Lens တစ်လုံးတည်းနှင့် အနီးရော အဝေးရော ကိစ္စချောသွားပြီ။ ထပ်ပြီး ဘာ lens မှ ဝယ်ဖို့ မလိုတော့ဘူး။ သင်္ကြန်ပွဲမှာ ဒီ Lens + ရှိပြီးသား 35mm 1.8 နဲ့ ကစ်မယ် ;)
25 Feb 2012
20 Feb 2012
19 Feb 2012
Around The Regent's Park
ဒီနေ့ညနေပိုင်း အလုပ်ပြီးတဲ့အချိန် သူငယ်ချင်းတစ်ယောက်နဲ့ Regent's Park ထဲကို ဓာတ်ပုံသွားရိုက်ဖြစ်တယ်။ ရောက်တာ နည်းနည်းနောက်ကျသွားတော့ နေရောင် သိပ်မရှိတော့ဘူး။ ဒါပေမဲ့ တစ်ခုတည်း ကျွန်တော့်မှာရှိတဲ့ Nikon AF-S Nikkor 35mm f/1.8G DX lens က အဲဒီအချိန်မှာ အတော်အသုံးဝင်ပါတယ်။ အထက်က slide show မှာပါတဲ့ ပုံတွေအားလုံး အဲဒီ lens နဲ့ပဲ ရိုက်ထားတာဖြစ်ပါတယ်။ မိုးချုပ်သွားတာရယ် ရာသီဥတုအေးလာတာရယ်ကြောင့် ဓာတ်ပုံအနည်းငယ်သာ ရိုက်ပြီး ပြန်လာခဲ့ကြပါတယ်။ နောက်ရက် နေသာတဲ့ ရက်တွေကျမှ ထပ်သွားဦးမယ်။
18 Feb 2012
A Rainy Day in Tottenham Court Road
ဒီနေ့ နေ့လည်ပိုင်း မိုးလေးဖွဲတုန်း ဓာတ်ပုံလျောက်ရိုက်ထားတာပါ။ မိုးရွာတုန်းမှာ ကင်မရာကိုင်ပြီး ရိုက်စရာလိုက်ရှာကြည့်တယ်။ အစကတော့ ဘာရိုက်ရမှန်းမသိ။ နောက်မှ စိတ်ကူးရတာက ထီးတွေ။ လူတိုင်း ထီးတွေဆောင်းပြီး သွားလာနေကြတာမြင်တော့ ထီးနဲ့လူတွေကိုပဲ လိုက်ရိုက်ပြီး Photoshop ထဲမှာ ဘောင်ကလေးတွေထည့်ပြီး ကလိလိုက်တယ်။ မိုးရွာတုန်းမှာ ရိုက်စရာကလည်း ဒါပဲ ရှိသကိုး။ ဝေဖန်ပေးပါဦး။
11 Feb 2012
Event: 65th Anniversary of Mon National Day - UK
Date: 18th Febuary, 2012 (Saturday)
Time: 17:00 - 22:00
Venue: Feltham Assembly Hall Feltham
TW14 9DN, London, UK
Contact: Nai Than Soe - 07809561384
Nai Swa Ha Mon - 07950543753
Email: maungthansoe@gmail.com
mehmswahamon@gmail.com
နဝမအကြိမ်မြောက် စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းပွဲ
ကောဇာသက္ကရာဇ် ၁၃၇၃ ပြည့်နှစ် ၊ သာသနာသက္ကရာဇ် ၂၅၅၅ ပြည့်နှစ်၊ တစ်ပေါင်းလဆန်း ၁၂ ရက် ၊ ခရာဇ်နှစ် ၂၀၁၂ ခုနှစ် မတ်လ ၄ရက်၊ တနင်္ဂံနွေနေ့  တွင် မြန်မာလူငယ်အသင်း( UK ) မှ ဘုရားအမှုရှိသောဆရာတော်၊ သံဃာတော်များအား ၊ စုပေါင်းဆွမ်း ကပ်လှူဒါန်းခြင်းကို လန်ဒန်မြို့ ရှိ တိသရဏ (မြောင်းမြ) ကျောင်း ၌ နေ့ ဆွမ်းဆက်ကပ်လှူဒါန်မည် ဖြစ်ပါ၍ မည်သူမဆို ပါဝင်ကုသိုလ် ယူနိုင်ကြောင်း နှိုးဆော်အပ်ပါသည်။ကျွန်တော်တို့ မြန်မာလူငယ်အသင်းမှ ဘုရားမှုရှိသော ဆရာတော်၊ သံဃာတော်များအား စုပေါင်းဆွမ်းကပ်ပွဲ ကို ၊ လစဉ် ပထမ ပတ် တနင်္ဂံနွေနေ့  တိုင်း ကျင်ပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မည်သူမဆို ကုသိုလ်ပါဝင် ယူနိုင်ကြောင်းနှိုးဆော်အပ်ပါသည်။အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ၊www.byauk.org (သို့ မဟုတ်) facebook – Burmese Youth Association, UK မှတစ်ဆင့်ဝင် ရောက်ကြည့် ရှူ့ နိုင်ပါသည်။မြန်မာလူငယ်အသင်း BYA-UKဗဟိုအလုပ်မှူဆောင်အဖွဲ့ info@byauk.orgburmeseyouthuk@yahoo.co.uk
news via: Facebook
6 Feb 2012
Zemana AntiLogger 1.9.2.819
Zemana AntiLogger lets you:
- Do your online banking with peace of mind
- Increase your PC protection
- Defend against hackers
- Protect against keyloggers
- Guard against screen grabbers
- Surf anywhere and download anything—worry free
Download link: mediafire
4 Feb 2012
Snowing Night
ဒီနေ့ ဒုတိယမြောက်အကြိမ် လန်ဒန်မှာ နှင်းတွေကျတယ်။ ညနေပိုင်း ၇ နာရီလောက်ကစပြီး ယခုချိန်ထိ တဖွဲဖွဲကျနေတုန်းပဲ။ ဒီတိုင်းဆက်ကျနေမယ်ဆိုရင် မနက်ဖြန် နေရာတိုင်း နှင်းတွေ ဖွေးနေလောက်ပြီ။ မနက်ဖြန် ပိတ်ရက်ရတယ်။ ကံကောင်းတယ်လို့ပြောရမယ်။ အခု ဒီဓာတ်ပုံကတော့ အလုပ်လုပ်တဲ့နေရာ နားလေးမှာ ရိုက်ထားတာ။ ညပိုင်းနှင်းကျတုန်း ရိုက်ထားတဲ့ပုံဆိုတော့ မိုးရွာတာလိုလို နှင်းကျတာလိုလို သိပ်တော့ မသဲကွဲဘူးပေါ့။ ဒါပေမဲ့ ဒီပုံကိုတော့ ဒီနေ့ရိုက်တဲ့ထဲမှာ အကြိုက်ဆုံးပဲ။ မနက်ဖြန် နေ့ပိုင်းရိုက်ပြီးမှ ပုံတွေ ဆက်တင်ပါဦးမယ်။ Happy Snowing Day!
သာသနရံသီ ဝိဟာရ ထမနဲပွဲတော် ကျင်းပမည်
လာမည့် ဖေဖေါ်ဝါရီလ ၁၁ ရက် စနေနေ့ ညနေ(၂) နာရီတွင် နှစ်စဉ်ကျင်းပနေ ကြဖြစ်သော ထမနဲထိုးလှူပွဲကို လာရောက်လုပ်အားပေး လှူဒါန်းကြသူများကို ကံစမ်းမဲ များဖေါက်၍ ပျော်ရွှင်စွာ တမူထူးခြားကျင်းပကြမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်မည့် မည်သူမဆို ၅ ယောက်တဖွဲ့ အဖွဲ့လိုက်ပါဝင်နိုင်ပါသည်။ ဒိုင်လူကြီးအဖွဲ့မှ ထမနဲစည်း ကမ်းများနှင့်ညီညွတ်သော အဖွဲ့ကို အထူးဂုဏ်ပြုပါမည်။ ထမနဲထိုးပွဲကို ကုသိုလ်လည်းရ ဝမ်းလည်းဝသည်မို့ တပျော်တပါး ပါဝင်ဆင်နွှဲကြပါရန် သာသနရံသီဂေါပက အဖွဲ့မှ နိုးဆော်တိုက် တွန်းအပ်ပါသည်။ ထမနဲ ပင်မအလှူရှင်များမှာ ဒေါက်တာဝင်းထွဋ် + မမေလှမောင် တို့ဖြစ်ပြီး ဦးစိန်ထွန်းအောင်+ဒေါ်လှလှ မိသားစုများနှင့် စေတနာရှင် အလှူရှင်များဖြစ်ကြပါသည်။
Via: သာသနရံသီဝိဟာရ
ဒီ Video ကတော့ 2010 ထမနဲပွဲတုန်းက အမှတ်တရ ရိုက်ထားတဲ့ပုံတွေကို slide show လုပ်ထားတာပါ။ ဒီနှစ်ထမနဲပွဲကတော့ အလုပ်ခွင့်မရတာနဲ့ မသွားနိုင်တော့ဘူး။ Holiday ယူပြီးမှပဲ အေးအေးဆေးဆေး ဘုန်းကြီးကျောင်းကို သွားရတော့မှာပဲ။ စကားမစပ် မန်းလေးက "ဒေါ်ရှိ ထမနဲ"ကို လွမ်းတယ်ဗျာ။
Subscribe to:
Posts (Atom)






