ ရွှင်လန်းပါစေ။ Happy Blogging biggrin
29 May 2007
Advanced Google Search Operators
To see who is linking to your blog
type "link:http://yourblogname.blogspot.com" without the quotes in the search box and press Search. Notice that there is no space between link and the blog URL.
To see your blog cache in google
type "cache:http://yourblogname.blogspot.com" without the quotes in the search box and press Search. Notice that there is no space between cache and the blog URL. This will give an indication when Googlebot last visited your site.
To see information about your blog
type "info:http://yourblogname.blogspot.com" without the quotes in the search box and press Search. Notice that there is no space between info and the blog URL.
To see how many pages google has indexed
type "site:yourblogname.blogspot.com" without the quotes in the search box and press Search. Notice that there is no space between site and the blog URL.
Hopefully, these search engine tips will be useful. Learn more ...
Miss Universe 2007 - RIYO MORI
Mexico မှာကျင်းပတဲ့ Miss Universe 2007 ပြိုင်ပွဲမှာ Asia ကနေရသွားတယ် ... ဟဟ ... ထင်တောင် မထင်ဘူး။ Miss Janpan - Riyo Mori တဲ့။ ထက်ထက်မြက်မြက်ရှိပြီး အသက်က ၂၀ လောက်ပဲ ရှိသေးတယ်။ Aisa အတွက်တော့ ဂုဏ်ယူစရာပေါ့။ အဲ ... တစ်ခုရှိတယ်။ Miss USA (Rachel Smith) ကတော့ သနားစရာပါ။ စင်ပေါ်မှာ ဘယ်သူ့ကောင်းမှုကြောင့်မှန်းမသိ ကျကျန်ခဲ့တဲ့ အလုံးလေးတွေကို တက်နင်းမိပြီး ငုတ်တုတ်ထိုင်တိုင်း ကစားလိုက်တာ သူ့ခဗျာ မရရှာတော့ဘူး။ သူသာ အဲလို မဖြစ်ရင် ရနိုင်တယ်လို့ ပြောနေကြသူတွေကတော့ အများကြီးပဲ။ ဘယ်တတ်နိုင်မလဲ ကံတရားပေါ့လေ။ ဘာပဲပြောပြော နာမည်တော့ကြီးသွားတာပဲလေ။ ဒီလိုစင်ပေါ်မှာ ဘယ်သူ ချော်လဲဖူးလို့လဲ razz ဟုတ်ဘူးလား။ မည်သို့မည်ပုံ ချော်လဲသလဲ သိချင်လား ... အောက်မှာ ကြည့်ကြည့်။ US က လူတွေကတော့ ဒီ Movie ကိုမြင်တိုင်း ရင်နာနေမှာသေချာတယ်။ ကိုရောင်အန်တို့တော့ ဘယ်လိုနေမယ် မသိဘူး ... ဟိဟိ razz
Related Movie : Miss Universe 2007
Carrie Underwood - Some Hearts
1. Wasted
2. Don't Forget To Remember Me
3. Some Hearts
4. Jesus, Take The Wheel
5. The Night Before (Life Goes On)
6. Lessons Learned
7. Before He Cheats
8. Starts With Goodbye
9. I Just Can't Live A Lie
10. We're Young And Beautiful
11. That's Where It Is
12. Whenever You Remember
13. I Ain't In Checotah Anymore
14. Inside Your Heaven
Download : SomeHearts | Size : 82.6MB
28 May 2007
Proud of You - 4 Versions
Proud of You သီချင်းလေးကို Version လေးမျိုးလုံး စုမိထားတယ်။ စပြီး နားထောင်ဖူးတာကတော့ Eng Ver ပဲ။ ဒါပေမဲ့ နောက်ပိုင်း မောင် Fido ရဲ့ ကောင်းမှုကြောင့် Remix တွေရော Chinese Ver တွေပါ နားထောင်လိုက်ရတယ်။ ကြိုက်တဲ့ Version ကို ဆွဲချပြီး နားထောင်နိုင်ပါတယ်။
1. Proud of You - Myanmar - Ver
2. Proud of You - English Ver
3. Proud of You - Remix Ver
4. Proud of You - Chinese
ဘယ် Track အကြိုက်ဆုံးလဲဆိုရင်တော့ ... Track No.1 ပေါ့။ ကိုယ့်မြန်မာကိုယ်ပဲ အားပေးရမှာပေါ့ ... နော့။ ရှင်ဖုန်း ... ရှင်ဖုန်း ... အင်း ... အခုတော့ ကိုဥက္ကာလက်ထဲ ပါသွားပြီ။ တရားနဲ့သာ ဖြေကြပါ razz
Credit : Fido
Technorati Tags: , , , ,
Master Plan - About the power of Google
I found this movie in Orli Yakuel Blog. I don't think that it's all true, but something might be. It's hard to believe. This video is against Google and we are watching it in YouTube (which is owned by Google) :D What do u think about this movie?
original by : http://masterplanthemovie.com/
27 May 2007
How to hide blog Header and Description
Blog Header ရဲ့ Background မှာ ဓာတ်ပုံထည့်လိုက်တဲ့အခါ Heading Text နဲ့ Description က နဲနဲ ရှုပ်နေပါလိမ့်မယ်။ တကယ်လိုများ ဖျောက်ထားချင်တယ်ဆိုရင် အောက်ပါအတိုင်း လုပ်ကြည့်နိုင်ပါတယ်။ အရင်တုန်းက ကျွန်တော်လဲ အဲဒီလောက်လွယ်မှန်းမသိလို့ Code တွေကို ဟိုဖျက် ဒီဖျက် လုပ်ခဲ့မိသေးတယ်။ အတွေ့အကြုံပေါ့လေ :D
Heading နှင့် Description တို့ရဲ့ CSS Code တွေမှာ visibility ဆိုတဲ့ Coding လေးကို ထည့်ပေးလိုက်ရုံပါပဲ။
For Heading ...
h1.title {
visibility:hidden;
For Description ...
#header .description {
visibility:hidden;
Reference : Visibility Attribue
Two cool document Sharing sites
Slideshare.Net
A place to share and discover presentations and slideshows. Upload your slide decks! Share with a link, tag, comment or embed in a blog.
Sing up လုပ်ဖို့တော့လိုပါတယ်။ Photo တွေကို တိုက်ရိုက်တင်လို့မရပါဘူး။ ပထမဆုံး PowerPoint မှာ Slide တွေအနေနဲ့ ထည့်ရပါတယ်။ ပြီးမှ Slideshare မှာ Upload ပြန်လုပ်ပေးရပါတယ်။ Processing Speed လည်းမြန်ပါတယ်။ Online Presentation တွေအတွက်တော့ တော်တော်အသုံးဝင်မည့် site တစ်ခုပါပဲ။ တစ်ခြားစိတ်ဝင်စားစရာ Function (Community, Tag. etc...) တွေလည်း ပါပါသေးတယ်။
Scribd.com
Put Your Document Online - Scribd's mission is to create the world's largest open library of documents like
• .doc (Microsoft Word)
• .pdf (Adobe Acrobat)
• .txt (Plain text)
• .ppt, .pps (Microsoft Powerpoint)
• .xls (Microsoft Excel)
• .ps (Adobe postscript)
• .rtf (Rich Text Format)
• .odt, odp, etc. (Open Office)
• .sxw, sxi, etc. (Open Office)
Sing Up လုပ်ဖို့ မလိုပါဘူး။ Document Format တွေကတော့ အပေါ်မှာပြထားတဲ့အတိုင်း အများကြီးပါပါတယ်။ ကိုယ်တိုင်လည်း Upload လုပ်နိုင်သလို သူများတင်ထားတာတွေထဲက စိတ်ဝင်စားစရာတွေရှိရင်လည်း Format အမျိုးမျိုးနဲ့ Download ဆွဲချနိုင်ပါတယ်။
25 May 2007
Horizontal MenuBar in Minima Template
1. Backup your template
2. Login to blogger > Layout > Edit HTML
Open Expand Widget Templates box
3. Find and Put the following coding (Green) between
a img {
border-width:0;
[ Menu CSS Here ]
/* Header
#header-wrapper {
width:660px;
margin:0 auto 10px;
border:1px solid $bordercolor;
So, structure should be like this and
make changes (green) to header-wrapper coding as well
a img {
border-width:0;
#stylefour{top:3px;position:relative;display:block;height:39px;font-size:11px;
font-weight:bold;background:transparent url(http://chanmyasoe84.googlepages.com/bgOFF.gif) repeat-x top left;
font-family:Arial,Verdana,Helvitica,sans-serif;border-top:4px solid #B30000;}
#stylefour ul{margin:0;padding:0;list-style-type:none;width:auto;}
#stylefour ul li{display:block;float:left;margin:0;}
#stylefour ul li a{display:block;float:left;color:#666;text-decoration:none;
padding:11px 20px 0 20px;height:23px;
background:transparent url(http://chanmyasoe84.googlepages.com/bgDIVIDER.gif) no-repeat top right;}
#stylefour ul li a:hover,#stylefour ul li a.current{color:#B30000;
background:#fff url(http://chanmyasoe84.googlepages.com/bgON.gif) no-repeat top left;}
/* Header
#header-wrapper {
width:660px;
margin:0 auto 10px;
border-top:1px solid $bordercolor;
border-left:1px solid $bordercolor;
border-right:1px solid $bordercolor;
4. Find and Put the following menu coding (green) under this lines
<data:description/>
</b:includable>
</b:widget>
</b:section>
Home
About Us
Services
Our Work
Contact Us
Now you got menu under header :)
Color တွေကိုတော့ Custom စိတ်ကြိုက် ချိန်ယူပါ။ Menu bar အပေါ်က Color ကိုတော့ ကြိုက်တဲ့ Color Code ထည့်သွင်းပါ။ မထည့်ချင်ဘူးဆိုတော့ Transparent သတ်မှတ်ပေးလိုက်ပါ။
Color Tip:
#B30000 << any color value (or) transparent;
Code တွေကို ပြင်ဖို့ ဒါမှမဟုတ် ထည့်ဖို့ လိုက်ရှာတဲ့အခါမှ Scroll Bar ကိုသုံးပြီး လိုက်ရှာနေတာထက် Search (Ctrl+F) ကိုသုံးပြီး လိုက်ရှာတာ ပိုမြန်ပါတယ်။ Firefox user တွေအတွက်ဆိုရင်တော့ ပိုပြီး ပြင်ရတာ လွယ်ကူပါလိမ့်မယ်။
Credit : 13styles
MyBlogLog have launched Tag Service
What is a tag?
Tags are used to classify and identify an item. The difference in a typical directory classification though, is that tags are user-created, meaning YOU decide who gets grouped in whichever way suits you.
You might 'tag' MyBlogLog as cool, social, blogs and friends. Or, you might tag it something less flattering. Sure, it would sadden us, but the tags you use to classify items are entirely up to you.
As more people tag an item with the same word, the tag will grow larger and bolder. When you see a giant tag, you can be sure that the word is in some way relevant to the item it is being used to describe. [ more ]
Visit My Community on MyBloglog
Ning.com
Create Your Own Social Network for Anything | Ning is the only online service where you can create, customize, and share your own Social Network for free in seconds.
Friends from MCC - MDY
ခင်လို့ စတာကို စိတ်မဆိုးရဘူးနော်၊ ရုပ်ဆိုးတတ်တယ်။ မကျေနပ်ရင် ပြန်စ :P
24 May 2007
Cool Icon Sets for Bloggers
Download | Get More
Ardamax Keylogger Ver 2.71
Ardamax Keylogger is a keystroke recorder that captures user's activity and saves it to an encrypted log file. The log file can be viewed with the powerful Log Viewer.
Use this tool to find out what is happening on your computer while you are away, maintain a backup of your typed data automatically or use it to monitor your kids. Also you can use it as a monitoring device for detecting unauthorised access.
Logs can be automatically sent to your e-mail address, access to the keylogger is password protected. Besides, Ardamax Keylogger logs information about the Internet addresses the user has visited.
Download : Keylogger [easy-share]
Mirror : Keylogger [rapidshare]
Never Give Up
H.E. Janson
The man who wins may have been counted out several times, but he didn’t hear the referee. Never quit or give up….never…..never give up.
Satchel Paige
Never let your head hang down. Never give up and sit down and grieve. Find another way.
Winston Churchill
Never give in, never give in, never; never; never; never - in nothing, great or small, large or petty - never give in except to convictions of honor and good sense.
Doug Williams
Never give up, never give in, and when the upper hand is ours, may we have the ability to handle the win with the dignity that we absorbed the loss.
Source : quotes.wordpress.com
23 May 2007
2 Tips to Speed Up Firexfox
Tip 1.1 : Type “about:config” into the Firexfox’s address bar and press Enter. Copy the following Preference Name and then paste it into the Filter text box.
• network.http.pipelining
• network.http.proxy.pipelining
• network.http.pipelining.maxrequests
Tip 1.2 : Change the entries as follows:
• Set “network.http.pipelining” to “true
• Set “network.http.proxy.pipelining” to “true
• Set “network.http.pipelining.maxrequests” to some number like 30. This means that it will make 30 requests at once.
Tip 2: Change the amount of time the browser waits before it acts on information it receives.
• Right-click anywhere on the Firefox browser and select New > Integer.
• Name it “nglayout.initialpaint.delay” and set its value to “0”. This value reduces the amount of time the browser waits before it acts on information it receives.
Source : Vivivava
22 May 2007
Just creating a simple Web2.0 Logo
Today, I found a tutorial of creating a simple web2.0 logo on Web2.0 Entrepreneure. Then, I learned that tutorial and created my own with Photoshop. How do you think about my logo and please kindly drop your comment. I strongly recommend to read his article. It's such a precious one for me.
21 May 2007
How to change bitrate of a mp3 using iTunes
သီချင်းတွေရဲ့ Bitrate အရမ်းကြီးနေရင် Web Music Player တွေမှာ Play လုပ်ရင် ပြဿနာတက်ပါတယ်။ တကယ်လို့ အဲဒီလို ပုံစံတူ ပြဿနာလေးများတက်ခဲ့တယ် ဆိုရင်ဖြင့် ...
1. Get iTunes form Apple and installed
2. Open iTunes and from Edit Menu > Perference
3. Advanced Tab > Importing > Import Using > choose MP3 Encoder
4. choose a setting (kbps) like Good/High/Higher quality or Custom quality
5. Import your MP3 file from File menu
6. From Advanced menu > Convert Selection to MP3
7. Done
Credit : Phillips
Add Digg vote button in Blogger post
1. Template ကို Backup လုပ်ပါ။
2. Expand Widget Template ကိုရွေးပါ။
3. ဒီ Code ကို ရှာပါ။
<data:post.body/>
1. Replace with
<script src='http://digg.com/tools/diggthis.js' type='text/javascript'/>
<data:post.body/>
Source : Ajaxcold
20 May 2007
MyChingo - Audio Comment System
Audio Comments for Web-based Voicemail
Two ways which you can use it.
• A public system: All messages are automatically available for people to hear when you receive them.
• Moderated, private system: You decide which messages people can listen to.
All messages are recorded using
• BitRate : 32kbps
• Sample Rate : 44100
• 1 channel mono
You can get the flash gadget codes and put in your blog side bar. If you received voice comments (MP3 Format), you can easily download from your control panel. Hope you'll enjoy it.
Related Post : Evoca Voice Comment
Bizarre Picture
There are 11 human faces in the picture. Can you find them all ? Normal people find 4 or 5 of them. If you find 8 of them, you have a extraordinary sense of observation.
If you find 9 of them, you have a sense of observation above of the average. If you find 10 of them, you are very observer. If you find 11 of them, you are extremely observer. So, test the sense of your observation and drop your comment how many faces did you find out.
Source: crazy.codetroop.com
Twitter.com (သို့) သင် ဘာတွေ လုပ်နေသလဲ
A global community of friends and strangers answering one simple question: What are you doing? Answer on your phone, IM, or right here on the web! [See also: 8 Awesome Firefox Plugins for Twitter]
အခုလက်ရှိ အခြေအနေမှာ ဘာတွေလုပ်နေလဲ ... စိတ်ဆိုးနေလား၊ ပျော်နေလား၊ အလုပ်တွေရှုပ်နေလား ဒါမှမဟုတ် အရှုပ်တွေလုပ်နေတာလား? ကိုယ်ဘာတွေလုပ်နေသလဲဆိုတာ ကိုယ့်မိတ်ဆွေ၊ သူငယ်ချင်းတွေကို အသိပေးချင်တယ် ဆိုရင်တော့ Twitter.com ကို Join လိုက်ပါ။ သင်ဟာ Blogger တစ်ယောက်ဖြစ်တယ်ဆိုရင်လည်း သင့်ရဲ့ Sidebar မှာ Status Badge ကိုထားနိုင်ပါသေးတယ်။
ပထမဆုံး အနေနဲ့တော့ Register လုပ်ရပါမယ်။ နောက် ... ကိုယ့်ရဲ့ Status Message တွေကို စရေးလို့ရပါပြီ။ ဒုတိယအကြိမ် ထပ်ရေးဖို့အတွက် အဲဒီSiteကို ထပ်ပြီး မ၀င်ချင်တော့ဘူးဆိုရင်တော့ IM ဒါမှမဟုတ် Mobile ကနေတစ်ဆင့်လည်း လှမ်းရေးနိုင်ပါတယ်။ အဲဒီ Service တွေကိုတော့ Register လုပ်ပြီးသွားရင် Setting Tab မှာဝင်ပြင်နိုင်ပါတယ်။
တစ်ခုကောင်းတာက Instant Update နဲ့ RSS suport လုပ်ပေးပါတယ်။ Register လုပ်ပြီးလို့ Badges ကိုသုံးမယ်ဆိုရင်တော့ Javascript Badge ကိုသုံးဖို့ပဲ အကြံပြုပါရစေ။ JS Badge က ကိုယ့်ရဲ့ Status ကို ပြောင်းပြီးပြီးချင်း Page/Blog ကို Refresh လုပ်တာနဲ့ ချက်ချင်း Update ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ကျွန်တော်ကတော့ GTalk မှာ twitter@twitter.com ကို Invite လုပ်ထားပြီး အဲဒီကနေ Status Message တွေကို Blog ပေါ်ကို လှမ်းထည့်ပါတယ်။ ကိုယ်တိုင်အသုံးပြုလိုက်ရင် ပိုပြီးသဘောကျလာပါလိမ့်မယ်။ Twitter သုံးပြီး ပျော်ရွှင်နိုင်ပါစေ။
Search Engine Optimization eBook
Table of Contents
• Why Search?
• Brief History of The Web
• General Internet Topics
• Writing for Search Engine
• Interacting with Search Engines
• Pay Per Click
• Monitoring Results
• Hiring a SEO
• Quick Start Checklist
Download : SEOBook [Mirror:Mediafire, Type:PDF, Size:957KB]
19 May 2007
Spicy Page - The Best of The Web at A Galance
lets you post, comment on, vote on, share your favorite sites or blogs with your friends and others like you. Discover and bookmark the new and the best sites & blogs out there, and connect with people of the same interests as you. ...more
Wink - Free People Search
is a people search engine. Specifically target search engine to find individual people who are active web and social network users. Search the public profiles on MySpace, Bebo, Friendster, LinkedIn, Live Spaces, and other sources. They're adding more and more networks all the time and are developing new technology to find even more people in a variety of cool ways.
Wink also use their PeopleRank technology that takes direct input about their search results from users and refines it to deliver the results that people think are the best. Wink People Search lets you find people by name, location, school, work, and interest anywhere on the web.
This is the sample search page with keyword: Myanmar. Hope you'll enjoy it. If you have time, please come and visit my wink page.
18 May 2007
Mandalay Night by Pho Kyaw
s_potato ရဲ့ ကျေးဇူးကြောင့် ကဖေးဦး ရေးစပ်ပြီး ဖိုးကျော် သီဆိုထားတဲ့ "မန္တလေးည" (224kbps) သီချင်းလေးကို နားထောင်ခွင့် ရခဲ့ပါတယ်။ သီချင်းနာမည်နဲ့ သီချင်းစာသားတွေနဲ့ လိုက်တယ်လို့ပြောရလောက်အောင်ပဲ မန္တလေးညရဲ့အလှကို မျက်စိထဲမှာ မြင်ယောင်စေပါတယ်။ မန္တလေးနဲ့ ခွဲခွာလာတာ တစ်နှစ်ပြည့်ဖို့ တစ်လပဲ လိုတော့တယ်။ အရင်တုန်းက BlogBanner မှာရေးခဲ့ဖူးသလိုပါပဲ
လောကမှာ ခဏလေး တွေ့ခဲ့ မြင်ခဲ့တဲ့ အရာတွေကိုတောင် အကြောင်းတိုက်ဆိုင်ရင် သတိရတတ်ကြပါတယ်။ ကိုယ့်လေးမှာ အကြာကြီး ချစ်ခဲ့ ခင်ခဲ့ ရင်းနှီးခဲ့တဲ့ အရာတွေဆိုရင်တော့ ပိုပြီး သတိရကြမှာပါ
သီချင်းလေးကို နားထောင်ရင်း မန္တလေးညတွေကို ပိုပြီးသတိရမိတယ်။ နောက်ပြီး သီချင်းမှာ တယောသံလေးတွေပါတော့ ပိုပြီးလွမ်းဆွတ်မှုကို ဖြစ်စေပါတယ်။ အခုလည်း အဲဒီသီချင်းလေးနားထောင်၊ ကိုတုံ(မောင်လှ) ရိုက်ထားတဲ့ မန္တလေးည ဓာတ်ပုံလေးကိုကြည့်ရင်း ကျွန်တော့်ရဲ့စိတ်တွေ ပျော်ရွှင်လွမ်းဆွေးဖွယ်၊ ကြည်နူးဖွယ်ရာကောင်းသော ရွှေမန္တလေးညများဆီသို့ ရောက်ရှိနေပါတော့တယ်။ ဆက်ရေးရင် ပိုပြီးသတိရတယ်ဗျာ။ အဲဒီတော့ ... ။
Updated: 21.05.07
အခုမှပဲ MP3 Player ကို တင်လို့ရတယ်။ ဟိုနေ့က တင်တာ မရဘူး။ အခုမှ သိတယ် သီချင်းက Bitrate အရမ်းကြီးနေတာ။ အခု Bitrate လျော့လိုက်တော့ အိုကေသွားတယ် :) နားထောင်ကြည့်ပါဦး ... ဖိုးကျော်ရဲ့ မန္တလေးည (192kbps)
17 May 2007
Never Be Afraid To Say What You Feel
ခွန်အားကြီးတိုင်း ကြောက်ရမှာလား ?
Asian blog/weblog advertising network
Advertlets.com is an Asian blog/weblog advertising network that offers the remarkably sensible proposition of targeted, unintrusive advertising that benefits the online advertising and blogger community, as well as their readers. Bloggers get better advertising that is relevant to their readers, and advertisers make their advertising dollars and their message count. [more]
CSS Generator/Creator
Vidal ဆိုတဲ့ Visitor က Online Color Generator ဆိုတဲ့ Post မှာ Comment ၀င်ရေးရင်း ဒီ Site လေးကို ပေးသွားတာပါ။ အသုံးကျမယ်လို့လည်း ထင်ပါတယ်။ Banner, Button နှင့် Website Template တွေကို Programming Skill ရှိစရာမလိုပဲ ဖန်တီးနိုင်ပါတယ်။
15 May 2007
Top Antivirus Performers
Virus တွေ အင်မတန် ခြေရှုပ်လှတဲ့ အင်တာနက် ကမ္ဘာကြီးထဲမှာ serurity ပိုင်းကလည်း ပိုပြီး အရေးကြီးလာပါတယ်။ အခုနောက်ပိုင်း Account ဖောက်ခံရတဲ့သတင်းတွေ ခဏခဏ ကြားရပါတယ်။ ကိုယ်သုံးတဲ့ Antiviurs က Super မဟုတ်ရင်တောင် ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ဟာ ဖြစ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ Virus ကိုက်တာနဲ့ ဗျာများနေရမှာပါ။ ဘယ်ဟာကောင်းလဲဆိုတာ မသုံးကြည့်ခင် အသုံးပြုခဲ့တဲ့ User တွေရဲ့ Review တွေကို လိုက်ပြီး ဖတ်ကြည့်သင့်ပါတယ်။ နောက်မှ ကိုယ်သုံးချင်တဲ့အနေအထားနဲ့ ကိုက်ညီမည့် package ကို ရွေးချယ်တာ ပိုပြီးသင့်တော်ပါတယ်။
PCWorld.com မှာတော့ Top Antivirus Performers 8 ခုရွေးချယ်ထားတာ တွေ့ရပါတယ်။
1. Kaspersky Antivirus 6
2. Symantec Norton Antivirus 2007
3. BitDefender Antivirus 10
4. Eset NOD32
5. Panda Antivirus 2007
6. Alwil Avast 4 Antivirus Professional Edition
7. Grisoft AVG 7.5 Professional
8. Trend Micro Antivirus plus Antispyware 2007
ကျွန်တော်ကတော့ အခုလောလောဆယ် Norton AV-2007 သုံးနေပါတယ်။ ထိထိရောက်ရောက်ရှိပါတယ်။ ပြဿနာကတော့ Install နဲ့ Initial Scan မှာပါပဲ။ အချိန်နည်းနည်းကြာလို့ပါ။ နောက်ပိုင်းကတော့ အိုကေပါတယ်။
တစ်ခါတလေ တစ်ချို့ AV အသစ်တွေကိုတော့ စမ်းသပ်တဲ့အနေနဲ့ သုံးဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဒီဘူတာ (Norton) ပဲ ဆိုက်တာပါ။ နောက်ပြီး Norton က တစ်ခြား Antivirus တွေထက်စာရင် တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး ရှင်းပေးနိုင်တယ်။ တစ်ချို့ AV တွေဆို Virus တွေ့ရင် ကုလားဘုရား လှည့်သလိုပဲ ဆူညံအောင် အသံထွက်လာတယ်။ "တုန်" .. "တန်" နဲ့ ဘာသံတွေမှန်းမသိဘူး။ နောက် ... Antivirus တွေနဲ့ ပက်သက်တဲ့ site တစ်ခုကို လမ်းညွှန်ချင်ပါတယ်။ ဘက်မလိုက် အဖွဲ့တော်သားများ စမ်းသပ်ထားတာပေါ့။ သူတို့ရဲ့ Review ကိုလည်း ဖတ်ကြည့်နိုင်ပါတယ်။
List မှာပါတဲ့အတိုင်း Top ဖြစ်တဲ့ဟာကို သုံးချင်တဲ့ မိတ်ဆွေများအတွက် Kaspersky Antivirus 6 (18mb) ကို လှူဒါန်းလိုက်ပါတယ် ... အဲ .. တင်ပေးလိုက်ပါတယ်။ Key တွေလည်း ပါပြီးသားပါ။ 2010 ထိပါတဲ့ Keyfile လည်း ပါပါတယ်။ ကြိုက်တဲ့ Key နဲ့သာ ဖွင့်သုံးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ Initial Scan ကိုတော့ စိတ်ရှည်ရှည်စောင့်ရပါမယ်။ သူ့ကို မသုံးခင် သူ့ရဲ့ Capabilities နှင့် Features တွေကိုလည်း ဖတ်ကြည့်ပါဦး။
New Capabilities
• On-the-fly scanning of emails & Internet traffic
• Proactive defense against new malicious programs
• Optimized antivirus scanning
• Protection from rootkits
• Instant database updates
• Simplicity and ease of use
Key Features
• Protection from viruses, Trojans and worms
• Protection from spyware, adware and other potentially hostile programs
• Antivirus scanning for removable data storage media
• Scanning and disinfection of archived files
• Protection from dangerous macros in Microsoft Office documents
• Rollback of changes made by malicious programs on your computer
• Support for Windows Vista™ and 64-bit systems
Norton AV 2007 ဒါမှမဟုတ် 360 ကိုသုံးချင်တယ် ဆိုရင်တော့ Activate Instuction နဲ့ Key ကို နောက်ထပ် ပို့စ်တစ်ခုအနေနဲ့ တင်ပေးပါဦးမယ်။ Virus ကိုက်ခြင်း ဒုက္ခမှ ကင်းဝေးကြပါစေ :D
ဒါလေးတွေကိုလည်း မမေ့နဲ့ပေါ့ >> CCleaner, Spybot
14 May 2007
How to change CBox Background
Login to CBox > Go to Colors & Fonts > Leave Blank to Main BG and Alt BG
In blogger html view, put the following codes.
For Message Background
#cboxmain{
background:url(your image url) no-repeat;
For Form Background
#cboxform{
background:url(your image url) no-repeat;
Reference: http://html.net/tutorials/css/lesson3.asp
Tattoo (သို့) အသား အနာခံ၍ ပလီကြခြင်း
Tattoo (TT) တဲ့ ... ဘယ်သူ စထွင်ပြီး ဘယ်ခေတ်က ပေါ်လာလိုက်မှန်းမသိဘူး ... သိလည်း အကျိုးမရှိပါဘူး။ ခန္ဓာကိုယ်ကို အနာခံပြီး လှပအောင်လုပ်ရဲတဲ့ သတ္တိကလည်း သေးတော့မသေးဘူး။ အနောက်နိုင်ငံတွေမှာတော့ ယောင်္ကျားမိန်းမမရွေး TT ထိုးကြတယ်။ ယောင်္ကျားလေးတွေ ထိုးတာကတော့ မဆန်းပါဘူး။ တစ်ချို့က TT ရှိမှ ယောင်္ကျားပီသတယ်လို့ထင်တာရယ် နောက်ပြီး TT ရှိတော့ သူ့ကို လူမိုက်လို့ ထင်စေချင်တာရယ်ကြောင့် အသားအနာခံပြီး ပလီကြတယ်။ "ယောင်္ကျားဆိုတာ စုံရတယ်" ဆိုတဲ့စကားအရ ရှိစေတော့။ မိန်းကလေးတွေ ... အထူးသဖြင့် အနောက်တိုင်း နိုင်ငံတွေမှာပေါ့။ ထိုးလိုက်တဲ့TT ထိုးမရတဲ့ နေရာတွေလောက်ပဲ ကျန်တော့တယ်။ ကျွန်တော့်အမြင်ကတော့ အရူးတွေလို့ထင်တာပဲ။ အသားအနာခံပြီးကို လှပြ မိုက်ပြချင်ကြတယ်။
ငယ်ငယ်တုန်းက မြှောက်ပေးလို့ လုပ်တဲ့လူတွေလည်း အများကြီးပဲ။ "မင်းနဲ့ TT နဲ့ဆိုရင် အရမ်းလိုက်မှာ" "လူရှိန်တာပေါ့ကွာ" စသည်ဖြင့် မြှောက်ပေးလို့ အသားအနာခံပြီး တစ်သက်လုံး ဖျက်မရတော့တဲ့ အရုပ် အကောင်တွေ ဒါမှမဟုတ် ကနုတ်ပန်းတွေ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့သူတွေ အများကြီးပဲ။ ကျွန်တော်တို့ ရွှေနိုင်ငံမှာဆိုရင်တော့ အဲဒီဟာတွေက ဘုရားပွဲတွေက စတာပဲ။ ထိုးတဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကလည်း မသန့်ရှင်း ဒါကိုပဲ ထိုးနေတဲ့သူတွေ တပုံကြီး။ နောက်ပြီး တစ်ချို့က အဲဒီအက်တွေနဲ့ ကျက်သရေမရှိတဲ့ အရိုးခေါင်းတွေ အသားအနာခံပြီး ထိုးကြတယ်။
အမှန်တော့ ဘုရားပွဲတွေမှာ အဲဒီ တက်တူးတွေကို စစ်ဆေး တားမြစ်သင့်နေပြီ။ အဲဒီကနေ ရောဂါရသွားတဲ့ သူတွေလည်း မနည်းတော့ဘူး။ မတားသင့်တဲ့ဟာတွေကျတော့ ဇွတ်တားတယ် တားသင့်တာတွေကျတော့ မတားဘူး။ အင်း ... ဟုတ်တော့ ဟုတ်နေပြီ။ အသားအနာခံပြီး ပလီကြသူများရဲ့ အရုပ်တွေကို ကြည့်ချင်ရင်တော့ ဒီမှာ [Sample Tattoos] ကြည့်ကြပါ။ Wiki မှာပါတဲ့ TT Sample Photo ကိုလည်း တစ်ချက် show လိုက်အုံး။ ကျက်သရေ တစ်စက်မှ မရှိဘူး။ အနောက်ကနေသာ ဖနောင့်တစ်ချက်လောက် ကျွေးလိုက်ချင်တော့တယ်။
13 May 2007
Happy Birthday မောင်ဝေဟင်
ပျော်ရွှင်ဖွယ်ရာ ဂုဏ်ယူဖွယ်ရာ မွေးနေ့ပါ ... ဝေဟင်
ပျော်ရွှင်ဖွယ်ရာ ဆိုတာကတော့ မွေးနေ့မို့လို့ ပြောတာပါ။ ဂုဏ်ယူစရာဆိုတာကတော့ အမေများနေ့နဲ့ တိုက်ဆိုင်နေလို့ပါပဲ။ မင်းရဲ့ပို့စ်မှာ မွေးမိခင်ဆီကို ဖုန်းဆက်တာ မရသေးတဲ့အကြောင်း တွေ့ပါတယ်။ ဝေဟင်ရေ ဆုတောင်းပေးပါတယ်ကွာ။ ဖုန်းလိုင်းတွေ မြန်မြန်ကောင်းပါစေလို့။ တစ်ခါတလေကျတော့လည်း အဲဒီ ဖုန်း ဆိုတာကြီးကို အရမ်းအမြင်ကတ်မိတယ်။ ဘာပဲဖြစ်ဖြစ်ကွာ မင်းပြောသလိုပါပဲ ငါတို့အမေတွေလည်း ငါတို့မွေးနေ့ ဒါမှမဟုတ် ငါတို့နဲ့ ပက်သက်တဲ့ အထိမ်းအမှတ် တစ်ခုခုအတွက်ဆိုရင် အမြဲဆုတောင်းပေးနေမှာ လက်ခတ်မလွဲပါပဲ။ ကျန်းမာပျော်ရွှင်စွာနဲ့ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေလို့ ထပ်ပြီး ဆုတောင်းပေးပါတယ်ကွာ။ အသက်တစ်နှစ် ထပ်ပြီးကြီးသွားပြန်ပြီ။
MOTHER's DAY
အမေများနေ့။ အမေတွေရဲ့ ခမ်းနားကြီးမားတဲ့ ချစ်ခြင်း မေတ္တာကို ချီးမွမ်း ဂုဏ်ပြုတဲ့နေ့။ ဒီလိုနေ့မျိုးမှာ ကျွန်တော်အပါအ၀င် အားလုံး အမေကို လွမ်းဆွတ် သတိရနေကြမှာပါ။ မိဘရင်ခွင်အဝေး ရောက်နေတဲ့သူတွေ ပိုပြီး သတိရတာပေါ့ဗျာ။ မိဘမေတ္တာ ငတ်မွတ်နေတယ်ပဲ ဆိုရမှာပေါ့။
အမေကို သက်ရှိထင်ရှား ပိုင်ဆိုင်နေသူတွေရော၊ အမေ ဆုံးရှုံးသွားခဲ့ရတဲ့ သူတွေအတွက်ရော ပျော်ရွှင်ဖွယ်ရာ သတိရ အောက်မေ့ဖွယ်ရာ နေ့လေးတစ်နေ့ ဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။ အမေ မိဘဆိုတာ မသေခင် လုပ်ကျွေးပြုစုရတာ ဖြစ်တဲ့အတွက် မိဘ သက်ရှိထင်ရှား ရှိစဉ်မှာ မပြစ်မှားမိဘို့နဲ့ စိတ်ဆင်းရဲအောင် မပြုလုပ်မိဘို့ ကိုယ့်ကိုယ်ကို သတိပေးတဲ့အနေနဲ့ရော သူငယ်ချင်း အပေါင်းအသင်းများကို သတိပေးတဲ့အနေနဲ့ပါ ဒီစာသား/ပို့စ်ကို ရေးသားလိုက်ရပါတယ်။ အမေ ... ကျန်းမာရွှင်လန်းပြီး သက်ကျော်ရာကျော် ရှည်ပါစေ။
12 May 2007
Stumbleupon - Discover New Sites
Channel surf the internet with the StumbleUpon toolbar to find great websites, videos, photos and more based on your interests. StumbleUpon learns what you like and makes better recommendations.
• Connect with friends
• share your discoveries
• meet people that have similar interests and
• check out what other people are discovering
Visit My Stumbleupon Page
11 May 2007
Tinyurl.com (or) Making long URLs usable
Email Link တွေ Google Map Link တွေ ဒါမှမဟုတ် အရမ်းရှည်လျားလွန်းတဲ့ Website URL တွေကို တစ်နေနေရာမှာ ထည့်ရေးတဲ့အခါ Tinyurl.com က အဆင်ပြေအောင် ကူညီပေးပါလိမ့်မယ်။ ဥပမာ ... မြန်မာနိုင်ငံရဲ့ မြေပုံကို ပြတဲ့ Google Map URL ကို ကြည့်မယ်ဆိုရင် အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ်။
UTF8&ll=20.179724,101.162109&spn=18.328406,29.882813&z=5&om=1
ဒါတောင် Enter နှိပ်ပြီး တစ်ကြောင်းဆင်းထားလို့ပါ။ မဟုတ်ရင် URL Address က sidebar ဘက်ထိကို ရောက်သွားမှာပါ။ အဲဒီ Address ကို Tinyurl.com မှာ ပြောင်းကြည့်လိုက်တဲ့အခါ
http://tinyurl.com/2c2mwm
Link ကတော့ အတူတူပါပဲ။ URL ရှည်တာနဲ့ တိုတာပဲ ကွာသွားတာပါ။
10 May 2007
Free File Hosting with Hotlinking
Fileden
• Hotlinking allowed for all allowed file extensions, including videos and music files!
• 1GB of personal storage space.
• A 50mb maximum file size limit
• 5GB of monthly bandwidth
Filexoom (Recommended)
• 500 MB Storage
• 5GB Bandwith
• 50MB File Size Limit
SnapDrive
• 2GB Free File Storage
• Instant Activation
• No Illegal content Allowed
• No Catch!
EggDisk
• 6GB File Storage
• 150MB per file, can store any file
• Instant Activation, no waiting.
• But no illegal content please
• No fees, no catch
Anymore ? :>
9 May 2007
ငါအိုသွားတဲ့အခါ
ငါအိုသွားတဲ့အခါ ငါဟာ အရင်ကငါ မဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေ မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မညိုညင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး၊ လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး၊ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ရဲ့ နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ရေးသားသူ >> အမျိုးသားစာပေဆုရ စာရေးဆရာကြီး မင်းသူရိန်
Updated: ဒီစာသားတွေကို တွေ့ဖူးနေတာ ကြာပါပြီ ... ရေးသားသူအမည်နှင့်တကွ Blog တစ်ခုမှာ တွေ့တာနဲ့ တင်လိုက်တာပါ။ စာသားတွေကို ကျွန်တော်လေးစားရတဲ့ ရေးသားသူ(သို့)ဘာသာပြန်သူ အမည် မှားနေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောသွားနိုင်ပါတယ်။ ကျွန်တော်လဲ အမှားတွေကိုတော့ မတင်ချင်ပါဘူး။ အမှန်သိတဲ့သူ ပြောသွားပေးပါ။ ကျေးဇူးတင်ပါတယ်။