Skip to main content

Posts

Showing posts from August, 2007

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

Eric Schmidt Defines Web 3.0

Google CEO Eric Schmidt launched into a great definition of Web 3.0 at the Seoul Digital Forum . He said that while Web 2.0 was based on Ajax , Web 3.0 will be "applications that are pieced together" - with the characteristics that the apps are relatively small, the data is in the cloud, the apps can run on any device (PC or mobile), the apps are very fast and very customizable, and are distributed virally (social networks, email, etc). via : readwriteweb Tags: web3.0 , web2.0 , Google CEO , Eric Schmidt , ajax , seoul digital forum

ငါ့အပြစ်နဲ့ ငါပါပဲ

ကျွန်တော်သည် ဘလော့ပို့စ်များ၌ သူငယ်ချင်းတို့၏ ဘလော့လိပ်စာများ၊ website link များ၊ သီချင်းများ၊ ရည်ညွှန်းချက်ပါသော လေ့လာရန်ကောင်းသည့် ဆိုဒ်များကို အပင်ပန်းခံကာ စာရင်းလုပ်ခဲ့ဖူး၏။ ဤလင့်ခ်များကို ယခုအခါ ဘလော့တော်တော်များများ၌ တွေ့နေရလေသည်။ သို့သော် ၀မ်းနည်းစရာကောင်းသည်ကား link များ သီချင်းများကို စိတ်ရှည်စွာ ပြုစုပေးထားသူ ကျွန်တော်မျိုး၏ နာမည် ပျောက်နေလေချေ၏။ ကျွန်တော် နေ့တစ်နေ့အတွက် အထူးခံစားရေးသားသည့် ပို့စ်တစ်ခု၌ပါဝင်သော စာလုံးတစ်ချို့(quote တစ်ချို့)ကို မြန်မာ website တစ်ခု၌ ကိုးကားစာသားအနေဖြင့် ထည့်သွင်းထားသည်ကို တွေ့မြင်ရပါသည်။ ကျွန်တော့်ဘလော့လေးကို ညွှန်းထားသည့်အတွက်တော့ ပျော်ရွှင်မိပါသည်။ သို့သော် ... ခွင့်ပြုချက်လေးပါတောင်းပြီး ထည့်လိုက်ခြင်းအားဖြင့် နှစ်ဦးနှစ်ဘက် ပိုမိုအဆင်ပြေသွားလိမ့်မည်ဟု ယုံကြည်မိပါသည်။ ကျွန်တော် ယခုကဲ့သို့သော အကြောင်းအရာများ၊ အလားတူ ပြဿနာများကို ဥပမာများစွာ ကိုယ့်ရှေ့မှာတွေ့မြင်ပြီးသည် ဖြစ်ရာတကား ဆက်လက်၍ မရေးသား မပြောပြချင်တော့ပါ။ ကျွန်တော်သည် ဘလော့တစ်ခု၏ ပို့စ်တစ်ခု၌ comment ရေးပေးခဲ့ဖူးသည်။ အခုတလော အလုပ်ရှုပ်နေသောကြောင့် အဲဒီဘလော့ကို မရောက်ဖြစ်တာကြာခဲ့လေပြ

အကောင်းဆုံးလက်ရာ ဖြစ်ပါစေ

စာရေးဆရာ ဖေမြင့် ရေးသားတဲ့ "စာဖတ်သမား၏မှတ်စုများ" စာအုပ်မှ အမေရိကန် လူမည်းခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ မာတင်လူသာကင်း (MartinLutherKing Jr -1929-68) ရဲ့ quote လေးကို မျှဝေချင်ပါတယ်။ Whatever your life's work is, do it well. A man should do his job so well that the living, the dead and the unborn could do it no better. သည်ဘ၀မှာ ဘာအလုပ်ကိုပဲလုပ်လုပ် လုပ်ကိုင်နေသည်ဖြစ်စေ အဲသည်အလုပ်ကို ကောင်းအောင်လုပ်ပါ။ ဘယ်သူမဆို ကိုယ့်အလုပ်နဲ့ ပက်သက်လာရင် တခြားသက်ရှိလူတွေရော၊ ကွယ်လွန်ပြီးတဲ့ ပုဂ္ဂိုလ်များနဲ့ မမွေးဖွားသေးတဲ့သူများပါ ကိုယ့်ထက်ဘယ်လိုမှ မသာနိုင်အောင် အကောင်းဆုံး လုပ်ဆောင်သင့်တယ်။

Solve your computer problems

tucows.com - ကွန်ပျူတာအသုံးပြုတဲ့သူတွေအနေနဲ့ software ပြဿနာတွေ တက်လာတဲ့အခါမှာ သူများကို မေးနေစရာမလိုပဲ ကိုယ်တိုင် အင်တာနက်မှာ solution တွေကို ရှာဖွေပြီး လုပ်ဆောင်နိုင်တဲ့ website လေးတစ်ခုပါ။ အဓိကအနေနဲ့ ဘယ်လိုလုပ်ရသလဲ ဆိုတဲ့ How to stuff တွေပေါ်မှာ အခြေခံထားပါတယ်။ ကိုယ်ပိုင်မေးခွန်းတွေ မေးချင်တယ်ဆိုရင်တော့ signup လုပ်ဖို့လိုပါတယ်။ answer.yahoo.com - yahoo answer website ကတော့ တော်တော်များများ လူသိပြီးသားဖြစ်ပါတယ်။ ask, answer, discover ဆိုတဲ့ ခေါင်းစဉ်သုံးခုကို အခြေခံထားပါတယ်။ ကွန်ပျူတာနဲ့ ပက်သက်တဲ့ solution တွေတင်မဘဲ ကျန်မာရေး၊ ပညာရေး၊ လူမှုရေး စတဲ့ Topic ပေါင်းစုံ ပါဝင်မေးမြန်းဖြေဆိုနိုင်တဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးဆိုရင်လည်း မမှားပါဘူး။ သူလည်း tucows လိုပဲ မေးခွန်းမေးဖို့အတွက်ကိုတော့ signup လုပ်ဖို့လိုအပ်ပါတယ်။ အထက်ပါပုံစံမျိုး website လေးတွေ သိခဲ့ရင်လည်း comment ၀င်ပေးထားခဲ့နိုင်ပါတယ်။ ကျွန်တော် ဆက်လက်ပြီး ဖြည့်စွက်သွားပါ့မယ်။ ပြဿနာ အခက်အခဲများ အားလုံး ပြေလည်နိုင်ပါစေ Tags: how to stuff , yahoo answer , tucows

အကျင့်လေးတွေ စိတ်ဓာတ်လေးတွေ

ကျွန်တော်အပါအ၀င် လူတစ်ချို့ပေါ့ ... တိုက်၊ အိမ် အကြီးကြီးတွေ၊ ကား အကောင်းစားကြီးတွေကို ပိုင်ချင် စီးချင်စိတ်တွေ များနေကြတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် ရှိရင်းစွဲ "စိတ်ဓာတ်"လေးကိုကျတော့ ဘယ်လို မွန်မြတ်သန့်စင်အောင်ထားမလဲ၊ ဘယ်လို မြင့်မားကြီးကျယ်အောင် ကြံစည်အားထုတ်ရမလဲဆိုတာကိုကျတော့ မလုပ်ချင်ကြဘူး။ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးထားတာ ရှိပါတယ်။ "စိတ်ကောင်းရှိဖို့က ပထမ" ကျွန်တော်အပါဝင် လူတစ်ချို့ပေါ့ ... ကိုယ့်ထက် သာတဲ့လူ၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊ ကိုယ့်ထက် ရာထူးဂုဏ်ရှိန်ဝါ မြင့်တဲ့သူတွေကို မနာလို စိတ်ကလေးများက auto ဖြစ်ဖြစ်လာတတ်တယ်။ သူတို့ ဘယ်လို ကိုယ့်ထက်သာအောင် ကြံစည်အားထုတ်ခဲ့သလဲ၊ ဘယ်လို ချမ်းသာအောင် ကြိုးစားခဲ့သလဲ၊ ဘာတွေ ပေးဆပ်ခဲ့ရသလဲ ဆိုတာတွေကိုကျတော့ မေးမြန်းပြီး လိုက်လံကျင့်ကြံ အားမထုတ်ချင်ကြဘူး။ "သူ့လို ချမ်းသာချင်လိုက်တာ" လို့ပဲ ပြောကြတာများတယ်။ "သူ့လို ချမ်းသာအောင် ဘယ်လိုမျိုး ကြိုးစားရမလဲ" ဆိုပြီး တွေးတော စဉ်းစားတဲ့သူ အတော်ကို နည်းပါတယ်။ မှတ်ချက်။ ။ ကိုယ့်ကိုယ်ကို သတိပေး ဆုံးမတဲ့အနေနဲ့ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။ တိုက်ဆိုင်မှုများရှိပါက ခွင့်လွှတ်ပါ

Why I blog?

ဘာလိုလိုနဲ့ ဘလော့ရေးနေတာတောင် တစ်နှစ်ကျော်သွားပြီ။ ကျွန်တော် လန်ဒန်ကို မရောက်ခင် နှစ်လ သုံးလ လောက်ကတည်းက စပြီး ဘလော့ကိုထိတွေ့မိတယ်။ အဲဒီတုန်းကတော့ ဆရာတုံ နဲ့ ဆရာဆန်းဦး တို့က စပြီး သုံးနေပြီ။ ဆရာတုံကတော့ ဆက်တိုက်ရေးတယ်။ ဆရာဆန်းကတော့ အစက မအားလို့လား မသိဘူး နည်းနည်းပဲရေးပြီး တင်ထားတယ်။ နောက်ပိုင်းမှ ရေးလာတယ်။ ကျွန်တော် စရေးခါစ (သို့) ဘလော့နဲ့စပြီး ထိတွေ့ခါစက ဘလော့ဆိုတာ ဘာလဲလို့ ကောင်းကောင်းနားမလည်သေးဘူး။ နောက်ပိုင်းမှ ဘလော့တွေကို လိုက်ဖတ်ရင်း ဘလော့ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သိလာတယ်။ ကိုယ်တိုင်လည်း personal blog လေးတစ်ခု လုပ်ချင်စိတ်လည်း ဖြစ်ပေါ်လာမိတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်နဲ့ ဘလော့ ဇာတ်လမ်းစဖြစ်ခဲ့တယ် ဆိုပါတော့။ ဘလော့နဲ့ ထိတွေ့ပြီး နှစ်လလောက်လည်း နေရော ကျွန်တော်ချစ်တဲ့ မန္တလေးတင်မကပဲ မြန်မာနိုင်ငံကပါ စွန့်ခွာပြီး နိုင်ငံခြားကို ရောက်လာခဲ့တယ်။ နိုင်ငံရပ်ခြားကိုလည်းရောက်ရော သူငယ်ချင်းခင်မင်တတ်တဲ့ ကျွန်တော့်အတွက် ပေါင်းစရာသူငယ်ချင်းအဖော်ကလည်း မရှိတော့ ကျွန်တော့်ရဲ့အဖော်က ဘလော့ ဖြစ်လာတယ်။ ဘလော့မှလွဲပြီး ပေါင်းစရာ သူငယ်ချင်းလည်း မရှိ။ အဲဒီအချိန်တွေကိုတော့ ပြန်ကို မတွေးချင်တော့ဘူး။ ဒါနဲ့ပ