Skip to main content

Posts

Showing posts from February, 2008

Photos on 28 Feb

အထက်တန်းကျောင်းသားဘ၀ English ဘာသာရပ်ထဲမှာ သင်ဖူးတဲ့ Daffodale ပန်းလေးတွေပေါ့။ ဆောင်းအကုန် နွေကူးခါနီးမှာ အလေ့ကျပေါက်လာလေ့ရှိတယ်လေ။ မြန်မာပြည်က ပိတောက်လိုပဲ သစ္စာရှိရှိပေါ့။ အင်္ဂလန်ရဲ့ summer ဟာ daffodale တွေကြောင့် အစွမ်းကုန် လှနေတတ်တယ်။ Kew Garden အသွားမှာ လမ်းမှာတွေ့တဲ့ ရေညှိလေးတွေကို ရိုက်ထားတာပါ။ Daffodale ပန်းခင်းကြီးပေါ့။ တစ်ချို့နေရာတွေမှာဆို ဒီထက်ပိုပြီးလှတယ်။ အလုပ်နားလေးက Bus Stop လေးပါ။ အိမ်ပြန်ချိန်ဆို Bus စောင့်စောင့်နေရတာ အမော။ Bus ပေါ်မှာရိုက်ထားတာပါ။ တွဲလောင်းခိုနေတဲ့ လက်ကိုင်လေးတွေကတော့ Passenger တွေကို မျှော်နေလေရဲ့။

Spyware Doctor Ver 5.5.0.204

Award-winning spyware protection to secure your PC against privacy and tracking threats. Spyware Doctor is a top-rated malware & spyware removal utility that detects, removes and protects your PC from thousands of potential spyware, adware, trojans, keyloggers, spybots and tracking threats. Download Here

ဟာသလုပ်တာလား

တိုက်ဆိုင်လွန်းလှပါလား

မနေ့ညက အလုပ်က အပြန် Colindale ဘုန်းကြီးကျောင်း ထမနဲသွားစားတယ် စိုးကြည်၊ ဂျစ်တူးတို့နဲ့ အဲဒီမှာ ဆုံဖြစ်တယ်။ ထမနဲကတော့ တကယ့်ကို ရှယ်ပါပဲ။ ရောက်တုန်းရောက်ခိုက် ဘုန်းဘုန်းတို့နဲ့ စကားပြောချင်တာရယ် မိတ်ဆွေတွေနဲ့လည်း မတွေ့ဖြစ်တာကြာလို့ အိမ်မပြန်တော့ပဲ အဲဒီမှာပဲ ညအိပ်လိုက်တယ်။ မနက် ၆ နာရီလောက်မှ အလုပ်သွားဖို့ ဘုန်းကြီးကျောင်းကနေ ထွက်လာခဲ့တယ်။ အလုပ်ရောက်ခါနီး station တစ်ခုအလိုမှာ message တစ်ခုဝင်လာလို့ ကြည့်လိုက်တယ်။ ကိုဖြိုးက ထိုင်းကနေ ပို့လိုက်တဲ့ message ဖြစ်နေတယ်။ Ko Chan Yadana bon zay fired. All gone :( ရုတ်တရတ် msg ကိုဖတ်ပြီး မယုံနိုင်အောင် ဖြစ်သွားတယ်။ ဟုတ်ရော ဟုတ်ရဲ့လားပေါ့။ Reply ပြန်ချင်ပေမဲ့ အလုပ်ကလည်း နောက်ကျနေတာနဲ့ အလုပ်ကို အရင်သွားလိုက်တယ်။ အလုပ်လည်း ပြီးရော အိမ်မပြန်ခင် အစ်မဆီကို ဖုန်းဆက်ပြီး အင်တာနက်မှာ ကြည့်ခိုင်းလိုက်တယ်။ တကယ့်ကို မယုံနိုင်အောင်ပဲ။ ရတနာပုံဈေးရဲ့ ၃ ပုံ ၂ ပုံလောက် ပါသွားတယ်။ ဒါနဲ့ပဲ သတင်းတွေပုံတွေကိုကြည့်ဖို့ အိမ်ကိုတန်းပြန်လာလိုက်တယ်။ သတင်းတွေလိုက်ရှာပြီးဖတ်ကြည့်တယ်။ ရတနာပုံဈေးထဲက အင်္ကျီဆိုင် တစ်ခုကနေ ၀ိုင်ယာရှောခ်ဖြစ်ပြီး စလောင်တာလို့ သိရပါတယ်။ နောက်ပြီးေ

iPaper

iPaper ကို စမ်းသပ်ရင်း ကာတွန်းဆရာ အော်ပီကျယ်ရဲ့ သူ/သူမ ကာတွန်းလေးကို မျှဝေလိုက်ပါတယ်။ Online မှာ information တွေကို sharing လုပ်ဖို့အတွက် အသုံးဝင်တဲ့ document format တစ်ခုပါပဲ။ သူ့ရဲ့ အသေးစိတ်ကိုတော့ ဒီမှာ ကြည့်ရှူ့နိုင်ပါတယ်။ Read this doc on Scribd: APK

အိမ်ပြန်ချိန် ၂

ဟိဟိ ဖိုရမ်မှာပါတာကို သေချာမဖတ်မိဘူး။ ဓာတ်ပုံက ငါးပုံတင်ရမှာ။ အခုမှ နှစ်ပုံပဲ ရှိသေးလို့ နောက်ထပ်သုံးပုံ ထပ်ပြီး လုပ်လိုက်တယ်။ ဒီသုံးပုံကတော့ station တွေမှာ ရိုက်ထားတဲ့ ပုံတွေချည်းပါပဲ။ ကောင်းရင် ကောင်းတယ်၊ မကောင်းရင် မကောင်းဘူး ဒဲ့တိုး ဝေဖန်အားပေးနိုင်ပါတယ်။ တစ်ချို့ ဘဘတွေကတော့ ဝေဖန်တာ အားပေးတာတွေများလာရင် ဖမ်းရော

အိမ်ပြန်ချိန် ၁

နေးတစ်မြန်မာ ဖိုရမ်မှာ ကျင်းပနေတဲ့ Weekly Photo Contest မှာ ၀င်ပြိုင်ထားတဲ့ ဓာတ်ပုံတွေပါ။ ဓာတ်ပုံရိုက်တာကို အရင်ကတည်းက ၀ါသနာပါတယ်။ မန်းလေးကို ပြန်တုန်းက ကိုဂျေ ကြီးနဲ့ တွေ့ပြီးနောက်ပိုင်းမှာ ပိုပြီး စိတ်ဝင်စားသွားတယ်။ ကျွန်တော့်ဆရာလို့လည်း ပြောလို့ရတယ်။ ကင်မရာကောင်းကောင်း မရှိတော့လည်း ရှိတဲ့ ကင်မရာအစုတ်လေးနဲ့ပဲ လျောက်ရိုက်ထားတာပါ။ Photo Contest မှာ ကျွန်တော့်ဆရာ ကိုမောင်လှ ကြီးလည်း ပါတယ်။ သူ့ပုံတွေကတော့ ရေလည် လန်းတယ်။ လန်းမှာပေါ့ ... ကျွန်တော့်ဆရာလေ ပထမပုံကတော့ ပုဂံ ဗူးဘုရားမှာ သဘောင်္လေး လာနေတုန်း ရိုက်ထားတာပါ။ Original ပုံမှာတော့ နေ၀င်ချိန် ရှူ့ခင်းလေးပါ ပါတယ်။ ဒါပေမဲ့ photo contest မှာက Black and White နဲ့ ပြိုင်ရတဲ့အတွက် B & W ပြောင်းထားတာပါ။ ဒုတိယပုံကတော့ ဒီနေ့ Croydon ဘက်ကို interview တစ်ခုသွားရင်း station တစ်ခုမှာ ရိုက်ထားတာပါ။ သွားရတာတော့ တမျှော်တခေါ်ကြီးပဲ။ အရေးထဲ ကိုယ်စီးမည့် ရထားကို လိုက်ရှာနေရတာက အလုပ်တစ်ခု။ သွားရကျိုး မနပ်ပေမဲ့ ဓာတ်ပုံတွေရလာတာ အမြတ်ပဲလို့ သဘောထားလိုက်တယ်။ London သတင်းစာတွေ (အထူးသဖြင့် Metro ) ထဲမှာပါတဲ့ အလုပ်ပေးမည်၊ Training လည်းပေးမယ်ဆိုတဲ့ အလုပ်တွေ ဘ

ငှက်ပျော ဂမုန်း

ကိုဖြိုး မန္တလေးကို ပြန်လာတုန်းက ကျွန်တော်ရယ် သူ့ငယ်ချင်းတွေရယ် မေမြို့ကို သွားလည်ခဲ့ကြသေးတယ်။ မေမြို့ပြည်ချစ်ဘုရားက အပြန် ဘုံကျောင်းလမ်းက မြမဉ္ဇူ ၀ိုင် ထုတ်လုပ်ရေးခြံမှာ ၀ိုင် ၀င်ဝယ်ရင်းတွေ့လို့ ရိုက်ထားလိုက်တာပါ။ အရင်တုန်းက တစ်ခါမှ မမြင်ဘူးတာလည်း ပါတယ်။ ပိုင်ရှင် တရုတ်မကြီးရဲ့ ပြောပြချက်အရ ကလေးငယ်တွေမှာ ရောဂါတစ်ခုခုဖြစ်ရင် ငှက်ပျောဂမုန်းကို စွယ်စုံရ ဆေးအဖြစ် သုံးကြတယ်လို့ သိရပါတယ်။ မေမြို့ကို ကြုံလို့ သွားလည်ဖြစ်ရင် ၀င်ပြီးကြည့်လိုက်ပေါ့။ အဲဒီက ထုတ်တဲ့ ၀ိုင်ကလည်း ကောင်းမှကောင်း

ဂီတ လက်နက် အစွမ်းထက်

နားထောင်ကြည့်လိုက်ပါ။ ဖြစ်နေ ပျက်နေတာတွေကို အတိုင်းသား သိသွားပါလိမ့်မယ်။ "မျက်နှာ" သီချင်းလေးကို စာသားပြောင်းဆိုထားတာ ထင်ရသလို 9mm ရဲ့ ချစ်မဲ့ပြီးမှ ဆိုတဲ့ သီချင်းလေးနဲ့လည်း တူတယ်။ သီချင်းနာမည်နဲ့ ရေးတဲ့သူ၊ ဆိုတဲ့သူကိုတော့ ကျွန်တော်မသိပါဘူး။ သိခဲ့ရင်လည်း mail ပို့ပေးစေချင်ပါတယ်။ လေးစားလို့ သိချင်ရုံ သက်သက်ပါ။ ကျွန်တော့်စိတ်ကူးအရ သီချင်းကိုတော့ နာမည်ပေးထားပါတယ်။ ရေးတဲ့သူ မကြိုက်မှာ မို့လို့ မပြောတော့ပါဘူး :) သီချင်းပို့ပေးတဲ့ မီးငယ်ကို အထူးကျေးဇူးတင်ပါတယ်။ အမှတ်တရ သိမ်းထားချင်တယ်ဆိုရင် ဒီမှာ ရယူပါ။ Tags: myanmar mp3 , mp3 , politic song

Let's Test FireFox 3

Start: 2008-02-22 08:00 End: 2008-02-23 06:00 Timezone: Etc/GMT-8 Hi, Please join the Mozilla QA Community for a testday on Friday 22. February, 2008! As Preparation for Firefox 3 we will test major Areas of Firefox 3. On this testday we will test the Download Manager and the Visual Refresh (new Themes/Icons for Mac, Windows and Linux). We need your help testing the new Download Manager so please refer to the testcases in the Litmus suite. read more : quality.mozilla.org Firefox ချစ်သူများအတွက် သတင်းပေးလိုက်တာပါ :)

အိုစမာကြောက်တဲ့ ကြံ့ဖွတ်

အိုစမာဘင်လာဒင်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘူးသီးတောင်ဘက်တွင် ရောက်ရှိနေသော သတင်းတစ်ခုကို ချောင်ချိုချောင်ကြား မီဒီယာ တစ်ခုမှ လူသိရှင်ကြား ကြားသိခဲ့ရလေသည်။ ဖြစ်နိုင်ချေရှိသည်မှာ အိုစမာသည် အမေရိကန်တို့ လိုက်ရှာသည့်ဒဏ်မှ ကင်းဝေးအောင် ရှောင်တိမ်းရင်း မြန်မာပြည်ဘက်သို့ ရောက်ရှိလာဟန်တူသည်။ ထိုသတင်းကို ရသည်နှင့် မြန်မာပြည်မှ လူကြီးများလည်း အိုစမာကို သွားရောက်ရှာဖွေကြရာ နွားမွေးမြူရေးခြံတစ်ခုတွင် နွားနို့ညှစ်အလုပ်သမားအဖြစ် ဇာတ်မြှုပ်နေလေသော အိုစမာကို တွေ့ရှိရလေသည်။ အိုစမာနှင့် ပက်သက်ပြီး အမေရိကန်တို့ဂယက် မြန်မာပြည်သို့ရောက်ရှိလာမည် စိုးရိမ်သောကြောင့် ပြန်လည်ထွက်ခွာသွားပေးရန် ဘာမသိညာမသိ လူကြီးမင်းများ နှင့် ပါလေရာ မိရှောက်အဖွဲ့ဝင်များ သွားရောက်တောင်းဆိုကြလေသည်။ သို့သော် ကိုကြီးအိုစမာကတော့ ဂျစ်တီးဂျစ်ကန်လုပ်ပြီး မသွားဘဲနေနေလေသည်။ ဘဘဗိုလ်ချုပ်ကြီးမှ စပြီး ထွက်သွားပေးရန်ပြောဆိုခဲ့ရာ ၀န်ကြီးအဆင့် ရောက်သည်အထိ ဂျစ်တီးဂျစ်ကန် ဆက်ပြီးလုပ်နေသည်။ ထိုအချင်းအရာကိုမြင်ပြီး အားမလို အားမရဖြစ်နေသော ကျည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွတ်မွေးရေး ... အဲ ... ဖွံ့ဖြိုးရေး အဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်မှ ကိုကြီးအိုစမ

I don't wanna miss a thing

ကျွန်တော် English သီချင်းတွေ သိပ်ပြီး နားထောင်ခဲပါတယ်။ ဒါပေမဲ့ ဒီည ဒီသီချင်းလေးကို looping ပတ် နားထောင်ပြီး အိပ်ပျော်သွားခဲ့တယ်။ အိမ်မက်ထဲမှာလည်း ... ။

WEB SEO

ဒီ website လေးကတော့ Internet ရွာထဲမှာ အိမ်ပိုင်ထားသူ ... အဲ ... Blog ပိုင်ထားသူတွေအတွက် အသုံးဝင်မည့် site လေးတစ်ခုပါ။ Blog တွေပိုင်ဆိုင်ထားပြီး ကိုယ့်ဘလော့ကို လာကြည့်မည့်သူ မရှိရင် နည်းနည်းတော့ ပျင်းနေသလို ခံစားရလိမ့်မယ်။ အင်တာနက်ပေါ်မှာ ဘလော့ရေးတယ်ဆိုကတည်းက ကိုယ့်ရဲ့ အတွေ့အကြုံတွေ ပညာတွေ မျှဝေချင်တာရယ် အပေါင်းအသင်းတွေ များလာချင်တာရယ်၊ ကိုယ်နဲ့ဝါသနာတူတွေ၊ စိတ်တူကိုယ်တူတွေ တွေ့ချင်တာရယ်၊ စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးကြပါတယ်။ ဒါပေမဲ့ ကိုယ့်ဘလော့မှာ visitor မလာလို့ ကွန့်မန့်လေးတွေမရှိရင် (သို့) message လေးတွေချန်မထားခဲ့ဘူးဆိုရင် ဈေးဆိုင်ဖွင့်ပြီး ဈေးဝယ်မည့်သူမရှိသလို ဖြစ်နေပါလိမ့်မယ် ဘလော့ကို ရောက်လာကြသူများသည် များသောအားဖြင့် Google မှာ တစ်ခုခုကို ရှာဖွေကြရင်းတွေ့လို့ ရောက်လာကြတာက ပိုများပါတယ်။ တစ်ချို့ကလည်း Direct Traffic အနေနဲ့ရောက်လာကြတာလည်း ရှိပါတယ်။ အဲဒီတော့ Google , Yahoo , MSN စတဲ့ search engine ကြီးတွေရဲ့ search list ထဲမှာ ကိုယ့်ဘလော့နာမည် ပါဝင်နေအောင် ဘယ်လို Technique တွေနဲ့ လုပ်ဆောင်ရမယ်ဆိုတာကို ဒီဆိုဒ်လေးက လမ်းညွှန်မှုပေးသွားမှာ ဖြစ်တဲ့အပြင် အခြားအခြားသော အသုံးဝင

MyBlogLog launchs New Recent Reader Widget

MyBlogLog recent reader widget ကို မနေ့ကစပြီး launch လုပ်လိုက်ပါပြီ ။ Design တွေကို Web 2.0 interface တွေနဲ့ဖြည့်စွက်ထားပြီး စွဲဆောင်မှု ရှိလှပါတယ်။ reader view ကို one column (or) multicolumn ရွေးနိုင်ခြင်း Widget အရောင် 7 မျိုး ရွေးခြယ်နိုင်ခြင်း Flyout Orientation မှာ left, right ရွေးခြယ်နိုင်ခြင်း reader information ကို mouse over လုပ်ပြီး ကြည့်နိုင်ခြင်း စတဲ့ features တွေကို ဖြည့်စွက်ထားတဲ့ widget အသစ်လေးကတော့ user တွေကို သုံးချင်စဖွယ် ဖြစ်စေမှာ အသေအချာဖြစ်ပါကြောင်း ကြော်ငြာမောင်းထုလိုက်ပါတယ်။ Read More : MyBlogLog Blog

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ (သို့) ကလေးများနေ့

ဒီလို နေ့ထူးနေ့မြတ်မျိုးမှာ ကျွန်တော်တို့ မြန်မာ Blogger တွေဟာ အမှတ်တရ ပို့စ်တွေကို တင်၊ ဆုတောင်းသူက တောင်း၊ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ဝေသူက ဝေ စသည်ဖြင့် အမှတ်တရ တစ်ခုခုဖြစ်အောင် ရေးလေ့ရှိကြပါတယ်။ ကျွန်တော့အနေနဲ့တော့ ဗိုလ်ချုပ်သာကြားနိုင်မယ်ဆိုရင် ပြောပြချင်တဲ့ စကားလေးတွေ ရှိတယ်။ ဗိုလ်ချုပ်တို့ခေတ်တုန်းက ပြည်သူသည် အမိ၊ ပြည်သူသည်အဖ၊ တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာတာဖြစ်သည့်အတွက်၊ ပြည့်သူ့အကျိုးကို အစွမ်းကုန် သယ်ပိုးထမ်းဆောင်ရမည်။ ကိုယ်ရေးကိုယ်တာထက် တိုင်းပြည်ရေး၊ ပြည်သူ့အရေးကို အလေးပေးပြီး ဆောင်ရွက်ခဲ့ကြသည့်အတွက် တပ်မတော်သားဆိုလျှင် ပြည်သူများက ချစ်ခင်ကြင်နာခဲ့ကြတယ်နော်။ အခုခေတ်မှာတော့ တပ်မတော်သည် အမိ တပ်မတော်သည်အဖ၊ ပြည်သူများအား တပ်မတော်က ထမင်းကျွေးထားသည့်အတွက် ပြည်သူများသည် တပ်မတော်ကို ကြောက်ရွံ့ရိုသေရမည်ဖြစ်ပြီး၊ တပ်မတော်မှ ခိုင်းသမျှ၊ ဂုတ်သွေးစုပ်သမျှ၊ နှိပ်စက်သမျှကို အာဏာအောက်တွင် တမိတ်မသုန် နာခံဆောင်ရွက်ရမည်။ ဗိုလ်ချုပ်သင်ပေးခဲ့တဲ့ စစ်ပညာကတော့ ဒီခေတ်အရ ခွေးကို ကျားစွယ်တိုက်ခဲ့သလို ဖြစ်နေပြီ။ ဒါပေမဲ့ မည်သို့ပင်ဖြစ်စေ ခွေးဟာ ခွေးပါပဲ။ ကျားစွယ်လေး တိုက်ထားလို့ စမာန်တက်ပြီး ကျာ

ပန်းကောင်းတစ်ပွင့်

ပန်းကောင်းတစ်ပွင့် ဆိုတာ ပွင့်လွှာ၊ ပွင့်ဖတ်၊ ၀တ်ဆံလေးတွေရဲ့ ပေါင်းစည်းမှု အင်အားကြောင့် ဖြစ်တည် မွေးဖွားလာရတာပါ။ ထိုနည်းတူစွာ အောင်ပွဲတစ်ခု ရဖို့ဆိုတာလည်း မင်း၊ သူ၊ ငါ မခွဲခြားပဲ သွေးစည်းညီညွတ်ကြပါမှ လွတ်လပ်ခြင်း၊ တိုးတက်ခြင်းဆိုတဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ရင်ဝယ်ပိုက် ခံစားရမှာ ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်သော ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုရေးသားသည်။

မင်္ဂလာတံတား - မန္တလေး

ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက ရှိခဲ့တဲ့ မန္တလေးမြို့ ကျက်သရေဆောင် တစ်ခုအပါအ၀င်ဖြစ်တဲ့ မင်္ဂလာတံတားပါ။ တံတားအနီးနားတ၀ိုက် ရေပန်းလေးတွေကတော့ စိတ်ပေါက်တဲ့အချိန် ဒါမှမဟုတ် ဘဘတို့လာတဲ့အချိန်လောက်ပဲ ဖွင့်ကြတယ်။ မင်္ဂလာတံတားလို့ အမည်နာမ ခေါ်တွင်ပေမယ့် နန်းတွင်းထဲ ၀င်ဖို့အတွက် ဂိတ်ဝစောင့်တဲ့ ကိုယ်တော်တွေနဲ့ စကားပြောဆိုရတာကတော့ မင်္ဂလာမရှိဘူး။

နေ၀င်ရှူ့ခင်း မြစ်မင်းဧရာ

ဒီနေ့ မေမေကွယ်လွန်တာ ငါးလ ပြည့်တဲ့နေ့ပဲ။ မြန်မာပြည်ပြန်ရောက်တုန်းက မေမေ့အတွက် ရည်စူးပြီး ဖေဖေနဲ့တူ ပုဂံက ရွှေစည်းခုံမှာ ရွှေသင်္ကန်းသွားကပ်ခဲ့တယ်။ ပုဂံမှာ သုံးရက်လောက်ကြာခဲ့တယ်။ ဗူးဘုရားကို ရောက်တုန်းမှာ ဧရာဝတီရဲ့ နေ၀င်ချိန်ကို မှတ်တမ်းတင်ခဲ့တယ်။ ဒီနေ့ မေမေ့အတွက် အောင်တော်မူ ဘုရားမှာ ကုသိုလ်ကောင်းမှု ပြုလုပ်ပေးတဲ့ ပုံ့ နဲ့ ကိုကြံ့ ကို ကျေးဇူးအထူးတင်ပါတယ်။ လူသားတိုင်း ကောင်းမွန်မြင့်မြတ်သော နေ၀င်ချိန်ကို ပိုင်ဆိုင်ကြပါစေလို့ ဒီပို့စ်လေးနဲ့အတူ ဆုတောင်းလိုက်ပါတယ်။

Skin Smoothing in Photoshop CS2 or older

မိမိပြုလုပ်လိုသော ဓာတ်ပုံ(အလှပုံ)ကို open လုပ်ပါ။ ပုံဆိုဒ် ခပ်ကြီးကြီးများနှင့် ပြုလုပ်ပါက ပိုမို အဆင်ပြေပါလိမ့်မယ်။ 1. Zoom ကို 100% ထားပါ။ ဓာတ်ပုံ Layer ကို select ပေးပြီး duplicate (ctrl+J) နှစ်ခါလုပ်ပါ။ Layer Panel တွင် original layer အပါအ၀င် layer သုံးခုကို မြင်တွေ့ရပါလိမ့်မယ်။ 2. အပေါ်ဆုံး layer ကို select ပေးပါ။ Filter menu > other > High Pass ကို ရွေးပါ။ Radius ကို 3 သတ်မှတ်ပါ။ Top Layer ရဲ့ blending mode ကို Hard Light ရွေးပေးပါ။ (High Pass နှင့် Hard Light အသုံးပြုရခြင်းမှာ ပုံထဲမှ color များကို ပိုမိုထင်ရှားလာစေရန်ဖြစ်ပါတယ်။ ဥပမာ ... ဆံပင်များ၊ မျက်တောင်မွှေးများ) 3. အလယ် Layer (ဒုတိယ layer) ကိုရွေးပါ။ Filter > Blur > Surface Blur ရွေးပါ။ Radius > 10 နှင့် Treshold > 25 သတ်မှတ်ပါ။ ထို့နောက် opacity ကို 80 to 90 အတွင်း သတ်မှတ်ပါ။ မှတ်ချက်။ ။Radius တန်ဖိုးများသည် မိမိပြုပြင်သည့် ပုံအနေအထားပေါ်မူတည်ပြီး အပြောင်းအလဲလုပ်ကာ ကစားပေးနိုင်ပါသည်။ ကျန်းမာပျော်ရွှင်ပါစေ :) Credit : FreeOnline Classes

ပုံမပြောနဲ့

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက "မကြာမီ ပြီးစီးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုခြင်းကို ၂၀၀၈ ခုနှစ် မေလတွင် ကျင်းပမည့်အကြောင်းနှင့် ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပပေးမည်" ဖြစ်ကြောင်း မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက် နှစ်ခုကို ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ [ News Via : DVB ] ဒီသတင်းလေးကို ဖတ်နေတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ သီချင်းလေးတစ်ပုဒ်ကို နားထောင်နေမိတယ်။ စာသားလေးတွေကိုပါ မျှဝေလိုက်ပါတယ်။ သီချင်းနာမည်က " ပုံမပြောနဲ့ " တဲ့ ;) ဒီကို ပြန်လာတာ ဘာကြောင့်လဲဟာ ငါ မျက်ရည်ကျအောင် လုပ်ခဲ့ပြီး ပြန်ဆုံတာ တကယ်ကို မထူးတော့ပါ နင် မြင်နိုင်တယ် ငါ သိပ်စိမ်းတယ် (ပုံပြင် အသစ်တွေ ထပ်မပြောပါနဲ့) ဒီနေ့ ငါ နင့်ကို မလွမ်းတော့ဘူး ဘယ်လို ထင်ထင် ငါ တကယ် ဂရုမစိုက်ဘူး နင် ကိုယ်တိုင် ပြန်တွေးကြည့်ပေးပါကွာ အရူးအမူး ချစ်တဲ့ အသည်းလေး မင်းခွဲသွား အနာတောင် မကျက်သေးပါ ပုံပြင်အသစ်တွေ ထပ်မပြောပါနဲ့ ( နင် ပုံပြင်တွေကို

Photo to Color Sketch Converter

Original color photo မှ color sketch သို့မဟုတ် pencil sketch ပြောင်းတဲ့နေရာမှာ အလွယ်တကူ အသုံးပြုနိုင်သော software ဖြစ်ပါတယ်။ Graphic နှင့် အလှမ်းဝေးကွာသော Novice User တွေအတွက် ပိုပြီးသင့်တော်ပါလိမ့်မယ်။ Graphic Design လည်း သိစရာမလိုဘူး၊ Photoshop လည်း သိစရာမလိုပဲ ရိုးရှင်းလွယ်ကူစွာပြုလုပ်နိုင်ပါတယ်။ Download : Photo to color sketch converter see also : Pencil Sketch effect in photoshop

ကိုယ့်အနား ရှိစေချင်

အတူသွား အတူစားကာ ပျော်ပါးခဲ့ဖူးတာ ပြန်တွေးလိုက်တိုင်း မင်းနားနား ရောက်လာ သူစိမ်းတွေ ကြားမှာ လှုပ်ရှားရင်းနဲ့သာ တို့ နှစ်ဦးရည်မှန်းတာ ကိုယ် မျှော်လင့်ဆဲပါ ရေမြေခြား သွားရတော့ မင်းလေးကို ထားခဲ့ရပြီပေါ့ မျက်ကွယ်ရာမှာ ကိုယ် စိတ်ချပါရစေ ဒါပေမယ့် ကိုယ်အတွက်တော့ ယုံကြည်ပြီး စောင့်နေပါနော် လွမ်းရက်တွေကို တဖြည်းဖြည်း ဖြတ်ကျော်မှာ ကိုယ် ... ဟိုးအဝေးမှာ နေတဲ့အခါ မျက်ဝန်းတွေထဲ မင်းပဲမြင် ပြန်ဆုံနိုင်မယ့် နေ့ရက်လေးတွေ မရောက်သေးခင် ဤ မှန်ကန်သော ကိုယ်ရဲ့ သစ္စာတွေကြောင့် ဆုတောင်းပြည့်ခဲ့ရင် အချစ်ဆုံးသာ ကိုယ့်အနား ရှိစေချင် ၁၀ စက္ကန့် (Volume - 1) ထဲက Rဇာနည် ဆိုထားတဲ့ သီချင်းလေးပါ။ သီချင်းစာသားတွေ ရေလည် လန်းတယ်နော်။ သီချင်းနားထောင်ပြီး စိတ်ထဲမှာရော ရင်ထဲမှာရော မျိုးစုံ ကြိုးခုန်နေတယ်။ လွမ်းလွန်းလို့ :P Download : Ko.ANarShiSayChin Lyric Via : PhoeWa

Three new features in Live Search Images

Google Image Search မှာ မျက်နှာတွေပဲ သီးသန့်ရှာနိုင်တဲ့အကြောင်းကို အရင်ပို့စ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ ကျန်တဲ့ features တွေဖြစ်တဲ့ Size (small, medium, large စသည်ဖြင့် သတ်မှတ်ပြီးရှာခြင်း) File Type (jpeg, gif, png စသည်ဖြင့် သတ်မှတ်ပြီးရှာခြင်း) Coloration (Black and White, Grayscale, FullColor စသည်ဖြင့် သတ်မှတ်ပြီးရှာခြင်း) Domain (ဆိုဒ်တစ်ခုအတွင်းမှ ပုံများကို သီသန့်ရှာခြင်း) စတဲ့ လုပ်ဆောင်ချက်တွေကို Advanced Image Search မှာ လုပ်ဆောင်နိုင်ပါတယ်။ Google နှင့် အလားတူစွာ Window Live search မှာလည်း လုပ်ဆောင်နိုင်တဲ့ Features လေးတွေ ရှိပါသေးတယ်။ face filtering (မျက်နှာတွေပဲ သီးသန့်ရှာခြင်း) အထက်ပါ စာသားအတိုင်း ရှာဖွေလိုက်ပါက "ခွေးကျွေးလို့ ၀က်မစား ခွေးလန့်ပြီး သုံးရက်ဖျား" ရတဲ့ သောက်ခွက်တော်ကြီးကို မိတ်ဆွေ တွေ့မြင်ရမှာဖြစ်ပါတယ်။ filter:portrait (ဒေါင်လိုက် ပုံများကို ရှာဖွေခြင်း) အထက်ပါ စာသားအတိုင်း ရှာဖွေပါက ဂရုဏာရှင် မင်းသမီး ဒိုင်ယာနာရဲ့ ဒေါင်လိုက်ပုံ တော်တော်များများကို တွေ့မြင်ရမှာဖြစ်ပါတယ်။ filter:bw (Black and White ပုံများကို ရှာဖွေခြင်း) အထက်ပါ စာသားအတိုင်း ရှာေ

Google Face Search

လူသုံးအများဆုံး Search Engine ကြီးတစ်ခုဖြစ်တဲ့ Goolge မှာ ပုံတွေရှာဖွေနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ နောက်တစ်နည်းအနေနဲ့ ပုံတွေထဲကမှ မျက်နှာတွေကိုပဲ သီးသန့်ရှာဖွေပေးနိုင်ပါသေးတယ်။ Google ရဲ့ စွမ်းဆောင်ချက်ကတော့ ကမ်းကုန်လွန်းလှပါတယ်။ စမ်းပြီး လုပ်ကြည့်ရအောင်။ ပထမဆုံးအနေနဲ့ Google image searh ကိုဖွင့်လိုက်ပါ။ Text Box ထဲမှာ Microsoft ဆိုတဲ့စာသားလေးကို ရိုက်ပါ။ ပြီးရင် search လုပ်ခိုင်းလိုက်ပါ။ အဲဒီအခါမှာ microsoft နဲ့ ပက်သက်တဲ့ image တွေကိုလာပြလိမ့်မယ်။ လာပြတဲ့ result ထဲမှာ လူပုံတွေ၊ logo တွေ၊ ကြော်ငြာတွေလည်း ပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့က face ကိုပဲ သီးသန့်ကြည့်ချင်တာဆိုတော့ address bar က address ရဲ့နောက်ဆုံးမှာ &imgtype=face ဆိုတာလေးကို ထည့်ပေးလိုက်ပါ။ ပြီးရင် enter ခေါက်ပြီး ထပ်ရှာတဲ့အခါမှာ မျက်နှာတွေချည်း သီးသန့်ပါတဲ့ result တွေကို တွေ့ရပါလိမ့်မယ်။ ကျန်းမာပျော်ရွှင်ပါစေ :)

How to fold a T-shirt in Japan

တီရှပ်တစ်ထည်ခေါက်တာ အဲလောက်လွယ်မယ်လို့တောင် မထင်ဘူး။ ဒီနည်းအရဆိုရင် ခေါက်ပြီး ခေါင်းအုံးအောက်ထားအိပ်၊ မနက်ကျ အသင့်ဝတ်လို့ရပြီ။ ကောင်းကွာ ... တယ်လဲတတ်နိုင်တဲ့ ဂျပန်တွေ။ လေးစားပါတယ် မာစတာကြီး။ ဒါပေမဲ့ မင်းတို့ကို လက်စားချေဖို့ နောက်နှစ်မှာ ငါ့ဆရာတစ်ယောက် ဂျပန်ကို လာလိမ့်မယ်။ ဂျပန်ကင်ပေတိုင်နဲ့ ပက်သက်တဲ့အမျိုးတွေ သတိသာ ထားနေကြတော့ :P ဟတ်ဟတ် With Explanatioins ဒါတော့ step by step ရှင်းပြထားတာပါ။ ကျန်းမာပျော်ရွှင်ပါစေ :)

ထီ ပိစိကွေးလေး ပေါက်ခြင်း :P

ထီပေါက်တယ်ဆိုလို့ millionaire၊ billionaire ဖြစ်ပြီလို့ မထင်လိုက်နဲ့ဦး :P အဲဒါကြောင့် ပို့စ်ခေါင်းစဉ်မှာ ပိစိကွေးလေးဆိုတာ ထည့်ထားတာ။ ပေါက်တဲ့ amount ကိုလည်း ကြည့်လိုက်ဦး။ ₤10 :P ဟဟ သူဌေးကြီးကိုဖြစ်လို့။ ဘာလို့ အဲလောက်ပဲ ပေါက်လဲဆိုတော့ England ထီမှာ အားလုံး ဂဏန်းခြောက်လုံးရှိတယ်ဗျ။ ကျွန်တော်က သုံးလုံးပဲတူတာ။ အဲတော့ အဲလောက် amount ပဲရတာပေါ့ဗျာ။ ခြောက်လုံးစလုံးများ တူလို့ကတော့ ဘာပြောကောင်းမလဲ။ Tower Bridge ပေါ်တက်ပြီး က နေလောက်ပြီ :P အဲဒါထက် မိုက်တာက Euro Million ။ ပေါင် ၁၀ သန်းဝန်းကျင်လောက်ကနေ စတယ်။ England ထီ (lotto) ကတော့ ၂သန်းလောက်ကနေ စတာ။ Lotto က တစ်ပတ်ကို Wed နဲ့ Sat နှစ်ရက်ဖွင့်ပြီး လက်မှတ်က ၁ ပေါင်ပဲပေးရတယ်။ Euro Million ကတော့ Fri တစ်ရက်ပဲဖွင့်ပြီး သူထက် ပြား ၅၀ ပိုများတယ်။ ၁ပေါင်ခွဲ ပေးရတယ်။ ဒီမှာသုံးတဲ့စနစ်က ဒီတစ်ပတ် ပေါက်တဲ့သူမရှိရင် နောက်တစ်ပတ်ကျတော့ ဆုကြေးက ပိုပြီးတက်သွားတယ်။ အဲလိုအချိန်မှာ ပေါက်တဲ့သူကတော့ ပိုတန်တယ်။ ကျွန်တော်ထီထိုးရင် Lucky Dips ပဲထိုးတာများတယ်။ ဂဏန်းခြောက်လုံးကို ကိုယ်တိုင်မရွေးတော့ပဲ စက်ကိုပဲ ရွေးခိုင်းလိုက်တယ်။ ပေါက်ချင်တဲ့ကံ ပါရင် ပေါက်ကိုပေါက်လိမ့်မယ်။

FreeRice (သို့) ကုသိုလ် နှင့် ပညာ

Vocabulary Game တစ်ခုကို ကစားရင်း ပညာ နှင့် ကုသိုလ် နှစ်ခုလုံးကို တပြိုင်နက် ရချင်တယ်ဆိုရင် freerice.com ကို သွားလိုက်ပါ။ Non profit website တစ်ခုဖြစ်ပြီး ကြော်ငြာလုပ်ငန်းရှင်များမှ ရရှိလာတဲ့ ပိုက်ဆံကို ဆာလောင်ငတ်မွတ်နေသူတွေ အတွက် ပြန်ပြီးလှူဒါန်းတာဖြစ်ပါတယ်။ Game ကစားတဲ့အခါမှာ တစ်ခါမှန်ရင် ဆန်စေ့ ၂၀ စေ့ လှူဒါန်းပြီးသားဖြစ်ပါတယ်။ နောက်ထပ်အဖြေတစ်ခု ထပ်မှန်ရင် ၄၀ စေ့ လှူဒါန်းပြီးသား ဖြစ်သွားပါမယ်။ ဒါ့ကြောင့် မိမိရဲ့ ဥာဏ်ရည်ကို သွေးပြီးသားဖြစ်သလို ကုသိုလ်ကောင်းမှုကိုလည်း တပြိုင်နက် လုပ်ပြီးသားဖြစ်သွားပါတယ်။ ပြည့်ပြည့်စုံစုံ သိချင်ရင်တော့ ဒီနေရာမှာ ထပ်ပြီးလေ့လာနိုင်ပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ :)

ဖိုးချမ်း မင်း သိပြီးပြီလား ?

လူ ဆိုတာ ပတ်ဝန်းကျင်နဲ့နေတာကွ။ ပတ်ဝန်းကျင်ကြောင့် လူတွေ ဒုက်ခရောက်သလို။ ပတ်ဝန်းကျင်ကြောင့် လူတွေ တိုးတက်ပြောင်းလဲသွားတာလဲ ရှိတယ်။ ပတ်ဝန်းကျင်နဲ့ ကင်းအောင် နေပြန်ရင်လည်း သောက်ရူးလို့ အပြောခံရတတ်တယ်။ ဘယ်အရာမဆို လိုက်လျောညီထွေ (ရေလိုက် ငါးလိုက်) နေနိုင်ရင် အကောင်းဆုံးပဲ။ လူတွေဟာ ပတ်ဝန်းကျင်ရဲ့ တွန်းအားပေးမှု၊ ကဲ့ရဲ့မှု၊ ရှုံ့ချမှု၊ အပြစ်တင် ဝေဖန်မှုတွေကို မခံနိုင်ကြဘူး။ ကိုယ်ကောင်းနေရင်တော့ ခေါင်းဘယ်မှ မရွေ့ပါဘူးကွာ။ အဲဒီကြားကမှ ဆက်ပြောနေရင်လည်း "ခွေးဟောင်လို့ထကြည့်နေရင် အိပ်ရေးပျက်တယ်" ဆိုတာလေးကို သတိရလိုက်ကွာ။ ဘယ်နေရာမှ မဆို ကန့်သတ်ချက် (limitation) တွေရှိတယ်နော်။ အသက် ဆိုတာလည်း ကန့်သတ်ချက်ရှိတယ်။ တစ်နေ့ သေကိုသေရမှာပဲ။ မသေအောင်လုပ်ထားလို့လည်း မရဘူး။ မတည်မြဲတဲ့သဘောတွေကို မင်း နားလည်ထားဖို့လိုတယ်နော်။ အားကိုးရှိတိုင်း မိုက်နေလို့မရဘူး။ အားကိုးမရှိတော့ရင် မင်း ... ခွေး ဖြစ်သွားလိမ့်မယ်။ အဲလိုမဖြစ်အောင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားရမယ်။ ကိုယ့်ပိုင်ရပ်တည်မှုနဲ့ လူပုံအလယ်မှာ ခေါင်းထောင်ပြီးနေနိုင်အောင် လုပ်စမ်းပါ။ ပတ်ဝန်းကျင် (သူများ) အပြောအဆို မခံချင်စမ်းပါနဲ့။

မြို့စားကြီး ကိုနေဘုန်းလတ်သို့ ...

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ်။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။ ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ

How to find free software downloads

အင်တာနက်ထဲကနေ software တွေလိုက်ရှာတဲ့အခါမှာ လွယ်တဲ့ နည်းကို ကျွန်တော်မေ့နေတယ်။ ဟို forum ၀င်ရှာ ဟို torrent သုံးလိုက်နဲ့ နောက်ပြီး virus ကိုက်ခံရတာပဲ အဖတ်တင်တယ်။ အဲလို လိုက်ရှာရတာကလည်း တော်တော်အချိန်ကုန်တယ်။ ဒီ video ကြည့်မှပဲ ကောင်းကောင်း နားလည်သွားတော့တယ်။ အဓိကကတော့ဗျာ download.com အကြောင်းကိုပြောထားတာပါပဲ။ နောက်ပိုင်း freeware နဲ့ shareware အကြောင်း နည်းနည်းပါမယ်။ ကျွန်တော်ကတော့ download.com က editor တွေကို တော်တော်ကျေးဇူးတင်သွားပြီ။ ကျန်းမာပျော်ရွှင်ပါစေ :)

What Tree Did You Fall From? :P

မွေးတဲ့ ရက် အလိုက် ရာသီတွေ သတ်မှတ်ထားသလို သစ်ပင်တွေလည်း သတ်မှတ်ထားတာရှိတယ်။ ကိုယ် မွေးတုန်းက ဘယ်အပင်ပေါ်က ပြုတ်ကျခဲ့တယ်ဆိုတာ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ကြီးလာတဲ့အခါ အဲဒီသစ်ပင်တွေ့ရင်လည်း ပြန်တက်ကြည့်ပေါ့ :P WALNUT TREE (the Passion) - unrelenting, strange and full of contrasts, often egotistic, aggressive, noble, broad horizon, unexpected reactions, spontaneous, unlimited ambition, no flexibility, difficult and uncommon partner, not always liked but often admired, ingenious strategist, very jealous and passionate, no compromise. ကျွန်တော် ပြုတ်ကျခဲ့တဲ့ သစ်ပင်ကတော့ Walnut Tree (သစ်ကြားပင်) ဖြစ်ပါတယ်။ တိုက်ဆိုင်မှု ရှိခဲ့ရင် ပြောခဲ့ဦးနော်။ ကျန်းမာပျော်ရွှင်ပါစေ :) via : http://www.wowzone.com/whattree.htm

Moving to the west

မနေ့က လုံဒုံအရှေ့ပိုင်းမှ အနောက်ပိုင်းသို့ အခန်းပြောင်းခဲ့တယ်။ အခုပြောင်းတဲ့ နေရာကတော့ အဆင်ပြေတယ်။ ဘယ်လောက်ထိ အဆင်ပြေလဲဆိုရင် စရောက်တဲ့နေ့မှာပဲ Heater ပျက်နေတယ် :P ဒါပေမဲ့ အိမ်မှာရှိတဲ့ အစ်ကိုကြီး အစ်မကြီးတွေကတော့ သဘောကောင်းကြပါတယ်။ တော်တော်များများက ကျွန်တော့်အစ်မနဲ့ သိပြီးသားတွေ။ အခန်းဖော် အစ်ကိုကြီးတစ်ယောက်နဲ့ နေရတယ်။ အခန်းခကလည်း သက်သာတယ်။ တစ်ခုရှိတာက အရင်နေခဲ့တဲ့နေရာလောက် Travel မလွယ်ဘူး။ Bus ကိုပဲ အားကိုးရတော့မှာ။ အရင်နေရာဟောင်းကတော့ Tube Station နဲ့နီးတယ်။ Travel အတွက်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အလုပ်နဲ့ကျတော့ အရှေ့နဲ့အနောက် ဖြစ်နေပြန်ရော။ နေရာသစ်က လုံဒုံအနောက်ပိုင်းဆိုတော့ အလုပ်နဲ့ ပိုနီးသွားတယ်။ ဒါပေမဲ့ နေရာတိုင်းကြည့်လိုက်ရင် မဲမဲ မဲမဲတွေချည်းပဲ။ ညပိုင်း အပြင်ထွက်ရင် ပိုပြီးသိသာတယ်။ လမိုက်ညမှာ ကပ္ပလီတွေ မီးသွေးရောင်းနေကြသလိုပေါ့ :P အင်တာနက် နဲ့ ကွန်ပျူတာ ကိစ္စကတော့ အဆင်ပြေသွားပြီ။ ဒီနေ့ပဲ Laptop တစ်လုံးဝယ်လိုက်တယ် (ကြော်ငြာဝင်တာ :P) Buy now, Pay Later ဆိုတော့ လည်း ၀ယ်တာပေါ့။ အဲလို Promotion တွေကို သဘောကျတယ်။ များများသာလုပ်။ အခုလောလောဆယ်(ဒီည)တော့ အစ်မရဲ့အခန်းကိုပဲ ပြန်ရောက်နေတယ်။

YouTube Download and Convert

YouTube Download&Convert allows users to download any video from youtube and convert it into avi, mp4, mov, wmv, mpeg, flv, 3gp and mp3. Hope you'll enjoy it if you are a music lover :) see also : Online FLV Converter , How to download and play YouTube video

Hacking Google Map and Google Earth

Google Map နှင့် Google Earth ကို စိတ်ဝင်စားသူတွေအတွက် ebook လေးတစ်အုပ်ပါ။ Download : Hacking Google Map and Earth (6.7 MB)