Skip to main content

Posts

Showing posts from November, 2008

Blogs in Plain English by CommonCraft

Blog တစ်ခု စရေးဖို့ ပြင်ဆင်နေသူတွေ၊ လက်ရှိ ရေးနေတဲ့ Blogger တွေ၊ သတင်းဌာနတွေနှင့် ပက်သက်ပြီး အလုပ်လုပ်နေတဲ့သူတွေ ( News & Media ) ဒါမှမဟုတ် Blog reader တွေအတွက် ဗဟုသုတရစေတဲ့ Video Clip တစ်ခုဖြစ်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီ Video Clip လေးကနေ idea တွေလည်း အများကြီးရတယ်။ Presentation method ကတော့ လုံးဝ Perfect ပါပဲ။ Video Clip လေးကို ဖန်တီးတဲ့ CommonCraft မှာလည်း User တွေ အလွယ်တကူနားလည်နိုင်အောင် ရှင်းလင်းပြသပေးထားတဲ့ Video Clip ပေါင်း မြောက်များစွာရှိပါတယ်။ သူတို့ရဲ့ အဓိက ဦးတည်ချက်ကတော့ "making complex idea easy to understand" လို့ ဆိုထားတာဖြစ်တဲ့အတွက် Computer နဲ့ ပက်သက်တဲ့ Application တွေ နည်းပညာအခေါ်အဝေါ်တွေကို အလွယ်တကူနားလည်စေမှာဖြစ်ပါတယ်။ ဥပမာ ... Twitter in Plain English , Social Bookmarking in Plain Englsih , etc ... Credit : CommonCraft

Moon and Sky

လမင်းတစ်ခြမ်း မီးခိုးတန်း နှင့် ပင်ယံထက်က အလွမ်းငှက်ငယ်

RetailMeNot.com

Online store တွေမှာ ပစ္စည်းဝယ်တော့မယ်ဆိုရင် ဒီ website လေးဟာ အသုံးဝင်ပါတယ်။ ဘာလို့လည်းဆိုတော့ Online ပေါ်မှာရှိတဲ့ store ပေါင်း 20,000 ကျော်အတွက် Discount Coupon Code တွေကို ထုတ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ ကျွန်တော့်အတွေ့အကြုံအရ လွန်ခဲ့တဲ့လက DiscountASP.net မှာ Hosting ၀ယ်ခဲ့ပါတယ်။ မ၀ယ်ခင် RetailMeNot.com ကနေ DiscountASP.net အတွက်ပေးတဲ့ Coupon ကိုအသုံးပြုခဲ့တဲ့အတွက် 6 months free ရခဲ့ပါတယ် :) အဲဒီတော့ မိတ်ဆွေတို့လည်း Online Store တွေကတော့ ပစ္စည်းတွေမ၀ယ်ခင် ဒီဆိုဒ်လေးမှာ Coupon Code လေးတွေကို အရင်ရယူဖို့ အကြံပြုလိုက်ပါရစေ။

Photos taken around 1945

၁၉၄၅ ခုနှစ် ၀န်းကျင်က မြန်မာပြည်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ချို့ကို Google ရဲ့ Life Photo Archive မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံမြောက်များစွာအနက်မှ ကျွန်တော်သဘောကျတဲ့ ဓာတ်ပုံတစ်ချို့ကို ပြန်လည် မျှဝေလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကျော်ခေတ်က ဓာတ်ပုံတွေကို ပြန်လည်ခံစားကြည့်ရအောင်။ ဘုန်းကြီးပျံပွဲ မြင်ကွင်းတစ်ခု (1937) ရွှေတိဂုံဘုရားစောင်းတန်း (1945) ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်ပိုင်း ကျန်ရစ်ခဲ့တဲ့ မိသားစု ဒေါ်ခင်ကြည်၊ သား အောင်ဆန်းဦး၊ အောင်ဆန်းလင်း (1949) ဦးနု နှင့် US Secretary of State John Foster Dulles (1955) ထီဆိုင် နှင့် ထီရောင်းသူရဲ့ style (1949) ဂိုက်ပေးကြမ်းနေတဲ့ ဦးနေ၀င်း (1901) Photos via : LIFE photo archive hosted by google

Sunrise over Ealing

မနက်ခင်း နေထွက်ချိန်လေးကို အမှတ်တရ မှတ်တမ်းတင်ထားတာပါ။ Ealing ဆိုတာကတော့ West London မှာရှိတဲ့ မြို့တစ်မြို့ပါ။

ဒါနဲ့ စကားမစပ် ...

စကားမစပ် ... မနက်ဖြန် East London မှာ IC show ပွဲရှိတယ်။ မျိုးကြီး၊ အငဲ၊ ၀ိုင်ဝိုင်း၊ တင်ဇာမော်နှင့် IC အဖွဲ့သားများ ဖျော်ဖြေတင်ဆက်ကြမှာ ဖြစ်ပါတယ်။ IC show က ပြည်ပမှာတင်မဟုတ် ပြည်တွင်းမှာပါ ကြည့်ရခဲတဲ့ ပွဲတစ်ခုပါ။ ဒါပေမဲ့ အလုပ်ရှိနေတာရယ် စိတ်မပါတာရယ်ကြောင့် မသွားဖြစ်တော့ပါဘူး။ သူငယ်ချင်းတို့ရေ ... ဆောရီးပါကွာ။ စကားမစပ် ... လွန်ခဲ့တဲ့လက မန္တလေး ၁၆ အထက ကျောင်းတုန်းက တစ်ခန်းတည်း အတူတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့ အပြင်မှာ (Holborn) ပြန်ဆုံခဲ့တယ်။ စကားတွေပြောရင်း အသက်ပြန်ငယ်သွားသလို ၁၆ကျောင်းကြီးကိုလည်း သတိရမိတယ်။ သူငယ်ချင်းကတော့ အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲဘူး။ ငယ်ငယ်ကလို စာတော်မြဲပဲ။ အခုလဲ LSE မှာ Economic and Economic History ကို Master ဖတ်နေတယ်။ သူတင်မဟုတ်ဘဲ သူ့ညီကလဲ ဒီနှစ်ထဲမှာပဲ King College ကို ၀င်ခွင့်ရတယ်။ သူအစ်မကတော့ Imperial ကနေ ကျောင်းပြီးထားပါတယ်တဲ့။ ကျွန်တော် သူတို့ မောင်နှမသုံးယောက်လုံးကို အရမ်းလေးစား အားကျသွားတယ်။ သူကတော့ Master မှာ စာတွေ ဖတ်ရလွန်းလို့ ငြီးနေလေရဲ့။ စကားမစပ် ... စင်ကာပူမှာ Electronic နဲ့ အလုပ်လုပ်နေတဲ့ ၁၆ ကျောင်းက သူငယ်ချင်းတစ်ယောက်နဲ့လည်း အွန်လိုင်

Gmail Themes officially Realeased by Google

Google ရဲ့လုပ်ဆောင်ချက်တွေ နည်းပညာတွေကတော့ တကယ့်ကို အံ့မခန်းပါပဲ။ အခုလည်း တစ်ချို့ဘလော့တွေ၊ သတင်းတွေထဲမှာ လိုက်ဖတ်ပြီးကတည်းက သဘောကျနေခဲ့ရတဲ့ Gmail Themes တွေကို စပြီး အသုံးပြုနိုင်ကြပါပြီ။ Theme ပြောင်းဖို့အတွက် gmail ကို login လုပ်ပြီးလျှင် window ရဲ့ ညာဘက် အပေါ်ထောင့်မှာ setting ဆိုတဲ့ link ကို Click နှိပ်ပါ။ Setting ထဲရောက်သွားလျှင် ပထမဦးဆုံး General ထဲမှာ အရင်ရောက်နေပါလိမ့်မယ်။ အဲဒီ Tab တွေရဲ့ နောက်ဆုံးမှာ Themes ဆိုတဲ့ link ကို နှိပ်ပါ။ Themes ထဲရောက်သွားပြီဆိုရင် ကြိုက်တဲ့ Theme ပုံစံကို Click နှိပ်ပြီး အသုံးပြုနိုင်ပါပြီ။ Thanks Google ... !

Ophcrack - Free Windows password cracker

Ophcrack is a free Windows password cracker based on rainbow tables. It is a very efficient implementation of rainbow tables done by the inventors of the method. It comes with a Graphical User Interface and runs on multiple platforms. Window xp မှာဖြစ်ဖြစ် Window Vista မှာပဲဖြစ်ဖြစ် login password မေ့သွားခဲ့ရင် ဒီ password cracker လေးကို သုံးနိုင်ပါတယ်။ သူများသုံးနေတဲ့ ကွန်ပျူတာကိုတော့ သွားမလုပ်နဲ့နော် ... ကံဆိုးပြီးတော့ အီလက်ထရောနစ် အက်ဥပဒေနဲ့ မိနေဦးမယ်။ ကျွန်တော့်အနေနဲ့ password မမေ့ဘူးသေးတော့ မစမ်းကြည့်ဖူးသေးပါဘူး။ ဒါပေမဲ့ Life Hacker မှာလည်း recommend လုပ်ထားတာဖြစ်တဲ့အတွက် မိတ်ဆွေတွေမှာ အလားတူ ပြဿနာမျိုးကြုံခဲ့ရင် သုံးနိုင်အောင်လို့ sharing လုပ်လိုက်တာပါ။ အသုံးပြုပုံ နည်းလမ်းတွေကိုတော့ Google မှာဖြစ်စေ Youtube မှာဖြစ်စေ How to Ophcrack, Ophcrack Tutorial စတဲ့ Keywords တွေနဲ့ ရှာဖွေပြီး လေ့လာကြည့်နိုင်ပါတယ်။

Wowzio - Beautiful Blog Widgets

Wowzio - Blogger တွေအတွက် အရမ်းအသုံးဝင်တဲ့ အောက်ဖော်ပြပါ Widget တွေကို ရရှိနိုင်တဲ့ နေရာတစ်ခုပါ။ Gallery Widget Wowzio's Gallery Widget automatically finds all the pictures on your blog and creates a beautiful photo-grid (gallery) from them for you. Each photo tile links to its corresponding post. Panoramic SlideShow Widget Wowzio's Panoramic SlideShow Widget automatically finds all the pictures on your blog and creates a beautiful slideshow from them for you. Each slideshow image links to its corresponding post. Live Activity Widget Wowzio's Live Activity Widget shows a real-time list of your blog's latest visitors—where they came from, and what post they are reading. It gives your users an opportunity to explore posts that others are reading, and helps foster a sense of community. Tag Cloud Widget Wowzio's Tag Cloud Widget displays the top tags for your blog. Wowzio extracts your tags, technorati tags, as well as auto-extracts tags, then scores them based on rece

အီလက်ထရောနစ် အက်ဥပဒေ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ရက်နေ့က ကိုနေဘုန်းလတ်ကို ပုဒ်မသုံးခုနဲ့ ဆွဲချက်တင်ပြီး ထောင်ဒဏ် အနှစ် ၂၀ ကျော် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ အဲဒီပုဒ်မသုံးခုထဲက တစ်ခုဖြစ်တဲ့ အီလက်ထရောနစ် အက်ဥပဒေ Via : ညီညီသံလွင်

How Microsoft Windows 7 Got Its Name

Microsoft ကနေ Window Vista ထွက်လာပြီးတော့ အခု Window 7 ထပ်ထွက်လာပါပြီ။ Version တွေကလည်း ဘယ်လိုလဲပေါ့ ... 6 ပြီးတော့ 7 လာရမည့်ဟာ အခု Vista ပြီးတော့ 7 :-? ကျွန်တော်လည်း အစက နားမလည်ဘူး။ ဒါပေမဲ့ အောက်ပါ ပို့စ်တစ်ခုကို ဖတ်လိုက်တော့မှ ရှင်းသွားတော့တယ်။ One . The very first release of Microsoft Windows: Windows 1.0 Two . The second release of Microsoft Windows: Windows 2.0 Three . The third release of Microsoft Windows (3.0, 3.1): Windows 3.0 Four . The fourth release of Microsoft Windows was Windows 95, code named Windows 4.0 Five . Then, Windows 2000 was code named Windows 5.0, with Windows XP known as Windows 5.1 Six . The release of Windows Vista was code-identified as Windows 6.0 Seven . So, the next release of Windows will be called publicly and internally “Windows 7“. -- Keith Via : great documents

Tower Bridge

Tower Bridge ကို အနီးကပ်ရိုက်ထားတဲ့ ပုံပါ။ လန်ဒန်လည်း ကျွန်တော်တို့ မြန်မာပြည်နဲ့တူတယ် (တံတားတွေများတာ ပြောပါတယ်) ။ သိမ်းစ်မြစ်တစ်လျောက် ပေါလိုက်တဲ့တံတားတွေ။ ရထားတွေပါဖြတ်တဲ့ တံတားအသေးလေးတွေကိုပါ ထည့်တွက်မယ်ဆိုရင်တော့ မြန်မာပြည်ထက် များလောက်တယ်။ အလှဆုံးကတော့ ဒီ Tower Bridge နှင့် Millennium Bridge ပဲ။ မြန်မာပြည်မှာလည်း တံတားတွေ လမ်းတွေဖောက်လို့ လမ်းပန်းဆက်သွယ်ရေးက အရင်ကထက်ပိုပြီးတော့ အဆင်ပြေလာပါတယ်။ ဒါပေမဲ့ လမိုက်ညတွေအတွက် အလင်းရောင်မီးလေး ပုံမှန်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ နောက်ပြီး လမ်းတစ်ခါဖောက်ပြီးရင် တစ်နှစ်ကို လေးငါးခါလောက် လိုက်ပြီးပြုပြင်နေရတဲ့ လမ်းမျိုးလည်း မဖောက်ရင် ပိုကောင်းမယ်။ လမ်းတံတားအကြောင်းတွေရေးတော့ ကျွန်တော့်ဦးလေး တစ်ယောက်ပြောဖူးတဲ့ စကားလေးကိုလည်း သတိရမိတယ်။ ငါ့တူ ... မေမြို့ကိုသွားရင် အတက်လမ်းနဲ့ အဆင်းလမ်း နှစ်မျိုးရှိတယ်မလား။ တစ်ခုက လမ်းဟောင်း၊ တစ်ခုက လမ်းသစ်။ တကယ်လို့ ဘယ်ဟာ လမ်းဟောင်း၊ ဘယ်ဟာ လမ်းသစ်လဲဆိုတာသိချင်ရင် မောင်းကြည့်ကွာ။ မောင်းကြည့်လို့ ဖင်နာတဲ့လမ်းဟာ လမ်းသစ် :P

Vecteezy, Brusheezy and Flasheezy

Graphic/Web Designer တွေအတွက် အထောက်အကူဖြစ်စေတဲ့ website သုံးခုကို မျှဝေချင်ပါတယ်။ Vecteezy - Free Vector Art Flasheezy - Free Flash Files and Templates Brushezzy - Free Photoshop Brushes Related post : two-cool-free-stuff-sites-for-graphic/web designers

Cool site for BitTorrent and P2P Users

Site name : FileShareFreak Description : THE source for BitTorrent & P2P Tips, Tricks and Info. BitTorrent နှင့် P2P အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ site တစ်ခုဖြစ်ပြီး Tutorial တွေကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ အဲဒီဆိုဒ်ထဲမှာ အောက်ပါ ပို့စ်သုံးခုကိုတော့ အကြိုက်ဆုံးပဲ :) Crack/Keygen Sites That Are Safe To Use The Top 300 BitTorrent Websites of 2008 The Best Online Streaming Movie Sites on the Net

How to Use the Luminance Feature in Lightroom 2

Digital Photographer တွေအများဆုံးအသုံးပြုတဲ့ Lightroom Software မှာပါတဲ့ Luminance Feature (brightness feature for specific color ranges) အကြောင်းကို အသုံးပြုပုံ Tutorial တွေနှင့်တကွ ရှင်းပြပေးတဲ့ Video Tutorial တစ်ခုပါ။ ဓာတ်ပုံပညာကို ၀ါသနာပါသူ လေ့လာနေသူတွေအတွက် အသုံးဝင်ပါလိမ့်မယ်။ Yanik Chauvin on Vimeo . ကျွန်တော်လည်း ဓာတ်ပုံရိုက်ခြင်း၊ ဓာတ်ပုံပြုပြင်ခြင်း ပညာကို စိတ်ဝင်စားတဲ့အတွက် Lightroom ကိုလေ့လာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ဆရာဖြစ်တဲ့ ကိုမောင်လှဘလော့ မှာလည်း Lightroom Tutorial တစ်ချို့ကို သွားရောက်လေ့လာနိုင်ပါတယ်။

Firefox အတွက် အချိန်ကုန်သက်သာစေသော Shortcut များ

Software/Application တစ်ခုခုကို အသုံးပြုရာတွင် shortcut များကို ပိုင်ပိုင်နိုင်နိုင်အသုံးပြုနိုင်ပါက အချိန်ကုန်သက်သာစေတဲ့ အကျိုးကျေးဇူးကို ရရှိနိုင်မှာဖြစ်ပါတယ်။ ထို့အတူ Firefox browser ကိုအသုံးပြုပြီး အင်တာနက် ကြည့်တဲ့အခါမှာလည်း shortcut များကို အသုံးပြုနိုင်ပါက မိတ်ဆွေအတွက် အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ အထူးသဖြင့် ကြွက်(Mouse) ကို သွားပြီးကိုင်နေရတဲ့ ဒုက္ခမှ ကင်းဝေးစေမှာဖြစ်ပါတယ် ;) အောက်ဖော်ပြပါ shortcut တွေကတော့ Firefox browser ရဲ့ shortcut များစွာရှိတဲ့အထဲကမှ အင်တာနက်ကြည့်သူတွေအတွက် အရမ်းအသုံးဝင်လှတဲ့ shortcut တွေပဲဖြစ်ပါတယ်။ Option key ပါတဲ့ shortcut တွေကတော့ Mac user တွေအတွက်ဖြစ်ပါတယ်။ Option D or Alt D or F6 အင်တာနက် ၀က်ဘ်ဆိုဒ်တစ်ခုကိုကြည့်နေရင်းကနေ အခြားဆိုဒ်တစ်ခုကို ကြည့်ဖို့အတွက် URL (address bar) မှာ Mouse pointer နဲ့ select ပေးဖို့လိုပါတယ်။ ထိုကဲ့သို့ မပြုလုပ်ချင်ဘူးဆိုရင် Alt D ကိုသာနှိပ်လိုက်ပါ။ လက်ရှိရောက်နေတဲ့ address bar မှာ Auto Select ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။ အလားတူစွာ Function key F6 ကိုလည်း အသုံးပြုနိုင်ပါတယ်။ Alt Enter or Option Enter Address bar မှာ မိမိသ

Millennium Bridge

လန်ဒန်ရဲ့ နာမည်ကြီး Millennium Bridge

အိမ်

ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့အိမ် ရံရွေလယ်၊ ထယ်ဝါစွာ ဆင်စွယ်နန်းအိမ် ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ် နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ် အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ ကလေးလေးတွေ နွေးထွေးဖို့လေ.. ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ အိမ်အပြင်မှာ ၀ါပင်တွေ ကိုယ်တိုင်စိုက်မယ် ကိုယ်တိုင်ငင် ၀ါချည်မျှင် ဖျင်တစ်ဘက်ရယ် အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့ စပါးရိတ်ချိန် ၀ိုင်းဖွဲ့မယ် ဆန်အရက်ရယ် ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ် လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ် ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ် ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ် ကလေးလေးတွေ နွေးထွေးဖို့လေ၊ ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကို ဆောက်ကြမယ်လေ မြင့်မြတ်ခြင်းတွေ၊ နွေးထွေးခြင်းတွေကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့လေ ရင်ခွင်မှာရှင်သန်ရာ ခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာ တည်ဆောက်ကြမယ် အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ ဒဏ္ဍာရီရာဇ၀င်လို ၀ိညာဉ်အိမ

Butterfly Garden - Free Flash Template

မြန်မာ Entertainment Media Site တစ်ခုမှာ သုံးဖူးခဲ့တဲ့ Flash Template တစ်ခုဖြစ်ပါတယ်။ Download Here

တရားမျှတမှု မရှိဘူး

ကိုနေဘုန်းလတ်ရဲ့ သတင်းကို ဒီနေ့ Mizzima မှာ ဖတ်လိုက်ရတယ်။ ကိုနေဘုန်းလတ်ရဲ့ မိသားစုကိုယ်စား၊ မြန်မာဘလော့ဂါအားလုံးရဲ့ကိုယ်စား စိတ်မကောင်းခြင်းများစွာ ဖြစ်မိပါတယ်။ အလားတူစွာ အခြေအနေတွေပြောင်းလဲပြီး လွတ်မြောက်ပါစေလို့လည်း ဆုတောင်းမိပါတယ်။ မထင်မှတ်ထားတဲ့အချိန်မှာ ယုတ်တိမရှိတဲ့ပုဒ်မတွေနဲ့ ဆွဲချက်တင်ခဲ့တဲ့လူတွေကိုလည်း များစွာ ရွံရှာမုန်းတီးမိပါတယ်။ လုံးဝ မတရားဘူး၊ အဓိပ္ပာယ်မရှိဘူး .... ဟာ ... ခွေးမျိုးတွေ ... မင်းတို့ဇာတ်သိမ်းကို စောင့်ကြည့်ချင်သေးတယ်။ အခုတော့ အ၀ မျိုထား ဆို့ထား ယူထား ဟတ်ထား ကြဦးပေါ့။

တောင်သမန်ပင်လယ်

လေပြေတစ်ချက်သွေးတော့ မယ်ဇယ်ရနံ့တသင်းသင်းနဲ့ တောင်သမန်အင်းကလွမ်းစရာ အရိပ်ဖြာတမာတန်း တချိန်ကကျောင်းတော်လာရာလမ်းကလေး မျှော်ငေးတွေးကြည့် မြေရာလေးတွေရှိသေးတယ် ဦးပိန်တံတားနှင့်ခုံတန်းလျား ရင်ခုန်သံတွေလမ်းသလား အိမ်မက်တွေ ရင်ချင်းအပ်ထားတဲ့နေရာ နှုတ်ဆက်ခွဲာခွာ ခုများတော့ဝေးခဲ့ပြီ ကျမျက်ရည်ဖြေမဆည်နိုင်အောင်ဘဲ တောင်သမန်လည်းပင်လယ်ဖြစ်ခဲ့ရပေါ့ ဆရာမင်းနဒီ ဆိုတဲ့ကဗျာဆရာ ရေးထားတာဖြစ်ပါတယ်။ ကြိုက်လွန်းလို့ မန္တလေးသား သူငယ်ချင်းတွေကို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။

Congratulations Mr ZZA

Cheers! Mr. ZZA ဒီနှစ် သီတင်းကျွတ်မှာ ပထမဆုံး ဈေးဦးပေါက်သွားသူကတော့ မန္တလေး MCC မှာ သင်တန်းတက်တုန်းက ဒီဇိုင်းပညာရပ်ကို ပထမဆုံးသင်ပေးခဲ့တဲ့ ဆရာဖြစ်ပါတယ်။ ဆရာတစ်ယောက်လိုခင်သလို အကိုတစ်ယောက်လိုလည်း ခင်ခဲ့တဲ့သူပါ။ အခုတော့ ထောင်ကျသွားပြီ (အိမ်ထောင်ပြောပါတယ်) ရာသက်ပန် အိုအောင်မင်းအောင် ပေါင်းနိုင်ပါစေဗျာ စကားမစပ် ... ဘေးက မတ်တပ်ရပ်နေတဲ့ အပျိုကြီးနှစ်ယောက်အလှည့် ဘယ်တော့ဖြစ်မလဲ မသိဘူး။ မျက်မှန်နဲ့ အပျိုကြီးဆိုရင် အားကျတဲ့အကြည့်တွေနဲ့ ကြည့်နေရှာတယ် :P ဓာတ်ပုံပို့ပေးတဲ့ နှစ်ကူးရေ ... ကျေးဇူးအထူးတင်ပါတယ်။

မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်

တန်ဆောင်တိုင်အကြောင်း ရေးဖွဲ့ထားတဲ့ ရှေးသီချင်းတစ်ပုဒ်ပါပဲ။ သီချင်းနားထောင်နေစဉ်မှာပဲ တန်ဆောင်တိုင်လရဲ့ မြင်ကွင်းတွေ အာရုံထဲမှာ ကွက်ကွက်ကွင်းကွင်း မြင်လာပါတယ်။ ဖိုးသူတော်ဦးမင်းရဲ့ တန်ဆောင်တိုင်လဘွဲ့ကဗျာလေးကို ထပ်ပြီးဖတ်မိတော့ ပိုပြီး လွမ်းမိတာပေါ့။ တန်ဆောင်မုန်းလဘွဲ့ လှူကထိန်သင်္ကန်းနှင့် မဂ်လမ်းတဲ့ ဆုပန်ရွယ် သည်ချိန်ကို ရွှေမုံကြဲလို့ ခ၀ဲရွှေကြာရင်းမှာ သင်းရနံ့ကြွယ် ကောင်းကင်လယ် ထက်ဝယ်ဘုံဦး ရွှေလစန္ဒာနှင့် ကြတ္တိကာ ကြယ်ရောင်စွန်းတယ် ထွန်းထိန်လို့မြူး ဖိုးသူတော်ဦးမင်း စိတ်မရှိပါနဲ့ ... ဘလော့ကို ထွက်ပေါက်တစ်ခုလို့ ယူဆတဲ့အတွက် ဘလော့ပေါ်မှာပဲတက်ပြီး ငြီးပါရစေ၊ လွမ်းပါရစေ၊ ဆွေးပါရစေ ;) ချမ်းအေးတဲ့ဆောင်းရာသီမှာ ချစ်စရာ့တန်ဆောင်တိုင်ပွဲတော်တွေ့ဟာ ဘယ်နေရာ ဘယ်ကမ္ဘာပဲရောက်ရောက် မြန်မာတွေအတွက် မေ့လို့ရမှာ မဟုတ်ပါဘူး။ ကထိန်ပွဲတွေအတွက် ပြင်ဆင်ခဲ့ဖူးတဲ့နေ့တွေ ကျီးမနိုးပွဲကျင်းပရင်း ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ် စားခဲ့တာတွေ အောင်ပင်လယ်ကန်ဘေးက ကြာမျိုးစုံဖူးပွင့်နေတဲ့ ကြည်နူးစရာမြင်ကွင်းတွေ သူငယ်ချင်းတွေစုပြီး မကြီးမငယ်နဲ့ ကျုံးဘေးတစ်လျောက် ဗျောက်အိုးဆော့ခဲ့တာတွေ ချမ်းအေးတဲ့ မန္တလေးဆောင်းညတွေမှာ ရိုးရာမုန့်မ

Enjoy your spare time with StumbleUpon Toolbar

အင်တာနက်ပေါ်မှာ မိမိစိတ်ဝင်စားရာ ကဏ္ဍအလိုက် အကောင်းဆုံး Website တွေ၊ Blog တွေ၊ Photo တွေ၊ Video တွေကိုကြည့်ချင်တယ်ဆိုရင် သင့်ရဲ့ Browser မှာ StumbleUpon Toolbar ကို install လုပ်ဖို့အကြံပြုပါရစေ။ StumbleUpon ဟာ Social Networking site တစ်ခုဖြစ်ပြီး မိမိကြိုက်နှစ်သက်တဲ့ page တွေကို မှတ်ထားနိုင်တဲ့ bookmarking tool တစ်ခုအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ အဲဒီတော့ မိမိဘယ်နေရာကိုပဲရောက်နေ ရောက်နေ မိမိ bookmark လုပ်ထားတဲ့ page တွေကို access လုပ်ပြီး ကြည့်နိုင်ပါတယ်။ Delicious လည်း ထိုနည်းတူစွာ ပြုလုပ်နိုင်တဲ့ bookmarking site တစ်ခုပါပဲ။ StumbleUpon မှာ account ဖွင့်ထားပြီးတော့လည်း မိမိကိုယ်တိုင် သို့မဟုတ် တစ်ခြားအသုံးပြုသူတွေ တွေ့ရှိထားတဲ့ favourite site တွေကို comment/rating ပေးနိုင်သလို မိမိအနေနဲ့ site တစ်ခုကို အသစ်တွေ့ရှိခဲ့ရင် comment/rating ပေးပြီးတော့ မိမိရဲ့ကိုယ်ပိုင် stumble page မှာ သိမ်းထားနိုင်ပါတယ်။ Download : StumbleUpon Toolbar for Firefox ကျွန်တော်ရဲ့ stumble page ကိုအောက်က လင့်ခ်မှာ Click လုပ်ပြီးလာရောက်ကြည့်ရှူ့နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ bookmark လုပ်ရင် delicious ကိုပဲ

Window Vista ရဲ့ Desktop မှာ Recycle Bin ကို မှားဖျက်မိတယ်ဆိုရင်

ဒီပြဿနာကတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့တာပါ။ Recycle Bin ထဲက File တွေကို ရှင်းတဲ့အခါမှာ Recycle Bin ကို right click နှိပ်ပြီး Recycle Bin ကို ရွေးရမည့်အစား မှားပြီးတော့ Delete ဆိုတာကိုရွေးမိလိုက်တာပါ။ Warning ပေးတာကိုလည်း ရုပ်တည်ကြီးနဲ့ Yes ကိုပဲနှိပ်လိုက်မိတယ် :P အဲဒီတော့ Recycle Bin ဖျက်လိုက်သလို ဖြစ်သွားရော။ Solution ကတော့ Warning message ပေးကတည်းက ပါပြီးသားပါ။ To store it later, go to Personalization in Control Panel တဲ့။ ဒါပေမဲ့ မှားပြီးဖျက်ခဲ့တဲ့အတွက် အဲဒီ messageကို ဘယ်လိုမှ ပြန်ဖတ်လို့မရတော့ဘူးလေ။ ဒါနဲ့ပဲ Goggling လုပ်လိုက်တော့ ရရှိခဲ့တဲ့ solution က အောက်ပါအတိုင်းဖြစ်ပါတယ်။ Start Button ကိုနှိပ်ပြီး Control Panel သို့ဝင်ပါ။ Control Panel ထဲရောက်ပြီဆိုရင် Appearance and Personalization ကိုရွေးပါ။ ထို့နောက် Personalization ကို ထပ်ပြီးရွေးပါ။ Personalization ကိုပြနေတဲ့ Window ရဲ့ left side မှာရှိတဲ့ Change Desktop Icons ဆိုတဲ့စာသားကို Click နှိပ်ပါ။ Desktop icon settings ဆိုပြီး window တစ်ခု ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ Window ထဲမှာ Recycle Bin ဆိုတဲ့နေရာလေးရဲ့ Check Box ကို Tick ပြန်လုပ်

Myanmar eBooks ရယူနိုင်သောနေရာများ

Internet ပေါ်တွင် ကျွန်တော်သိသလောက် အောက်ပါနေရာများမှတဆင့် မြန်မာ ebook များကို download လုပ်ပြီး ရယူနိုင်ပါတယ်။ တစ်ခြားနေရာတွေရှိသေးရင်လည်း comment မှာဖြစ်ဖြစ် cbox မှာဖြစ်ဖြစ် ကျေးဇူးပြုပြီး ရေးထားခဲ့ပေးပါ။ Sharing is Caring :) http://shweone.wordpress.com/ http://ebooks.mmblogs.net/ http://swanbros.blogspot.com/2005/11/free-myanmar-ebooks.html http://www.myanmarnetworknews.com (Magazines and Journals) http://www.myanmarebooks.net.tc/ Myanmar A+ eBooks Myanmar Cyber (ဖိုရမ်တစ်ခုပါ။ Register လုပ်ပြီး ebook section မှ စာအုပ်များကို ရယူနိုင်ပါတယ်။) မြန်မာ ebook များကို sharing လုပ်ထားပေးသော အထက်ပါ website များကို အထူးကျေးဇူးတင်ပါသည်။