23 May 2009
အမေစုလွတ်မြောက်ရေး Photo Campaign
Facebook ပေါ်မှာ မိတ်ဆွေတစ်ယောက် ပေးပို့တဲ့ Message တစ်ခုကို ရရှိခဲ့ပါတယ်။
Tweet
မိတ်ဆွေများ ခင်ဗျား ...ကျနော်တို့ရဲ့ အားထားလေးစား ကြည်ညိုရပါသော အမေဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကမ္ဘာအဝှမ်း လှုံ့ဆော်မှုအနေဖြင့် သင်၏ Facebook profile photo အား အမေဒေါ်စု၏ ဓာတ်ပုံပြောင်း၍ သင်နှင့်နီးစပ်ရာ မိတ်ဆွေများကိုလည်း တိုက်တွန်းကာ DASSK's Photo Campaign စတင်ကြပါ။ ဒီသတင်းကို တတ်နိုင်သလောက်ဖြန့်ပေးခြင်းဖြင့် အမေစုကို ထောက်ခံသူများ၏ စည်းလုံးမှုကိုပြသကြပါစို့။ အမေစု မလွတ်မြောက်မချင်း ဆက်လက်လုပ်ဆောင် သွားကြပါ။ ကျနော်တို့ရဲ့ အနာဂတ်ကောင်းစားရေးအတွက် သူမ၏ဘဝကို ပေးဆပ်တိုက်ပွဲဝင်နေသူ"မြန်မာမှန်ရင် အမေစုကို ကာကွယ်ပါ" ဟု တိုက်တွန်းလိုက်ပါရစေ။ကို ကျနော်တို့က ဒီအတိုင်း ခေါင်းရှောင်မနေကြပါနဲ့။ စည်းစည်းလုံးလုံးနဲ့ တတ်နိုင်သ၍ ကာကွယ်ပံ့ပိုးပေးကြပါ။
လေးစားစွာဖြင့်
Just Joe
သူ့ရဲ့ စိတ်ကူးအကောင်အထည်ဖော်မှု့ကို လေးစားသောအားဖြင့် အင်တာနက်ပေါ်မှ အမေစု၏ ဓာတ်ပုံများကို စုစည်းပြီး အောက်ပါ Profile picture များကို ဖန်တီးခဲ့ပါတယ်။ မိတ်ဆွေများ အသုံးပြုနေသော Forum များ၊ Social Networking site များ၊ Messenger များတွင် Avatar အဖြစ်ထည့်သွင်းအသုံးပြုကာ ကျွန်တော်၏ မိတ်ဆွေ အထက်မှာပြောခဲ့သလို "အမေစုကို ထောက်ခံသူများ၏ စည်းလုံးမှုကို ပြသကြပါစို့" ။
22 May 2009
ခြေလေးချောင်းမှ ပေါက်ဖွားသလော
ဒေါ်အောင်ဆန်းစုကြည်ကို မိမိ၏ ထင်ရာထင်ကြေး တစ်ခုတည်းနှင့် မှတ်ချက်ပေးသော ဟောင်ကောင်မှ ကောင်စစ်ဝန်ကို အင်မတန် အံ့သြ ရွံရှာမိပါတယ်။ မိမိ၏ ဂုဏ်ပုဒ်၊ လက်ရှိထမ်းဆောင်နေသည့် ရာထူးကိုမှ အားမနာ သူတစ်ပါးကို မသေချာမရေရာပဲ အပြစ်တင်ပုတ်ခတ်တတ်သော အောက်တန်းကျသည့်အကျင့်မျိုးရှိနေသည်မှာ မြန်မာလူမျိုးတစ်ယောက်အနေနှင့်ကြည့်လျှင် ရွံ့ရှာဖွယ်ရာ အပြုအမူတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ခွေးကျွေးလို့ ၀က်မစား၊ ခွေးလန့်ပြီး သုံးရက်ဖျားမည့် သောက်ခွက်နှင့် ခွေးလောက်မှ အဆင့်အတန်းမရှိသည့် စကားများကို ပြောဆိုတတ်သည့် ထိုကောင်စစ်ဝန်၏ ညံ့ဖျင်းသေးသိမ်သည့် စကားများကို လုံးဝ လုံးဝ ရှုံ့ချ ကန့်ကွက်ပါသည်။News Via : Irrawady
21 May 2009
20 May 2009
19 May 2009
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံတောင်းဆို
ASEAN Chairman's Statement
Thailand, 19 May 2009
Thailand, 19 May 2009
Thailand, as the ASEAN Chair, expresses grave concern about recent developments relating to Daw Aung San Suu Kyi, given her fragile health. In this connection, the Government of the Union of Myanmar is reminded that the ASEAN Leaders had called for the immediate release of Daw Aung San Suu Kyi. Furthermore, the Government of the Union of Myanmar, as a responsible member of ASEAN, has the responsibility to protect and promote human rights. It is therefore called upon to provide timely and adequate medical care to Daw Aung San Suu Kyi as well as to accord her humane treatment with dignity. With the eyes of the international community on Myanmar at present, the honour and the credibility of the Government of the Union of Myanmar are at stake. Thailand, as the ASEAN Chair, reaffirms ASEAN’s readiness to contribute constructively to the national reconciliation process and the peaceful transition of democracy in Myanmar.
Via : http://www.aseansec.org/PR-ASEANChairmanStatementonMyanmar.pdf
Via : http://www.aseansec.org/PR-ASEANChairmanStatementonMyanmar.pdf
18 May 2009
ယူကေမြန်မာသံရုံးရှေ့ ဆန္ဒပြတောင်းဆိုပွဲ
ယူကေရောက် မြန်မာ့နိုင်ငံရေးအင်အားစုများစုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် ဆန္ဒပြတောင်းဆိုပွဲတစ်ခုကို ယနေ့နေ့လည် ၁၂ နာရီမှ ၁ နာရီထိ ပြုလုပ်ခဲ့ကြပါတယ်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးမှ မိန့်ခွန်းပြောကြားပြီး အေးချမ်းစွာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ထို့နောက်မှာတော့ နေ့လည် ၁ နာရီမှ နောက်နေ့နေ့လည် ၁ နာရီထိ ၂၄ နာရီကြာ အစာငတ်ခံဆန္ဒပြပွဲကျင်းပပြီး ဆက်လက်တိုက်ပွဲဝင်လျှက်ရှိပါတယ်။
Labels:
demonstration,
London,
remembrance
17 May 2009
Free Burma's Political Prisoners Email Action
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် တစ်ကမ္ဘာလုံးမှ မြန်မာများသာမက မြန်မာ့အရေးစိတ်ဝင်စားသူ နိုင်ငံခြားသားများပါ ပါဝင်လက်တွဲဆောင်ရွက်နေကြပါတယ်။ အလားတူစွာ မိတ်ဆွေလည်း အောက်ပါ ဓာတ်ပုံတစ်ခုချင်းစီကို Click နှိပ်ပြီး Form ဖြည့်စွက်ကာ တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ပါပြီ။
16 May 2009
Free Daw Aung San Suu Kyi Demonstration
လန်ဒန်ရောက် ညီအစ်ကိုမောင်နှမများ ... မေလ ၁၈ ရက်နေ့၊ တနင်္လာနေ့တွင် ပြုလုပ်မည့် Demonstration သို့ အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပါဝင်တက်ရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အောက်ပါ ဓာတ်ပုံတွေကတော့ မေလ ၁၅ ရက်နေ့ Foreign Office မှာပြုလုပ်ခဲ့တဲ့ Demonstration မှ ဓာတ်ပုံတစ်ချို့ဖြစ်ပါတယ်။13 May 2009
နောက်ဆုတ်ဖို့ကြိုးစားရင်းနဲ့
နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့
တေးရေး - မင်းချစ်သူ
တေးဆို - ထက်နေခြည်
Melody World 1 ထဲက သီချင်းကောင်းလေးတစ်ပုဒ်ပါ။ တစ်ချို့သီချင်းတွေက တစ်ခါနားထောင်ရုံနဲ့ မကြိုက်ဘူး။ နှစ်ခါသုံးခါလောက် နားထောင်မိမှ ကြိုက်သွားတယ်။ အဲဒီ Album ထဲက ကိုကိုမောင်ရဲ့ "မချစ်နဲ့တော့" သီချင်းကတော့ တစ်ခါနားထောင်ရုံနဲ့ ကြိုက်သွားတယ်။ သီချင်းစာသားကိုတော့ ဒီနေရာမှာ ရယူပါ။
တေးရေး - မင်းချစ်သူ
တေးဆို - ထက်နေခြည်
Melody World 1 ထဲက သီချင်းကောင်းလေးတစ်ပုဒ်ပါ။ တစ်ချို့သီချင်းတွေက တစ်ခါနားထောင်ရုံနဲ့ မကြိုက်ဘူး။ နှစ်ခါသုံးခါလောက် နားထောင်မိမှ ကြိုက်သွားတယ်။ အဲဒီ Album ထဲက ကိုကိုမောင်ရဲ့ "မချစ်နဲ့တော့" သီချင်းကတော့ တစ်ခါနားထောင်ရုံနဲ့ ကြိုက်သွားတယ်။ သီချင်းစာသားကိုတော့ ဒီနေရာမှာ ရယူပါ။
7 May 2009
Turn your photos into art work with BeFunky.com
မိမိရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို artwork အနေနဲ့ ပုံစံပြောင်းချင်တယ်ဆိုရင် BeFunky.com က ကူညီပေးပါလိမ့်မယ်။ မိမိလိုချင်တဲ့ Design ပုံစံတွေကို Click နှိပ်တတ်ရုံဖြင့် ဖန်တီးရယူနိုင်ပါတယ်။
Labels:
Cool Site,
Graphic/Web Design,
photography
6 May 2009
The Official White House Photo Stream on Flickr
အိမ်ဖြူတော်မှ Update ဖြစ်နေသော ဓာတ်ပုံများကို ကြည့်ရှူ့ခံစားနိုင်မည့် Photostream တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်က အကြီးအကဲတွေလည်း အဲလိုဆိုဒ်လေးတစ်ခုလောက်လုပ်ပြီး ဓာတ်ပုံတွေတင်ပေးလိုက်ရင် .... အင်း ... တက်လာလိုက်မည့် comment တွေ .... ။4 May 2009
၆ ကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲ - ဗုဒ္ဓဖွားတော်မူခန်းပြဇာတ်
ယူကေရောက် မြန်မာမိသားစုများ၏ ဗုဒ္ဓနေ့ ပူဇော်ပွဲအခမ်းအနားကို မေလ ၃ ရက်နေ့က Ealing Town Hall မှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ ပွဲမတိုင်ခင်ကတည်းကလည်း ပွဲအတွက် စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်ခဲ့သည်ကတစ်ကြောင်း တနင်္ဂနွေနေ့လည်းဖြစ်သည်ကတကြောင်းကြောင့် မြန်မာမိသားစု စုံစုံလင်လင်တက်ရောက်လာကြတာကို ၀မ်းသာဖွယ်တွေ့မြင်ခဲ့ရပါတယ်။ လူကြီးတွေအပြင် မျိုးဆက်သစ် လူငယ်လေးတွေကပါ သုံးလူ့ရှင်ပင် ကဗျာများကို ရွတ်ဖတ်ပူဇော်ခဲ့ကြတာကို ကြည်နူးလေးစားဖွယ် တွေ့မြင်ခဲ့ရပါတယ်။ ဒါကလည်း ဆရာ ဒါကာ ညီညာစွာ ဆောင်ရွက်ခဲ့ကြတဲ့ အကျိုးကျေးဇူးတွေပဲ မဟုတ်ပါလား။
အထက်ပါ Video Clip ကတော့ ဗုဒ္ဓနေ့မှာ ကပြဖျော်ဖြေခဲ့တဲ့ ဗုဒ္ဓနေ့ဖွားတော်မူခန်း ပြဇာတ်မှ ဓာတ်ပုံများဖြစ်ပါတယ်။ အဲဒီနေ့က ဓာတ်ပုံပေါင်း ၇၀၀ နီးပါးရိုက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြဇာတ်ပုံတွေကိုပဲ ဦးစွာရှူ့စားနိုင်အောင် တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
Updated
ပြဇာတ်အပြင် ဗုဒ္ဓနေ့မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပေါင်း ၆၀၀ ကျော်ကိုလည်း ဒီနေရာမှာ ၀င်ရောက်ကြည့်ရှူ့နိုင်ပြီ ဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင်ပါစေ :)
Related post : 5th Anniversary of Buddha Day Ceremony
အထက်ပါ Video Clip ကတော့ ဗုဒ္ဓနေ့မှာ ကပြဖျော်ဖြေခဲ့တဲ့ ဗုဒ္ဓနေ့ဖွားတော်မူခန်း ပြဇာတ်မှ ဓာတ်ပုံများဖြစ်ပါတယ်။ အဲဒီနေ့က ဓာတ်ပုံပေါင်း ၇၀၀ နီးပါးရိုက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြဇာတ်ပုံတွေကိုပဲ ဦးစွာရှူ့စားနိုင်အောင် တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
Updated
ပြဇာတ်အပြင် ဗုဒ္ဓနေ့မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပေါင်း ၆၀၀ ကျော်ကိုလည်း ဒီနေရာမှာ ၀င်ရောက်ကြည့်ရှူ့နိုင်ပြီ ဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင်ပါစေ :)
Related post : 5th Anniversary of Buddha Day Ceremony
Labels:
London,
remembrance,
song/video
3 May 2009
YouTube to MP3 Converter
YouTube video တွေကို MP3 ပြောင်းပေးတဲ့ service တစ်ခုပါ။High Quality အနေနဲ့လည်း ပြောင်းပေးနိုင်လို့ တော်တော်လေး အသုံးဝင်ပါတယ်။ တွေ့ဖူးသမျှ converter တွေထဲမှာတော့ အကြိုက်ဆုံးပါပဲ။
Subscribe to:
Posts (Atom)








