Skip to main content

Posts

Showing posts from March, 2008

What is Baseline Shift in Photoshop?

The baseline is the imaginary line on which most letters in a front rest. (Some letters extend well below the basline, such as g, j, p, q, and y; others extend slightly below the baseline, such as e and o) shifting a letter above the baseline creates superscript and below the baseline creates subscript. Baseline shift ဆိုတာကတော့ superscript, subscript လုပ်တဲ့ ပုံစံပါပဲ။ ဒါပေမဲ့ အကွာဝေးကို ကိုယ်တိုင် စိတ်ကြိုက်သတ်မှတ်နိုင်တာလေးတစ်ခု ပိုလာပါတယ်။ စာသားနှစ်ကြောင်းကို အပေါ်အောက်ကပ်ပြီး shiny floor ပုံစံလုပ်တဲ့အခါမှာ base line ပေါ်မှာရှိတဲ့စာသားတွေပဲ ဆိုရင် ပြဿနာ သိပ်မရှိပေမဲ့ base line ကိုကျော်လွန်တဲ့စာလုံးတွေ (q,y, etc) ပါလာပြီဆိုရင် character တွေရဲ့ Baseline Shift မှာ သွားပြင်ပေးဖို့လိုပါတယ်။ နံပါတ် ၁ ပုံမှာဆိုရင် ကျန်တဲ့စာလုံးတွေအားလုံး အဆင်ပြေပြီး y ဆိုတဲ့စာလုံးက ဒုက္ခပေးနေတာ တွေ့ရပါလိမ့်မယ်။ နံပါတ် ၂ မှာကျတော့ y အတွက် အဆင်ပြေသွားပေမဲ့လည်း ကျန်တဲ့စာလုံးတွေက အရမ်းကွာဟနေပြီး ပုံစံသိပ်မလှတော့ပဲဖြစ်သွားပါတယ်။ နံပါတ် ၃ ကတော့ အဆင်ပြေဆုံးပါ။ ဘာလို့လည်းဆိုတော့ y ဆိုတဲ့ စာလုံးကို select ပေးပြီး Bas

Moving the clocks forward one hour in The UK

BST (British Summer Time) ရောက်လာပြီ ဖြစ်တဲ့အတွက် ဒီနေ့မနက် 1:00 am sunday march မှာ နာရီအားလုံး တစ်နာရီရှေ့ကို တိုးသွားပါပြီ။ မြန်မာပြည်နဲ့ လန်ဒန် အချိန်ကွာခြားမှုဟာ ၅ နာရီခွဲ ဖြစ်သွားပါတယ်။ British Summer Time (GMT+1) Yangon Time (GMT+6:30) နာရီရွှေ့ပြောင်းမှုအကြောင်း ပိုပြီး ပြည့်ပြည့်စုံစုံ သိချင်တယ်ဆိုရင် ဒီနေရာမှာ ဖတ်ရှူ့နိုင်ပါတယ်။

The Shinny Floor Effect

Tutorial တွင် ပြုလုပ်လိုသော ပုံစံမှာ အောက်ပါ ပုံစံအတိုင်းဖြစ်သည်။ ပါဝင်သည့် object များမှာ background gradient layer နှင့် 2 text layers တို့ဖြစ်ပါတယ်။ စာသားအောက်ခြေက ရောင်ပြေးပုံစံကိုတော့ Layer Mask ကို အသုံးပြုပြီး ပြုလုပ်မှာဖြစ်ပါတယ်။ 1. Background ကို မိမိနှစ်သက်ရာ Gradient ထည့်သွင်းပါ။ ထို့နောက် မိမိပြုလုပ်လိုသော စာသားကို ရိုက်ပါ။ 2. ရရှိလာသော စာသား Layer ကို Duplicate (Layer Menu > Duplicate) or (Ctrl+J) လုပ်ပါ။ 3. အသစ်ရရှိလာသော စာသား Layer ကို အပေါ်အောက် ပြောင်းပြန်လှန်ရန်အတွက် Free Transform (Ctrl+T) or (Edit>Free Transform)ကိုရွေးပါ။ ထိုနောက် စာသားတွင် selection box ပေါ်လာပါက Right Click နှိပ်ပြီး Flip Vertical ကိုရွေးပါ။ ၄။ Flip Vertical လုပ်ဆောင်ပြီးသည့်နောက်တွင် စာသားနှစ်ခုကို အောက်ပါအနေအထားအတိုင်းရရှိအောင် ပြုလုပ်ပါ။ ၅။ ဇောက်ထိုးဖြစ်နေသော စာသား Layer ကို Layer Mask ထည့်သွင်းရန်အတွက် စာသား layer ကို layer box တွင် select ပေးပြီး Add Layer Mask Button ကို နှိပ်ပါ။ ထို့နောက်တွင် စာသား layer ၏ ဘေးတွင် Layer Box Thumbnail box လေးကို တွေ့မြင်ရပါလိမ့်မည်။ ၆။ Gradient Tool ကို

New Logo for Design Contest

Logo Design for Web Logo Design for Print Design Contest အတွက် New Logo တစ်ခုကို ထပ်ဆွဲဖြစ်ပါတယ်။ ဒီတစ်ခါ Design ကလည်း Simple & Attractive ပုံစံမျိုးရအောင် ကြိုးစားထားပါတယ်။ အားပေးကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။

Logo Design Contest

If you like my design, please vote my design here Photoshop tutorial လေးတွေရှာရင်း Logo Design Contest တစ်ခုကို PhotoshopCandy ဆိုတဲ့ site မှာသွားတွေ့လို့ Design ဆွဲပြီး ၀င်ပြိုင်ထားပါတယ်။ ရိုးရိုးရှင်းရှင်း Design လေးပါပဲ။ မနေ့က submit လုပ်လိုက်တယ်။ အခု အဲဒီ site ရဲ့ Contest page ပေါ်မှာရောက်နေပါပြီ။ ပြိုင်ပွဲက 13 April မှာ ပိတ်မှာဖြစ်တဲ့အတွက် Design ၀ါသနာပါသူ မိတ်ဆွေများ ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန်လည်း ကြော်ငြာမောင်း ထုလိုက်ရပါတယ်။

သင်္ကြန်တမ်းချင်း

ကိုဘလာဂေါက် က ဒီနေ့ သင်္ကြန်ဘလော့မှာ ပို့စ်တင်ဖို့အတွက် invite လုပ်ထားတယ်။ အဲဒါနဲ့ပဲ ကဗျာလေးတစ်ပုဒ်ကို မရေးတတ် ရေးတတ်နဲ့ ရေးဖြစ်သွားတယ်။ သင်္ကြန်ဘလော့မှာရော ကျွန်တော့ဘလော့မှာရော နှစ်ခုလုံး တင်လိုက်ပါတယ်။ သီးခံပြီး အားပေးကြပါဦး :) တူးပို့ တူးပို့ အသံတွေ စပြီးကြားနေရပြီ သူ ရောက်လာတော့မယ် ရော်ရွက်ဝါတွေ မြေလူး လေရူးတွေ ထနေကြပြီ အတာကူးမည့် တန်ခူးလမှာ အညှာဖူးမည့် ပန်းတွေကလည်း ဝေေ၀ဆာ ကျုံးကြီး နှင့် ရွှေမန်းတောင် တောင်သမန် နှင့် ဧရာဝတီ လူတွေမြူးဖို့ ကြိုနေပြီ ဥသြတွေတွန်လို့ တပ်လှန့်နေ သင်္ကြန်သီချင်းတွေနဲ့ လူတွေမြူးပေါ့လေ သြော် ... အချိန်တန် ဂိန်မှာန်မှာ အချိန်မတန် အိမ်မပြန်နိုင်တဲ့ လူအဖို့မှာတော့ ဆွေးလို့သာရူး။ CMSMDY

စည်းလုံးညီညာ အောင်ကြောင်းဖြာ

အခုပို့စ်မှာပါတဲ့ video လေးကို အရင်တစ်ခေါက်ကလည်း ကြည့်ဖူးပါတယ်။ ဒီတစ်ခါ ပြန်ကြည့်တာနဲ့ဆို ဒုတိယ အကြိမ်ပေါ့။ Video လေးကိုကြည့်ပြီး မိခင်မေတ္တာကို ဖော်ကြူးရေးသားခဲ့တဲ့ ဘလော်ဂါတစ်ယောက်လည်း ရှိခဲ့ပါတယ်။ ဒီ Video လေးကို mashable ဆိုဒ်မှာ ပို့စ်တစ်ခုဖတ်ရင်း ပြန်ကြည့်မိခဲ့တာပါ။ ပို့စ်ရဲ့ ခေါင်းစဉ်ကတော့ You Tube Video Award ဖြစ်ပါတယ်။ Video award ရခဲ့တဲ့ video တွေများစွာပါဝင်ပေမယ့်လည်း ကျွန်တော့်အတွက်တော့ အခု ဖော်ပြမည့် Video လေးကို အကြိုက်ဆုံးပါပဲ။ အရင်ဆုံး ရှူ့စားလိုက်ပါဦး။ Video ထဲမှာ ကြီးနိုင်ငယ်ညှင်းကို မခံမရပ်နိုင်ဖြစ်တာရယ် မိခင်စိတ်ကြောင့်ရယ် ပေါင်းပြီး ခြင်္သေ့တွေကို ပြန်ပြီးတိုက်ထုတ်လိုက်နိုင်တဲ့ ကျွဲတွေရဲ့သတ္တိကို အံ့မခန်းတွေ့ရပါတယ်။ ဘယ်နေရာမှာမဆို သီးခံနိုင်တဲ့ အတိုင်းအတာ ကျော်လွန်လာရင် ခေါင်းငုံခံမနေပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တိုက်ဖျက်ခြေမှုန်းနိုင်ရင် အောင်မြင်မှုမုချရမယ်ဆိုတဲ့ အသိတရားလေး တစ်ခု ကြည့်မိသူရဲ့ ရင်ထိန်းမှာ ကိန်းအောင်းလာမှာ အမှန်ပါပဲ။ အဲဒီလိုပဲ ကျွန်တော်တို့နိုင်ငံမှာလည်း ခြင်္သေ့အယောင်ဆောင်ပြီး ခြင်္သေ့ပုံပါတဲ့ တံဆိပ်တွေတပ်၊ ဘုရားမသိ၊ တရားမသိ၊ သံဃာမသိ၊ ဘာအသိတရားမ

အိုဘယ့် ... အနော်ရထာ နှင့် အော့ကျောလန် ကိုကိုများ

ပုဂံမျှော်စင်ကိုရောက်တုန်း ရိုက်ခဲ့တဲ့ ဓာတ်ပုံပါ။ ဆင်ပေါ်ရှိတဲ့ လူနှစ်ယောက်မှာ တစ်ယောက်ကိုပဲ ကောင်းကောင်းသိတယ်။ မိန်းကလေးကတော့ ဘယ်မိဘုရားမှန်း မပြောတတ်ဘူး။ ကျွန်တော်တို့ တစ်ချို့သော မြန်မာဘုရင်တွေက မိဘုရားတွေ များကြတယ်လေ။ ဥပမာ မင်းတုန်းမင်းကြီးပေါ့ :P အနော်ရထာမင်းကြီးသာ အသက်ရှိမယ်ဆိုရင် ဒါမှမဟုတ် မြင်နိုင်ကြားနိုင်မယ်ဆိုရင် သူ ၀မ်းသာနေမည့် အကြောင်းအရာ တစ်ခုရှိပါတယ်။ ဘာလို့လည်းဆိုတော့ နှစ်စဉ် မတ်လ ၂၇ ရက်နေ့ရောက်တိုင်း မိန့်ခွန်းတွေပြောရင် သူ့အကြောင်းကို ထည့်ထည့်ပြောပြီး သူတို့အုပ်ချုပ်ခဲ့တဲ့ ပဒေသရာဇ်စနစ်ကို အားကျပုံသွင်းချင်နေတဲ့ ရေဥာဏ်တော် စူးရောက်တဲ့ လူတွေကြောင့်ပါပဲ။ မိန့်ခွန်းတွေမှာ နှစ်ပေါင်းတထောင်ကျော်က အနော်ရထာ ဘုရင်တင် မဟုတ်ပါဘူး၊ လွန်ခဲ့သည့် နှစ်ပေါင်း လေးရာကျော်က ဘုရင့်နောင် ကိုလည်းကောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာကျော်က အလောင်းဘုရား ဦးအောင်ဇေယျကိုလည်းကောင်း တသသ ဖော်ညွှန်းပြောဆိုသွားပါတယ်။ သို့သော်လည်း လွန်ခဲ့သည့် ၅၉ နှစ်ကမှ ကျဆုံးကွယ်လွန်သွားသော လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုမူ လုံးဝထည့်ပြော သွားခြင်းမရှိပါဘူး။ လုပ်ကွက်တွေ၊ လုပ်ရပ်တွေကတော့ အော့ကျောလန်ချင်စရာတြွေ

9 Web Design No Nos for the Newbie by Mathrew Griffin

Mathrew Griffin ရေးထားတဲ့ Tips လေးတွေ ကြိုက်လွန်းလို့ Bookmark လုပ်ထားတဲ့အပြင် Blog ပေါ်မှာပါ ထပ်မှတ်ပြီး မျှဝေလိုက်ပါတယ်။ 1. Using free scripts without learning how they work A simple JavaScript from hotscripts.com can really spice up a web site and boost your image. But when a client requests a simple change, your ignorance will shine brighter than ever if you don't know how it works. You don't need to be a PHP or JavaScript master but you should know your way around a chunk of code. At the very least, have a contractor on call to get you out of a pickle if necessary. 2. Using a WYSIWYG editor to change font size and color If you're coming from word-processing or print design, it feels natural to highlight text and use your Dreamweaver controls to change fonts—don't do it. When you decide you don't like the color of your text anymore, you will have hundreds of changes to make. Learn CSS basics and hundreds of changes will turn into one simple change. 3. Changing t

Google Code University

2007 June လတုန်းက Computer Science Resources for Academics ဆိုပြီး ကွန်ပျူတာ ကျောင်းသားတွေ educator တွေကို အထောက်အကူဖြစ်စေမည့် site တစ်ခုလုပ်ပေးခဲ့တဲ့ Google ဟာ အခု အဲဒီ site ကိုပဲ redesign ပြန်လုပ်၊ content တွေထပ်ဖြည့်ပြီး Google Code University ဆိုတဲ့ နာမည်အသစ်လေးနဲ့ ပြန်ပေါ်လာပါပြီ။ GCU မှာ အောက်ပါ Course တွေကို အခမဲ့ လေ့လာနိုင်ပါတယ်။ AJAX Programming AJAX is an acronym for Asynchronous JavaScript and XML. It is a development technique for creating interactive web applications. Unlike classic web pages, which must load in their entirety if content changes, AJAX allows web pages to be updated asynchronously by exchanging small amounts of data with the server behind the scenes. Distribued Systems One of the most important recent developments in computing is the growth in distributed and parallel applications. Web Security As more and more information is available on the web, securing that data becomes increasingly important to protect users. Langua

WebbAlert - Your Daily Tech Round-Up

WebbAlert is Morgan Webb's website and daily videocast, covering the day's developments in tech news, video gaming, gadgetry, and digital culture. It's engineered to keep tech-interested people current on the news and trends that move the industry with a small investment of just a few minutes per day. IT နည်းပညာ သတင်းလေးတွေ ဖတ်ရှူ့လို့ရနိုင်တဲ့ web site ကောင်းလေးတစ်ခုပါ။ စာသားအနေနဲ့ ဖတ်ရှူ့ နိုင်သလို Video အနေနဲ့လည်း ကြည့်ရှူ့နိုင်ပါသေးတယ်။ ဒီတပတ် သတင်းတွေထဲမှာ သဘောအကျဆုံးက Beijing Olympic သတင်းပါပဲ။ Olympic ပွဲတော် အတွက် ဒီနှစ် June လကုန်မှာ အင်တာနက် Cafe တွေမှာ လာသုံးမည့် user တိုင်း ID ပေးရမယ်ဆိုတာပါပဲ။ မပေးရင်တော့ no ID, no Access တဲ့။ WebbAlert မှာ ဒီတစ်ပတ် 17 March အတွက် တင်ထားတဲ့ Video Episode လေးကို ကြည့်ရှူ့လိုက်ပါဦး။ စိတ်ဝင်စားစရာ လေးတွေချည်းပါပဲ (သတင်းကြော်ငြာတဲ့ presenter လေး အပါအ၀င်ပေါ့) :P

Let's Bypass firewall

ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နေတဲ့ ကာလအတွင်းမှာ လူငယ်တွေအတွက် နည်းပညာ အလင်းပေါက်ကြီးတစ်ခုဖြစ်တဲ့ အင်တာနက်ကို မြန်မာပြည်မှာ ကောင်းမွန်စွာ အသုံးပြုခွင့်မရကြပါဘူး။ Project, Thesis နှင့် Research တွေလုပ်နေတဲ့ နည်းပညာကျောင်းသား လူငယ်တွေအတွက် Library ကောင်းကောင်းတွေ Internet ကောင်းမွန်စွာအသုံးပြုခွင့်တွေဟာ အင်မတန်လိုအပ်ပါတယ်။ အင်တာနက်ဟာ ယျေဘူယျအားဖြင့် မည်သူမျှ မပိုင်ဆိုင်ပါဘူး။ သို့သော် မြန်မာပြည်မှာတော့ ပြိတ္တာ(ခဏ ခဏ လိုက်ပိတ်နေလို့) တစ်စုက ကိုင်တွယ် ထိန်းချုပ်လျှက်ရှိပါတယ်။ Adult site တွေ porin site တွေပိတ်တာကတော့ လက်ခံပါတယ်။ လူငယ်တွေအတွက် ဘာမှအကျိုးကျေးဇူးလည်း မရှိသလို ဒုစရိုက်မှုတွေတောင် တိုးပွားလာနိုင်ပါတယ်။ သူ့တို့ပိတ်တဲ့ထဲမှာ ဒေါသအဖြစ်မိဆုံးက Free Mail Site တွေကို ပိတ်တာပါပဲ။ IT ခေတ်မှာ လူတိုင်းနီးပါး free mail သုံးနေကြတယ်လို့ ပြောလို့ရပါတယ်။ အဲလို အလကား ဒလဟော ပေးထားတဲ့ mail တွေကို လိုက်ပိတ်ပြီး သူတို့ရဲ့ mpt, bagan mail တွေကို လိုက်ရောင်းခဲ့ကြဖူးပါတယ်။ ပတ္တမြားမှန်ရင် နွံမနစ်ပါဘူး ဆိုတဲ့ စကားအတိုင်း မိမိရဲ့ email service တွေကသာ ကောင်းမွန်နေလို့ကတော့ ma

ရွှေနိုင်ငံသို့ ဖုန်းခေါ်ခြင်း

"ဟလို .... ဟလို ... ကြားလား ... ဟလို" မြန်မာ ပြည်ကို လန်ဒန်စံတော်ချိန် မနက် ၃ နာရီလောက်တွင် လူငယ်တစ်ယောက် ဖုန်းခေါ်ဆိုနေခြင်းဖြစ်သည်။ စပြီးခေါ်ကာစက မိနစ်တွေသာ စားသွားသည်၊ လုံးဝအဆင်မပြေ။ တစ်ဘက်မှအသံကို ခေါ်သူဘက်မှ ကြားရပြီး မိမိ၏ အသံကို တခြားဘက်မှ မကြားရဘဲဖြစ်နေသည်။ ဘယ်လိုများ ဖြစ်နေပါလိမ့်။ နောက်တော့ သီးခံခြင်းသည် အောင်မြင်ခြင်းဆိုရာ၏ ဆိုသလိုပဲ ကြိုးစားပမ်းစား သီးခံစိတ်ရှည်ပြီးခေါ်ဆိုမှ ရတော့သည်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က မီးသွေးတုံးကြီး မြန်မာပြည်ရောက်နေတော့ ဖုန်းလိုင်းတွေ တော်တော်ကြပ်သည်ဟု ပြောသံကြားပါသည်။ အခု မီးသွေးတုံးလည်း ပြန်သွားပါပြီ။ သို့သော် ဖုန်းလိုင်းတွေက အဆင်မပြေဖြစ်ဆဲပဲ။ မြန်မာပြည်ကလည်း အလွန်ပင် အဆင်အတန်းမြင့်မားသော နိုင်ငံဖြစ်သည့် အားလျော်စွာ နာရီဝက်သာသာ စကားပြောဆိုနိုင်ရုံ ဖုန်းကတ်တစ်ကတ်ကိုပင် ၂ ပေါင်ခွဲလောက်ပေးရသည်။ ပေးရသည့် ဖုန်းကတ်ဖိုးနှင့် ပြန်ရသည့် service က ဘာမှမဆိုင်။ တစ်ခါတစ်ခါ အကောင်းမြင်ကြည့်ပါသေးတယ်။ ဖုန်းကတ်ကြောင့်ပဲဖြစ်မှာပဲ ဒါမှမဟုတ် ဒီကပဲ လိုင်းတွေကြပ်နေလို့ ဖြစ်မှာပါဟု ပြောင်းလဲတွေးကြည့်သေးသည်။ သို့သော် တကယ်ဖြစ်နေတာက မဆိုင်ရေးချ မဆိုင်။ အိုဘယ့် ...

Create CSS Menu Online with IzzyMenu.com

Professional CSS Menu တစ်ခုတည်ဆောက်ဖို့အတွက် အချိန်ကုန်ခံပြီး Coding တွေ ရေးနေစရာမလိုတော့ပါဘူး။ Simple Menu အပြင် DHTML Menu တွေကိုပါ Online ကို အသုံးပြုပြီး လွယ်ကူစွာတည်ဆောက်နိုင်ပါတယ်။ Menu Templates တွေကလည်း စုံလင်လို့ အသုံးပြုတဲ့ User အတွက် စိတ်တိုင်းကျဖြစ်စေမည့် Online Web 2.0 Application တစ်ခုပါပဲ။ Blog မှာ Menu ထည့်သွင်းအသုံးပြုချင်သူတွေအတွက်လည်း အရမ်းအသုံးဝင်မှာသေချာပါတယ်။ မိမိပြုလုပ်ချင်တော Menu setting တွေကိုပေးပြီး source code ကို download လုပ်ရုံပါပဲ။ Web သမားတွေ အကြိုက်ဖြစ်စေမှာ သေချာပါတယ်။ Visit : izzyMenu.com Tags: CSS Menu , CSS Dynamic Menu , Free Menu , Free Menu Online , IzzyMenu , Web2.0

Miss You

လွမ်းနေသော်လည်း ... တစ်ယောက်တည်း ... ငုတ်တုတ်မေ့နေဆဲ Tags: daffodale , london , holland park

အိုးကလေး အလှုပ်ကောင်းလို့ စင်ပြိုသွားခြင်း

ဟင်္သာတမြို့မှာ ဖျော်ဖြေပွဲလုပ်ခဲ့တုန်းက စိုင်းစိုင်းခမ်းလှိုင် စတိတ်စင်ပေါ်မှပြုတ်ကျတယ်လို့ Burmatoday မှာ ဖတ်လိုက်ရပါတယ်။ Movie ကိုကြည့်ရတယ်ဆိုပေမယ့်လည်း ဟုတ်မဟုတ်တော့ သေချာမပြောတတ်သေးပါ။ မိတ်ဆွေတို့လည်း ကြည့်ကြည့်လိုက်ပါဦး။ News Via : Burmatoday သတင်းအတွက် Nandar ကို ကျေးဇူးတင်ပါတယ် Tags: sai sai khan hlaing , myanmar , movie , brumatoday , youtube

Useful Gmail queries

ကျွန်တော့်ရဲ့ gmail ထဲမှာ တစ်ချို့အရေးကြီးတဲ့ စာတွေကို label ခွဲထားသလို၊ တစ်ချို့မေးလ်တွေကို သိသာမြင်သာအောင်ဆိုပြီး unread msg ပြန်လုပ်ပေးထားလိုက်တယ်။ တစ်နေ့စိတ်ကူးပေါက်ပေါက်နဲ့ အဲဒီ unread mails တွေကို အားလုံးပြန်စုပြီး ဖတ်ချင်စိတ်ပေါက်လာတယ်။ ဒါပေမဲ့ older, oldest button တွေနဲ့ ပြန်သွားနေရတာ အဆင်မပြေဘူး။ လွန်ခဲ့တဲ့ရက်ကမှ gmail blog ကို google reader က တစ်ဆင့်ဖတ်ရင်း အသုံးဝင်တဲ့ gmail queries တွေကိုတွေ့လိုက်လို့ ပြန်ပြီး မျှဝေလိုက်ပါတယ်။ အသုံးပြုရမည့်နေရာကတော့ gmail ကို login လုပ်ပြီး search mail text box မှာ ရိုက်ထည့်ရုံပါပဲ။ူ label:(unread inbox) အထက်ပါ gmail queries ကို search box မှာ ရိုက်ထည့်ပါက သင့် inbox ထဲမှာရှိတဲ့ သင် မဖတ်ရသေးသော unread message များ ထွက်လာပါလိမ့်မယ်။ အထက်ပါ query အပြင် အောက်ပါ queries များကိုပါ စမ်းကြည့်စေလိုပါတယ်။ label:(starred chats) - chat history ထဲမှ အရေးကြီးစကားများကို star လုပ်ထားပါက အဲဒီ star msg များကို ရွေးပြီးဖော်ပြခိုင်းခြင်းဖြစ်သည်။ Result ကတော့ အောက်ဖော်ပြပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ အထက်ပါ result ကတော့ ကျွန်တော့် chats history ထဲက ထွက်လာတဲ

Only the lonely

Holland Park ထဲက Kyoto Garden ကိုရောက်တုန်း ရိုက်ခဲ့တဲ့ ပုံလေးပါ။ ရေကန်လေးထဲမှာ ငါးတွေအများကြီးပဲ။ ဒါပေမဲ့ ထူးထူးခြားခြား ကမ်းစပ်နားမှာ တစ်ကောင်တည်း လာကပ်နေတယ်။ ငိုင်နေတာလား၊ အသည်းကွဲနေတာလား ဒါမှမဟုတ် သူ့ချစ်သူနဲ့ တွေ့ခွင့်မရလိုက်လို့လား ပန်းခြံထဲက Daffodale ပန်းခင်းကြီးတွေလည်း အရမ်းလှတယ်။ နောက်နေ့မှ ပန်းပုံတွေ ထပ်တင်ပါဦးမယ်။ ပန်းခြံထဲရောက်တုန်းမှာ မိုးနတ်မင်းကလည်း ကောင်းချီးပေးတယ်။ နောက်တော့ မိုးရေစိုပြီး ချမ်းစိစိနဲ့ အိမ်ပြန်ရောက်ခဲ့တယ်။ Tags: daffodale , holland park , holland , park , kyoto garden , kyoto , garden

Hello မင်္ဂလာပါ

အလုပ်သွားနေကျလမ်းမှာ တွေ့မြင်နေကျ မြင်ကွင်းလေးတစ်ခုပါ။ ပြတင်းပေါက်က ပန်းလေးတွေက လမ်းမှာ ဖြတ်သွားတဲ့သူတိုင်းကို Hello Mingalar Par လို့ နှုတ်ဆက်နေသယောင် ခံစားရတယ်။ အိမ်ရှင်ရဲ့ ပြင်ဆင်တတ်မှု့ကိုတော့ အရမ်းချီးကျူးမိတယ်။ အတုယူဖို့လည်းကောင်းတယ်။ Tags: hello , mingalarpar , flowers

Myanmar Singer Sai Htee Saing passes away

သီချင်းအေးလေးတွေနဲ့ ဂီတလောကကို လွှမ်းမိုးခဲ့သူ အဆိုတော် ဦးစိုင်းထီးဆိုင် (၅၈နှစ်)ဟာ ဒီနေ့မနက် ၇ နာရီ ၅၀ မှာ သူ့ရဲ့ နေအိမ်ရှိတဲ့ ကျောက်မြောင်း၊ ရန်ကုန်မြို့မှာ အဆုတ်ရောဂါနဲ့ ကွန်လွန်သွားတယ်လို့ သိရပါတယ်။ သူမကွယ်လွန်ခင် 5th Dec 07 တုန်းက လန်ဒန်ရောက်မြန်မာများရဲ့ ရှမ်းနှစ်သစ်ကူးပွဲမှာ ပြည်ပဖျော်ဖြေပွဲအနေနဲ့ လာရောက် သီဆိုပေးသွားပါသေးတယ်။ ဦးစိုင်းထီးဆိုင်ကွယ်လွန်ခြင်းဟာ ဂီတလောကအတွက်ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ မိသားစုနဲ့ထပ်တူထပ်မျှ ၀မ်းနည်းကြောင်း ဒီပို့စ်လေးနဲ့အတူ မှတ်တမ်းတင်ထားပါရစေ။ ဦးစိုင်းထီးဆိုင် ကောင်းရာသုဂတိလားပါစေ။ News Via : ShandLand Tags: myanmar singer , sai htee saing , myanmar , singer

OS and Softwares I currently use

ဒီပို့စ်ကိုတင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ OS နဲ့ software တွေအကြောင်းကို ပြောပြပြီး အမြင်ချင်း ဖလှယ်ချင်တာရယ်၊ နောက်ပြီး အသုံးပြုနေတဲ့ software တွေအစား ပိုမိုသင့်တော်မည့် software များအကြောင်းကိုလည်း အကြံဥာဏ်ပေးလိုတာကြောင့်ပါ။ လက်ရှိသုံးနေတဲ့ software တွေကို အသုံးပြုချင်တဲ့သူတွေအတွက်လည်း Link တွေလုပ်ပေးထားလို့ Download လုပ်ပြီး သုံးနိုင်ပါတယ်။ ကျွန်တော့်အမြင်မှာတော့ OS ဆိုတာ ထမင်းဝိုင်းတစ်ဝိုင်းမှာ ထမင်းအိုးကြီးနဲ့တူပြီး software ဆိုတာ ဟင်းခွက်တွေ၊ ဟင်းချိုရည်ခွက်လေးတွေနဲ့တူတယ်။ ထမင်းမကောင်းရင်လည်း စားရတာမမြိန်သလို၊ ဟင်းမကောင်းတဲ့အခါမှာလည်း စားရတာမမြိန်တော့ပါဘူး။ တစ်ခါတလေမှာ ဈေးကြီးပေးရတဲ့ ထမင်းတွေ ဟင်းတွေက စားလို့မကောင်းသလို သာမန်ဈေးပေါပေါနဲ့ လူတန်းစေ့စားနိုင်တဲ့ ထမင်း၊ ဟင်းတွေကပိုပြီး ကောင်းနေတတ်တယ်လေ။ OS Window Visa 32 bit home premium ကို အသုံးပြုနေပါတယ်။ Laptop ၀ယ်ကတည်းက ပါတာဆိုတော့ ပြောင်းသုံးဖို့ စိတ်ကူးမရှိသေးပါဘူး။ အဆင်ပြေတဲ့အချိန်ကျရင်တော့ ပန်းသီးလေးကို သုံးချင်ပါသေးတယ်။ MS Office 2007 ဒါလည်း ၀ယ်ကတည်းက ပါတာပါပဲ။ သို့ပေမဲ့ user friendly ဖြစ်အောင်

How to speed up firefox

ကျွန်တော်တို့ မြန်မာဘလော်ဂါတွေရဲ့ စီးတော်ယာဉ် Firefox ကြီး ပြေးသထက်ပိုပြေး မြန်သထက် ပိုမြန်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ဒီ Video Clip လေးက ရှင်းပြသွားပါလိမ့်မယ်။ ဒါပေမဲ့ မူရင်း Connection က နှေးနေရင်တော့ သူလည်း တတ်နိုင်မှာ မဟုတ်ပါဘူး အခုတလော မြန်မာပြည်မှာ မီးသွေးတုန်းကြီးရောက်နေလို့ အင်တာနက်တောင် နှေးသွားကြောင်း လေလှိုင်းပေါ်မှသတင်းများအရ ကြားသိရပါတယ်။ ဟိဟိ ... Gtalk က Custom Message တွေကို ကြည့်လိုက်ရင်လည်း မြန်မာပြည်ရဲ့ ကွန်နက်ရှင်ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်ထားတဲ့ စာသားတွေချည်းပဲ Tags: howto , firefox , youtube , tutorial , speedup , mozilla firefox , firefox config

Norton Antibot with 1 year key

ကျွန်တော်သုံးနေတဲ့ Spyware Doctor မှာ serial က BlackList မှာပါသွားလားမသိဘူး။ starter edition ဆိုတဲ့ message ပြန်ပေါ်နေတယ်။ မိတ်ဆွေ တစ်ယောက်ကလည်း Key ကိုလှမ်းမေးတယ်။ ဒါနဲ့ မွှေနောက်ပြီးရှာကြည့်ပြန်တော့ အဆင်မပြေဖြစ်တာနဲ့ လက်လျော့လိုက်ရတယ်။ အခု Spyware Doctor လိုပဲ စွမ်းဆောင်ရည်ကောင်းလှတဲ့ Norton Antibot ကိုသုံးကြည့်နေပါတယ်။ Norton Antibot က ဘာလဲဆိုတော့ ... Norton AntiBot provides you with instant and constant threat protection by automatically detecting and removing bots, spyware, adware and other forms of malicious software without scanning your PC . With Norton AntiBot, malware threats are completely removed from your PC and prevented from reinstalling themselves, making it safe for you to connect to the internet. အခုလက်ရှိမှာ Norton Antibot ကို 1 year key အနေနဲ့ ရရှိအောင် ပြုလုပ်နိုင်ပါတယ်။ အောက်ပါအဆင့်များအတိုင်း ပြုလုပ်ပါ။ Visit this webpage . Enter your email address and click check box button. Then click the yellow button. After that check your email. You should get an email from n

Downloading Movies from internet with RealPlayer

RealPlayer ကို အစကတော့ သုံးရတာ တော်တော် စိတ်ပျက်တယ်လို့ထင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက သီချင်း Format အားလုံးအတွက် Universal Player လုပ်ပြစ်တယ်။ တစ်ခါတလေမှာ anzv.tv က Korea, Chinese Movie နဲ့ Drama တွေကို ကြည့်တဲ့အခါ Winamp နဲ့ကြည့်မှအဆင်ပြေတယ်။ အဲလို အချိန်မှာ Movie ကြည့်ဖို့အတွက် Button ကို Click လုပ်လိုက်တိုင်း RealPlayer တက်လာရင် တော်တော်စိတ်ပျက်တယ်။ ဒါပေမဲ့ သူ့ခမျာမှာလည်း ကောင်းတဲ့နေရာလေးတွေမှာတော့ အတော့်ကို ကောင်းရှာပါတယ်။ အထူးသဖြင့် Online ကနေ Flash Movie တွေ Live Movie တွေကို Download လုပ်တဲ့နေရာမှာတော့ သူ့ကို ကျန်တဲ့ Software တွေ Downloader တွေ မမှီသလောက်ပဲ။ အဲဒီတော့ Flash Movie တွေကို RealPlayer နဲ့ ဘယ်လို Download ဆွဲချမလဲဆိုတဲ့ မေးခွန်းကပေါ်လာပါတယ်။ ဘာမှမခက်ခဲပါဘူး။ တကယ့်ကို အလွယ်လေးပါ။ ၁။ RealPlaeyr ကို Download လုပ်ပြီး install လုပ်ပါ။ ၂။ youtube.com သို့မဟုတ် မိမိနှစ်သက်မှာ Movie Site တစ်ခုမှ Video Clipe တစ်ခုကို ဖွင့်ပါ။ ၃။ Movie စပြီး Play လုပ်တာနဲ့ Movie ပေါ် Pointer လေးကို Rollover လုပ်ကြည့်လိုက်ပါ။ Download Movie ဆိုတဲ့ Button လေးကို မြင်တွေ့ရပါလိမ့်မယ်။ ၄။ အဲဒီ B

How to do the Colorswash Technique in Photoshop

1. Load/Open the image you want to add colorswash effect to. 2. Select Image > Adjustments > Desaturate. This will turn the image into black and white. 3. Select the history brush and begin to paint the image until the desired effect is achieved. You can adjust the flow and opacity depend on the image you edit. 4. Here is my final result that painted with History Brush Tool. Photo from : Chris Tags: colorswash technique , colorswash , howto , photoshop tutorial

Canoeing on the River Thames

4th March တုန်းက အလုပ်ထဲမရောက်ခင် အချိန်ရတာနဲ့ Kew Riverside မှာ လမ်းလျှောက်ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ Thames ချောင်း ... အဲ River Thames ထဲမှာ canoeing လုပ်နေတဲ့လူတွေကို တွေ့လိုက်တာနဲ့ ကင်မရာထဲ ဆွဲထည့်ထားလိုက်တယ် Tags: london , canoeing , River Thames , Kew

NDD Monthly Chronology February

NDD (Network for Democracy and Development) ရဲ့ သုတေသနနှင့် မှတ်တမ်းတင်ဌာနမှ ထုတ်ဝေသော တစ်လအတွင်း မြန်မာ့သတင်း (၂၀၀၈၊ ဖေဖော်ဝါရီ) တွေကို မျှဝေလိုက်ပါတယ်။ စာမျက်နှာ ၂၃ မျက်နှာပါဝင်ပြီး စိတ်ဝင်စားစရာ၊ ၀မ်းသာစရာ သတင်းတွေပါသလို ၀မ်းနည်းစရာ၊ စိတ်မသက်သာစရာ သတင်းတွေလည်း ပါဝင်ပါတယ်။ Read this doc on Scribd: NDD Monthly Chronology February - 08 Download : NDD Monthly Chronology February (pdf) Credit to : Ko Bo Bo Tags: myanmar news , myanmar , NDD , ipaper

တိမ်လောင်တိုက်

ဒီနေ့ နေ့လည် ကျောင်းကိုရောက်နေတုန်းမှာ sunny ဖြစ်နေတာရယ် camera လည်းပါလာတာနဲ့ ရိုက်ထားလိုက်တာပါ။ အပြာရောင်နောက်ခံနဲ့ အဖြူရောင်တွေဆို ကျွန်တော်အရမ်းကြိုက်တယ်။ ဓာတ်ပုံနာမည်ကတော့ စိတ်ကူးပေါက်ရာ ပေးထားတာပါ

မြို့ပြညရဲ့ အိမ်ပြန်ချိန်

ဒီလို မြို့ပြဘ၀က အဆင့်မြင့်ပါတယ် ... နေထိုင်စားသောက်ဖို့အတွက် အားလုံးအဆင်သင့် ဒါပေမဲ့လည်း ကျွန်တော့်ရဲ့အသွေးအသားကတောင်းဆို ... တောင်ပေါ် အမေ့ရဲ့ထမင်းနဲ့ဟင်းကို ကျွန်တော်တမ်းတ ဘာရယ်မဟုတ်ဘူး ... ဓာတ်ပုံလေးကြည့်ပြီး သီချင်းလေး ဆိုမိတာပါ။ ဒီပုံလေးကတော့ အလုပ်ကနေ အိမ်အပြန် Bus စောင့်ရင်းရိုက်ထားတာပါ။ စာတိုက်ပုံးလေးနဲ့ တယ်လီဖုန်းအိမ်လေးကတော့ နေ့တိုင်းတွေ့နေရတာပါ။ စက်ဘီးလေးတွေကတော့ ရှိတလှည့် မရှိတလှည့်ပေါ့။ စကားမစပ် ... ဒီနေ့ အမေနေ့ (2nd March) နော် ... အားလုံးကို remind လုပ်တာပါ

Fix your digital photos By Brian Cooley

CNET Editor ကြီး Brian Cooley ရဲ့ 3 great tips for fixing your digital photos, Red Eye Correction Colorcast Issues Cropping တွေပါတဲ့ Video လေးကို မျှဝေလိုက်ပါတယ်။ cnet မှာပါတဲ့ Tips and Tricks လေးတွေက ရိုးရှင်းသလောက် လေ့လာရတာလည်း အရမ်းလွယ်ကူပါတယ်။