Skip to main content

Posts

Showing posts from March, 2012

The Health Benefits of Coffee Vs Tea

ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ သောက်သုံးနေကြတဲ့ လဘက်ရည် သို့မဟုတ် ကော်ဖီအကြောင်း ကျန်းမာရေး ရှူ့ထောင့်မှ သိကောင်းစရာ ရှာဖွေတွေ့ရှိချက်တွေကို မျှဝေချင်ပါတယ်။ ဆောင်သင့်တာဆာင်ပြီး ရှောင်သင့်တာ ရှောင်ထားနိုင်အောင်လို့ပါ။ တစ်မျိုးစီမှာ သူ့အကျိုးကျေးဇူးနဲ့ ဘေးထွက်ဆိုးကျိုးဆိုပြီးတော့ ရှိပါတယ်။ တန်ဆေးလွန်ဘေးပေါ့။ ကျွန်တော်ကတော့ ဒီ research ကိုကြည့်ပြီး တစ်နေ့ကို one Tea and one Coffee ပဲ သောက်တော့မယ် :P

9th Anniversary of Buddha Day Ceremony - UK

The Sanatan Hindu Mandir Wembley

      Hindu တွေရဲ့ ဂုဏ်ယူစရာကောင်းလှတဲ့ ဒီ Temple ကို London ရဲ့ Wembley Area မှာ တွေ့နိုင်ပါတယ်။ တည်ဆောက်မှု ကုန်ကျစရိတ်ဟာ £16m ဖြစ်ပြီး ၁၄ နှစ်ကျော်ကြာ တည်ဆောက်ခဲ့ရပါတယ်။ အလားတူ ပုံတူ temple ကို Leytonstone area မှာလည်း တွေ့ရှိနိုင်ပါတယ်။ Wembley area မှာ ယခုလို Asian လူမျိုးတွေရဲ့ ယဉ်ကျေးမှုအဆောက်အဦးတွေအပြင် ဘောလုံးလောကမှာ ကျော်ကြားလှတဲ့ Wembley ဘောလုံးကွင်းကြီးလည်း တည်ရှိပါတယ်။ Wembley area မှာ India လူမျိုးအများဆုံးနေထိုင်ပြီး ကျွန်တော်တို့ မြန်မာလူမျိုးများ နှစ်သက်လှသော ဟင်းသီးဟင်းရွက်မျိုးစုံ (ဘူးသီး၊ မြင်းခွာရွက်၊ ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ဒန့်ဒလွန်သီး စသည်ဖြင့်) ဝယ်ယူရရှိနိုင်ပါတယ်။ ကွမ်းယာကြိုက်နှစ်သက်သူများအတွက်လည်း အမျိုးစုံလင်လှသော ဆေးမျိုးစုံဖြင့် သုံးဆောင်နိုင်ပါတယ်။ လန်ဒန်မှာ ကွမ်းမရှိဘူးလို့ ပြောလာခဲ့ရင် အဲဒီနေရာတဝိုက်ကိုသာ ခေါ်သွားလိုက်။ အဲဒီ ဧရိယာမှာ ကွမ်းစားပြီး နံရံတွေ လမ်းတွေ ထွေးကြလွန်းလို့ Council ကတောင် ဒဏ်ရိုက်မယ်လို့ သတိပေးတားမြစ်ရတဲ့ အထိပါပဲ။ ယခုလို အခြားဘာသာဝင်တွေရဲ့ Temple အကြီးကြီးတွေကို မြင်တိုင်း ကျွန်တော်တို့ မြန်မာများအတွက် Community

N-Photo The Nikon Magazine April 2012

Download :  N-Photo The Nikon Magazine April 2012

ဘယ်ပန်းချီ ရေးလို့မမှီ ;)

Sweetheart with Daffodils in Spring | © 2012  CMS Photography အလုပ်သွား အလုပ်ပြန် လမ်းမှာ Daffodil လေးတွေ ပွင့်နေတာကို တွေ့တာကြာနေပြီ။ ဓာတ်ပုံ ရိုက်မယ် ရိုက်မယ်နဲ့ အချိန်မရတာရယ်။ ရာသီဥတု မကောင်းတာရယ်ကြောင့် မရိုက်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ မနေ့က ရာသီဥတုကလည်း ကိုယ့်ဘက်ပါ ညနေပိုင်းလည်း အားနေတာနဲ့ ဓာတ်ပုံ ထွက်ရိုက်ဖြစ်ခဲ့တယ်။ ဒီလိုလမ်းဘေး နေရာတွေမှာတောင် Daffodil လေးတွေ လှနေအောင်ပွင့်နေလိုက်တာ တကယ့်ပန်းခြံကြီးတွေထဲမှာဆို ရွှေဝါရောင်သန်းလို့ ဝါထိန်နေလောက်ပြီပေါ့။ ဒီပန်းလေးတွေဟာ spring ရာသီရဲ့ သင်္ကေတတစ်ခုဖြစ်တယ်လို့ ပြောရင်လည်း မှားမည်မထင်ပါ။ Daffodil လေးတွေမြင်တိုင်း ကိုးတန်းကျောင်းသား ဘဝကို သတိရမိတယ်။ အဲဒီတုန်းက ၁၆ အထကမှာ ကိုးတန်းကျောင်းသားအဖြစ် ကျောင်းတက်နေချိန်ကပေါ့။ အတန်းပိုင်ဆရာမက Daffodil ကဗျာသင်တိုင်း "S" သံကို ပီပီသသအမြဲရွတ်ပြခဲ့တာပေါ့။ အဲဒီဆရာမနာမည် ဒေါ်ခင်ပြုံးဝင်း တဲ့။ အဆိုတော် ခင်မောင်တိုးရဲ့ ညီမအရင်းပေါ့။ အခုချိန်ဆရာလည်း ပင်စင်ယူလောက်ပြီး ထင်ပါတယ်။ အချိန်တွေ ရာသီတွေ ကုန်ဆုံးကူးပြောင်းတာ အလွန်မြန်ဆန်ပါလား။

Pigeon Couple

ဒီခိုထီးက ငါ့မှာ ကောင်မလေးရှိတယ်ဆိုပြီး စမန်ခုတ်(မာနကြီး) နေတဲ့ ပုံစံမျိုး :P

Dosa သို့မဟုတ် တိုရှည်

တိုရှည်တဲ့ ... ဒီနာမည် ဘယ်ကနေဖြစ်လာလဲဆိုတာ အရမ်းကို စိတ်ဝင်စားပြီး သိချင်တယ်ဗျာ။ ကုလားစာဖြစ်တဲ့ ဒီမုန့်ကို မန်းလေးမှာ သိပ်မတွေ့ရဘူး။ ရန်ကုန်မှာတော့ နေရာတော်တော်များများမှာ တွေ့နိုင်ပါတယ်။ အစာပြေအဖြစ် စားလို့ရသလို အဝစားအဖြစ်လဲ သုံးဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ ဆီမှာလည်း ကုလားတွေပေါတော့ ဒီလို မုန့်ရောင်းတဲ့နေရာတွေက အလျှံအပယ်ပါပဲ။ လွန်ခဲ့တဲ့တစ်ရက်က သူငယ်ချင်းတစ်ယောက်နဲ့ Wembley က Chennai Dosa and Vegetarian ဆိုင်မှာ ဗိုက်ကားအောင် သွားကစ်ခဲ့တယ်။ အတော်ဂွတ်ဗျာ။

Burmese New Year Festival - London 2012

လန်ဒန်ရောက် ရွှေမြန်မာတို့ရဲ့ အစည်ကားဆုံး နှစ်သစ်ကူးအတာသင်္ကြန်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လာမည့်လ ဧပြီ ၁၄ ရက်နေ့  စနေနေ့ Ealing Town Hall မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ မနက်ပိုင်း အစီအစဉ်အဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပမှာဖြစ်ပြီး ညနေပိုင်း ဖျော်ဖြေရေး အစီအစဉ်များအဖြစ် ရန်ကုန်သီရိမောင်မောင် မြန်မာ့ဆိုင်းဝိုင်းနှင့် The Nox Band တို့က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Oliver and Charlie

အရင်တစ်ပတ်က အလုပ်ပိတ်တဲ့ရက် အိမ်မှာ ရွှေဘိုကြေးအိုး :P လုပ်စားကြတုန်း မိတ်ဆွေတစ်ယောက်ရဲ့ ကလေးတွေဖြစ်တဲ့ Oliver နဲ့ Charlie မောင်နှမနှစ်ယောက်ကို ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲကမှ ကျွန်တော်နှစ်သက်တဲ့ ဓာတ်ပုံတစ်ချို့ကို ပြန်လည်မျှဝေလိုက်ပါတယ်။ ကလေးတွေကို ဓာတ်ပုံရိုက်ရတာ လွယ်မလိုနဲ့ခက်တယ်ဗျာ။ အငြိမ်မနေကြဘူး။