မနေ့ညက စတင်ပြီး UK က နေရာတော်တော်များများမှာ Heavy Snow တွေ ကျဆင်းနေပါတယ်။ အဆိုးဆုံးထိတဲ့အပိုင်းကတော့ South-east England ပါပဲ။ အခု ပို့စ်ရေးနေတဲ့မနက်ပိုင်းအထိ ကျဆင်းနေဆဲပါပဲ။ တိုင်းထွာချက်အရ Snow ရဲ့ အထူဟာ 15cm (6 in) အထိ ရှိနေပါတယ်။ Gatwick Airport ကိုလည်း ခဏတာ ပိတ်ထားရပါတယ်။ Heathrow မှာလည်း cancelled လုပ်လိုက်တဲ့ Flight တွေ မနည်းပါဘူး။ Train services တွေလည်း cancelled ဖြစ်ကုန်ပါတယ်။ ကျွန်တော့်အထင် ဒီနေ့ ညနေပိုင်းလောက်မှပဲ service အားလုံး ပြန်ရမယ်ထင်ပါတယ်။
BBC မှာ ဖတ်ရတဲ့သတင်းအရ weather ကြောင့် ကျောင်းတွေ၊ ရုံးတွေ ပိတ်ပြီး လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။


ဒီနှစ် ဒီတစ်ခါ snow ကတော့ ကြုံဖူးသမျှထဲမှာ အထူဆုံးနှင့် အထူးခြားဆုံးပါပဲ။ ဒီလောက်ထူတဲ့ နှင်းထုမျိုး ဒီမှာတွေ့ရခဲပါတယ်။ ဓာတ်ပုံတွေကိုတော့ အလင်းရောင်လေး နည်းနည်းမြင်ရတော့မှပဲ ရိုက်တော့မယ်။ အထက်ပါ ဓာတ်ပုံနှစ်ပုံကတော့ အမြည်းကျွေးထားတာ :)
Update 1 : အပြင်ထွက်ပြီး ပန်းခြံထဲမှာ ဓာတ်ပုံခဏသွားရိုက်ပြီး ပြန်လာခဲ့တယ်။ အေးတဲ့ဒဏ်၊ နှင်းကျတဲ့ဒဏ် တော်တော်ဆိုး။ Bus တွေကိုတော့ အခုထိမတွေ့ရသေးဘူး။ ကဲ ... ဓာတ်ပုံတွေ ကြည့်လိုက်ပါဦး။

စောစောစီးစီး ဘယ်သူမှ မရှိဘူး၊ တိတ်ဆိတ်နေတာပဲ

မျှော်တောင်ယောင် ခုံတန်းလေး

အထီးကျန်တယ်ဆိုတာ

လေးပွင့်ဆိုင် ဇာတ်လမ်း
နောက်ထပ် ထပ်ပြီး ရိုက်ဖြစ်ခဲ့ရင်တော့ Update ထပ်ထပ်ပြီး လုပ်ပေးသွားပါမယ်။ ကျန်းမာပျော်ရွှင်ပါစေ :)