Skip to main content

Posts

Showing posts from April, 2009

ဆဌမအကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲ - လန်ဒန်

ြှဗိတိန်နိုင်ငံရောက် မြန်မာသံဃာတော်များနှင့် မြန်မာဒါယိကာ ဒါယိကာမများ စုပေါင်းကျင်းပသော ဆဌမအကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲ အခမ်းအနား ကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အတူတကွ ကြွရောက် ကြည်ညိုကုသိုလ်ဒါနပြုနိုင်ကြရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ နေ့ရက် ၁၃၇၁ ခု၊ ကဆုန်လဆန်း (၁၀) ရက် ၃.၅.၂၀၀၉ တနင်္ဂနွေနေ့ အချိန် နံနက် (၁၀) နာရီ မှ ညနေ (၅) နာရီအထိ နေရာ Ealing Town Hal l (Victorial Hall) New Broadway Ealing W5 2BY မှတ်ချက် သံဃာတော်များအတွက် ဆွမ်းလှူဒါန်းလိုသူများသည် နံနက် (၁၀) နာရီအရောက် ကြွရောက်ပါရန်နှင့် မိမိတို့ နှစ်သက်ရာ သီးသန့်လှူဒါန်းလိုပါက ပင့်သံဃာ (၃၀)ပါး ရှိပါသည်။ ပန်ကြားချက် ဗုဒ္ဓနေ့ပူဇော်ပွဲဖြစ်ပါ၍ မြန်မာအမျိုးသား အမျိုးသမီးများသည် မိမိတို့၏ ရိုးရာ ယဉ်ကျေးမှု ၀တ်စုံများ ၀တ်ဆင်၍ တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၂၀၀၉ အတွက် အကြိုက်ဆုံး သင်္ကြန် Remix နှင့် အက

သာသနရံသီကျောင်းမှ ကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲတွင် မျိုးဆက်သစ် ညီမငယ်လေးများ၏ ကပြဖျော်ဖြေမှု့ဖြစ်ပြီး ပရိသတ်များ၏ လက်ခုပ်သြဘာသံများ Hall တစ်ခုလုံး လွှမ်းခြုံသွားသည်အတိ အားပေးခဲ့ကြပါတယ်။ သင်္ကြန်ပွဲနေ့က ရိုက်ကူးထားခဲ့တဲ့ Video ကိုလည်း editing ပြုလုပ်နေပြီဖြစ်ပြီး ရန်ပုံငွေအဖြစ် ရောင်းချသွားဖို့ စီစဉ်နေပါတယ်။

Burmese Thingyan Festival - London

နှစ်သစ်မင်္ဂလာပါ ခင်ဗျာ ... ၂၀၀၉ ခုနှစ် လန်ဒန်ရောက် မြန်မာမိသားစုများ၏ နှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၈ ရက် နေ့က အောင်မြင်ခမ်းနားစွာ ကျင်းပပြီးစီးခဲ့ပါတယ်။ လန်ဒန်က သင်္ကြန်ပွဲတွေထဲမှာ အခမ်းနားဆုံး အစည်ကားဆုံးပွဲတစ်ခုလည်း ဖြစ်ပါတယ်။ အစီအစဉ်ကို နှစ်ပိုင်းခွဲပြီး ကျင်းပခဲ့ကြပါတယ်။ မနက်ပိုင်း အစီအစဉ်ကတော့ ဘုရားအနေကဇာတင်ပြီး သံဃာတော်များကို ဆွမ်းဆက်ကပ်ခဲ့ခြင်းဖြစ်ပါတယ်။ မဟာဇေယျသုခ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး Colindale, London လန်ဒန်ရောက် သံဃာတော် ၂၅ ပါးမှ ဘုရားအနေကဇာတင် ဂါထာတော်များ ရွတ်ဖတ်ပူဇော် ဒီလို နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ် ဘုရားအနေကဇာတင်နေစဉ်မှာပဲ ဒါယိကာ ဒါယိကာမများမှ သံဃာတော်များ ဆွမ်းဘုန်းပေးရန်အတွက် ချက်ပြုတ်ရေးတာဝန် အသီးသီးကို နှစ်ဦးကုသိုလ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြပါတယ်။ ချက်မယ် ပြုတ်မယ်ဆိုတာချည်းပဲ ဆားဖြူးနေကြတာ ... အဲ ... ချက်ပြုတ်နေကြတာ ဒယ်အိုးနှင့် အားရပါးရ ချက်ကြသည် ဒီတစ်ယောက်လည်း ဘာတွေလုပ်နေမှန်းမသိဘူး :P အချိုပွဲအတွက် ပြင်ဆင် လုပ်အားပေး ကုသိုလ်ယူကြသူတွေ ဖရဲသီးတွေနဲ့ အလုပ်ရှုပ်နေသူ ရှမ်းခေါက်ဆွဲလုပ်ပြီး ကုသိုလ်ယူကြသူ သူငယ်ချင်းတစ်စု ဘုရားအနေကဇာတင်ပြီးနောက်ပို

၂၀၀၉ မြန်မာနှစ်ကူး အတာသင်္ကြန်ပုံရိပ်များ

၂၀၀၉ ခုနှစ် မြန်မာအတာသင်္ကြန်နှင့် ပက်သက်သော မှတ်တမ်များ၊ သတင်းများ၊ ဓာတ်ပုံများနှင့် ဗွီဒီယိုများကို တတ်နိုင်သမျှ Sharing လုပ်ပေးသွားပါမယ်။ သတင်းနှင့် ဓာတ်ပုံများ ပေးပို့ရန်ရှိခဲ့ပါက Comment တွင် ၀င်ရောက်ရေးသားခဲ့နိုင်ပါသည်။ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံနိုင်ကြပါစေခင်ဗျာ :) မြန်မာသက္ကရာဇ် ၁၃၇၁-ခုနှစ်အတွက် သူရိယသိဒ္ဓန္တ မဟာသင်္ကြန်စာ ( Planet ) မန္တလေးမြို့တော်ဝန်မဟာသင်္ကြန်ဖွင့်ပွဲ ကြိုတင်ပြင်ဆင်မှု ပုံရိပ်များ (mdythar) TP Myanmar Thingyan 2009 ဓာတ်ပုံများ - (နမူနာ Video ကို TP Myanmar Site တွင် ကြည့်ရှူ့နိုင်ပါသည်) Thaiwan သင်္ကြန် ၂၀၀၉ ( နေလင်း ) Thingayn Festival in Thaiwan - Video ( kikiidiotlove ) Chaw Su Khin at Thaiwan Thingayn Festival 2009 ( Kumondra ) စင်ကာပူသင်္ကြန် ၂၀၀၉ ( မဗေဒါ ) Singapore Thingayn 2009 - Videos (YouTube) ပီနန်သင်္ကြန် ၂၀၀၉ ( ငွန်ငယ်မိုး ) ရန်ကုန်သင်္ကြန် 2009 အကျနေ့ ( မိုးမခ ) Tokyo Thingyan 2009 ( mgayesoe ) သင်္ကြန်သံချပ် ၂၀၀၉ ( Burma Digest ) Pre Thingyan 2009 ( Ye Lwin Oo ) သင်္ကြန်ပုံတွေ ( စိုးဇေယျထွန်း ) သင်္ကြ

အင်တာနက် ဘယ်လို အလုပ်လုပ်သလဲ

IT ခေတ်ကြီးမှာ Internet နဲ့ ပက်သက်ပြီး လူတိုင်းကြည့်ရှူ့သင့်တဲ့ Video Presentation နှစ်ခုလို့ ထင်ပါတယ်။ အလွယ်ကူဆုံး အရိုးရှင်းဆုံးပုံစံနဲ့ ရှင်းပြထားတာ ဖြစ်ပါတယ်။ စကားမစပ် ... it ဆိုတဲ့ စာလုံးကို မြန်မာစာ(ဇော်ဂျီ)လက်ကွက်နဲ့ ရိုက်ဖူးလား ? မရိုက်ဖူးရင် ရိုက်ကြည့်ပါ။ သင့်ရဲ့နာမည်ထွက်ပေါ်လာတာကို ထူးခြားစွာ တွေ့မြင်ရပါလိမ့်မည် :P

ဗုံကြီးသံ - Real Myanmar Hip Hop

YouTube မှာ လည်ပတ်ရင်း တွေ့ခဲ့တဲ့ Video တစ်ခုပါ။ သူငယ်ချင်းတွေကို နားထောင်ကြည့်စေချင်ပါတယ်။ စာသားတွေကတော့ လန်ထွက်နေတာပဲ ;)

BSO (UK) မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်

Burmese Student Organisation (UK) မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး ကျင်းပဲတဲ့ သင်္ကြန်ပွဲလေးပါ။ ၀င်ကြေးကတော့ လန်ဒန်မှာ အသက်သာဆုံးဈေးနှုန်း ဖြစ်ပါလိမ့်မယ် :) မုန့်လုံးရေပေါ်လည်း Free ကျွေးဦးမှာတဲ့ ... ကဲ ... စိတ်ဝင်စားရင်တော့ ကြော်ငြာမှာပါတဲ့အတိုင်း ချိတ်လိုက်တော့ဗျာ :)

သဟာကြွဖို့ ဖိတ်ကြားလွှာ (သို့) London Thingyan 2009

ဒီနှစ်သင်္ကြန်အတွက် ဘုန်းဘုန်းဦးသီ ရေးစပ်သီကုံးထားတဲ့ သဟာကြွဖို့ ဖိတ်ကြားလွှာ ဆိုတဲ့ကဗျာလေးကိုမျှဝေခံစားရင်း London Thingyan 2009 ကိုကြွရောက်ဖို့ ခင်မင်လေးစားစွာ ဖိတ်ကြားလိုက်ရပါတယ်ခင်ဗျာ။ သဟာကြွဖို့ ဖိတ်ကြားလွှာ ပန်းစံပွင့်ကာ ရွက်လွှာစိမ်းစိမ်း၊ မြရည်လိမ်းလျှက် နွဲ့ယိမ်းလှုပ်ကာ၊ လေပြေလာသည့် အတာတန်ခူး၊ နှစ်သစ်ဦးတွင် ကြည်နူးသန့်ရှင်း၊ ဘေးရန်ကင်းလျှက် ကောင်းခြင်းထွေထွေ၊ တွေ့ပါစေဟု မှာချွေဆုတောင်း၊ ဆွမ်းဆန်လောင်းဘို့ ခွင့်ကောင်းအမှန်၊ မြို့လန်ဒန်မှ ထိုက်တန်ဆုပေး၊ ကိုလန်ဒေး (Colindlae) သို့ လှူပေးသံဃာ၊ ဖူးမျှော်သာသည် သဟာကြွခဲ့ပါအုံးနော်။ ဘုန်းသီ (လန်ဒန်) ဒီနှစ်သင်္ကြန်ကိုတော့ ယခင်နှစ်သင်္ကြန်များအတိုင်းပဲ နှစ်နေရာခွဲပြီး ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ Colindale ကျောင်းမှာ ဘုရားအနေကဇာတင်ခြင်း၊ သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ စုပေါင်းရဟန်းခံရှင်ပြုခြင်း တို့ကိုပြုလုပ်ပါမည်။ ထို့နောက် လူပရိသတ်များအား ဧည့်ခံကျွေးမွေးပါမည်။ နေ့လည်ပိုင်းမှာတော့ သင်္ကြန်ပွဲပျင်းပနေကျ St. Matthias Hall မှာ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နှစ်သစ်ကူး တရားနာယူခြင်း တို့ကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ထို့ေ

ဧပရယ်ဖူးလ် သက်သက်ပါ

အားလုံးကို နှုတ်ဆက်ပါတယ် ဆိုတဲ့ပို့စ် (April Fool Post) မှာ ကွန့်မန့်ဝင်ရောက်ရေးသားပေးကြတဲ့ ညီအစ်ကိုမောင်နှတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ တကယ်ထင်သွားပြီး စိတ်အနှောက်အယှက်ဖြစ်သွားတဲ့ မိတ်ဆွေတွေကိုတော့ အထူးပဲ တောင်းပန်အပ်ပါတယ်။ တစ်ချို့တွေကတော့ သိပြီးသားဖြစ်လို့ ထွေထွေထူးထူး ပြောစရာမလိုတော့ပါဘူး။ တကယ်ထင်ပြီး post တွေကို subscribe လုပ်ပြီး မဖတ်ခဲ့ရင်တော့ ကျွန်တော်ကိုယ်တိုင် April Fool ဖြစ်သွားပြီပေါ့ :(

အားလုံးကို နှုတ်ဆက်ပါတယ်

ကျွန်တော်ဘလော့ရေးလာတာ သုံးနှစ်နီးပါးကျော်ရှိနေပါပြီ။ အခုတော့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်ရဲ့ဘလော့ကို ဧပြီ ၂ ရက်နေ့မှစပြီး ဖျက်သိမ်းပစ်ပါတော့မယ်။ အရမ်းစိတ်ကုန်သွားပါပြီ။ သုံးနှစ်တာအတွင်းမှာ ပို့စ်တွေရေးဖြစ်အောင် တိုက်တွန်းအားပေးခဲ့ကြတဲ့ စာဖတ်သူ ညီအစ်ကိုမောင်နှမများအားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ခင်မင်လေးစားစွာဖြင့် --- CMS aPril fOol