31 Jul 2009

Polar Panorama နှင့် မိတ်ဆက်ခြင်း

Polar Panorama ပုံစံတွေကို မြင်ဖူးနေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ ဘယ်လိုလုပ်ရတယ်ဆိုတာ မသိခဲ့ဘူး။ ဒီနေ့ Design Tutorial တွေလိုက်ဖတ်ကြည့်ရင်း Polar Panorama လုပ်ပုံလုပ်နည်းတွေကို တွေ့ခဲ့တယ်။ ဒါနဲ့ပဲ ရိုက်ထားတဲ့ ပုံတစ်ပုံကို Photoshop ထဲမှာ မန်းမှုတ်လိုက်တာ အောက်ပါအတိုင်း ထွက်လာပါတယ်။

Polar Panorama ပြုလုပ်ရာမှာ အဓိကကျတဲ့ Photoshop Filter နှစ်ခုကတော့ Polar Coordinates နဲ့ Spherize တို့ပဲဖြစ်ပါတယ်။ Panorama ပုံတစ်ပုံကို ရိုက်ယူပြီးပြီဆိုလျှင် ထို Filter နှစ်ခုနဲ့ လိုသလို ကစားယူနိုင်ပြီး Polar Panorama ပုံတစ်ပုံကို ဖန်တီးရယူနိုင်ပါတယ်။ Panorama ရိုက်ထားတဲ့ပုံ မဟုတ်ရင်လည်း ဓာတ်ပုံကို Resizing လုပ်ယူပြီး Polar Panorama ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ Tutorial တွေကို အောက်ပါ website များမှတဆင့် လေ့လာနိုင်ပါတယ်။

  1. Create Your Very Own Planet
  2. How to make Polar Panorama with photoshop
  3. Producing Polar Panorama
  4. How to Create Your Own Planets Using Your Panoramas
  5. Polar Panorama Group on Flickr

27 Jul 2009

နှစ်သက်မိသော ကြော်ငြာများ (၄)

Gatwick Airport မှာရှိတဲ့ shopping နှင့် Car Parking တို့အတွက် ကြော်ငြာများဖြစ်ပြီး လေယာဉ်တွေကို လူပုံစံ သရုပ်ဖော်ထားတဲ့ idea ကတော့ အရမ်းကို သေသပ်ကောင်းမွန်လှပါတယ်။

Gatwick Airport ဟာ UK မှာ ဒုတိယမြောက်အကြီးဆုံး airport ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေထဲမှာဆိုရင် ဆယ်ခုမြောက် အ၀င်အထွက်အများဆုံး airport ဖြစ်ပါတယ်။ Terminal ၂ခုရှိပြီး လေယဉ်လိုင်းပေါင်း ၈၀ ခန့်ပြေးဆွဲလျှက်ရှိပါတယ်။ ဒါပေမဲ့ လေဆိပ်သို့သွားရသည့်ခရီး ဝေးကွာလွန်းတဲ့အတွက်ကြောင့် ရထားခရီးဖြင့် သွားလာရလွယ်ကူပြီး UK ရဲ့အကြီးဆုံး လေဆိပ်ဖြစ်သည့် Heathrow Airport ကိုပဲ အသုံးပြုကြတာများပါတယ်။ Heathrow လေဆိပ်မှာတော့ Terminal ပေါင်း ၅ ခုရှိပါတယ်။

24 Jul 2009

Burma VJ ကြည့်လို့ရပြီ


ရွှေဝါရောင်တော်လှန်းရေးကို နောက်ခံထားပြီး သတင်းထောက်တွေအကြောင်းကို ရိုက်ကူးထားတဲ့ Burma VJ ဇာတ်ကားကို ကြည့်ရှူ့နိုင်ပါပြီ။ ဇာတ်ကား တစ်ကားလုံး ၈၅ မိနစ် ရှိပါတယ်။ Youtube မှာ အပိုင်းတွေခွဲတင်ထားပြီး အားလုံးပေါင်း ၉ ပိုင်းရှိပါတယ်။ Youtube မှာ Video တစ်ခုတင်ရင် ၁၀ မိနစ်စာပဲရတဲ့အတွက် အပိုင်း ၉ ပိုင်းဖြစ်သွားတာပါ။ ဒါပေမဲ့ အပေါ်က Video ကတော့ Playlist အနေနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် တစ်ပိုင်းပြီးတာနဲ့ နောက်တစ်ပိုင်း Auto play လုပ်သွားမှာပါ။ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ မေ့လို့မရတော့တဲ့ အဖြစ်အပျက်တွေပါ။

England မှာလည်း Swine Flu သောင်းကျန်းနေပြီ

The number of new swine flu infections in England has doubled in the past week, the government says.

There were an estimated 100,000 new cases with the under 14s the worst hit.

It comes as the National Flu Service was launched, offering sufferers access to drugs on the phone and via the internet without the need to see a GP.

Via : BBC NEWS
နှာစေး၊ ချောင်းဆိုးဖြစ်နေရင်တောင် ကိုယ့်ကိုကိုယ်လန့်နေရပါလား Swine Flu ရယ်။ ဘာပဲဖြစ်ဖြစ် နံပါတ်တစ်အနေနဲ့ ကျန်းမာရေးကို ဂရုစိုက်နေမှ ဖြစ်တော့မယ်။ မိတ်ဆွေတို့လည်း သတိထားနေထိုင်နိုင်ဖို့ တစ်ခါတည်း အသိပေးလိုက်ရပါတယ်။

23 Jul 2009

နှစ်သက်မိသော ကြော်ငြာများ (၃)

ဘေးကနေ ဘယ်လောက်ပဲ စကားတွေပြောပြော၊ အတင်းတွေ အုပ်အုပ်၊ စပ်မိစပ်ရာတွေပဲ ပြောပြော Sony Noise Canceling Headphone တပ်ထားပြီးကတည်းက ဂရုကိုမစိုက်တော့တာ ;) လူတွေရဲ့ခေါင်းတွေကို အော်လံပုံစံဖန်တီးထားတာ တကယ်သဘောကျတယ်။ အရင်တုန်းက နားကျပ်တွေတပ်ပြီး သီချင်းတွေနားထောင်ရင် တစ်ချို့လူကြီးတွေ စကြတာ မှတ်မိသေးတယ်။ "မင်းရဲ့ နားကြားကိရိယာကြီး ခဏဖြုတ်ထားပါဦးကွာ" တဲ့ :P


စာအုပ်ရောင်းဆိုင်တစ်ဆိုင်ရဲ့ ကြော်ငြာဖြစ်ပါတယ်။ ဖန်တီးထားတဲ့ အိုင်ဒီယာတော်တော်လေးကောင်းပါတယ်။ Ebookတွေ ပေါ်လာပေမယ့်လည်း စာအုပ်တွေဟာ ဘယ်လောက်အရေးပါနေဆဲဆိုတာကို ဖော်ပြတဲ့သဘောပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ebook ဖတ်ရတဲ့အရသာကို ဘယ်လိုမှ ခံစားလို့မရပါဘူး။ အဓိကကတော့ ရေရှည်မဖတ်နိုင်တာပါ။ Computer screen ပေါ်မှာဖတ်ရတာဖြစ်တဲ့အတွက် ကြာကြာဖတ်ရင် မျက်စိကိုက်လာတယ်။ နောက်ပြီး နေရာရွေးပြီးဇိမ်ခံဖတ်ဖို့ မလွယ်ပါဘူး။ Ebook reader တွေပေါ်လာပေမယ့်လည်း ဖတ်ရတာအဆင်မပြေလှပါဘူး။ စာအုပ်တွေကိုတော့ နှစ်သက်မြဲ နှစ်သက်နေဆဲပါပဲ။ Ebook ရဲ့အားသာချက်တစ်ခုကတော့ ရေရှည်မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်တာပါပဲ။

မြန်မာဘာသာနဲ့ ebook တွေ ရယူချင်ရင်တော့ ဒီနေရာမှာ လင့်ခ်တွေကို စုထားပေးပါတယ်။ Ebook တွေဖတ်တဲ့အခါမှာလည်း နားနားပြီးဖတ်ပေါ့ ... မဟုတ်ရင်တော့ ကြာရင် ပုလင်းဖင်ဖြစ်လိမ့်မယ် ;)

21 Jul 2009

FBE Conference Remembrance

FBE (Forum of Burmese in Europe) Conference အမှတ်တရ

FBE Conference ကို လန်ဒန်မြို့ South Bank University မှာ ဇွန်လ ၂၀ နှင့် ၂၁ ရက် နှစ်ရက်တိုင်တိုင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရေးနှင့် ပက်သက်သော ဆွေးနွေးချက်များကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒုတိယနေ့မှ တက်ရောက်ခွင့်ရခဲ့သော်လည်း ဆွေးနွေးချက်များကို နားထောင်ရတာ အင်မတန်အကျိုးရှိခဲ့ပါတယ်။

နှစ်သက်မိသော ကြော်ငြာများ (၂)

ခေါင်းလျှော်ရည် ကြော်ငြာတစ်ခုပါ။ Extra Strong ဖြစ်လွန်းလို့ ဆံပင်တွေမှာ အာတာပူစီတွေ ကပ်ထားသယောင် ထင်ရပါတယ် :P TV မှာ မကြော်ငြာဘဲ Billboard တွေမှာ ဒီလိုပုံလေးတွေနဲ့ ကြော်ငြာတာနဲ့တင် လူတွေငေးကြည့်ပြီး ချက်ချင်းသတိထားမိသွားမည့် ကြော်ငြာမျိုးပါ။

Australia က Teenager တွေ ipod နားထောင်ပြီး လမ်းဖြတ်ကူးရင်း ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြတာတွေ များလွန်းလို့ NSW Police တွေက သတိပေးထားရတဲ့ ကြော်ငြာတစ်ခုပါ။ ဒီလိုကိစ္စတွေဟာ နိုင်ငံတကာမှာလည်း ဖြစ်ပျက်နေတာကို တွေ့မြင်နေကြရပါတယ်။

20 Jul 2009

နှစ်သက်မိသော ကြော်ငြာများ (၁)

နေ့စဉ်နေ့တိုင်း တွေ့မြင်နေရတဲ့ အရာဝတ္ထုတွေထဲမှာ ကုန်ပစ္စည်းကြော်ငြာတွေဟာလည်း တစ်ခုအပါအ၀င်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတုန်းကတော့ ကြော်ငြာတွေအများဆုံးတွေ့မြင်နိုင်တာ တီဗွီပေါ့။ ဇာတ်ကားကြည့်ပြီဆိုရင် မမြင်ချင်မှအဆုံးပဲ။ တစ်ခါတလေ ကြော်ငြာအကြောင်းကြည့်နေရင်း ဇာတ်လမ်းက ဖြတ်ဖြတ်ပြီးပြတာနေတာလားတောင် ထင်ရတယ်။ အဲလောက်တောင် မြန်မာပြည်မှာ ကြော်ငြာတွေရဲ့လွှမ်းမိုးမှုက ခေတ်ထနေပါပြီ။ သူငယ်တန်းကလေးကို ကျောင်းစာတွေမေးရင် အကုန်ရချင်မှရမယ် ဒါပေမဲ့ ကြော်ငြာသီချင်းတွေဆိုခိုင်းကြည့် မိုးပျံနေအေင် တော်နေတာတွေ့ရလိမ့်မယ်။ အခုဆိုရင် ကုန်ပစ္စည်းတွေကို Billboard တွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေမှာလည်း ဗွက်ပေါက်အောင် ကြော်ငြာနေကြပြီ။ အဲဒီတော့ ဒီဇိုင်းလက်ရာပေါင်းမြောက်များစွာ တစ်နည်းအားဖြင့် အိုင်ဒီယာပေါင်း မြောက်များစွာကို မဂ္ဂဇင်း၊ ဂျာနယ်၊ အင်တာနက်စာမျက်နှာတွေမှာ တွေ့မြင်နိုင်ပါတယ်။

သို့ပေမယ့် တစ်ချို့ကြော်ငြာများဟာ တစ်ခါမြင်ရုံ၊ ကြည့်ရုံဖြင့် အဓိပ္ပယ်ဆိုလိုရင်းကို နားလည်စေဖို့ အင်မတန် ခက်ခဲလှပါတယ်။ တစ်ချို့ကြော်ငြာများကျတော့လည်း ကြည့်လိုက်ရုံဖြင့် ဘာကိုဆိုလိုလဲ ဘာကိုကြော်ငြာနေတာလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။ တစ်ချို့များကျတော့လည်း သေချာကြည့်လေ ကြော်ငြာရဲ့အဓိပ္ပာယ်ဆိုလိုရင်းက ပိုပြီးပီပြင်လာလေပါပဲ ... စသည်ဖြင့် ကြော်ငြာပေါင်းမြောက်များစွာကို ယခုခေတ်မှာ မြင်တွေ့နိုင်ပါတယ်။ အဲဒီထဲမှာတော့ တစ်ချို့ကြော်ငြာတွေကျတော့လည်း ကုန်ပစ္စည်းကြော်ငြာတာလား ... လူကြော်ငြာတာလား မှားလောက်စေတဲ့ ကြော်ငြာတွေလည်း ရှိပါတယ်။ ဥပမာ .. မြန်မာနိုင်ငံမှ အရက်နှင့်ဘီယာ ကြော်ငြာများ။

ကြော်ငြာတွေနှင့် ပက်သက်တဲ့ ထင်မြင်ယူဆချက်တွေကို နောက်ဆက်တွဲ ပို့စ်တွေမှာ ဆက်ပါဦးမယ်။ ဒါကြောင့်လည်း ဒီပို့စ်ကို နှစ်သက်မိသော ကြော်ငြာများ (၁) လို့ပေးထားတာပါ။ အခု ပထမဆုံးအနေနဲ့ ကျွန်တော် ကြိုက်နှစ်သက်တဲ့ Olympus Optical Zoom ကြော်ငြာလေးတွေကို မျှဝေလိုက်ပါရစေ။

ပုံတွေကိုကြည့်လိုက်ရုံဖြင့် ဆိုလိုသည့်အဓိပ္ပာယ်ကို ချက်ချင်းထိုးထွင်းသိမြင်နိုင်ပါတယ်။ ဖန်တီးထားသူရဲ့ အိုင်ဒီယာကိုတော့ တကယ်လေးစားချီးကျူးမိပါတယ်။ အတုယူဖို့လည်းကောင်းတယ်။ မိတ်ဆွေရော ... ဒီကြော်ငြာကို ဘယ်လိုထင်မြင်မိပါသလဲ ?

19 Jul 2009

၆၂ နှစ်မြောက် အာဇာနည်နေ့

အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို လေးစားဂုဏ်ပြုအပ်ပါသည်။

မနေ့က အာဇာနည်နေ့နှင့် ပက်သက်တဲ့ ဆောင်းပါးအချို့ကို ဖတ်ဖြစ်တယ်။ တစ်ချို့ရေးထားတဲ့အချက်အလက်တွေကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ဥပမာ ... ဒီခေတ်ကလေးတွေအတွက် အာဇာနည်နေ့ဆိုတာ ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဆိုတဲ့ သဘောလောက်ပဲ သိကြတော့တယ်။ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ လေးနက်တဲ့အဓိပ္ပာယ်ကို သေချာမသိကြတော့ဘူး။ နောင်လာမည့် မျိုးဆက်သစ်တွေအတွက် အဲလို အသက်သွေးချွေးတွေ ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်တွေကို မေ့မေ့လျော့လျော့ဖြစ်ကုန်ကြပြီ။ နောင်ဆို လုံးဝ မေ့သွားမလားပဲဗျာ။ အဲဒီတော့ လက်လှမ်းမှီသလောက် မျိုးဆက်သစ်တွေကို ပြောပြ၊ ရှင်းပြသင့်တယ်။ ယခုလို အိုင်တီခေတ်ကြီးမှာဆိုရင်လည်း အင်တာနက် ဘလော့စာမျက်နှာများမှ အာဇာနည်နေ့ရဲ့ လေးနက်တဲ့ အဓိပ္ပယ်ကို တစ်ဆင့်ပြန်လည် ရှင်းပြ၊ ပြောပြ၊ မျှဝေသင့်ပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ ဧရာဝတီမဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ခုမှ အာဇာနည်နေ့နှင့်ပက်သက်တဲ့ စာအချို့ကို မျှဝေလိုက်ရပါတယ်။
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့၌ ရန်ကုန်မြို့အတွင်းဝန်ရုံးတွင် အစည်းအဝေးပြုလုပ်နေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင် ၉ ဦးတို့သည် ဂဋ္ဌုန်ဦးစော၏ လုပ်ကြံခံခဲ့ရရာမှ ထိုနေ့ကို အာဇာနည်နေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းနေ့ တွင် ကျဆုံးခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်း ပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော် ကိုထွေး တို့ ဖြစ်သည်။

ယခင်က အာဇာနည်များကျဆုံးသည့် ၁၀ နာရီ ၃၇ မိနစ် ရောက်တိုင်း ၁ မိနစ် ငြိမ်သက်ခြင်း၊ ရေဒီယို၊ အစိုးရစက်ရုံများနှင့် တခြား ဌာနများမှ ဥသြဆွဲခြင်းများကို နှစ်စဉ်ပြုလုပ်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီးကတည်းက ၎င်း အလေ့အထများကို ပြုလုပ်ခြင်းမရှိတော့ပေ။

မြန်မာနိုင်ငံ အနေနှင့် အာဇာနည်နေ့တွင် ဆွမ်းမကျွေးရခြင်း၊ ဟောပြောပွဲများ မပြုလုပ်ရခြင်းနှင့် အခမ်းအနားများ မလုပ်ရ ခြင်းတို့သည် အာဇာနည်ခေါင်းဆောင်ကြီးများကို ပျောက်ကွယ်မေ့ပျောက်စေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး စော်ကားရာရောက်သည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ဧရာဝတီသို့ပြောသည်။
ဘယ်လောက်တောင် ၀မ်းနည်းဖို့ကောင်းလဲဗျာ ... လွတ်လပ်ရေးဆိုတဲ့ အသီးအပွင့်တွေရအောင် ဒီလူတွေက အသက်သွေးချွေးတွေ ပေးပြီး တိုက်ပွဲဝင်ခဲ့ရတယ်။ ခုကြတော့ ကိုယ့်ကျေးဇူးရှင်တွေကို မျက်ကွယ်ပြုထားကြတယ်။ ခွေးတောင်မှ ထမင်းကျွေးတဲ့လက်ကို ပြန်မကိုက်ဘူး။

အရင်တုန်းက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့် ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေထည့်သွင်းခဲ့ကြတယ်။ ယခုနောက်ပိုင်းမှာတော့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို မျက်ကွယ်ပြုပြီး ခြင်္သေ့ပုံတွေ ထည့်သွင်းထားကြတယ်။

ဒါကလည်း ရှင်းပါတယ် ... ဗိုလ်ချုပ်မရှိတော့တဲ့ နောက်ပိုင်းမှာ တိရိစ္ဆာန်တွေ အုပ်ချုပ်တဲ့ တိုင်းပြည်မို့လို့ တိရိစ္ဆာန်ပုံတွေကို ထည့်သွင်းထားတာပါပဲ။ ဒီ့ထက်ရှင်းတဲ့ ဥပမာပေးစရာတော့ မရှိတော့ဘူး။

15 Jul 2009

Burma VJ

ဆရာတော် ဦးဥတ္တရ ဦးဆောင်သော လန်ဒန်ရောက် ဆရာတော်များမှ Burma VJ ရုပ်ရှင်ဖွင့်ပွဲတွင် ပရိတ်ရွတ်ဖတ် ဆုတောင်းပေးခဲ့ကြပါတယ်။ ဆရာတော်တွေရဲ့ မေတ္တာတွေ မြန်မာပြည်ကြီးကိုလွှမ်းခြုံပြီး အေးချမ်းသာယာပါစေ။


Burma VJ DVD ကို ကိုရဲရင့်ငယ်ဘလော့မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

ဒီမှာရယူပါ

Burma VJ is a moving and shocking account of the popular protests that broke out across Rangoon in 2007.

It relies entirely on documentary footage shot by undercover reporters which has been pieced together to form a picture of the events that took place over a few months. It covers the initial protests, which broke out in response to a rise in fuel prices, to the brutal crackdown by the authorities in response.

By piecing together and editing hours of footage that was smuggled out of the country, director Anders Ostergaard creates a compelling narrative and useful reference to the events that took place in the normally secretive and reclusive country.

As well as vividly seeing what happened on the streets, we are also brought close to Burma's video-journalists who, at great risk to themselves, shoot and smuggle the footage out to maintain a constant flow of news from the country, in a bid to bring about change.

Burma VJ is particularly good at juxtaposing the initial feeling of hope that surrounded the protest marches with the subsequent crackdown. The images that were beamed worldwide of monks processing through the streets, applauded by people from the rooftops, are soon replaced by truckloads of soldiers firing tear gas into the crowds to disperse them. We are also given a sense of the number of protestors and journalists that were arrested and who disappeared.

The film is a rare and moving insight into a country and regime that still remains largely shut off from the rest of the world. - WILLIAM LEE

13 Jul 2009

Please help us to build our new home!


နာဂစ်ဒုက္ခသည် ကလေးငယ် ၇၀ အတွက် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကုသိုလ်ယူ ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။ ဖောင်တော်ဦးဆရာတော်၊ မရည်မွန်နှင့် စေတနာရှင်များ၏ လုပ်အားဒါန၊ ကုသိုလ်ဒါနတို့ကိုလည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ခင်ဗျာ။

8 Jul 2009

ဂုဏ်ယူပါသည် Yadanarbon FC

အခုရက်ပိုင်း အောင်ပွဲရ Yadanarbon FC အသင်းနှင့် ပက်သက်တဲ့ သတင်းတွေ အင်တာနက် စာမျက်နှာတွေပေါ်မှာ တွေ့နေရသဖြင့် မန္တလေးသားတစ်ယောက်အနေဖြင့် ဂုဏ်ယူဝမ်းသာမိပါတယ်။ ရန်ကုန်ကနေ အောင်ပွဲခံပြီး ပြန်လာတဲ့ အသင်းဟာ မန္တလေးကို အခုချိန်မှာ ရောက်ရှိနေလောက်ပါပြီ။ မန္တလေးမြို့တစ်မြို့လုံးလည်း အောင်ပွဲခံအသင်းကိုကြိုဆိုဖို့ရာ အသင်းရဲ့ အင်္ကျီဖြစ်တဲ့အပြာရောင်တွေဝတ်ဆင်ထားကြတယ်လို့ သိရပါတယ်။ အသင်းအတွက် Website ရေးဆွဲပေးထားတဲ့ ချမ်းမင်းမောင်ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

ဒီပို့စ်နှင့်အတူ Yadanarbon FC အသင်း အဓွန့်ရှည်တိုးတက်ဖို့နှင့် အနာဂတ်မှာ အောင်ပွဲများစွာ ရယူပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။

7 Jul 2009

7 July မမေ့နိုင်

ယနေ့သည် (၇) ဇူလိုင် ကျောင်းသားအရေးတော်ပုံကြီးသည် ၄၇ နှစ်မြောက်သောနေ့ဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ဗိုလ်နေ၀င်း စစ်အုပ်စု၏ စစ်အာဏာရှင်စနစ်အား ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော ကျောင်းသားအရေးအတော်ပုံကြီးဖြစ်သည်။ စစ်အုပ်စုမှ တက္ကသိုလ်ကျောင်းသားများသမ္မဂ အဆောက်အဦးအား ရက်ရက်စက်စက် မိုင်းခွဲဖျက်ဆီးခဲ့ပြီး ကျောင်းသား ရာနှင့်ချီကာ သတ်ဖြစ်ခဲ့သည် အရေးအခင်းကြီးလည်းဖြစ်သည်။ ထို့ကြောင့် ယခုလို သမိုင်းဝင်နေ့မျိုးကို ယနေ့လူငယ်တွေရော၊ အနာဂါတ်လူငယ်များပါ သိရှိထားသင့်တယ်လို့ ထင်ပါတယ်။ ထို့ကြောင့် ၇ ဇူလိုင် ကျောင်းသားအရေးတော်ပုံအကြောင်း ရေးသားထားသော ပို့စ်တစ်ခုကို မျှဝေလိုက်ရပါတယ်။
.......................
...................................
..........................................

အဲဒီနေ့ ည (၇) နာရီ အချိန် မြန်မာ ရေဒီယို ကနေ အသံလွှင်တဲ့ အခါ အာဏာရူး နေဝင်းဟာ

“ကျနော် တိုင်းပြည် တာဝန် ယူသည့် အချိန်မှာ တက္ကသိုလ် ကျောင်းသား များရဲ့ စည်းမဲ့ ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက် နေလို့ တပ်မတော်ရဲ့ အင်အား တစိတ် တဒေသကို သုံး၍ ဖြေရှင်း လိုက်ပါသည်” တဲ့ …

“အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသား ကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့် ပရောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စား မိပါတယ်။ ကျနော် တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေ ကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြော လိုပါဘူး။ ဓါးကို ဓါးချင်း လှံကို လှံချင်း ဆိုင်ဖို့သာ ရှိပါတယ်” လို့ ကျောင်းသားနဲ့ ပြည်သူ တရပ်လုံးကို မိုက်မိုက် ရိုင်းရိုင်း ‘ဒါး ဒါးချင်း လှံ လှံချင်း’ ဆိုပြီး ထပ်မံ စိန်ခေါ် စော်ကားခဲ့ ပြန်တော့တယ်။

နောက်ပြီး စစ်အစိုးရက ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး သတင်း ထုတ်ပြန် ရာမှာလည်း ကျောင်းသား (၁၇) ဦးသာ သေဆုံးကြောင်း ကြေညာ ခဲ့တယ်။ အမှန်မတော့ မန္တလေးဆောင် တခုထဲတင် စာရင်း အရ (၁၇) ဦး သေဆုံး ခဲ့တယ်။ မြောင်းမြက ကျောင်းသား ကိုကျော်ဝင်းဟာ သူရဲ့ ခန္ဓာကိုယ်က သွေးနဲ့ မန္တလေးဆောင် နံရံမှာ “၇ – ၇ – ၆၂ မမေ့ကြနဲ့” လို့ ရေးသွား ခဲ့တယ်။

...................................
...............................................
..................................................................

6 Jul 2009

ဝါဆိုလပြည့်နေ့ (သို့) လမြတ်ဝါဆို

ဒီနေ့ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ ၀ါဆိုလပြည့်နေ့ ဖြစ်ပါတယ်။ အမြတ်ဆုံးလပြည့်နေ့လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ၀ါဆိုလပြည့်ကိုမှ ဘာကြောင့်အမြတ်ဆုံးလို့ ခေါ်ဆိုလဲဆိုတာကို ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်း လေးနက်စွာသိထားသင့်ပါတယ်။

ကျွန်တော်တို့၏မြတ်ဗုဒ္ဓနှင့်ပက်သက်သော အောက်ပါနေ့ရက်များသည် ၀ါဆိုလပြည့်နေ့တွေမှာချည်း ဖြစ်တည်ခဲ့သောကြောင့် ဖြစ်သည်။

(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)

via : http://www.theravada-3p.org/knowledge-book.htm

Burmese Culture Show - Oxford


ဒီနေ့ နေ့လည်ပိုင်း Oxford မှာကျင်းပတဲ့ Burmese Culture Show ကို ဘုန်းဘုန်း ဦးဥတ္တနှင့်အတူ ရောက်ဖြစ်ခဲ့ပါတယ်။ လန်ဒန်ကနေ ကားနှင့်သွားပြီး ၁ နာရီခွဲခန့်အကြာမှာ ပွဲကျင်းပရာ Oxford Town Hall ကိုရောက်ရှိခဲ့ပါတယ်။ ဒီပွဲကို အောက်ပါရည်ရွယ်ချက်တွေနဲ့ ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။

1. Free Aung San Suu Kyi and all political prisoners.

2. Unfair treatment towards the Buddhist Monks on Saffron Revolution.

3. Cyclone Nargis anniversary in Burma.

4. Proving the Unity of all '8' Burmese Ethnics and their traditional culture and dance.

အခမ်းအနားဖွင့်လှစ်ပြီးနောက် ဘုန်းဘုန်းဦးဥတ္တရမှ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအတွက် မေတ္တာပို့ဆုတောင်းပေးပါတယ်။ ထို့နောက် အဖွဲ့အစည်းများမှ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားကိုယ်စားပြုပုဂ္ဂိုလ်များမှ မိန့်ခွန်းပြောကြားပါတယ်။ အဲဒီနောက်မှာတော့ တိုင်းရင်းသားမျိုးနွယ်စုများမှ မိမိတို့၏ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ မြန်မာ့ရိုးရာ အစားအသောက်များ၊ တိုင်းရင်းသားဝတ်စုံများ၊ အမှတ်တရပစ္စည်းများကိုလည်း ရန်ပုံငွေရရှိရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ပွဲပြီးသည်အထိနေချင်သော်လည်း ညနေပိုင်းမှာ မစိုးရိမ်ဆရာတော်ကြီး၏ တရားပွဲရှိသေးသည့်အတွက် ညနေ ၄ နာရီလောက်မှာတော့ ပွဲကနေပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်စဉ်ကပင် ကိုယ်တွေ့မမြင်ဖူးသေးသော တိုင်းရင်းသားတို့၏ ရိုးရာအကများကို တွေ့မြင်ခံစားခဲ့ရသည့်အတွက် သွားရကျိုးနပ်တဲ့ ပွဲလေးတစ်ခုဖြစ်ခဲ့သည့်အပြင် ဒီလိုပွဲမျိုးကို အောင်မြင်စွာပျင်းပနိုင်ခဲ့သည့် ပွဲစီစဉ်သူများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမအပေါင်းတို့ကိုလည်း ထပ်တလဲလဲ ကျေးဇူးတင်နေမိပါတော့တယ်။

4 Jul 2009

မန္တလေး မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ၏ တရားပွဲ

လန်ဒန်သို့ရောက်ရှိနေပြီး သာသနရံသီဝိဟာရတွင် သီတင်းသုံးနေထိုင်လျှက်ရှိသော မန္တလေး မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသသည် ဇူလိုင်လ ဒုတိယအပတ်တွင် မြန်မာပြည်သို့ ပြန်လည်ကြွချီမှာဖြစ်ပါသည်။ ထိုသို့မကြွချီခင် လန်ဒန်ရှိ ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား တရားရေးအေး အမြိုက်ဆေးကို တိုက်ကျွေးခဲ့မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ တရားနာလိုသူ ပရိသတ်အပေါင်းတို့အား တရားနာကြွရောက်နိုင်ရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။

အချိန်
ညနေ (၇) နာရီ မှာ (၉) နာရီထိ

နေရာ
သာသနရံသီဝိဟာရ
83 Booth Road, Colindale, NW9 5JU, London

နေ့ရက်
5/07/09 SUNDAY

3 Jul 2009

ယတြာကိုကို (သို့) သေခါနီး ပဲများခြင်း

ဓာတ်ပုံ - ဇူလိုင်၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်ခွက် ၉ မှ

ဘာတွေ ထွင်ပြန်ပြီလဲ။ ယောင်္ကျားလေးတွေမှာ အလှူအတန်းလုပ်ရင် တိုက်ပုံအဖြူကို ၀တ်ကြတယ်။ သူ့ကျတော့ ဘာကိစ္စ အ၀တ်ဖြူကြီးကို အောက်ပါပတ်ထားလဲမသိဘူး။ ယတြာလား ဒါမှမဟုတ် ဘောင်းဘီပဲ ဂွပြဲသွားလို့လား ? လုပ်ပုံကတော့ကွာ ... အင်း ... သေခါနီး ရှိုးထုတ်နေတာဖြစ်မှာပါ။

2 Jul 2009

OXFORD BURMA CULTURE EVENT

Anyone who plan to attend this event, pleae let us know. We are planning to hire coach to OXFORD from LONDON with reasonable price.

Contact Details:
---------------
DR. WIN NAING
07785568154
DRWINNAING@YAHOO.COM


REASON WHY YOU SHOULD COME TO THIS EVENT.

1. Oxford is one of the historic city in UK

2. Oxford is Daw Aung San Suu Kyi's home town when she was in UK

3. Oxford is a place where many future World leaders are coming and study

4. Oxford Town Hall
(Oxford's Town Hall was built by Henry T. Hare, the foundation stone was laid on 6 July 1893 and opened by the future King Edward VII on 12 May 1897. The site has been the seat of local government since the Guild Hall of 1292 and though Oxford is a city and a Lord Mayoralty, it is still called by its traditional name of "Town Hall".)

5. This is a fund-raising for the most Human Rights abused country, Burma
FOR PEOPLE OF BURMA WHO ARE SUFFERING UNDER MILITARY DICTATORSHIP

6. Event is supported by MPs and Mayor of Oxford


BURMA CULTURE EVENT IN OXFORD

"Peace, Love, Justice and Unity"
What: Fund-raising
Host: Burma Community in Oxford (On behalf of Women of Burma - UK)

Date: 05/07/09
Time: 12:00 to 15:00
Where: Oxford Town Hall

Ticket: £6.00 per person
Student Ticket: £5.00 per person

Main Purposes of this event is; To raise the awareness of
  1. Free Aung San Suu Kyi and all political prisoners.
  2. Unfair treatment towards the Buddhist Monks on Saffron Revolution.
  3. Cyclone Nargis anniversary in Burma.
  4. Proving the Unity of all '8' Burmese Ethnics and their traditional culture and dance.

Contact details:
Ma Thin Sandar: 07834593617
On Behalf of Women of Burma - UK
Facebook account will be needed to see this link.
http://www.facebook.com/event.php?eid=85658913604&ref=mf

Please send this information to anyone who support free Burma. SHOW YOUR SOLIDARITY.