Skip to main content

Posts

Showing posts from July, 2008

How to put WebMinster Player in your blog

Mp3 player တစ်ခုကို ဘလော့မှာထည့်သွင်းပြီး လာလည်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကို အပန်းဖြေခိုင်းရအောင် :) အခုအသုံးပြုမည့် mp3 player ကတော့ WebMinster player ဖြစ်ပါတယ်။ source file တွေကို ဒီမှာ download လုပ်ယူပါ။ Download လုပ်ထားတဲ့ zip file ကို unzip လုပ်လိုက်ရင် file 4 ခုကို တွေ့ရပါလိမ့်မယ်။ ပထမဦးစွာ webplayer ဆိုတဲ့ swf file ကို hotlinking (direct link) ရတဲ့ hosting တစ်ခုမှာ တင်ပေးရပါမယ်။ free ရတဲ့ထဲမှာ အဆင်ပြေဆုံးကတော့ pages.google.com ပါပဲ။ google ကနေ မိမိရဲ့ file တွေ၊ အသေးစား webpage တွေကို တင်ဖို့ free ပေးထားတဲ့နေရာပါ။ google page မှာ upload stuff ဆိုတဲ့နေရာကိုသွားပြီး webplayer ဆိုတဲ့ file ကို upload လုပ်ပေးပါ။ upload လုပ်ပြီးတဲ့နောက်မှာရလာမည့် webplayer ရဲ့ address သည် http:// yourname .googlepages.com/webplayer.swf ဆိုပြီး ဖြစ်ရပါမည်။ webplayer ကို upload လုပ်သလိုပဲ မိမိထည့်သွင်းမည့် သီချင်းကိုလဲ upload လုပ်ပေးပါ။ upload လုပ်ပြီးရလာမည့် song file ရဲ့ url သည် http:// yourname .googlepages.com/ yoursong.mp3 ဖြစ်ရပါမည်။ အဲဒီနောက်မှာတော့ unzip လုပ်ထားတဲ့ folder ထဲက quickstart ဆိုတဲ့

Online Alarm Clock

တစ်ညလုံး ကွန်ပျူတာဖွင့်ပြီး အိပ်တတ်သူ၊ အအိပ်မက်ပြီး အိပ်ယာထရမှာ သေမလောက်ပျင်းသူ၊ နေဖင်ထိုးအောင် အိပ်တတ်သူ၊ ဆင်အော်တာတောင် မနိုးသူ၊ ကာလနင်္ဂါးကဲ့သို့ အအိပ်မက်သူ၊ မနက် အိပ်ယာထရန်အတွက် မိုဘိုင်းဖုန်း၊ နှိုးစက်နာရီ alarm များဖြင့် မလုံလောက်သူ စသည့် ပုဂ္ဂိုလ်များအတွက် အထူးသင့်တော်ပါတယ် :P

Cool site for Icon Lovers

ကွန်ပျူတာ icon တွေကို အလှဆင်ပြီး သုံးချင်သူများ သို့မဟုတ် Designer များ အကြိုက်တွေ့စေမည့် icon search engine တစ်ခုပါ။ ပုံတွေကို ico format နှင့် png format နှစ်မျိုးစလုံးရယူ အသုံးပြုနိုင်ပါတယ်။

Nice ebook for your CV

အလုပ်ရှာနေသူ အလုပ်လျောက်ရန် ကြိုးစားနေသူတိုင်းအတွက် အသုံးဝင်မည့် ebook လေးတစ်ခုပါ။ ကျွန်တော်လည်း ဒီစာအုပ်လေး ရထားတာ မကြာသေးပါဘူး။ အကြမ်းအားဖြင့်ပဲ ဖတ်ရသေးတယ်။ ရေးထားတဲ့ point တွေ အရမ်းကောင်းတယ်။ စာအုပ်လေးကို သေချာ အသေးစိတ်ပြန်ကြည့်ပြီး CV ကို ပြန်ပြင်ရဦးမယ်။ CV ကတော့ လူကို interview မလုပ်ခင်မှာရမည့် first time impression ဖြစ်တဲ့အတွက် လူတိုင်း သေချာပြင်ဆင်မှု လုပ်ထားသင့်ပါတယ်လို့ အကြံပြုရင်း ကျွန်တော်တို့ကို အလုပ်ပေးမည့် အလုပ်ရှင်များ လေးစားလောက်တဲ့ CV ပိုင်ရှင်ဖြစ်အောင် ပြင်ဆင်ကြပါစို့လားခင်ဗျာ။ Download : how to prepare your CV

Cool sites for Photoshop Brushes

Web Design နှင့် Graphic Design သမားများအတွက် အသုံးဝင်လှတဲ့ Photoshop Burshes တွေကို အောက်ပါ websites များမှ တဆင့် ရယူနိုင်ပါတယ်။ Brusheezy GetBrush es PSbrushes Axeraider70's Brushes JavierZhX's Brushes Abstract Photoshop Brushes Over 1000 Photoshop Brushes from Adam WoodHouse Hi-Res Free and Original Photoshop Brushes by BittBox Brusheezy Hugh Collection of Photoshop Brushes and Patterns Kawksmont Different Kinds of Brushes Free photoshop brushes collection by tutorial blog Photoshop Brush ထည့်သွင်းပုံ ထည့်သွင်းနည်းကို about.com မှာ ဒီလို ဖော်ပြထားတာ တွေ့ရပါတယ်။ Place the *.abr files into: Program Files\Adobe\Adobe Photoshop X\Presets\Brushes where X is the version number for your version of Photoshop. Brushes created in Photoshop 7 or later will not work in earlier versions of Photoshop. Any Photoshop brushes should work in Photoshop 7 and later. From the Brushes Palette in Photoshop, click the small arrow in the upper right corner of the palette, and choose load brushes.

၆၁ ကြိမ်မြောက် အာဇာနည်နေ့

ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။ ဒီလိုချိန် မြန်မာပြည်ရဲ့ရာသီဥတုနဲ့ဆို အာဇာနည်နေ့ဟာ ပိုမိုပြီး လွမ်းဆွတ်သတိရဖွယ်ကောင်းလှပါတယ်။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ခုလိုချိန်မျိုးမှာ မိုးတွေဖွဲဖွဲကျရင် ကျနေမယ် ဒါမှမဟုတ် မိုးအုံ့ရင်လည်း အုံ့နေလိမ့်မယ်။ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဘာမဟုတ်တဲ့ ပေါက်လိုပဲစား အာဏာရူး လူတစ်စုကြောင့် တိုင်းပြည်အတွက် တန်ဖိုးဖြတ်လို့မရတဲ့ အာဇာနည်သူရဲကောင်းတွေ အသက်ဆုံးရှုံးခဲ့ရတယ်။ အဲလိုပဲ ... အခုဆိုရင်လည်း ဘာမဟုတ်တဲ့ ပေါက်လိုပဲစား အာဏာရူး လူအုပ်စုတစ်စုကြောင့် ကျွန်တော်တို့ မြန်မာပြည်လဲ ပျက်စီးခြင်း ဆိုက်နေရပြီ။ ဗိုလ်ချုပ်ဟာ အသက် ၃၃ နှစ်မှာ ကွယ်လွန်သွားခဲ့ပေမယ့် အဲဒီအအသက်အရွယ်မှာ လူတကာရဲ့လေးစားဂုဏ်ပြုခြင်း ခံနေရတဲ့ အမျိုးသားခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ။ တကယ်လေးစားဖို့ကောင်းတယ်ဗျာ။ ကျွန်တော်တို့ တိုင်းပြည်က အဘဆိုတဲ့ လူတွေကတော့ အသက် ၆၀ကျော် ၇၀ထဲရောက်ပြီးတာတောင် ဘယ်သူကမှ (ကလေးရောခွေးပါ) မလေးစားတဲ့အပြင် မေတ္တာတွေ ၀ိုင်းပို့ခံနေရတယ်။ ကွာပါ့။ Video via : myanmarboy Related posts : ၆၀ နှစ်မြောက် အာဇာနည်နေ့ |

A stupid quarrel

မနေ့ညက Night shift ဆင်းပြီးအပြန် လမ်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာ တွေ့လိုက်တယ်။ ဒါနဲ့ စိတ်ဝင်တစား သေချာကြည့်လိုက်တော့ လူငယ်အုပ်စုကြီးနဲ့ London Police တွေကို တွေ့လိုက်ရတယ်။ လူငယ်အုပ်စုနှစ်ခု ရန်ဖြစ်တာကြောင့် ရဲတွေ ၀င်ပြီးတားနေရတယ်။ လူငယ်အုပ်စုနှစ်ခုကလည်း အယောက် ၅၀ လောက်ရှိမယ်။ ၀င်တားတဲ့ ရဲတွေလည်းများလာပြီး ရဲကားတွေ တစ်စီးပြီး တစ်စီးရောက်လာလို့ လမ်းပေါ်မှာလည်း ရဲကားတွေ ပြည့်သွားခဲ့တယ်။ လန်ဒန်မှာ ဒီလိုလူငယ်အုပ်စုတွေ ရန်ဖြစ်တာဟာ အဆန်းမဟုတ်တော့ဘဲ ညတိုင်းတွေ့မြင်နေကျ မြင်ကွင်းတစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမဲ့ သူတို့ကို သူတို့ နိုင်ငံကြီးသားဆိုပြီး ဒီလို အပြုအမူတွေ အမှုတွေ ဖြစ်နေတာကတော့ ရှက်ဖွယ်ကောင်းလှပါတယ်။ အဲဒီ အဖြူတွေကြားထဲမှာမှ အမဲတွေပါလာရင် ပိုဆိုးပါတယ်။ အမဲတွေကိုတော့ အနောက်နိုင်ငံတိုင်းလိုလိုက သိပ်ပြီး ဘ၀င်မကျလှပါဘူး။ မိုက်ရိုင်းတယ်၊ ရင့်သီးတယ် ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်နက်နေတဲ့ လူတန်းစားတွေပေါ့။ ဒီကြားထဲ ပိုလန်၊ ဆိုမားလီးယားတွေကလည်း ညက်ညက်ပြီးပါလာကြသေးတယ်။ ကျွန်တော်တို့မြန်မာပြည် အထူးသဖြင့် မန္တလေးကို တရုတ်လူမျိုးတွေ တဖြည်းဖြည်း ၀ါးမျိုလာသလိုပဲ လန်ဒန်ဟာလည်း ကုလားတွေ၊ ပိုလန်တွေ၊ အမဲတွေရဲ့ လ

Cool site for Linux User

Linux user တွေအတွက် အသုံးဝင်မည့် site တစ်ခုပါ။ Linux နဲ့ ပက်သက်တဲ့ အကြောင်းအရာ၊ Tutorial စုံစုံလင်လင်ကို Label အလိုက်ခွဲပေးထားလို့ လေ့လာမည့်သူတွေ အကြိုက်တွေ့စေမှာအမှန်ပါပဲ။ ကွန်ပျူတာမှာလည်း လိုင်းတွေက များပါ့။ Linuxသမား, Appleသမား, Windowသမား စုံနေတာပဲ။ Programming လည်း programming မို့လို့ C သမား .net သမား Php သမား ... ဟူး ... များပါ့။ အဆိုးဆုံးကတော့ .net သမားပေါ့။ နာမည်ခေါ်ရတာကိုက တစ်မျိုးကြီး :P အနောက်နိုင်ငံတွေမှာတော့ Apple သုံးတာတွေ ပိုများလာတယ်။ Graphic နဲ့ Video Editing သမားတွေကလည်း Mac မှ Mac ဖြစ်ကုန်ကြပြီ။ ကျွန်တော့်အနေနဲ့ကတော့ Linux စိတ်မ၀င်စားတဲ့အတွက် ဒီsite ဟာ သိပ်ပြီး အသုံးမကျလှပါဘူး။ ဒါပေမဲ့ Linux လိုက်စားနေတဲ့ မိတ်ဆွေများ သိနိုင်ဖို့အတွက် မျှဝေခြင်း သက်သက်မျှသာဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ။

မင်းတို့မှမဖျက်ရင် မပျက်တော့ဘူး

လျှပ်တစ်ပြက်ဂျာနယ်ရဲ့ မျက်နှာဖုံးမှာပါတဲ့ သတင်းတစ်ခုပါ။ မန္တလေးသတင်းဆိုတော့ စိတ်ပါဝင်စားနဲ့ ဖတ်လိုက်တယ်။ ဖတ်ပြီးတော့ စိတ်မကောင်းသလိုလို ဒေါသထွက်မိသလိုလို ဖြစ်မိတယ်။ ရှေးဟောင်း အမွေအနှစ်ဆိုတာ ဘာလဲ သိရဲ့လား ? ရှေးဟောင်းအမွေအနှစ်တွေကို ဘယ်လို ပြုပြင်ထိန်းသိမ်းရတယ်ဆိုတာရော နားလည်ရဲ့လား ? မြန်မာ့ကျွန်းသစ်တွေ ရှားကုန်ပြီလား ... ပထွေးတွေကိုကျတော့ ခုတ်ခုတ်ရောင်းနေပြီးတော့။ မြန်မာနိုင်ငံအထက်ပိုင်းလည်း ခုတ်လိုက်ရတဲ့သစ် ... အောက်ပိုင်းကျတော့လည်း ထုတ်ရောင်းလိုက်ရတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မြန်မာပြည်လည်း အထက်ပိန် အောက်ပိန်ဖြစ်နေပြီ၊ အလယ်ပိုင်းကျတော့ ရေနံတွင်းတွေဖောက်လွန်းလို့ အပေါက်အပြဲနဲ့။ သစ်တောမရှိတော့ ရာသီဥတုတွေဖောက်ပြန်၊ မိုးရာသီဆို လွန်ခဲ့တဲ့နှစ်တွေထက် မိုးက တဖြည်းဖြည်း ပိုကြီးလာတယ်။ နွေဆိုလည်း ပူလာလိုက်တာ ၀ီခေါ်နေတယ်။ ဥပဒေတွေ၊ လက်နက်တွေ၊ အာဏာတွေ ပါဝါတွေနဲ့ နှိပ်စက်ခံနေရတဲ့ ပြည်သူတွေဟာ ဒီ မသာတွေလုပ်လို့ ဖောက်ပြန်တဲ့ရာသီဥတုဒဏ်ကိုပါ ထပ်ပြီး ခံနေရတယ်။ လုပ်ပါ ... လုပ်ပါ ... မင်းတို့မှ မဖျက်ရင် မပျက်တော့ဘူး။ မိုးကောင်းတုန်း ရွာထားဦးပေါ့လေ ... ငါ့အလှည့်ကျမှ မိုးကြိုးတွေပါ ပစ်ပစ်မယ်။

Online တွင် တူတူပုန်းတမ်းကစားခြင်း

အွန်လိုင်းတက်ပြီး GTalk မှာ chatting လုပ်ကြတဲ့အခါ ကိုယ့်ကို သူများမမြင်အောင် ပုန်းနေ၊ ၀ှက်နေလို့ရပါတယ်။ စကား(Voice)တော့ ပြောလို့မရပါဘူး။ Text အနေနဲ့ပဲ chatting လုပ်လို့ရမှာဖြစ်ပါတယ်။ စက္ကန့်နှင့်အမျှ သေလောက်အောင် အလုပ်များသူများ သို့မဟုတ် မိမိရဲ့ ချစ်သူ ကောင်လေး၊ကောင်မလေးနဲ့ ပြောနေတုန်းမှာ တစ်ခြားသူ လာနှောက်ယှက်တာ မခံချင်သူများအတွက် အထူးပြုလုပ်သင့်ပါတယ် :P လူတော်တော်များများလည်း သိပြီးသားပါ။ ဒါ့ကြောင့်မို့ သတိမထားမိတဲ့သူတွေ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်။ ပထမဦးစွာ Invisible လုပ်ချင်တယ်ဆိုရင် သိထားရမည့်အချက်မှာ မိမိအသုံးပြုသည် Gmail Version သည် Newer Version ဖြစ်ရပါသည်။ Newer Version ဖြစ်မဖြစ် သိနိုင်ရန်အတွက် Gmail သို့ login လုပ်ပြီး Browser ၏ top right corner မှ စာသားကို ကြည့်ရုံဖြင့်သိနိုင်ပါသည်။ Newer version မဖြစ်သေးဘူးဆိုရင် Newer Version စာသားလေးပါတဲ့ Link list လေးကို အောက်ပါအတိုင်းတွေ့ရမှာပါ။ မိမိ Gmail login မှာ အဲဒီ Newer Version လေးပဲ ပေါ်နေရင် လုပ်လို့မရသေးတဲ့အတွက် Newer Version ဖြစ်အောင် စာသားကို Click နှိပ်ပြီး gmail newer version သို့ပြောင်းလဲရယူပါ။ ထိုသို

နှစ်သက်မိသော ကာတွန်းများ

Online ပေါ်မှာ ဖတ်မိသမျှ ကာတွန်းတွေထဲမှာ ဒီကာတွန်းစာအုပ်လေးကို အကြိုက်ဆုံးပဲ။ မိတ်ဆွေလည်း ဖတ်ကြည့် လိုက်ပါဦး။ ဖတ်ပြီးမှ ဟုတ်လား မဟုတ်ဘူးလားဆိုတာ ကိုယ်တိုင် ချင့်ချိန်ပြီး စဉ်းစားကြည့်ပါ :)

အိမ်မက်ထဲက ခြင်္သေံမြို့တော်

စလုံး စလုံးနဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေ ခေါ်ဝေါ်နေကြတဲ့ နာမည်ကို လူတိုင်း ရင်းရင်းနှီးနှီး ကြားဖူးကြမှာပါ။ အဲဒီ စလုံးဆိုတဲ့ စင်္ကာပူကတော့ ကျွန်တော့အတွက် အိမ်မက်ထဲက ခြင်္သေ့မြို့တော်ပါပဲ။ စင်ကာပူကို အရမ်းကို သွားလည်ချင်တယ် ရောက်ဖူးချင်တယ်။ စလုံးမှာ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အပြင် ဆွေမျိုးအချို့လည်း ရှိတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုထိ မရောက်နိုင်သေးဘူး။ အိမ်မက် မက်နေဆဲပဲ :) မန္တလေးက ရင်းနှီးတဲ့ သူငယ်ချင်း အတော်များများလည်း စလုံးကို ရောက်ကုန်ကြပြီ။ နောက်ဆို အကုန်လုံးနီးပါး ရောက်ကြမယ်ထင်တာပဲ။ အခုလည်း သွားဖို့လုပ်နေတဲ့ သူငယ်ချင်းအချို့ မန္တလေးမှာ ရှိနေတယ်။ စလုံးဟာ နောက်ပိုင်းမှာ မြန်မာတွေကြီးစိုးတဲ့ မြို့ကြီးတစ်မြို့ မလွဲမသေဖြစ်လာတော့မှာ ကျိန်းသေပါပဲ။ သူငယ်ချင်းတွေ စလုံးကို ရောက်သွားတာ ကျွန်တော်အရမ်းဝမ်းသာတယ်။ နောက်ပြီး ကျွန်တော့်အတွက် lonely လည်း မဖြစ်တော့ဘူး။ ၀မ်းသာတယ်ဆိုတာကတော့ ကိုယ့်ဘ၀ကိုယ် ပိုင်ပိုင်နိုင်နိုင် တည်ဆောက်နိုင်ဖို့ရာ လမ်းကြောင်းတစ်ခုပေါ် ရောက်သွားလို့ပါ။ နောက်တစ်ခုက သူငယ်ချင်းတွေနဲ့ အလွယ်တကူ ဖုန်းပြောဆက်သွယ်လို့ရတယ်လေ။ မြန်မာပြည်ထဲမှာဆိုရင်တော့ ဖုန်းကတ်ဈေးကြီးတာနဲ့

ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း

ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း ကင်းလွတ်သောသူ မရှိသလောက်နည်းပါး ရှားပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်အပါအ၀င် လူအချို့ ကိုယ့်ထမင်းကိုယ်စားပြီး သူတစ်ပါးကို ကဲ့ရဲ့ကြတယ်၊ ချီးမွမ်းကြတယ်။ အဲဒီနှစ်မျိုးထဲကမှ သူတစ်ပါး ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ လိုက်ပြီး ကဲ့ရဲ့နေသူတွေကတော့ အတော်ကို စိတ်ပျက်ဖို့ကောင်းလှပါတယ်။ မြှောက်ပြောသလိုနှင့် ကဲ့ရဲ့ခြင်း၊ အကြောင်းမရှိ အကြောင်းရှာပြီး ကဲ့ရဲ့ခြင်း စသည်ဖြင့် နည်းအမျိုးမျိုးနဲ့ပေါ့။ သူတစ်ပါးကို ချီးမွမ်းတဲ့စကား တစ်ခွန်းပြောဖို့ထက် ကဲ့ရဲ့တဲ့စကား ဆယ်ခွန်းပြောဖို့က အမြဲသာနေတတ်တယ်။ အခုတလော အခြေအနေ သိပ်မလှဘူး။ နားအေးပါးအေး နေနေလည်း ကဲ့ရဲ့ခံနေရတယ်။ မလွယ်ပါလား။ ကိုယ့်စိတ်ကိုသိလို့ ဘာမှမပြောဘူး နေပြန်ရင်လည်း ပိုပိုဆိုးလာတယ်။ ပြန်ပြောလိုက်မိရင်လည်း စိတ်ထိန်းနိုင်မှာမဟုတ်ဘူး။ အဲဒီတော့ အရိုးရှင်းဆုံး စဉ်းစားလိုက်ရင် ကိုယ့်ကို ကဲ့ရဲ့တာ မခံချင်ရင်၊ သူတစ်ပါးကိုလည်း မကဲ့ရဲ့ မိပါစေနှင့်လို့ပဲ စိတ်ဖြေလိုက်တော့တယ်။ သူတစ်ပါးကို လက်ညှိုးတစ်ချောင်းထိုးဖို့ချိန်လိုက်တိုင်း ကိုယ့်ဘက်ကို ကျန်တဲ့ လက်ချောင်းလေးချောင်းက အော်တိုချိန်ပြီးသားဖြစ်နေတယ်လေ။ ဒါလည်း လူဖြစ်ရတဲ့ ဒုက္ခတစ်မျိုးပါပဲလား

ဂုဏ်ယူပါတယ် မချောအိမာန် (မန္တလေး)

မန္တလေးမှ လူငယ်စာရေးဆရာမတစ်ဦးလည်းဖြစ် မိတ်ဆွေတစ်ဦးလည်းဖြစ်တဲ့ မချောအိမာန် (မန္တလေး) သည် " မန္တလေးကို ပျံသွားသလား " ၀တ္တုတိုဖြင့် ၂၀၀၈ ရွှေအမြုတေ စာပေဆုရရှိ ထိုက်ထိုက်တန်တန် ရရှိသွားကြောင်း ကြားသိရသည့်အတွက် ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မချောအိမာန်(မန္တလေး) ကျန်းမာချမ်းသာစွာဖြင့် စာတွေဆက်လက်ရေးသားနိုင်ပြီး အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ အောင်မြင်မှုတွေရပြီးပြီဆိုတော့ နောက်ထပ်ရဖို့ တစ်ခုပဲ ကျန်ပါတော့တယ် အစ်မရေ ... လက်ဖွဲ့ ပြင်ထားလိုက်ရတော့မလား :P ဒီသတင်းအတွက် ဆြာဘ ကို ကျေးဇူးတင်ရှိပါတယ်။ Related post : ရဲတိုက် သို့မဟုတ် တောင်ကြီးသားတစ်ယောက်

Unseen Burma : An aid worker's story

An aid-worker, Dr Chris van Tulleken, an aid worker for Merlin, describes his recent visit to an area in Burma affected by cyclone Nargis. Chris is the first aid worker allowed free access to film wherever he wanted in the Irrawaddy Delta since the cyclone wrecked this region. [ Full Report ]

Essential Sites for Tips and How-To’s

Update mashable မှာပါတဲ့ how-to's sites တွေအပြင် လိုအပ်နေတဲ့ တခြား sites တွေကို Web Tech Daily ကထပ်ပြီး ဖြည့်စွက်ပေးထားပါတယ်။ How to websites by Web Tech Daily အင်တာနက်စာမျက်နှာပေါ်မှာ Tips and How-To's sites တွေဟာ အရမ်းအရေးပါတဲ့ အခန်းတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ ဘယ်ဘာသာရပ် ဒါမှမဟုတ် ဘယ်အကြောင်းအရာကိုပဲ လေ့လာလော့လာ မရှိမဖြစ်သွားရောက် ဖတ်ရှူ့သင့်တဲ့ Web sites များဖြစ်ပါတယ်။ ဟင်းချက်နည်းကစပြီး နည်းပညာပိုင်းအဆုံး စုံစုံလင်လင် လေ့လာမှတ်သားနိုင်ပြီး ကိုယ်တိုင်လက်တွေ့ကျကျ ပြုလုပ်နိုင်ပါတယ်။ တစ်ချို့ site တွေက Video Tutorial တွေနဲ့ ရှင်းပြထားတာဖြစ်တဲ့အတွက် လေ့လာသူတွေအနေနဲ့ ပိုပြီး အဆင်ပြေပါတယ်။ အခုလည်း popular social networking site တစ်ခုဖြစ်တဲ့ mashable ကနေ ပြုစုပေးထားတဲ့ 10 Essential sites for Tips and how-to's ပို့စ်လေးကို မိတ်ဆွေ သူငယ်ချင်းများသို့ မျှဝေလိုက်ရပါတယ်။ Read more on Mashable!