ဒီပုံလေးကိုရိုက်တုန်းက ဆရာတင်မိုးရဲ့ ဧည့်သည်ကြီးကဗျာကို သွားပြီး သတိရမိတယ်။ ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကိုအိမ်ပြန်ပို့ကြပါလေ" တဲ့။ တကယ်တမ်း လက်တွေ့ကျကျ စဉ်းစားလိုက်ရင် ဘဝဟာ ဖြစ်ခြင်း၊ ပျက်ခြင်းတွေနဲ့ ပြည့်နှက်နေတာ မဟုတ်လား။
နေထွက်တာရှိသလို နေဝင်တာရှိမယ်၊ ဖြစ်ခြင်းဆိုတာရှိရင် ပျက်ခြင်းလည်း ရှိတယ်။ အဲဒီတော့ မွေးဖွားခြင်းဆိုတာရှိသလို လူတိုင်းသွားရမည့် သေဆုံးခြင်းဆိုတာလည်း ရှိတာကို သတိမူပြီး မသေခင်မှာ ကိုယ့်နောက်ပါသွားနိုင်တာလေးတွေ အချိန်ရတုန်း လုပ်ထားနိုင်ကြဖို့ ဒီပို့စ်လေးနှင့်အတူ နှိုးဆော်လိုက်ပါရစေခင်ဗျာ။


