29 Jun 2007

Using "site" Query modifier in Google Search

site: If you include [site:] in your query, Google will restrict the results to those websites in the given domain. For instance, [help site:www.google.com] will find pages about help within www.google.com. [help site:com] will find pages about help within .com urls. Note there can be no space between the "site:" and the domain. [more]

Website တစ်ခုထဲကို အတွင်းကျကျ နှိုက်ပြီး လိုချင်တာ ရှာဖွေချင်
တဲ့အခါ "site" Query Modifier က တော်တော်လေးအသုံးဝင်ပါတယ်။ အင်တာနက်မှာဆိုရင် rapidshare.com တို့ megaupload.com တို့မှာ File တွေ Application တွေ Software တွေ သီချင်းတွေ တော်တော်များများ Upload လုပ်ကြတယ်။ အဲဒီထဲမှာမှ ကိုယ်လိုချင်တဲ့အရာတစ်ခုခုကို ရှာချင်တယ်ဆိုရင် ဒီ Query Modifier ကို အသုံးပြုနိုင်ပါတယ်။

ဥပမာ ... ကျွန်တော်အခု Kaspersky Antivirus ကို လိုက်ရှာနေတယ် ဆိုပါစို့။ rapidshare.com မှာ သူများတွေ sharing လုပ်ထားကြတာတွေ သေချာပေါက်ရှိတယ်။ ဒါပေမဲ့ download လုပ်ရမည့် add/url ကို မသိဘူး။ အဲဒါကြောင့် Google မှာ ဒီလိုရိုက်ပြီး ရှာလိုက်တယ်။



"kaspersky" keyword ပါတဲ့ Link တွေ ဒီအတိုင်းထွက်လာတယ်။ အဲဒီမှာ result ကိုကြည့်လိုက်ရင် rapidshare ထဲက Link တွေကိုပဲ ပြနေလိမ့်မယ်။ ကျန်တဲ့ Link တွေ ပါလာမှာ မဟုတ်ဘူး။



အထက်ပါ List မှတစ်ဆင့် Information တွေကို ဖတ်ပြီး ကိုယ်နှစ်သက်ရာ Version ဒါမှမဟုတ် ကိုယ် Download လုပ်ချင်သည့် Link တစ်ခုခုကို Click လုပ်ယူကာ Download လုပ်ယူနိုင်ပါသည်။

keyword တစ်ခုထက်မက ပိုပြီးထည့်ချင်တယ်ဆိုရင်တော့ space ကို အသုံးပြုနိုင်ပါတယ်။
ဥပမာ ... site:rapidshare.com kaspersky internet security

အထက်ပါနည်းလမ်းကို အသုံးပြုပြီး ကိုယ်လိုချင်သည့် Software များ၊ သတင်းအချက်အလက်များ၊ Music Album များ၊ Game များကို ကိုယ်ရှာဖွေချင်သည့် site တစ်ခုအတွင်း၌ မွှေနှောက်ကာ ရှာဖွေနိုင်ပါသည် smile

ခေါင်းစဉ်မရှိပါ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး Colindale ဘုန်းကြီးကျောင်းမှာ ရောက်နေခဲ့တာ ဒီနေ့မှပဲ ပြန်ရောက်တော့တယ်။ ။ တနင်္ဂနွေနေ့က အလုပ်ပြီးပြီးချင်း ဘုန်းဘုန်းဆီရောက်တော့ အန်တီစုမွေးနေ့ ကျင်းပမယ်လို့ သိရတယ်။ အဲဒါနဲ့ လိုက်သွားပြီး လုပ်အားပေးလိုက်တယ်။ အန်တီစုကိုချစ်သူများ နှင့် လေးစားကြသူများ တော်တော်များများ တက်ရောက်ကြပါတယ်။ အဲဒီနေ့က သံရုံးမှာလည်း ခင်မောင်တိုးတို့အဖွဲ့ ဖျော်ဖြေတဲ့ပွဲ လုပ်ကြပါတယ်။ ပထမဆုံးအနေနဲ့ ဘုန်းဘုန်းက အခမ်းအနားမှာ နမောတသ သုံးကြိမ်ရွတ်ဆိုပြီး အန်တီစုအတွက် ဆုတောင်းတွေကိုရှေ့ကနေ တိုင်ပေးတယ်။ စိတ်ထဲမှာတော့ တစ်မျိုးပဲဗျာ။ ၀မ်းနည်းသလိုလို စိတ်မကောင်းဖြစ်မိသလိုလိုတော့ ခံစားရတယ်။ နောက် ... ကျန်တဲ့ ဘာသာဝင်များကလည်း သူတို့ ဘာသာအလိုက် အန်တီစုအတွက် ဆုတောင်းပေးကြတယ်။ ဆုတောင်းပေးတဲ့ စကားတွေဟာ ရင်ထဲမှာ အရမ်းထိတယ်။ အရိုးသားဆုံး ၀န်ခံရရင် ကျွန်တော်စိတ်မကောင်းဖြစ်မိပြီး မျက်ရည်တောင် ၀ဲမိတယ်။ ၁၉ နှစ်လုံးလုံးဗျာ ... ။

အဲဒီနောက်မှာတော့ တီးဝိုင်းနဲ့အတူ အန်တီစုအတွက် အမှတ်တရတေးများ ဂုဏ်ပြုတေးတွေကိုသီဆိုကြတယ်။ တစ်ချို့သီချင်းတွေကို နားစဉ်မိတဲ့အခါ ကြက်သီးထပြီး စိတ်တွေကြွလာသလို စိတ်မကောင်းလည်း ဖြစ်မိတယ်။ လှောင်ချိုင့်ထဲက ငှက်ကလေး၊ ငြိမ်းချမ်းရေး နတ်သမီး စတဲ့သီချင်းတွေကို သီဆိုခဲ့ကြတယ်။ ကိုပါစကဲ ဆိုတဲ့သူကလည်း သူ့ကိုယ်တိုင်ရေးတဲ့ ရေဒီယို ဇာတ်လမ်းလေးတစ်ပုဒ်နဲ့လည်း ပရိသတ်ကို ဖျော်ဖြေခဲ့ပါတယ်။ ဟာသဥာဏ်ရွှင်လန်းပြီး ထိထိမိမိရှိလှတဲ့ စကားလုံးတွေပဲပြောတဲ့ ပြဇာတ်လေးကလည်း ဒီပွဲမှာ အမှတ်တရဖြစ်စေခဲ့ပါတယ်။

ပွဲလာပရိသတ်များအတွက်လည်း မြန်မာ အစားအစာတွေနဲ့လည်း တည်ခင်းဧည့်ခံခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ အဖွဲ့လိုက် သီချင်းတစ်ပုဒ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါတယ်။ အဲဒီသီချင်းလေးကလည်း ခံစားမှု ရှိလွန်းလှပါတယ်။ ပွဲပြီးသွားတော့ ကျွန်တော်မရမက လိုက်ရှာပြီး ခဏခဏ နားထောင်မိတယ်။ တစ်ချို့စာသားတွေက ရင်ထဲမှာ စွဲနေတယ်








ဒီကမ္ဘာမှာ စစ် စစ် စစ်မဖြစ်ရာမြေ
တစ်နေရာ ရှိ ရှိ ရှိရမယ်လေ
နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ ... သဘာဝရဲ့ ရင်သွေးငယ်တွေ

ကျွန်တော်လည်း အခမ်းအနားပြီး အားလုံးသိမ်းဆည်းပြီးတော့မှပဲ ဘုန်းဘုန်းရဲ့ကျောင်းကို ပြန်လာခဲ့တယ်။ နောက် ... သုံးလေး ငါးရက်လောက်လည်း ဘုန်းဘုန်းကျောင်းမှာပဲနေနေခဲ့တယ်။ စိတ်ထဲမှာ တစ်ခုခုအတွက်ရည်စူးပြီး ကျောင်းရဲ့ ဝေယျာဝစ္စတွေကို အတတ်နိုင်ဆုံး လုပ်ပေးခဲ့တယ်။ အခုတလော စိတ်ထဲမှာ တစ်ခုခုအတွက် စိုးရိမ်ပူပန်မှုတွေ များနေတာလည်း ပါပါတယ်။ အဲဒီအတွက် ဘုရားရိပ် တရားရိပ်မှာနေပြီး စိတ်ဖြေနေတဲ့သဘောလည်း ဖြစ်ပါတယ်။ အဲလို အချိန်မှာ တစ်ယောက်တည်း နေနေရင်လည်း ပိုပြီး ဆိုးမယ်ထင်လို့ပါ။ စိတ်ကို အလေ့အကျင့်လုပ်ဖို့ ရင့်ကျက်ဖို့ လိုသေးတယ်။

ကျွန်တော် သုံးလေးရက် နေခဲ့စဉ်အတွင်း အစီအစဉ်လေးတစ်ခု အကောင်အထည်ဖော်ဖို့အတွက်လည်း Oxford က အစ်ကို တစ်ယောက်နဲ့လည်း တိုင်ပင်ဖြစ်ခဲ့တယ်။ တစ်ချို့ အသိဥာဏ် အတွေ့အကြုံ ဗဟုသုတတွေကိုလည်း ရခဲ့ပါတယ်။ ဘလော့တွေကိုတော့ ၀င်ပဲဖတ်ဖြစ်တယ်။ Reply တော့ ပြန်မလုပ်နိုင်ခဲ့ဘူး။ ဘလော့စာအုပ်အတွက် ဒီဇိုင်းကိုလည်း အခုတစ်ရက်နှစ်ရက်မှပဲ လတ်စသတ်ရမယ်။ တစ်ခါတလေမှာ အီးမေးလ်ပို့ဖို့ အရမ်းပျင်းတဲ့ ငါ ... ငါ့ကိုငါလည်း နားမလည်နိုင်တော့ဘူး။ နားလည်ပေးတဲ့သူကိုပဲ ကျေးဇူးတင်ရတော့မယ်။ ငါ ... ။

------------------

သူများတွေ အောင်မြင်တာ ချမ်းသာတာ ကြီးပွားတာကိုပဲ မြင်ကြတယ်။
သူတို့တွေ ဘယ်လို ဘယ်နည်း ကြိုးစားအားထုတ်ခဲ့ကြတယ်ဆိုတာကိုတော့ လိုက်မေးပြီး ကျင့်ကြံလုပ်ဆောင်တဲ့သူကတော့ ရှားပါတယ်။

အချိန်တွေဟာ အကန့်အသတ်ရှိတယ်။ လူ့ဘ၀ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဥစ္စာဓန ဆိုတာလည်း အကန့်အသတ်ရှိတယ်။

သူများကို ဘယ်လို ဘယ်ပုံ တည်ဆောက်ရမလဲဆိုတာ မပြောနိုင်သေးခင် ကိုယ့်ကိုကိုယ်အရင်ဆုံး အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပါအုံးလေ။

နာမည်မရချင်ရင်နေပါ နာမည်ပျက်တာကတော့ တော်တော်ဆိုးတယ်။

နေ့တစ်နေ့ရဲ့အိပ်ရာမ၀င်ခင်မှာ နဖူးပေါ်မေးတင်ပြီး စဉ်းစားပါ ... ဒီနေ့ဟာ ငါ့အတွက် ပညာ၊ ဥစ္စာ၊ ဗဟုသုတ ထဲက တစ်ခုခု ဘာရခဲ့လဲ။ အဲလိုမှ မရခဲ့ရင်တော့ အဲဒီနေ့အတွက် ငါ လူဖြစ်ရတာ ရှုံးတယ်။

အစားထိုးမရတဲ့ ဆုံးရှုံးမှုမျိုးတွေ ဖြစ်သွားရင် ငါ ခံနိုင်ရည်ရှိပါ့မလား။ ဘ၀မှာ မဖြစ်စေချင်ဆုံးကလည်း အဲလို ကိစ္စတွေပဲ။

ငါ့ အတွေးနဲ့ငါ ရူးနေပြီထင်တယ်။ အင်း ... သေချာတယ်။

------------------

ဒီပို့စ်ဆုံးခါနီးမှာပါတဲ့ စာသားတွေဟာ ကိုယ့်ကိုကိုယ် ဆုံးမနေတဲ့သဘော အနေနဲ့ရော သတိပေးတဲ့အနေနဲ့ရော ကြားဖူးထားတာတွေ စိတ်ထဲရှိတာတွေကို ရေးလိုက်တာပါ။ ဒါ့ကြောင့် ခွင့်လွှတ်သီးခံပေးပါ။

23 Jun 2007

Speed Painting by Nico Di Mattia


Photoshop မှာပါတဲ့ Brush Tool တစ်ခုတည်းကိုပဲ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပြီး ဆွဲသွားတာပါ။ သူရဲ့ Brush အသုံးပြုမှု skill ကတော့ တကယ့်ကို အံ့မခန်းပါပဲ။

22 Jun 2007

အိပ်ကြသည် ဆိုရာဝယ်

London Underground ပေါ်မှာ လူတွေ နည်းအမျိုးမျိုးနှင့် အိပ်ကြပါတယ်။ မတ်တတ်ရပ်လည်း အိပ်ကြတယ်။ ထိုင်ပြီးတော့လည်း အိပ်ကြတယ်။ မှီပြီးတော့လည်း အိပ်ကြတယ်။ အထူးသဖြင့် ညနေပိုင်း ရုံးဆင်းချိန်တွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။ တစ်နေကုန် ပင်ပန်းလာသမျှ ရထားထဲမှာ ဂျုံးဂျုံးဂျက်ဂျက် အသံလေးနဲ့ ငြိမ့်ကြတာပေါ့။ မနက်ပိုင်းတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ညပိုင်း အလုပ်လုပ်တဲ့သူတွေက မနက်ပိုင်းရောက်မှ ရထားစီးပြီး ပြန်ကြတာလေ။ အဲဒီတော့ ၁၅မိနစ်ရလည်း နည်းသလားဆိုပြီး ရသလောက်အချိန်လေး အိပ်ကြတယ်။ တစ်ခါတလေ အိပ်တာလွန်ပြီး station ကျော်သွားလို့ ပြန်ပြီး စီးရတာတွေလည်းရှိတယ် (မောင်CMS အပါအ၀င်ပေါ့) အခုလည်း ရထားပေါ်မှာ ကျွန်တော် တွေ့ရသလောက် လျှက်တပြတ် မှတ်တမ်းတင်ထားလိုက်တယ်။ အသိတွေများ ဖြစ်နေရင်တော့ ခွင့်လွှတ်နိုင်ကြပါစေသတည်း ... ဟိဟိ ... ကိုယ့်အလှည့်ကြမှ ဘယ်သူချောင်းပြီး ရိုက်မလဲ မသိဘူး razz

ဓာတ်ပုံ ရိုက်မှန်းသိလို့ တမင်တကာ ပဲ ပေးပြီး အိပ်နေတာလားမသိဘူး

ဟေ့လူ ... ထ ... ထ ... station ကျော်သွားပြီ razz

London Underground နဲ့ ပက်သက်ပြီး စိတ်ဝင်စားစရာတွေကို တော့ အောက်ပါ Link များမှာ သွားရောက် ဖတ်ရှူ့နိုင်ပါတယ်။ Tube Diary blog မှာ YouTube Movie တစ်ခု ကြည့်လိုက်ရသေးတယ်။ ဖွင့်ကြည့်လိုက်တော့ သူ့ရဲ့အချစ်ကို Northern Line မှာ တွေ့သွားတဲ့အကြောင်း သီချင်းတစ်ပုဒ် လုပ်ပြီးဆိုထားတာ။ အဟား .... Underground ဇာတ်လမ်းပေါ့ razz ရှူ့စားကြည့်ပါဦး။


London Underground from Wiki
London Underground Tube Diary
Transport for London - TFL

21 Jun 2007

မိုး သီချင်းများ

မိုးနဲ့ပက်သက်တဲ့ သီချင်းများကို ရနိုင်သမျှ စုစည်းပေးလိုက်ပါတယ်။ မိုးနဲ့ပက်သက်၍ ကျန်ရှိနေသေးသော (သို့) မျှဝေပေးလိုသော သီချင်းများရှိခဲ့ရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ သီချင်းများ နားဆင်ရင်း အပန်းဖြေ ပျော်ရွှင်နိုင်ပါစေ smile
  1. မိုးရာသီထဲ - Lဆိုင်းဇီ
  2. မိုးလေးဖွဲတုန်း - မျိုးကျော့မြိုင်၊ ထွန်းအိန္ဒြာဗို
  3. ၀မ်းနည်းမှတ်တမ်း - စိုင်းစိုင်းခမ်းလှိုင်
  4. အချစ်မိုး - ဂျေညီညီ
  5. မေမြို့မိုး - စိုင်းထီးဆိုင်
  6. မေဦးမိုး - ရင်ဂို
  7. ဒီမိုး - ဂျေညီညီ
  8. အခါလွန်မိုး - ထူးအိမ်သင်
  9. အလွမ်းမိုးစက်များ - အဲလက်စ်
  10. ထစ်ချုန်းမိုး - ဇော်ဝင်းထွဋ်
  11. ဇူလိုင်မိုး - ဆောင်းဦးလှိုင်
  12. မိမိုးကို - အဲလက်စ်
  13. မိုး - ထွန်းအိန္ဒြာဗို
  14. မိုးမျှော်သူ - စံလင်း
  15. မိုးနဲ့အတူငိုနေမယ် - မေစံပယ်ညို
  16. မိုးည - ခရီးသွားငါးယောက်
  17. မိုးသည်းထဲမှာ - ၀ိုင်ဝိုင်း
  18. မိုးသည်းထဲမှာ ပုန်းရှောင်သူ - NGIIK
  19. မိုးရာသီအလွမ်း - XBanana
  20. တစ်ခါတုန်းက - ရသ
  21. မိုး - ကျော်သူစိုး၊ Rဇာနည်
  22. မိုးနဲ့မျက်ရည် - ရဲလေး
  23. မိုးပြေးလေး - YoYo
  24. မိုးပြေး - ခင်ဘုန်း
  25. ရွာသာရွာပါမိုး - ဖြိုးကြီး၊ ငယ်ငယ်
  26. မိုးသက်တင်လေ - လွှမ်းမိုး
  27. ရွာမယ်ဆိုရင်လေ - မီမီဝင်းဖေ (ဒဏ္ဍာရီသီချင်းများမှ)
  28. မိုးသီချင်း - NO

19 Jun 2007

19 June - June 19

ဘာလိုလိုနဲ့ ငါချစ်တဲ့လူတွေ ငါမြတ်နိုးတဲ့နေရာတွေနဲ့ ဝေးနေခဲ့တာ တစ်နှစ်ပြည့်သွားပြီ။ လွန်ခဲ့တဲ့နှစ်က ဒီလိုနေ့ ဒီလိုအချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို မျက်စိထဲ စိတ်ထဲမှာ ပြန်မြင်ယောင်နေမိတယ်။

ကုန်ဆုံးခဲ့တဲ့ တစ်နှစ်ဆိုတဲ့ အချိန်တွေကြားမှာ ငါဟာ အကျိုးရှိတာတွေလုပ်ခဲ့တဲ့ အချိန်တွေရှိသလို အကျိုးမရှိ အရည်မရ အဖတ်မရ လုပ်ခဲ့တဲ့တာတွေလည်း ရှိခဲ့တယ်။ ငါ့ကိုယ်ငါ စဉ်းစားဆင်ခြင်သင့်တယ်။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" အဲလိုဖြစ်နေရင်တော့ ငါဟာ ... ။ အင်း ... ပျှမ်းမျှခြင်းကို ကြည့်လိုက်ရင် ငါ မတိုးတက်သေးပါဘူး။

လွင့်မျောနေမိတဲ့ စိတ်တွေနဲ့အတူ ... ခင်ဝမ်း ဆိုထားတဲ့ "ဆယ်လမွန်ငါးတို့အပြန်" သီချင်းလေးကို နားစဉ်နေရင်းနဲ့ အတွေးတွေ နယ်ချဲ့နေမိတယ်။ ဒီသီချင်းလေးကို ကိုအော်လံမောင် အဓိပ္ပယ်ဖော်ထားတာကိုလည်း သဘောကျမိတယ်။ စာသားလေးတွေက အရမ်းလေးနက်ပြီး အဓိပ္ပာယ်ရှိလှပါတယ်။ ပြန်ပြီး မျှဝေချင်ပါတယ်။

ဆယ်လမွန်ငါးတို့အပြန်
ရေး/ဆို - ခင်ဝမ်း







ရေလွှာလည်း ခင်းပျံ့ကြည်လင်စေ ၊ မိုးဦးလည်းလှပ သာယာစေ ဘ၀စေရာ တာဝန် ၊ ကျေပွန် ဆောင်ရွက်ခဲ့သူတို့ ၊ ရေစုန်ကို ဆန်ကာ ပြန်ခဲ့ပြီ မိုးဦးရေဆန် မိုးဦးရေဆန် ၊ ဆယ်လမွန်ငါးတို့ အပြန် ၊ဆယ်လမွန်ငါးတို့ အပြန် အပြန် - အပြန် - အပြန်.... ဆယ်လမွန်ငါးတို့ အပြန်

V1 မှာ မိုးဦးချိန် ရဲ့ အခင်းအကျင်း ရာသီဖွဲ့ ကလေးနဲ့ စထားပါတယ်။ လှပသာယာ နေတဲ့ မိုးဦးရဲ့ လှိုင်းလေ ငြိမ်တဲ့ (သင်ဖျူးခင်းထားသလို လှိုင်းလေ မရှိသေးပဲ ကြည်လင်တဲ့ ရေလွှာ ) အချိန်မှာ ဘ၀တာဝန်တွေ ကျေပွန်အောင် ဆောင်ရွက်ခဲ့သူတွေ ပြန်လို့လာခဲ့ပါပြီလို့ ဆယ်လမွန်ငါးတွေကို ညွှန်းဖွဲ့ထားပါတယ်။ ဘ၀စေရာ တာဝန် ဆိုတဲ့ စကားလုံးလေးဟာ အပိုအလို မရှိ လှပလွန်းလှပါတယ်။

[ ဒီ စာပိုဒ်ကတော့ ငါ့အတွက် မဖြစ်သေးပါဘူး။ လိုပါသေးတယ်။ ]

ပြန်ချိန်လည်း ဆုံးဖြတ်ခိုင်မာစေ ၊ ရာသီလည်းတွက်ချက် မှန်ကန်စေ စိတ်တူရာခိုဝင် ပြည့်စုံချိန်၊ ပြန်ခဲ့မယ်တဲ့ ၊ ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ မိုးဦးရေဆန် မိုးဦးရေဆန်၊ ဆယ်လမွန်ငါးတို့ အပြန် ၊ ဆယ်လမွန်ငါးတို့ အပြန် အပြန် - အပြန် - အပြန်.... ၊ ဆယ်လမွန်ငါးတို့ အပြန်

V2- ပြန်ကြမယ် ဆိုတော့ ပြန်ချင်တိုင်း ပြန်လို့ မရပါဘူး။ ရာသီချိန် နဲ့ ပြန်ရ မှာ ဖြစ်သလို ၊ ပညာ၊ငွေကြေး ပြည့်စုံ အောင်ရှာ ခဲ့ဖို့ကလည်း လိုပါသေးတယ်။ မွေးဒေသ ကိုစွန့်ပြီး လာခဲ့ရကျိုးနပ်အောင် ၊အပြန်လမ်း လှဖို့ကလည်း လိုပါ သေးတယ်။ စိတ်တူရာ ခိုဝင်တဲ့ ကြင်သူ ရှိရင်တော့ အကောင်းဆုံးပဲမဟုတ်လား။

[ မွေးမြေရပ်ကို စွန့်ခွာပြီး ပညာရှာ၊ စီးပွားရှာနေတဲ့ သူတိုင်းအတွက် သက်ဆိုင်ပါတယ်။ စာသားတွေက အရမ်း အသက်ဝင်လှပါတယ်။ ငါအတွက်လား! အင်း ... အများကြီး ကြိုးစားရဦးမှာပါ ]

ချစ်ဖော်လည်းလိုက်ခဲ့ ခေါ်ငင်စေ၊ ၀ဋ်ကြွေးလည်း တုံ့လှည့်ကျေနပ်စေ ဦးဆောင်သူစေရာ ၊ ယုံကြည်စွာ လိုက်ခဲ့မယ်တဲ့ ၊ မောင်မယ်စုံ ဆန်ကာပြန်ခဲ့ပြီ မိုးဦးရေဆန် မိုးဦးရေဆန်၊ ဆယ်လမွန်ငါးတို့ အပြန်၊ ဆယ်လမွန်ငါးတို့ အပြန် အပြန် - အပြန် - အပြန်.... ဆယ်လမွန်ငါးတို့ အပြန် ဆယ်လမွန်ငါးတို့ အပြန်......

V3-ပြန်ကြမှတော့ မောင်မယ်စုံ တွဲဖက်ပြီး ရေစုန်ကို ဆန်ကြတာပေါ့။ ဦးဆောင်တဲ့သူလည်း ရှိနေပြီပဲ။ အတူပြန်ကြမယ့် ခရီးရှည်ကြီးသည် မိုးဦးမှာ စလိုက် ကြရအောင်။ ချစ်ဖော်လည်း လိုက်ခဲ့တော့လို့ ခေါ်ထားပါတယ်။

[ ကျွေးကျေးဇူး၊ မွေးကျေးဇူးတွေ ပေးဆပ်ပြီး ပညာစုံ ဥစ္စာစုံပြီးတဲ့ တစ်နေ့မှာပေါ့ ... ]

သီချင်းလေးက ခံစားမှုရသ အမျိုးမျိုးနှင့် ရှေ့ဆက်ဖို့ ခွန်အားကို ပေးစွမ်းနိုင်တယ်လို့ထင်တယ်။ မိတ်ဆွေရော ... နားထောင်ပြီး စဉ်းစားဆင်ခြင်ကြည့်စေချင်ပါတယ်။ ဘ၀မှာ လုပ်ဖို့ လိုအပ်နေတာလေးတွေ၊ ပေးဆပ်ဖို့ လိုအပ်နေတာလေးတွေ စိတ်ထဲကနေ အနည်းငယ်တော့ ထွက်လာမှာပါ။ ရှေ့ဆက်ရမည့် ခရီးအတွက် ခွန်အားသစ်တွေပါ ရသွားမယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ smile

credit : ကိုအော်လံမောင်

17 Jun 2007

Father's Day

အဖေ့ရဲ့ ဂရုဏာဒေါသ ကြင်နာမှုအပြည့်နဲ့စကားတွေ
လှုပ်နိုးမှုပဲ့တင်သံ ကိုယ့်နားထဲကြားယောင်ဆဲ

စိတ်မိုက်ကိုရွက်လွင့် မာနနဲ့လှော်ခတ်ရင်း
မုန်တိုင်းတွေရဲ့ကြား အမှားများ ရှေ့ဆက်မမှားရအောင် ပဲ့ကိုင်ပေးသူ

ကြီးမားတဲ့အကြင်နာအားတို့ရယ် ရိုက်ခတ်သံများ
ဒီလောကမြေပင်တစ်ခုလုံး မယုံနိုင်အောင် တုန်ဟီးသွား
"အဖေ"ကို ချစ်တဲ့သူတိုင်းအတွက် ဒီသီချင်းလေးကို နားဆင်ရင်း အဖေတွေရဲ့ ကြီးမားလှတဲ့ ကျွေးကျေးဇူးကို မြင်ယောင်သတိရနိုင်ပါစေ။







အဖေ ... သားရင်ထဲက ခံစားချက်တွေကို သီချင်းလေးနဲ့ပဲ ဖြေသိမ့်ပါရစေ။ ဖေဖေ ကျန်းမာပျော်ရွှင်ပါစေ။

14 Jun 2007

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။

မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။

မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ် မရှိဘူး။ အပြင်ကို ငေးလိုက် အိမ်ကို သတိရလိုက်နဲ့ ... အင်း ... ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့လေ။ မန္တလေးမိုးကတော့ ရန်ကုန်မိုးထက် ပြတ်တယ်။ မရွာရင်လည်း လုံးဝ မရွာဘူး။ ရွာရင်လည်း အမုန်းပဲ။ ရန်ကုန်မိုးကတော့ အိပဲ့ အိပဲ့နဲ့ စိတ်ညစ်ဖို့ကောင်းတယ်။

မိုးတွေရွာရင် ... ကော်ဖီကိုလည်း တစ်ခွက်ပြီး တစ်ခွက် သောက်နေတတ်တယ်။ မန္တလေးမှာ မိုးရွာရင် ရုံးက အန်တီ့ဆိုင်မှာ ကော်ဖီ သောက်ရင်သောက် မသောက်ရင် အောက်ထပ်ကိုဆင်းပြီး ကော်ဖီသွားသောက်ရတာလည်း အလုပ်တစ်လုပ်။ မိုးရွာနေတုန်း လဘက်ရည်ဆိုင်ကို သူငယ်ချင်းတွေနဲ့ ရောက်နေတဲ့အချိန်ဆိုရင် ဘယ်လိုပျော်စရာ ကောင်းမှန်းမသိ ပျော်နေတတ်တယ်။ လမ်းမပေါ်မှာကျနေတဲ့ မိုးစက်သံတွေနဲ့အတူတူ စကားလိုက်ပြောနေရသလိုပဲ။ အထူးသဖြင့် မန္တလေးက Friends ကဖေး၊ ၇၃လမ်းပေါ်က 3 Colours ကဖေး ... စတဲ့ နေရာမျိုးတွေမှာပေါ့။ အင်း ... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲ။ ဒါပေမဲ့ အခုတော့ ငုတ်တုတ်မေ့ပေါ့ neutral

မိုးတွေရွာရင် ... မန္တလေးက ရေတွေပြည့်နေတဲ့ လမ်းမတွေပေါ်မှာ ဆိုင်ကယ်နဲ့ လျောက်သွားရတာလည်း မန္တလေးသားတွေရဲ့ အကျင့်တစ်ခုပါ။ နောက်ပိုင်း မန္တလေးသူတွေကိုပါ တွေ့လာရတတ်ပါတယ်။ ကျွန်တော်လည်း မိုးရွာရင် သူငယ်ချင်းတွေနဲ့ အတူတူ လျောက်လည်တတ်တယ်။ မိုးရွာတိုင်း မန္တလေးရဲ့ လမ်းမတွေပေါ်မှာ အတွေ့အရဆုံး လူတစ်ယောက်ကတော့ ကျွန်တော့်သူငယ်ချင်းကြီး အောင်သူရပါပဲ။ ဒါ့ကြောင့်လည်း မိုးရွာလို့ လျောက်လည်ချင်ပြီဆိုရင် သူ့ကိုတွေ့အောင် လိုက်ရှာရတယ်။ မိုးရော လေရော ကြမ်းလေပြီဆိုရင်တော့ သိပ် မလည်ရဲဘူး။ အသက်ကို ဥာဏ်စောင့်တယ်လေ razz

မိုးတွေရွာရင် ... မန္တလေးရဲ့ လမ်းတွေပေါ်မှာ ဆိုင်ကယ်ပျက်လို့ ဒုက္ခ ခဏခဏရောက်ဖူးတယ်။ မယုံရင် လျှောက်လည်ကြည့်။ ဒါ့ကြောင့်လည်း မိုးရွာရင် ရေများတဲ့လမ်းတွေကို ရှောင်ပြီး မောင်းရတာလည်း အလုပ်တစ်လုပ်ပါပဲ။ ချိုင့်တွေ မရှိလောက်ဘူးထင်ပြီး မောင်းလိုက်တယ် ... နောက်ပြီး ချိုင့် ခပ်ကြီးကြီးနဲ့ တွေ့ပြီး ဖင်ညောင်ရိုးနဲ့ ဆိုင်ကယ် ဖင်ထိုင်ခုံနဲ့ မိတ်ဆက်ရတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။ မိုးရေထဲမှာ အိပ်ဇောကထွက်တဲ့ မီးခိုးလေးတွေ တလူလူနဲ့ ဆိုင်ကယ်ပျက်၊ ကားပျက် ဖြစ်နေတဲ့သူတွေကိုလည်း တွေ့ရတတ်တယ်။ ရာသီဥတုက ဘယ်သူမှ လွန်ဆန်လို့မှ မရတာ။ နောက်ပြီး ဘောလုံးကန်နေကြတဲ့ ကိုရင်လေးတွေ၊ ရပ်ကွက်ထဲမှာ ဆော့နေကြတဲ့ ကလေးတွေကလည်း မန္တလေး မိုးရာသီရဲ့ သင်္ကေတ တစ်ခုလိုပါပဲ။ အဲဒီမြင်ကွင်းတွေလည်း အခုတော့ ဝေးနေဆဲပါ။

မိုးတွေရွာရင် ... ကျွန်တော်လွမ်းနေတဲ့ မန္တလေး၊ ကျွန်တော်သတိရနေတဲ့သူတွေ၊ ကျွန်တော့်ကို အမှတ်တရဖြစ်စေခဲ့တဲ့ နေရာလေးတွေ ... အင်း ... တစ်နေ့နေ့တော့ ပြန်ပြီး မြင်တွေ့ရမှာပါ။ အခုတော့ ... မိုးခြိမ်းသံတွေ မိုးစက်တွေနဲ့အတူ မန္တလေးမြို့ကြီး လှပနေနှင့်ဦးပေါ့။

ကျွန်တော့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း "မိုးတွေရွာရင်" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အမှတ်တရ ပို့စ်လေးတွေကိုရေးဖို့ ခင်မင်လေးစားစွာ တောင်းဆိုပါရစေ။ "ဒီကောင် ... တော်တော် အလုပ်ရှုပ်တာပဲ" လိုတော့ မထင်စေချင်ဘူး။ အမှတ်တရ အနေနဲ့ပေါ့။

မောင်လှရဲ့ ဒိုင်ယာရီ - ကိုတုံ (Done)
My Splendid Ideas - ကိုဆန်းဦး (Done)
My Myo Aung - ကိုမျိုးအောင် (Done)
Memories of Random Thoughts - ကိုမျိုးကျော်ထွန်း (Done)
ကိုတိုးရဲ့ယဉ်ယဉ်လေးရူးလို့နေ - ကိုတိုး (Done)
KalvinWebDiary - ကိုကယ်လ်ဗင်
Stevenalexander - ကိုအောင်ဇော်ဇော်ဌေး (Done)
Forget Me Not! - ကိုဇော်မိုးအောင်
Kyaw Min Tun - ကိုကျော်မင်းထွန်း
Myanmar Blues - ကိုကျော်သူ (Done)
MM.IT.LAD - မောင်သန့်ဇင်
Ah Mei's Blog - မစိုးစိုးကြည် (Done)
ကြာပီ - ကြည်ပြာ (Done)
SAINUX - ကိုစိုင်းလင်းသူ (Done)
ဂျစ်တူးဆိုသူ၏ အပိုင်းအစများ - မဂျစ်တူး (Done)
တွေးမိတွေးရာ ရေးမိရေးရာ - မမေဓာဝီ (Done)
ရှင်မင်းရဲ့ Coffee Corner - မရှင်မင်း
ကျွန်မခံစားရေးသားခဲ့သော ၀တ္တုတိုများ - မချောအိမာန်
ByN-181 - ကိုဘုရင့်နောင် (Done)
Wai Hin - ကိုဝေဟင်
အိပ်မက်ဒိုင်ယာရီ - အန်တီညလေး (Done)
Mayvelous - မမေနှင်းဖြူ (Done)
Letranger - ကိုဖြိုး (Done)
PanPwintLay-MyDiary - ပန်းပွင့်လေး
Me and My Bar Nyars - မထိုက် (Done)
TZA - ကိုသန့်ဇင်အောင် (Done)
Freedom From Fear - မလင်းလက်ကြယ်စင်
မျက်လုံး - ကိုမျက်လုံး (Done)
ခံစားချက်ပြင်းတဲ့ မိုးကုတ်သား - ကိုအောင်ချမ်းလင်း
YanAung - ကိုရန်အောင် (Done)
WaiYan - ကိုဝေယံလင်း
အဖြူရောင်အတွေးပုံရိပ် - နှစ်ကူး (Done)
ကျွန်မနှင့် တွေ့သမျှ မြင်သမျှ ခံစားလို့ရသမျှ - မရတနာချို (Done)
Ko Nay Gyi - ကိုနေကြီး (Done)
Wai Myint Maw - ကိုဝေမြင့်မော်
အလွမ်းတွေဝေ - သိလိ (Done)

ပို့စ် တင်ပြီးသွားလို့ စိတ်ပါတယ်ဆိုရင်တော့ ကိုယ့်ရဲ့သူငယ်ချင်းတွေကိုလည်း "မိုးတွေရွာရင်" ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ပို့စ်ရေးဖို့ ထပ်ပြီး ဖိတ်ခေါ်လိုက်ပါ။ ကျန်းမာပျော်ရွှင်ပါစေ smile

13 Jun 2007

Tracking and Displaying Online Visitors

ကိုယ့်ရဲ့ Blog မှာ Vistor ဘယ်နှစ်ယောက်လာပြီး ဖတ်နေလဲဆိုတာကို သိနိုင်ဖို့အတွက် Online visitor Counter တွေကို အသုံးပြုနိုင်ပါတယ်။ ဒီလို Online Counter မျိုးတွေကတော့ Popular ဖြစ်တဲ့ Website တွေအတွက် ပိုပြီးသင့်တော်ပါတယ်။ ဥပမာ ... TechCrunch လိုမျိုးပေါ့။ အဲဒီ site ကိုကြည့်လိုက်တာနဲ့ အနည်းဆုံး Visitor 300 လောက်ကတော့ Online အမြဲတမ်း ရှိနေတတ်တယ်။ နောက်ပြီး Reader များတဲ့ Blog တွေမှာ ထည့်ရင် visitor/reader ရဲ့impression ကိုလည်းပိုပြီးတော့ ရစေပါတယ်။ Popular ဖြစ်တဲ့ Online counters တွေထဲမှာမှ အခုနောက်ပိုင်း လူသုံးအများဆုံး ဖြစ်လာတာတွေကတော့ ...
  1. whos.amung.us
Popular အဖြစ်ဆုံး service တစ်ခုပါ။ Signup လုပ်ဖို့မလိုပါဘူး။ တစ်ခါတည်း Code ကိုယူပြီး ထည့်သုံးရုံပါပဲ။ TechCrunch မှာလည်း ဒီ counter ကိုပဲ သုံးထားတာ တွေ့နိုင်ပါတယ်။ အခု Color Theme ရွေးတဲ့ Feature ပါ ပါလာတယ်။ နောက်ပြီး အရင်နေ့တွေက past status တွေကိုပါ ပြန်ပြီး checking ပြန်လုပ်နိုင်ပါတယ်။

  1. 24log.com
Registration လိုအပ်ပါတယ်။ Button style နဲ့ Color တွေကို ရွေးချယ်ခွင့် ပေးထားပါတယ်။ Online Time (eg. 1min, 2min etc...) အတွင်းမှာ Visitor ဘယ်လောက်လာခဲ့သလဲ ဆိုတာမျိုး သတ်မှတ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

  1. neocounter
signup လုပ်ဖို့လိုပါတယ်။ ကိုယ့်blogကို လာလည်တဲ့ Visitor ရဲ့ နိုင်ငံအလိုက် Flag လေးတွေနဲ့ ပြပေးတဲ့ Feature ကလည်း သုံးချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်ထားပါတယ်။ neocounter အပြင် neoEarth, neoFlags, နှင့် neoBoard စတဲ့ service တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

  1. freeonlineusers.com
signup လိုပါတယ်။ Tracking Feature ပါပါတယ်။ domain တစ်ခုထက်မက ပိုပြီးတော့သုံးနိုင်ပါတယ်။ Blog များစွာ ပိုင်ဆိုင်တဲ့သူတွေအတွက် ပိုသင့်တော်ပါလိမ့်မယ် wink

  1. myonlineusers.com
signup လုပ်စရာ မလိုပါဘူး။ Coding ယူပြီး တစ်ခါတည်း အသုံးပြုရုံပါပဲ။ Online ဘယ်လောက်ရှိလဲဆိုတာ ပြရုံသက်သက်ပါပဲ။ တစ်ခြား Features တွေ မပါပါဘူး။

ကျန်ခဲ့၊ လိုအပ်ခဲ့တာလေးများရှိခဲ့ရင်လည်း comment မှာ ရေးပေးနိုင်ပါတယ် smile

10 Jun 2007

How to find happening stuff on Net

တစ်နေ့တစ်နေ့ ကိုယ်စိတ်ဝင်စားရာ ကဏ္ဍအလိုက် Uptodate ဖြစ်တဲ့သတင်းတွေကို ရှာဖွေ ဖတ်ရှူ့ရတာလည်း အလုပ်တစ်ခုပါပဲ။ အဲလို ဖတ်နိုင်ဖို့အတွက် သတင်းတွေကို ဘယ်လိုရှာဖွေလဲ၊ ဘယ်နေရာတွေကနေ ဖတ်လည်း ဆိုတာကလည်း အရေးကြီးလာပါတယ်။ လူတိုင်းလူတိုင်း အင်တာနက်ကြည့်ပြီဆိုတာနက် ကိုယ်စိတ်ဝင်စားတဲ့ သတင်းတွေရှိရာကိုပဲ အရင်ဦးတည်သွားတတ်ပါတယ်။ သတင်းတွေရှာဖွေပုံကတော့ လူတိုင်းမှာ နည်းမျိုးစုံရှိကြပါတယ်။ အခု ကျွန်တော်လုပ်နေကျ နည်းလမ်းတွေကို မျှဝေချင်ပါတယ်။
  1. အကြိုက်ဆုံး site/blog တွေရဲ့ Feed တွေကို သုံးနေကျ GoogleReader မှာ subscribe လုပ်ထားပြီး ဖတ်တယ်။ Reader နဲ့ဖတ်တဲ့အတွက် ကိုယ်ဖတ်ချင်တဲ့ ခေါင်းစဉ် အကြောင်းအရာကို မြန်မြန်ဆန်ဆန် တွေ့နိုင်သလို အချိန်ကုန်လည်း သက်သာပါတယ်။
  2. Technoratic Tob Blog တွေကို အမြဲတမ်းစောင့်ပြီး ဖတ်ရှူ့ပါတယ်။ အကုန်လုံး မဖတ်နိုင်ရင်တောင် ကိုယ်အကြိုက်ဆုံး ၁၀ခုလောက်တော့ ရအောင်ဖတ်လိုက်တယ်။
  3. Digg, Delicious နှင့် Netscape တို့မှာ လူကြိုက်အများဆုံး Bookmark အလုပ်ခံရဆုံး ပို့စ်တွေကို သွားပြီးဖတ်ဖြစ်တယ်။
  4. Youtube နှင့် Google Video ကိုတော့ နှစ်ရက်တစ်ခါလောက် သွားကြည့်ဖြစ်တယ်။ Account ဖွင့်ထားတဲ့အတွက် ကိုယ်ကြိုက်တဲ့ Video တွေ့ရင် Favorite ထဲကို ဆွဲထည့်လိုက်တယ်။
  5. Microsoft, Apple, Google, PCWorld စတဲ့ နည်းပညာနဲ့ ပက်သက်တဲ့ website တွေကိုလည်း မကြာမကြာ သွားဖတ်ဖြစ်တယ်။
  6. တစ်ခြား CNN, BBC စတဲ့ website တွေကိုတော့ reader ကနေတစ်ဆင့်ပဲ ဖတ်ဖြစ်တယ်။ reader မှာ အဲဒီ site တွေက auto ပါပြီးသားဆိုတော့ ဘာမှ ထပ်လုပ်ဖို့မလိုတော့ဘူး။
အခုနောက်ပိုင်း Desktop Feed Reader ကိုသုံးပြီးတော့လည်း ဖတ်ဖြစ်တယ်။ အကြိုက်ဆုံး တစ်ခုကတော့ Newsgator ရဲ့ FeedDemond 2.5 ပါပဲ။ သူ့ရဲ့ Features နဲ့ Requirements တွေကတော့

New Version! Top new features in FeedDemon 2.5:
  • Synchronized news bins with shared RSS feeds
  • Prefetch unread items for offline reading
  • Improved "Popular Topics" feature
  • Embedded videos now display in newspapers
  • "Who's linking here?" added to each post in a newspaper
Requirements
  • Microsoft Windows® 98 or later
  • Microsoft Internet Explorer 6.0 ® or later
Download : Feeddemon 2.5.0.10

ကျွန်တော့်ရဲ့ Technique တွေကတော့ အဲဒါပါပဲ။ မိတ်ဆွေလည်း ဘယ်ပုံ ဘယ်နည်း သတင်းတွေရှာဖွေ ဖတ်ရှူ့တယ်ဆိုတာကို sharing လုပ်သွားပေးပါဦး။ မသိသေးတဲ့သူတွေလည်း သိသွားအောင်၊ သိပြီးသားသူတွေလည်း ပိုပြီး ပြည့်စုံသွားအောင် မျှဝေသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Updated (11.June) : How to use RSS Feeds ဆိုတဲ့ Video လေးကိုလည်း လေ့လာကြည့်စေချင်ပါတယ်။

Updated (13.June) : Mashable မှာပါတဲ့ The Ulimate RSS Tool Box ဆိုတဲ့ပို့စ်လေးလည်း အရမ်းကောင်းပါတယ်။ RSS နဲ့ပက်သက်ပြီး ဗဟုသုတ တော်တော်ရပါတယ်။

9 Jun 2007

Internet and Porn Industry (18+)

Internet သုံးနေတဲ့ သူတွေအတွက် ဗဟုသုတအနေနဲ့ သိထားသင့်တယ်လို့ထင်ပါတယ်။

72% of internet porn users are men
28% are women

estimated 372 Million porn web pages

89% produced by the US eek
3% produced by the UK
4% produced by Germany

8 Jun 2007

Microsoft TestKing - 2003

Latest Microsoft TestKing from MCP, MCSA to MCSE 2003 (+ Messaging & Security)

Microsoft 70 270
Installing, Configuring and Administering Microsoft Windows XP Professional
Q&A with explanations
Version 37.0
Download : TestKing.Microsoft.070-270.Exam.Q.And.A.v37

Microsoft 70-284
Installing, Configuring, and Administering Microsoft Exchange 2003 Server
Q&A with explanations
Version 35.0
Download : TestKing.Microsoft.070-284.Exam.Q.And.A.v35

Microsoft 70-285
Designing a Microsoft Exchange Server 2003 Organization
Case Study with explanations
Version 18.0
Download : TestKing.Microsoft.070-285.Exam.Q.And.A.v18

Microsoft 70-290
Managing and Maintaining a Microsoft Windows Server 2003 Environment
Q&A with explanations
Version 53.0
Download : TestKing.Microsoft.070-290.Exam.Q.And.A.v53

Microsoft 70-291
Implementing, Managing, and Maintaining a Microsoft Windows Server 2003 Network
Infrastructure
Q&A with explanations
Version 52.0
Download : TestKing.Microsoft.070-291.Exam.Q.And.A.v52

Microsoft 70-293
Planning and Maintaining a Microsoft Windows Server 2003 Network Infrastructure
Q&A with explanations
Version 34.0
Download : TestKing.Microsoft.070-293.Exam.Q.And.A.v34

Microsoft 70-294
Planning, Implementing, and Maintaining a Microsoft Windows Server 2003 Active Directory
Infrastructure
Q&A with explanations
Version 33.0
Download : TestKing.Microsoft.070-294.Exam.Q.And.A.v33

Microsoft 70-297
Designing a Microsoft Windows Server 2003
Active Directory and Network Infrastructure
Version 19.0
Download : TestKing.Microsoft.070-297.Exam.Q.And.A.v19

Microsoft 70-298
Designing Security for a Microsoft Windows Server 2003 Network
Case Study with explanations
Version 16.0
Download : TestKing.Microsoft.070-298.Exam.Q.And.A.v16

Microsoft 70-299
Implementing and Administering Security in a Microsoft Windows Server 2003 Network
Q&A with explanations
Version 14.0
Download : TestKing.Microsoft.070-299.Exam.Q.And.A.v14

Delete an Undeletable file (or) Unlocker

If you have the following error message on your computer screen ...



It has many other flavors:
  • Cannot delete file: Access is denied
  • There has been a sharing violation.
  • The source or destination file may be in use.
  • The file is in use by another program or user.
  • Make sure the disk is not full or write-protected and that the file is not currently in use.
Here is the solution ...
  1. Download Unlocker
  2. right click the folder or file and select Unlocker
  3. If the folder or file is locked, a window listing of lockers will appear
  4. Simply click Unlock All and you are done!
source : Unlocker

7 Jun 2007

Freeware Icons collection

Following freeware icon sites will help software developers, graphic/web designer to create better-looking programs and designs.
  1. www.pixelgirlpresents.com (linux, win, mac)
  2. www.interfacelift.com (mac, window, linux)
  3. www.famfamfam.com (web icons)
  4. www.maxpower.ca (web, blog icons)
  5. www.freeiconsweb.com (win, mac, linux)
  6. www.iconaholic.com (win, mac)
  7. www.websiteicons.net (graphic ,web)
  8. www.ndesign-studio.com (favorite icons)
  9. www.fasticon.com (great collection)
  10. www.bartelme.at (mac, window, linux )
  11. www.iconarchive.com (win, mac, linux)
  12. www.sweetie.sublink.ca (web app)
  13. www.somerandomdude.net (web app)
  14. www.bs-markup.de (web app)
  15. www.customxp.net (graphic)
  16. www.tango.freedesktop.org (desktop)
  17. www.iconbuffet.com (blog, web)

Funny Laws

သူငယ်ချင်းတစ်ယောက် (KuKu) email ကနေ ပို့လိုက်တာပါ။ ပုံတွေအများကြီး မတင်ချင်တာနဲ့ slideshare.net မှာ slideshow လုပ်ပြီး ပြန်တင်ပေးလိုက်ပါတယ်။ ရေးထားတာတွေကတော့ အရမ်းရီရတယ်။ ကြံကြံဖန်ဖန် ဘယ်သူထွင်ပြီး ရေးထားလည်းတော့ မသိဘူး။ ရေးတဲ့သူ ဟာသဥာဏ် တော်တော်လေးရွှင်တယ်။ ဖတ်ကြည့်ပါဦး ... နောက်ပြီး ကိုယ့်ကိုကိုယ် စဉ်းစားကြည့်ဦးနော် ဘယ်ပုဒ်မနဲ့ ငြိနေသလဲလို့ wink သတိပေးထားတာ တော်ကြာ အရေးယူခံနေရမှာစိုးလို့ razz

5 Jun 2007

New iPhone Ads



England ထီ သုံးခါဆက်တိုက်ပေါက်ရင် ရှိသမျှသူငယ်ချင်းတွေ အကုန်လုံးကို တစ်ယောက်တစ်လုံးစီ လက်ဆောင်ပေးလိုက်မယ် wink အခုလောလောလောဆယ်တော့ aPhone (air phone) ပဲ ကိုင်ထားကြအုံးနော် ဟိဟိ razz

How to Lock a folder without any software

Suppose you want to lock the folder games in d: which has the path D:\Games. In the same drive create a text file and type
ren games games.{21EC2020-3AEA-1069-A2DD-08002B30309D}
Now save this text file as loc.bat

create another text file and type in it
ren games.{21EC2020-3AEA-1069-A2DD-08002B30309D} games
Now save this text file as key.bat

Now you can see 2 batch files loc and key. Press loc and the folder games will change to control panel and you cannot view its contents. Press key and you will get back your original folder.

via : theynd forum

4 Jun 2007

London 2012 Olympic New brand launches

The jagged emblem, based on the date 2012, comes in a series of shades of pink, blue, green and orange and will evolve in the run-up to the Games.
London 2012 Olympic အတွက် New Logo ကို ဒီနေ့ Launch လုပ်လိုက်ပါတယ်။ Design ကို wolff-olins ကနေ ဆွဲပေးတာလို့ သိရပါတယ်။ BBC မှာပြောထားတဲ့ Article အရ New Logo ဟာ 2012 ဆိုတဲ့စာလုံးကို အခြေခံထားပေမယ့် ရုတ်တရတ်ကြည့်ရင်တော့ ပုံစံနောက်တစ်မျိုး ဖြစ်လို့နေပါတယ်။ ဘာပုံဖြစ်နေသလဲ ဆိုတာကတော့ သေချာကြည့်မှပဲ သိမှာနော် wink

London မှာလည်း အဲဒီပွဲအတွက် ပြင်ဆင်နေကြပါတယ်။ အထူးသဖြင့် Train/Tube တွေကိုပါ။ weekend ဆိုရင် ပိုဆိုးပါတယ်။ နောက်ပြီး အဲဒီ Logo အသစ်ကို BBC မှာ Vote လုပ်ထားတာကိုလည်း တစ်ချက်သွားကြည့်လိုက်ပါဦး။ တော်တော်လေးကို အားပေးထားပါတယ်။ အရင်က လုပ်ထားတဲ့ Old Logo လေးဟာ သူဟာနဲ့သူ နေရာတသားကျပြီးသာပါ။
ဒါကို အခု ထပ်ထပ်ပြီး တွန့်လိုက်ကြတယ်။ အခုတော့ ပြင်လွန်းလို့ ဖင်ချွန်းတယ်ဆိုပြီး အပြောခံနေရပြီ။ နောက်ပြီး တော်တော်များများက ကလေးဆွဲထားတဲ့ Design သာသာလောက်ပဲရှိတယ်ဆိုပြီး ပြောကြပါတယ်။ London ရောက်ပြီး ဒီ Old Logo လေးကို တွေ့ကတည်းက အရမ်းသဘောကျနေတာ။ အခု နောက်ထွက်လာတဲ့ Logo ကိုမြင်လိုက်တော့ အရမ်းစိတ်လေတယ်။ လူကြီးတွေလည်း ဒီကိစ္စနဲ့ပက်သက်ပြီး တော်တော်ပြောခံရမှာ အသေအချာပါပဲ အထူးသဖြင့် Logo ကို ရွေးချယ်တဲ့သူပေါ့။ နောက်ပြီး New Logo အတွက် ကုန်ကျတာကိုလည်း တစ်ချက်ကြည့်လိုက်ဦး .. £400,000 နော် eek ပိုက်ပိုက် အရမ်းကုန်ပြီး ထွက်လာတဲ့ Result က မလန်းတော့ နောက်ပိုင်း ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ။

မိတ်ဆွေရော ... ဘယ်လိုထင်ပါသလဲ။ prefer new one or old one idea

71 CSS menus for Web Designer

CSS Tab Designer is a unique and easy to use software to help you design css-based lists and tabs visually and without any programming knowledge required!
Separator


  1. 11 CSS navigation menus
  2. 12 more CSS Navigation Menus
  3. 14 Free Vertical CSS Menus
  4. 2-level horizontal navigation
  5. Absolute Lists: Alternatives to Divs
  6. Accessible Image-Tab Rollovers
  7. ADxMenu
  8. A drop-down theme
  9. Bookend Lists: Using CSS to Float a Masthead
  10. Bulletproof Slants
  11. Centered Tabs with CSS
  12. Clickable Link Backgrounds
  13. Create a Teaser Thumbnail List Using CSS: Part 1
  14. Creating Indented Navigation Lists
  15. Creating Multicolumn Lists
  16. cssMenus - 4 Level Deep List Menu
  17. CSS and Round Corners: Build Accessible Menu Tabs
  18. CSS-Based Tabbed Menu
  19. CSS-based Navigation
  20. CSS: Double Lists
  21. CSS Mini Tabs (the UN-tab, tab)
  22. CSS only dropdown menu
  23. CSS only flyout menus
  24. CSS only flyout/dropdown menu
  25. CSS only flyout menu with transparency
  26. CSS only vertical sliding menu
  27. CSS Swag: Multi-Column Lists
  28. CSS Tabs
  29. CSS Tabs
  30. CSS tabs with Submenus
  31. dTree Navigation Menu
  32. Definition lists - misused or misunderstood?
  33. Do You Want To Do That With CSS? - Multiple Column Lists
  34. Drop-Down Menus, Horizontal Style
  35. Float Mini tabs
  36. Flowing a List Across Multiple Columns
  37. Free Menu Designs V 1.1
  38. FreeStyle Menus
  39. Hidden tab menu
  40. How to Style a Definition List with CSS
  41. How to Style an Unordered List with CSS
  42. How to Use CSS to Position Horizontal Unordered Lists
  43. Hybrid CSS Dropdowns
  44. Inline Mini Tabs
  45. Intelligent Menus
  46. Inverted Sliding Doors Tabs
  47. Light Weight Multi Level Menu
  48. List Display Problems In Explorer For Windows
  49. Listamatic
  50. Listamatic2
  51. Menus galleries in CSS and XHTML
  52. Mini-Tab Shapes
  53. Mini-Tab Shapes 2
  54. More than Just Bullets
  55. Multiple Column Lists
  56. A Navbar Using Lists
  57. Navigation Matrix Reloaded
  58. Remote Control CSS
  59. Remote Control CSS Revisited - Caving in to peer pressure
  60. Rounding Tab Corners
  61. Simple CSS Tabs
  62. Simplified CSS Tabs
  63. Sliding Doors
  64. Spruced-Up Site Maps
  65. Styling Nested List
  66. Suckerfish Dropdowns
  67. Tabtastic
  68. Tabs Tutorial
  69. Taming Lists
  70. Turning a List into a Navigation Bar
  71. Ultimate css only dropdown menu
via : Designrific, see more css sources ...

3 Jun 2007

How to create Transparent image for different background

Image Logo တစ်ခု ဒါမှမဟုတ် စာသား Logo တစ်ခုကို နောက်ခံအရောင် အမျိုးမျိုးကွဲပြားတဲ့ Background တွေပေါ်မှာ ထားချင်၊ သုံးချင်တယ်ဆိုရင် Transparent Image အနေနဲ့ ဖန်တီးပေးဖို့လိုပါတယ်။ များသောအားဖြင့် သိထားတာက Transparent image ဖြစ်ချင်ရင် GIF Format နဲ့ သိမ်းဖို့ပါပဲ။ ဒါပေမဲ့ အခုလို different color background သို့ pattern တွေရှိတဲ့ background မှာထားဖို့အတွက်ဆိုရင်တော့ GIF နဲ့ မရတော့ဘဲ PNG နဲ့ save လုပ်ပေးမှ အဆင်ပြေမှာပါ။ မဟုတ်ရင် တွန့်တာတွေ အနားတွေ စုတ်ပြတ်နေတာတွေ ထွက်လာမှာပါ။ Transparent PNG ရဖို့အတွက်ကတော့
  1. design your logo/image in photoshop with transparent background (or any background color)
  2. before you make saving, you need to make hidden your background layer
  3. from file menu > choose save for web
  4. in save for web window, choose PNG-24 from preset list box
  5. choose save, name your file and select save location
  6. Then you got a transparent PNG image for different color/pattern background
If you have better/another way to make transparent image for different background, please kindly drop your comments. Have fun smile

1 Jun 2007

How to download and play YouTUBE video

If you want to download video from youtube, just do the following steps.
  1. find the URL of your favorite Youtube video
  2. go to one of the following sites
  1. paste the video URL into their download box
  2. click "Download" button
To Play YouTube Movie in your computer
Top/Best YouTube Video Sites

Beon4U (VideoBox)

You can look for and see videos from YouTube and Google Video directly on your desktop. You only need to write down the "keyword" in the widget and to push the 'magnifying glass' button to start the search. Videobox will return a video list where you will see for each video a still, its title, its description, and 'tags' (in the case of videos from YouTube). This is a really fantastic tool I've never seen before.

If you are a Firefox fans, you can use the Video Downloader extension that allows you to download videos to your computer from YouTube and most video sites. That's all about downloading and playing youtube video as far as I know. If I missed anything, please kindly suggest it in the comments. Thanks smile

Tips: If you have a low speed internet connection, you can press the pause button and wait till the whole movie part downloads so that you can watch it smoothly. Have fun biggrin