
Ring2Skype is a new free service that allows you to receive phone calls on your Skype from the phone network! Once you sign up, you will get a phone number and a private extension. All calls to your extension ring at your Skype.


သူငယ်ချင်းမျိုးဝင်းအောင်၏ အစ်မသည် ယနေ့မနက် မြန်မာစံတော်ချိန် မနက် ၉ နာရီ ၅၀ တွင် ကွယ်လွန်သွားကြောင်း သိရပါသဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။ ကင်ဆာဆိုတဲ့ ရောဂါဆိုးကြောင့် လူတစ်ဦးအသက်ဆုံးရှုံးသွားရပြန်ပြီပေါ့ :(
မိန်းမကြီးတစ်ယောက်အား ဘူးပင်မစိုက်မီက မည်သူမျှဆွေမျိုးတော်ချင်သူ ခေါ်ပြောခင်မင်သူ မရှိငြားသော်လည်း ဘူးပင်စိုက်၍ ဘူးသီးသီးလာသောအခါ ဘူးသီး လက်ဆောင်ရယူလိုသဖြင့် သူသူငှာငှာ အရီး အရီးဟုပြောကာ ဆွေမျိုးစပ်လာကြသည်ဟုဆိုလိုသည်။ အခွင့်အရေး လာဘ်လာဘရရန် အကြောင်းမမြင်သောအခါ အရေးမစိုက်ဘဲ အခွင့်အလမ်းရယူစရာ မြင်လာသောအခါမှ အရေးတယူပြုလာသည့်အခါတွင် သုံးနှုန်းသည်။
မန္တလေးမြို့၌ ဇွန် (၂၁) ရက် နောက်ပိုင်းတွင် ပလတ်စတစ်အသုံးမပြုရဟု စီမံချက်ချထားသောကြောင့် ပလတ်စတစ်စက်ရုံများ ပိတ်လိုက်ရကြောင်း မန္တလေးမြို့ခံ ပလတ်စတစ်ထုတ်လုပ်ငန်းရှင်များက ပြောသည်။“ပလတ်စတစ်ကို အသုံးမပြုရဘူးလို့တော့ မြို့တော်ဝန်က အမိန့်ထုတ်ပါတယ်။ ဇွန် (၃) ရက်က ထုတ်တဲ့ အမိန့်ပါ။ ဒါပေမယ့် ဘာကို အစားထိုးရမယ်ဆိုတာတော့ မညွှန်ကြားသေးပါဘူး။ ကျနော်တို့အနေနဲ့လည်း ဘာမှအစားထိုးဖို့ ကိစ္စကို လုပ်မပေးနိုင်ပါဘူး” ဟု မန္တလေးစည်ပင် အရာထမ်းတဦးက ပြောသည်။မည်သည့်အကြောင်းကြောင့် ပလတ်စတစ်အသုံးပြုမှုကို တားမြစ်ကြောင်း အတိအကျမသိရသော်လည်း မြန်မာတိုင်းမ်သတင်းဂျာနယ်အမှတ် (၄၁၈) တွင် မိုးတွင်းချိန်၌ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ သန့်ရှင်းရေးလုပ်ရာတွင် ပလတ်စတစ်ကြွပ်ကြွပ်အိတ်များကြောင့် အဓိက မြောင်းပိတ်ဆို့မှုဖြစ်ရကြောင်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲဆိုတာဟာ ပြည်တွင်းဥပဒေအရ တရားစွဲဆိုတာဖြစ်ပြီး ပြည်ပဖိအားတွေကို လက်ခံမှာ မဟုတ်ဘူးလို့ မြန်မာအစိုးရက အခိုင်အမာသတ်မှတ်ထားပါတယ်။