30 Jan 2010

သာသနရံသီဝိဟာရ၏ ထမနဲပွဲနှင့် စာပေဟောပြောပွဲ

သာသနရံသီဝိဟာရ၏ နှစ်စဉ်ရိုးရာပျက်ကျင်းပမြဲဖြစ်သည့် ထမနဲပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် ကျင်းပမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိ မိတ်ဆွေအပေါင်းတို့အား လေးစားစွာဖိတ်ကြားအပ်ပါသည်။ အဆိုပါထမနဲပွဲနှင့် အတူ စာပေဟောပြောပွဲကိုလည်း ညနေ ၃ နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။ ဟောပြောမည့်သူမှာ Dr. Gustaaf Houtman (ဦးစန်းမောင်) ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေး နှင့် မနုဿဗေဒဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောမှာဖြစ်ပါတယ်။ ထို့ကြောင့် ဗဟုသုတရစရာ စာပေဟောပြောပွဲလည်းတက်ရောက် ရာသီစာ ထမနဲလည်း စားသောက်ရင်း ဘုန်းကြီးကျောင်းမှာ အတူတကွကုသိုလ်ယူနိုင်ကြဖို့ ဖိတ်ကြားလိုက်ရပါတယ်။ ထမနဲထိုးရန်အတွက် အားကောင်းမောင်းသန် အမျိုးသားများလည်း လိုအပ်နေပါတယ်။ ထို့ကြောင့် မိမိ၏ကာယဗလစွမ်းအင်ကို ကုသိုလ်ယူ လှူဒါန်းကြပါစို့ဟု လန်ဒန်ရှိ အစ်ကိုတော်၊ ညီတော်များကိုလည်း ထပ်မံဖိတ်ကြားလိုက်ရပါတယ်။

28 Jan 2010

Happy Birthday ကိုဇာဂနာ (ကိုသူရ)

ကိုဇာဂနာ (ကိုသူရ) ၏ ၄၉ နှစ်မြောက်မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး မတရားချုပ်နှောင်ခံထားရခြင်းမှလည်း အမြန်ဆုံးလွတ်မြောက်ပါစေ။

၂ဝဝ၈ ခုနှဏ် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက်အကူအညီပေးသည်ကို အာဏာပိုင်များမှ ဖမ်းဆီးပြီး ထောင်ဒဏ် ၅၉ နှစ်ချမှတ်ခံထားရပါတယ်။ ၂ဝဝ၉ ခုနှစ် မှာ ထောင်ဒဏ်လျော့ပေါ့ပေးခဲ့ရာ စုစုပေါင်းထောင်ဒဏ် ၃၅ နှစ်ကျခံရန် ကျန်ရှိနေပါသေးတယ်။

တိုင်းပြည်နှင့် လူမျိုးအတွက် အနစ်နာခံတဲ့ ကိုဇာဂနာလိုလူမျိုးဟာ မျိုးဆက်သစ် လူငယ်များအပါအဝင် အခြားသော အနုပညာရှင်တွေအတွက် စံနမူနာယူစရာ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ အမှန်တရားဟာ ရာဇဝင်မှာ တစ်သက်လုံး ရှုံးနိမ့်မှာ မဟုတ်ပါဘူး။

25 Jan 2010

Sharing: ဘုန်းဘုန်းတာ့တာ - လူထုဒေါ်အမာ

ယခုဆောင်းပါးလေးကို လွန်ခဲ့တဲ့ လများစွာက ဘလော့တစ်ခုမှာ ဖတ်ဖူးလိုက်ပါတယ်။ မေ့မေ့ပျောက်ပျောက်ဖြစ်နေတာ ကြာပါပြီ။ အခု နေခြည်သွေးသစ် - ယဉ်ကျေးမှု စာစောင်မှာ ပြန်တွေ့တာနဲ့ ကိုယ့်ဘလော့မှာပါတင်ပြီး မှတ်ထားလိုက်ခြင်းဖြစ်ပါတယ်။

ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။

"ဘုန်းဘုန်း တာ့-တာ" ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းစဉ်ကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် "တာ့-တာ" လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။
မြို့ပေါ်တင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ဆင်းသက်လို့ နေပါတယ်။

ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီးနှုတ်ဆက်စကား တခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။

"တာ့-တာ" ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ်ဆိုတာကို ဇစ်ဇစ်မြစ်မြစ် သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို "တာ့-တာ" နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး "ဘိုင့်ဘိုင်- တာ့တာ-ချဲရီးယို" အထိ လုပ်နေကြလေရဲ့။
ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အိမ်တအိမ်က ပြန်တော့မယ်ဆိုရင် အမေကသင်တာ လူကြီးတွေကို "ဦးတင်ပါသေးရဲ့" လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ "ကျွန်မကို ခွင့်ပြုပါဦး" လို့ နှုတ်ဆက်ခဲ့ရတယ်။ နောက်တော်တော်ကြီးလာပြန်တော့ "ပြန်ပါဦးမယ်နော်" လို့ ပြောရတယ်။ ဒါ မြန်မာ့ နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။
ခုခေတ်လို လက်ကလေးပြပြီး "တာ့-တာ" လို့ ဆိုမိရင် အမေက လက်များပုတ်ချမလား မသိဘူး။ ပြီးတော့ "ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား" လို့ ငေါက်မှာ အမှန်ပါပဲ။
မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့ စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်းမှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိ ရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုး အချို့ မှာသာ ရှိတာပါ။
အဖေလုပ်တဲ့ လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် "မင်းကလဲကွာ" လို့ မြန်မာစကားက ပြောလို့ မရပါဘူး။ "ခင်ဗျားကြီးကလဲဗျာ" လို့ ပြောမိရင်တောင် "အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ" လို့ ဆိုပါသေးတယ်။ "ယူကလဲ ဂွကျလိုက်တာ" လို့ ပြောချင်လို့လဲ မဖြစ်ပါဘူး။ "အဖေကလဲ အဖေရာ" ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်က ပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။

ခုတော့ ရည်းစားလည်း "တာ့-တာ"၊ သူငယ်ချင်းလည်း "တာ့-တာ"၊ ဘုန်းကြီးရဟန်း လည်း "တာ့-တာ" တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။

ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်ပါ့မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက "ဖြည်းဖြည်း ပြန်ပါရှင်" တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့ စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ ခရီးသွားရတာ။ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေမတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို "ဖြည်းဖြည်းပဲပြန်ပါ" လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာ စေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့နားထဲမှာ ချမ်းမြေ့ကြည်နူး လိုက်တာ။ "တာ့-တာ" နဲ့ မကွာလား။ မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။

--
လူထုဒေါ်အမာ
သောင်းပြောင်းထွေလာမဂ္ဂဇင်း၊ တွဲ ၁၈၊ အမှတ် ၈၊ ၁၉၈၃ ဧပြီ။

လူထုဒေါ်အမာဟာ မျက်မှောက်ခေတ်ကာလမှာ ဖြစ်ပျက်မြင်တွေနေတာတွေကို ဥပမာပေး ဆောင်းပါးတစ်ပုဒ်အနေနဲ့ ရေးသားထားတာ ဗဟုသုတရဖွယ်ဖြစ်သလို လိုက်နာကျင့်သုံးဖွယ်ရာ အချက်တွေကိုလည်း တွေ့ရပါတယ်။ စကားပြောဆို ဆက်ဆံတဲ့အလုပ်ဟာ နေ့တိုင်းကြုံတွေနေရတဲ့ အလုပ်တစ်ခုပါ။ လူတွေ့ကိုယ်တိုင်ကိုယ်ကျစကားပြောသည်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ နေ့တိုင်းပြောဆို ဆက်ဆံနေကြတဲ့အခါမှာ လူတိုင်းနားဝင်ချိုသာအောင် သုံးနှုန်းပြောဆိုဖို့လိုပါတယ်။ ထို့အတူ သုံးစွဲတဲ့ စကားလုံးတွေကိုလည်း သူ့နေရာနှင့်သူ သူ့အသက်အရွယ်နှင့်သူ အထူးသတိပြုအသုံးပြုဖို့ လိုအပ်ပါတယ်။ အမေမာပြောသလိုပဲ မြန်မာစကားမှာ ဝေါဟာရမဆင်းရဲပါဘူး။ သို့ပေမယ့်လည်း ပြောဆိုဆက်ဆံကြတဲ့နေရာမှာ ... ဥပမာအားဖြင့် အိမ်တစ်အိမ်ကနေပြန်ခါနီး နှုတ်ဆက်တဲ့အခါမှာ "ဒိုးပြီ/လစ်ပြီ/ဂိုးပြီ/ရွေ့ပြီ" စသည်ဖြင့် ပေါင်းစုံ ပြောဆိုသုံးနှုန်းနေကြပါတယ်။ တကယ်တမ်း စဉ်းစားကြည့်တော့ ဒီစာလုံးတွေဟာလည်း မြန်မာစာလုံးတွေတော့ မဟုတ်ဘဲ ခေတ်ကာလအရ ပေါ်ပေါက်လာတဲ့ ဘန်းစကားတွေသာ ဖြစ်ပါတယ်။ သို့ပေမဲ့ ကိုယ့်ထက်အသက်ကြီးသူ၊ ဝါကြီးသူတွေကို သွားပြောရင်တော့ မသင့်တော်လှပါဘူး။

ပြည်ပရောက်မြန်မာအချို့တွင်လည်း ထိုကဲ့သို့ စကားလုံးအသုံးပြုပုံ အားနည်းချက်အချို့ကို တွေ့မြင်ရပါတယ်။ ဥပမာ သံဃာတော်များနှင့် ပြောဆိုဆက်ဆံတဲ့အခါမှာ ... "ဘုန်းဘုန်း ဆွမ်းဘုန်းပေးပြီးပါပြီလားဘုရား ပြောရမည့်အစား ဘုန်းဘုန်း စားပြီးပြီလား"၊ "တင်ပါ့ဘုရား ဟု ပြောရမည့်အစား ဟုတ်ကဲ့" စသည်ဖြင့် လူလူချင်းဆက်ဆံသကဲ့သို့ အလွယ်တကူ ပြောဆို သုံးနှုန်းနေတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ နေ့တိုင်းပြောဆိုဆက်ဆံကြတဲ့အခါမှာ စကားလုံးအသုံးအနှုန်းလေးတွေကို သတိထားပြီး ပြောဆိုကြည့်မယ်ဆိုရင် ကိုယ်တိုင်လည်း မိမိလူမျိုး၏ ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်သလို လူမှု့ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာလည်း လူချစ်လူခင်ပေါများသည့် ဂုဏ်ယူဖွယ်ရာ အမျိုးသား/သမီး တစ်ဦးအဖြစ် ထင်ရှားတောက်ပလာနိုင်ပါကြောင်း အမေလူထုဒေါ်အမာ၏ ဆောင်းပါးနှင့်အတူ ထပ်လောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။

20 Jan 2010

လူမိုက်အားပေး မလုပ်မိစေဖို့

အခုရက်ပိုင်းမှာ ဗုဒ္ဓဘာသာအကြောင်း မကောင်းကြောင်း ရေးသားတဲ့ Blog တစ်ချို့ကိုတွေ့နေရပါတယ်။ မြန်မာလို ရေးသားထားတဲ့ ဘလော့တစ်ခုပါပဲ။ ဆရာတော်ကြီးများ၊ ဘုရားစေတီများ၏ ဓာတ်ပုံများကိုပင် ကြက်ခြေခေတ်ပြီး စော်ကားထားတာဖြစ်ပါတယ်။

ဘာသာရေးနှင့် ဆက်နွယ်နေတာဖြစ်တဲ့အတွက် အဲဒီဘလော့မှာ ကျွန်တော်ဘာမှ ဝင်ပြီးမပြောခဲ့ပါဘူး။ နောင်လည်း ပြောမှာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒီလို ဘာသာရေးကို အစွန်းရောက်ပြီး တစ်ဘက်သတ်စော်ကားတဲ့လူတွေနဲ့ စကားပြိုင်ပြောရမှာ ရှက်လို့ပါပဲ။ ရေးသားတဲ့သူကိုယ်တိုင် သူဟာ ဗုဒ္ဓဘာသာဝင် မဟုတ်သည့်တိုင် မိမိကိုယ်ကိုရော၊ မိမိရဲ့မိဘ၊ မိမိရဲ့ဘာသာကို ကိုယ်ကိုတိုင် ပြန်ပြီးစော်ကားနေတယ်ဆိုတာ မတွေးမိဘူးထင်ပါတယ်။


အဲဒီတော့ မိတ်ဆွေကိုယ်တိုင် မျက်စိလည်လမ်းမှားပြီး အဲဒီဘလော့ (အစိမ်းရောင်နောက်ခံရှိပါတယ်) ကို ရောက်သွားခဲ့သည်ရှိသော် တစ်ခြားမိတ်ဆွေတွေကို လက်ဆင့်မကမ်းကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲလို အနှစ်သာရမရှိ ပေါက်တတ်ကရ ရေးထားတာကိုမှ လူတွေတအားလာကြည့်တယ်ဆိုရင် သူ့ကိုယ်သူ မာန်တက်ပြီး ပိုဆိုးသွားပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်ကိုယ်တိုင် အဲဒီဆိုဒ်ကို sharing မလုပ်သလို လာမေးရင်လည်း ဖြေမှာမဟုတ်ပါဘူး။

ခင်မင်လေးစားလျှက်

19 Jan 2010

Sharing: တောင်သမန်ကျိန်စာ - မောင်စွမ်းရည်

ဆရာမောင်စွမ်းရည်ရဲ့ ကလောင်စွမ်းအားကတော့ တကယ့်ကို ပီပြင်ပါတယ်ဗျာ။ ဆရာပြောတဲ့ ပုခုံးမှာဒေါက်၊ ခါးမှာဗြောက်ရှိတဲ့သူတွေရဲ့ လုပ်ရပ်ကတော့ တကယ့်ကို ကန်းကုန်ပါတယ်။ ရှေးကအမွေ ကျွန်းတိုင်တွေကို အုတ်တိုင်တွေ အစားထိုးလုပ်ပြစ်ရက်ပါပေ့ ... မြန်မာပြည်မှာကလည်း ကျွန်းက ရှားသကိုး။ အဲလို ရွှေဥာဏ်တော် စူးရောက်တဲ့လူတွေကို ဆရာတတ်စွမ်းတဲ့ ကလောင်လက်နက်နဲ့ တိုက်ခိုက်တဲ့ ထိချက်တော့ ပြင်းထန်ပါပေတယ်။ အထူးသဖြင့် "ရှေးကအမွေ၊ သမိုင်းမြေကို၊ သူ့အမေလင်၊ အမွေထင်လို့၊ ထင်တိုင်းတုံးတိ၊ စစ်သားပကတိ၊ ညီပါဘိ" ဆိုပြီး စပ်ထားတဲ့ စာသားလေးကို အခိုက်ဆုံးပဲဗျာ :D

“ တံတားသာဟန်၊ တောင်သမန်” တဲ့
ရန်ကုန်ဆရာ၊ မန်းကိုလာတော့
ကဗျာဥာဏ်ပွား၊ ဈာန်ဝင်စားလို့
တံတားကဗျာ၊ ခင်းခဲ့ပါသတဲ့။
မော်လမြိုင် မုဒုံ
ဒဂုန် ဒလ၊ ပဲခူးစလို့။
မြင်းခြံ မုံရွာ၊ မိတ္ထီလာနဲ့
ကသာနဗား၊ မြစ်သားစလို့။
အမေရိကန်၊ အင်္ဂလန်
ဂျပန် ယိုးဒယား၊
ဘင်္ဂလား စလို့။
ဝေးနေနီးနေ နှစ်ထွေများစွာ
ကမ္ဘာ့မြေခြား၊ ပင်လယ်ခြားလဲ
တဆင့်စကား၊ တဆင့်ကြားနဲ့
တံတားဟိုဘက်၊ ထန်းလက်တဲနန်း
ထန်းပြင်တန်းနဲ့၊
ထန်းတောအဆုံး၊ ထုံးဖြူဖြူနဲ့
ဘုရားနဲ့၊
တံတားသည်ဘက်၊ လက်ပံပင်ကမ်း
ဇရပ်တန်းနဲ့၊ ပတ်လမ်းနဲ့။
လက်ပန်ကုန်းမှာ၊ ဘုန်းကြီးကျောင်းနဲ့
တန်ဆောင်းနဲ့၊
သီလရှင်နဲ့၊ သံဃာနဲ့
တောင်သမန် ရွှေအင်း
လေညင်းကမွှေး၊ မယ်ဇယ်ဖွေးသနဲ့
နွေးရင်လဲသာ၊ အေးရင်လဲသာ
နွေခါတမျိုး၊ ဆောင်းတမျိုး
မယ်ဇယ်ရိပ်တန်း
ချွေးသိပ်ပန်းဖြေ၊ ထန်းရေချိုခါး
ငါးကြော် ဖါးကြော်၊ ဘူးသီးကြော်နဲ့
ပဲကြော်တမျိုး လှော်တမျိုး။
ထန်းပင်မြစ်ဖုတ်တမျိုး၊ ပြုတ်တမျိုး။
တံတားကောက်ကလိမ်
ရေတိမ် ရေနက်
သမိုင်းကကွက်၊ လှိုင်းဂယက်နဲ့
ကျက်သရေတမျိုး၊ အလှတိုး၊
ကုလားပဲခင်း၊ မြေပဲခင်းနဲ့
ပြောင်းခင်းစိမ်းစို
စိုပြီးရင်ဝါ၊
ရာသီတမျိုး၊ အလှတမျိုး၊
ညလဲတမျိုး၊ နေ့တမျိုး။
ရေပြင်မြင့်က၊ တံတားနိမ့်ကျ
တံတားမြင့်က၊ ရေပြင်နိမ့်ကျ
မြင့်ရနိမ့်ရ၊ ဆုတ်ရ တက်ရ
ကြည်ရ နောက်ရ၊ သဘာဝ
ဆောင်း ကတမျိုး၊ နွေတမျိုး၊
မြင့်နိမ့်ဆုတ်တိုး၊ အလှနှစ်မျိုး။

အချိုသောက်လိုက်၊ အခါး သောက်လိုက်
တံတားလျှောက်လိုက်၊ ဘုရားရောက်လိုက်
မယားငေါက်လိုက်၊ နွားငေါက်လိုက်နဲ့
ကြိုက်သလိုသွား၊
တံတားအို မှောင်ကိုလျှောက်မလား
ညရောက်တဲ့ါ၊ လမင်းသာလိမ့်
လမသာလဲ၊ ကြယ်ဖြာလိမ့်။

တံတားအလှ၊ သဘာဝမို့
ဘာမှမချယ်၊ ဘယ်ခါမဆို
ဝါညိုကော့လန်၊ ရေနံမသုတ်
ထုံးမသုတ်ဘူး
ရွှေလဲမချ၊ ငွေမသဘူး
ရှေးကအတိုင်း၊ သမိုင်းအမွေ
တိုချင်တို၊ ရှည်ချင်ရှည်
ရေမြေအလှ၊ သဘာဝနဲ့၊ ပနံရ။

တံတားကြမ်းခင်း
ကျဉ်းတာလဲရှိ၊ ကျယ်တာရှိ
တိုတာလဲရှိ၊ ရှည်တာရှိ။
တံတားတိုင်တွေ
ရိုင်တာလဲရှိ၊ ခိုင်တာရှိ၊ မြင့်တာလဲရှိ၊ နှိမ့်တာရှိ
ဘယ်သူမှလဲ လာမညှိ။

မညီမညာ၊ သည်နေရာကို
အလီလီ အလာက၊ ကြည့်သာသွား
ဘုန်းကြီးကျောင်းသား၊ နွားကျောင်းသားရော
သူတောင်းစားနဲ့ ပွဲစားရော
ရည်းစားပူနွေး၊ မပူအေးတဲ့
ကလေးကျောပိုး၊ မုဆိုးဖိုရော
လူပျိုရော၊
တခုလပ်ရော၊ စတုဗျပ်ရော၊
မပြတ်လာသွား
တံတားတိုင်တွေ၊ ထိကိုင်ရွှံ့ပေ
ရေချင်ရေမယ်၊
တိုရှည်ကျဲစိပ်၊ စိတ်မ၀င်စား။

အကြွေးယူတဲ့၊ ပွေးထူမရော
အကြွေးတောင်းတဲ့၊ သူဋ္ဌေးလောင်းရော
မောင်ရှင်လောင်းနဲ့၊ ဖါခေါင်းရော
မသာလောင်းနဲ့၊ ရွာခေါင်းရော
ငေါင်းစင်း ငေါင်းစင်း၊ သည်ကြမ်းခင်းမှာ
ခိုင်းတိုင်းလှုပ်လှုပ်၊ တကျုတ်ကျုတ်နဲ့
လှုပ်တိုင်းဂီတ၊ သဘာဝ
သဒ္ဓါကြွလို့၊ ကဗျာသသူသ
တခါတခါ၊ ကသူက
အာဏာပြသူ မရှိကြ။

ထန်းရေမော့သူလဲသိ
လှေဆော့သူလဲသိ
အရက်သမားလဲသိ၊ ကြက်သမားလဲသိ
ပိဋကတ်အိုးကွဲနဲ့၊ နခိုးလဲသိ
အရပ်ဂျပိုးနဲ့၊ ဖိနပ်သူခိုးလဲသိ
သိပင်သိငြား၊ လာသွားမတ္တ
ဖြတ်ကြလှီးကြ၊ မလုပ်ကြ
ကြမ်းကျိုး၊ ကြမ်းစားထိုး
တိုင်ကျိုး၊ တိုင်စားထိုး
အစားထိုးတိုင်၊ မတိုင်းမတိ
သမိုင်းအရှိ၊ အရိုင်းပကတိ
ညှိကာဖြတ်ကာ၊ ဘာမှမလုပ်
တိုင်ငုတ်တို ရှည်၊ မညီညာ
မညီခြင်းသာ၊ အလှပါ။

တနေ့သောခါ
ပခုံးမှာဒေါက်၊ ခါးမှာဗျောက်နဲ့
မြှောက်တက်စိမ်းပုတ်၊ ၀တုတ်ဂွတို
စစ်ဗိုလ်တယောက်၊ စိတ်ရူးပေါက်လို့
ခါးထောက်ငြင်ငြို၊ သ၀န်တိုသနဲ့
တိုကာရှည်ကာ၊ မြင့်တာနှိမ့်တာ
စိပ်တာ ကျဲတာ၊ အံလွဲကာနဲ့
ကောက်ကာကွေးတာ၊ မညီညာကို
မကြည်သာဟန်၊ ကလန်ကလား
စစ်သားမဆန်
ပုန်ကန်နိမိတ်၊ သူလန့်ထိတ်မိ
သတိသက်သာ၊ ညာညှိဘယ်ညှိ
ညီအောင်တိစေ၊ မိန့်တော်ချွေသတဲ့။
နိမ့်ချေ မြင့်ချေ၊ တိုးချေဆုတ်ချေ
အင်းတော်ရေလဲ၊ ညီစေညှိစေ
မဆုတ်စေနဲ့ ဧရာမြစ်က
ထာဝရရေ။ သွင်းကြစေတဲ့။
ရှေးကအမွေ၊ သမိုင်းမြေကို
သူ့အမေလင်
အမွေထင်လို့၊ ထင်တိုင်းတုံးတိ
စစ်သားပကတိ၊ ညီပါဘိ။

တနေ့သော်ကား
သတင်းကြားနဲ့၊ တံတားဒါယကာ
ဦးပိန်လာခဲ့၊
တိုကာတိကာ၊ မြင်လိုက်ပါသော်
ကျောက်စာထွင်းထု၊ ကျိန်စာပြုသတဲ့
“ပုတုတ်ဂွတို၊ စစ်ဗိုလ်သတ္တ၀ါ
ငတုံးကာသည်
ရောက်ရာဘ၀၊ ပုကွနိမ့်တို
ကောက်ရိုးမှိုသို့၊ တိုတိုစီစီ
ညီစေသတည်း”

--
မောင်စွမ်းရည်
၂၀၀၉ ဒီဇင်ဘာ ၁၃

ကဗျာဖတ်ပြီး တောင်သမန်အင်းကို သတိရတုန်းမှာ ကြက်သီးထစရာကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကို ပြောပြပါဦးမယ်။ တစ်ခါက သူငယ်ချင်းတွေနဲ့ တောင်သမန်အင်းဘက်ကို ဘီယာသွားသောက်ကြတယ်။ ရေများနေတဲ့အချိန် အင်းကိုလည်းရောက်ရော အင်းထဲက ဝါးဖောင်ပေါ်မှာ ရစ်ရွှေရည်နဲ့ ငါးကြော်လေးနဲ့ ဇိမ်ခံကြသည်ပေါ့။ ငါးကြော်ဆိုတာကလည်း ငဇင်ရိုင်းလို့ခေါ်တဲ့ လက်သန်းလောက်ရှိတဲ့ ငါးလေးတွေပါ။ တစ်ချို့ ငါးပိုက်နဲ့ဖမ်းလို့ ရလာတယ်။ တစ်ချို့က မျှားလို့ရလာတဲ့ငါးတွေပါ။ အဲဒီလို ငါးလေးတွေ တကျွတ်ကျွတ်နဲ့ ဝါးလိုက် ရစ်ရွှေရည်လေး အာခေါင်ထဲလောင်းထည့်လိုက် ဇိမ်ကျနေတုန်း ပါးစပ်ထဲမှာ မာကျောကျောအရာတစ်ခုကို ဝါးမိသလို ခံစားလိုက်ရလို့ ပြန်ပြီးထွေးထုတ်ကြည့်လိုက်တော့ ကြက်သီးထစရာ ငါးမျှားချိတ် ဖြစ်နေတယ်။ အဲကျမှ သဘောပေါက်လိုက်တယ် ... အဲဒီငါးဟာ ငါးမျှားချိတ်နဲ့ ဖမ်းလို့ရလာတဲ့ ငါးပါလားလို့ :D

ဗိုက်ထဲသာ ရောက်သွားလို့ကတော့ .... +-*&%$ ... အဲဒီတော့ တောင်သမန်ဘက်ကို သွားရောက်လည်ပတ်ပြီး အလှအပခံစားရင်း စားကြသောက်ကြမည့် မိတ်ဆွေများကို ငါးကြော်မှာစားရင် ကြည့်ကြပ်သတိထားပြီးစားကြပါလို့ ခင်မင်ရင်းနှီးစွာ သတိပေးလိုက်ရပါတယ် :)

17 Jan 2010

The Conservative Party Human Rights Commission will hold a hearing on Burma on Monday 18 January

ယူကေရောက် ညီအစ်ကို မောင်နှမများအားလုံး တက်ရောက်ကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။ နိုင်ငံခြားသားတွေတောင် မြန်မာ့အရေးကို အထူးအလေးပြု ဆောင်ရွက်နေချိန်မှာ တိုက်ရိုက်သက်ဆိုင်သူ ကာယကံရှင် ကျွန်တော်တို့တွေ ပိုပြီး အလေးထားသင့်ပါတယ်။ အနီးဆုံး station မှာ Webminister Station ဖြစ်ပါသည်။

The Conservative Party Human Rights Commission will hold a hearing on Burma on Monday 18 January from 5pm-7pm, in Room O at Portcullis House.

The hearing will be chaired by Tony Baldry MP, Chairman of the Conservative Party Human Rights Commission, and the Commission will hear evidence from:
  • Sir Geoffrey Nice QC, former deputy prosecutor of the International Criminal Tribunal for the former Yugoslavia and principal prosecution trial attorney in the case against Slobodan Milosevic. Sir Geoffrey was one of five leading international jurists who commissioned the report Crimes in Burma, by Harvard Law School.
  • Wai Hnin Pwint Thon, campaigner and daughter of Mya Aye, a political prisoner in Burma.
  • Bwa Bwa Phan, a Karen refugee, representative of the Karen National Union (KNU) in UK, Vice-Chair of the Karen Community Association-UK and Board Member of the European Karen Network.
  • Anna Roberts, Director of the Burma Campaign UK.
Via: Burmese Events in The UK

15 Jan 2010

Sharing: Burma Sham 2008 Constitution and 2010 Election by U Aung Htoo

U Aung Htoo, the General Secretary of Burma Lawyers' Council on "2008 Constitution". He said that so long as democratization of Burma is expected, centering on 2010 election to be possibly applied as an important process for gradual change, it will be in the trap of the Senior General Than Shwe. From the aspect of militarization, 2008 constitution is much worse than 1974 constitution. In spite of participation in the 2010 election, the political party, which may win majority seats in the legislature, cannot form any government and rule the country.


The international community which argues to take strategic advantage of 2010 election as a gradual transition argues that if politically aware sectors of the electorate stay away, this could further reduce the changes of candidates not aligned with regime. Actually, regardless of whether aligned with regime or not, sitting as elected representatives in legislature, arisen from 2008 Constitution after 2010 election, is nothing but to make rubber stamp to entrench the military dictatorship in accordance with the constitution. [ Via: BDC TV ]

11 Jan 2010

Wallpaper: London Tower Bridge

၉ ရက်နေ့က BICC Meeting အပြီးမှာ Tower Bridge ဘက်ကို ရောက်သွားခဲ့တယ်။ Meeting က Old Street Station နားမှာလုပ်တာဆိုတော့ Tower Bridge နဲ့ နှစ်မှတ်တိုင်ပဲ ကွာတယ်။ အဲဒီတော့ ခဏလေးပဲ သွားရတယ်။ ရာသီဥတုအခြေအနေကတော့ တော်တော်အေးတယ်။ မြစ်ကမ်းဘေးဆိုတော့ ပိုဆိုးတာပေါ့။ ညဘက်မှာ ဓာတ်ပုံရိုက်ချင်နေတာကြာပါပြီ။ ဒါပေမဲ့ ပစ္စည်းအပြည့်အစုံမရှိလေတော့ ရိုက်ရတာ သိပ်တော့အဆင်မပြေလှ။ အဓိကလိုနေတာက Tripod ပဲ။ လက်ကမငြိမ်ဘူး ဒီကြားထဲ ရာသီဥတုကအေးနေတော့ ပိုဆိုး။ ပုံတွေအများကြီးရိုက်ခဲ့ပေမဲ့ ဝါးနေတဲ့ပုံတွေကိုတော့ အကုန်ဖျက်ပစ်လိုက်ရတယ်။ နောက်တစ်ကြိမ်တော့ ရအောင်ကြိုးစားကြည့်ဦးမယ်။


ဓာတ်ပုံရိုက်ရတာဟာ ကျွန်တော့်အတွက်တော့ စိတ်အပန်းဖြေမှုတစ်မျိုးပါပဲ။ စိတ်ထဲမှာ ဘာမှမရှိ ပေါ့ပါးနေတာပဲ။ အာရုံထဲမှာ ရှူ့ခင်းတွေပဲရှိတယ်။ စိတ်ကိုလည်း လန်းဆန်းစေတယ်။ အဲဒီနေ့ညက ရိုက်လာခဲ့တဲ့ ပုံတွေထဲက Tower Bridge ပုံကို Wallpaper သုံးလေးခုလုပ်ပြီး စာဖတ်သူ မိတ်ဆွေတွေအတွက် မျှဝေပေးလိုက်ပါတယ်။ မိတ်ဆွေတွေ ကျေနပ်သဘောကျလိမ့်မယ်လို့ ယုံကြည်ပါတယ် :)

9 Jan 2010

Invitation for BICC Meeting

Dear All,

We would like to invite you to attend BICC (Burma Initiative Coordination Committee) meeting on 09-01-10. Please, attend this meeting and take action to show solidarity for free Burma activities in UK. Stand and take action for people of Burma who are suffering under Military Regime in Burma.

Date: 09-01-09 (Saturday)

Time: 13:00 - 17:00

Venue: 28 Charles Square London N1 6HT UK

Nearest underground station: Old Street

Updated: 10.01.2010 မှတ်တမ်းတင် ဓာတ်ပုံများ