Skip to main content

Posts

Showing posts from August, 2009

ကမ္ဘာတစ်ဝှမ်းမှ ၈၈၈၈ ၂၁ပြည့် အမှတ်တရ အခမ်းအနားများ

၈၈၈၈ ၂၁နှစ်ပြည့် အမှတ်တရ အခမ်းအနား London, UK ၈၈၈၈ ၂၁နှစ်ပြည့် အမှတ်တရ အခမ်းအနား Korea ၈၈၈၈ ၂၁နှစ်ပြည့် အမှတ်တရ အခမ်းအနား Washington DC ၈၈၈၈ ၂၁နှစ်ပြည့် အမှတ်တရ အခမ်းအနား New York ၈၈၈၈ ၂၁နှစ်ပြည့် အမှတ်တရ အခမ်းအနား French ၈၈၈၈ ၂၁နှစ်ပြည့် အမှတ်တရ အခမ်းအနား Japan

Arakanese History and Religion Seminar တက်ဖြစ်ခဲ့

မနေ့က Arakanese Seminar ကို ရောက်ဖြစ်ခဲ့ပါတယ်။ ရက်အတော်ကြာ ရွှေ့ဆိုင်းမယ်လို့သတင်းကြားထားပြီးမှ မနေ့က နေ့လည်ပိုင်းရောက်မှ အခက်အခဲတွေ၊ အဖျက်အဆီးတွေကြားမှ seminar ကို ကြိုးစားပြီးလုပ်ဖြစ်ကြောင်း သူငယ်ချင်းဖုန်းဆက်ပြောတဲ့အတွက် အချိန်အနည်းငယ် နောက်ကျပြီး ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်ရောက်ရှိချိန်မှာတော့ ဂျပန်မှ ဒေါက်တာအေးချမ်း (Burmese Historian) ဟောပြောနေတဲ့အချိန်ဖြစ်ပါတယ်။ ထို့နောက်မှာတော့ နယ်သာလန်မှ Dr. Stephan Van Galen (Arakanese Expert) မှ ဆက်လက်ပြောကြားပြီး နောက်ဆုံးပိတ်အနေဖြင့် ဂျာမနီမှ ဦးခင်မောင်စော (Burmese Expert) မှ ပြောကြားခဲ့ပါတယ်။ ပညာရှင်များ ဟောပြောပြီးတဲ့နောက်ပိုင်းမှာ တက်ရောက်လာသူများနှင့် အမေးအဖြေများ ပြုလုပ်ခဲ့ကြပါတယ်။ သမိုင်းပညာရှင်များမှ ရခိုင်သမိုင်းကြောင်း စုံစုံလင်လင်ကို သမိုင်းအထောက်အထားများနှင့်တကွ ဟောပြောသည်များကို နားထောင်ခွင့်ရခဲ့သည့်အတွက် တက်ရောက်ရကျိုးနပ်သော seminar တစ်ခုဖြစ်ခဲ့ပါတယ်။

Arakanese History and Religion Seminar

Seminar ကို နေရာအခက်အခဲကြောင့် ရက်အနည်းငယ် ရွှေ့ဆိုင်းလိုက်ရပါသည်။ ရက်အတိအကျကို ပြန်လည်ဖော်ပြပေးပါမည်။ အထက်ပါ Video ကို လေ့လာကြည့်စေချင်ပါတယ်။ ဒီကိစ္စဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ကိစ္စတစ်ခုတည်းလို့ ပြောလို့မရပါဘူး။ မြန်မာပြည်ပေါ်မှာ မှီကင်းနေထိုင်ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့အရေးကိစ္စဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ထို့ကြောင့် သမိုင်းပညာရှင် ဒေါက်တာအေးချမ်း (Japan) နှင့်တကွ သမိုင်းပညာရှင်များမှ ပိုမိုရှင်းလင်းတိကျသည့် အထောက်အထားများနှင့် ရှင်းလင်းပြောကြားမည့် ကြုံတောင့်ကြုံခဲ ယခုဆွေးနွေးပွဲသို့ တက်ရောက်ကြပါရန် UK ရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှများအား နွေးထွေးစွာဖိတ်ခေါ်လိုက်ရပါတယ်။ Main Speakers Dr. Michael W. Charney (Expert in South East Asia History) Dr. Stephan Van Galen (Arakanese Expert, Netherlands) Dr. Aye Chan (Burmese Historian, Japan) Mr. Khin Mg Saw (Burmese expert, Germany) Date : 09/08/09 Sunday Time : 10:00 am – 16:00 pm Venue : The School of Oriental & African Studies (SOAS) University of London, Brunei Gallery Building, Russell Square Campus, Thornhaugh

Statue - St Thomas' Hospital

St Thomas' Hospital ရဲ့ အပြင်ဘက်မှာရှိတဲ့ ရုပ်ထုဖြစ်ပြီး 2000 ခုနှစ်တွင် Rick Kirby မှ Stainless Steel ဖြင့် ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အဂါင်္နေ့ (4 Aug) က ဆေးရုံကို လူနာသွားမေးရင်း ရိုက်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံကပြန်လာပြီးနောက်မှာ အသိတရားတွေ၊ ဆင်ခြင်ဖွယ်ရာတွေလည်း သင်ခန်းစာအဖြစ်ရလာခဲ့တယ်။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေထိုင်နိုင်မှ ပုံမှန်ရှင်သန်နိုင်မယ်။ တစ်ယောက်တည်းနေပြီး အထီးကျန်လွန်းရင်လည်း မကောင်းဘူး။ တစ်လတစ်ခါပဲဖြစ်ဖြစ် နှစ်လတစ်ခါပဲဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံပြီး စားကြသောက်ကြရင်း စကားတွေပြောသင့်တယ်။ အိပ်ချိန်မှန် စားချိန်မှန်အောင်လည်း ကြိုးစားနေထိုင်သင့်တယ်။ မဟုတ်ရင်တော့ ... ဂေါက် သွားတတ်တယ်။ မိသားစုနဲ့ခွဲခွာပြီး အဝေးတစ်နေရာမှာနေရတဲ့အခါ အထီးကျန်စွာနေထိုင်မှုကို လုံးဝ လုံးဝ ရှောင်ကျဉ်သင့်ပါတယ်။

21st Anniversary of The 8888 Uprising - UK

Date 7 August 2009 (Friday) Time 12:00-14:00 Place In front of the Burma Junta’s Embassy 19A Charles Street, Mayfair, London, W1J 5DX MAP click here for direction ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ၂၁ နှစ်မြောက်အထိမ်းအမှတ် ဆန္ဒပြပွဲကို အထက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသောကြောင့် မြန်မာ့ဒီမိုကရေဒီအရေး ထောက်ခံသူများအားလုံးကို ပါဝင်ဆင်နွဲနိုင်ရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ရုပ်ရှင် သရုပ်ဆောင် မင်းမော်ကွန်း ဘာကြောင့်များ သာသနာတော်ကို စော်ကားလိုက်တာလဲ

Facebook မှာ တွေ့ခဲ့တဲ့ ဆောင်းပါးတစ်ခုကို ပြန်လည်မျှဝေလိုက်ပါတယ်။ အပျော်သဘောနဲ့ဖြစ်စေ၊ ဖက်ရှင်သဘောမျိုးနဲ့ပဲဖြစ်စေ သာသနာတော်ကို ဒီလိုပြုမူတာဟာ မကောင်းပါဘူး မင်းမော်ကွန်း။ မြတ်စွာဘုရားသာသနာတော်ကို ယနေ့ထိတိုင် တည်တန့်နေသည်မှာ ၀ိနည်းကျင့်ဝတ်များကြောင့်ြ ဖစ်ပါတယ်၊ ဘုရားရှင်က ရှေ့ရေးကိုမျှော်တွေးပြီး စည်းကမ်းရှိရှိနဲ့ ရဟန်းတော်တွေကို ဘယ်လိုနေရမယ်၊ဘယ်ကိုဆွမ်းဘု ဉ်းပေးရမယ်၊ ဒကာ ဒကာမတွေနှင့် ဆက်ဆံရင် ဘယ်လိုမျိုး ဆက်ဆံရမယ်၊ သင်္ကန်းဝတ်ရာမှာ မြို့တွင်း ရွာတွင်းသွားရင် သင်္ကန်းရုံသွားရမယ်၊ နောက်ဆုံး အိမ်သာတက်တာကစ ဘယ်လိုတက်ရမယ်ဆိုတာမျိုးအထိ ၀ိနည်းစည်းကမ်းချက်တွေ ဘုရားရှင်က ချမှတ်ခဲ့ပါတယ်၊ ကိုရင်ငယ်တွေ လိုက်နာရမည့် စည်းကမ်းနှင့် ရဟန်းတော်များ လိုက်နာရမည့် ၀ိနည်းဆိုပြီး အသေချာကို အထူးပညတ်ချက် ဥပဒေများ ထားခဲ့ပါတယ်၊၊ အဲဒီ ၀ိနည်းတရားတော်နှင့် အညီ လိုက်နာကျင့်သုံးပြီး သီလကောင်းအောင် နေရသလို၊ စာသင်ခြင်း ( ပရိယတ္တိ)နှင့် တရားဘာဝနာ ပွားများခြင်းဆိုတဲ့ (ပဋိပတ္တိ) အကျင့်ကောင်းတွေကိုလည်း အားထုတ်ရတယ်၊ သမာဓိနှင့် ပညာ အရာမှာ တိုးတက်လာအောင် ရဟန်းတရားကို အားထုတ်ပြီးမှ ရဟန်းဝတ်ရကျိုး၊ ခေတ္တ ဒုလ္လဘ၀တ်ရကျိုး နှပ်မှာပါ၊၊

Internet User အများဆုံးသည် တရုတ်ပြည်

IWS မှ မှတ်တမ်းကောက်ယူချက်အရ ကမ္ဘာပေါ်တွင် အင်တာနက် အသုံးပြုသူဦးရေ အများဆုံးသည် တရုတ်ပြည်ဖြစ်နေတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ US နဲ့ မတိမ်းမယိမ်းအဆင့်မှာရှိပြီး ယခုတော့ များစွာကွာခြားသွားပါပြီ။ IWS အရ ကမ္ဘာပေါ်တွင် အင်တာနက်အသုံးပြုသူအများဆုံးရှိတဲ့ နိုင်ငံငါးနိုင်ငံကတော့ ... China ( Top site - Baidu.com ) US ( Top site - Google.com ) Japan ( Top site - Yahoo.co.jp ) India ( Top site - Google.co.in ) Brazil ( Top site - Google.com.br ) အထက်ပါ List ကိုကြည့်ခြင်းအားဖြင့် အင်တာနက်ယူဇာတွေအတွက် Google ဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိသာထင်ရှားလွန်းပါတယ်။ မြန်မာနိုင်ငံမှာတော့ အင်တာနက်အသုံးပြုမှု စာရင်းဟာ ကုန်ဈေးနှုန်းကြီးမှု၊ မီးမလာမှု၊ ဆင်းရဲနွမ်းပါးမှု စတာတွေကြောင့် နည်းပါးနေသေးတာတွေ့ရပါတယ်။ ထို့အပြင် စိတ်ပေါက်မှ လိပ်လောက်ပြေးသော ကွန်နက်ရှင်ကြောင့်လည်း အသုံးပြုသူ ပြည်သူများမှာ စိတ်ရှည်သီးခံနိုင်တဲ့ စွမ်းရည်များလည်း တဖြည်းဖြည်း တိုးတက်လာကြောင်း သိရပါတယ် :P