25 Jun 2012

N-Photo July 2012


23 Jun 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက် မြန်မာမိသားစုများတွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံများ


ဇွန်လ ၂၂ ရက်နေ့ ၂၀၁၂ ခုနှစ်ဟာ လန်ဒန်ရောက် မြန်မာတွေအတွက် အင်မတန်မှ အမှတ်ရစရာ သမိုင်းဝင်နေ့တစ်နေ့အဖြစ် တွင်ကျန်ရစ်မှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက်မြန်မာများ တွေ့ဆုံပွဲလေးကို လန်ဒန် သိမ်းစ်မြစ်ကမ်းဘေးက Royal Festival Hall မှာ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ပါပဲ။

လန်ဒန်မှာ နေထိုင်စဉ်ကာလအတွင် မြန်မာများကို အများဆုံး မြင်တွေ့ဖူးတဲ့ ပွဲလို့လည်း ဆိုနိုင်ပြီး လူ ၂၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ထိုပွဲတွင် လန်ဒန်မှာရောက်ရှိနေတဲ့ ကိုဇာဂနာ၊ အန်တီမာမာအေး နှင့် လန်ဒန်ရောက် ဝါသနာရှင် ညီအစ်ကိုမောင်နှမများမှ ရွာစားကျော် သီရိမောင်မောင်တို့နှင့် တွဲဖက်ကာ ဖျော်ဖြေရေးအစီအစဉ်များကို တမူထူးခြားစွာ တင်ဆက်ခဲ့ပါတယ်။ နိုင်ငံတော်သီချင်းကိုလည်း သံပြိုင်သီဆိုခဲ့ပြီး သီချင်းသီဆိုနေချိန် အမိမြန်မာပြည်ကို လွမ်းဆွတ်သတိရစိတ်၊ အိမ်ကိုလွမ်းစိတ်တွေကြောင့် မျက်ရည်ကျမတတ် ခံစားခဲ့ရသူများလည်း ရှိခဲ့တာကို ဖေ့စ်ဘွတ် စာမျက်နှာများတွင် မြင်တွေ့ခဲ့ရပါတယ်။

15 Jun 2012

Meeting with Daw Aung San Suu Kyi and Burmese Community (UK)

Date
22.June.2012

Time
9am to 12am

Venue
Royal Festival Hall
Southbank Centre
SE1 8XX
London
United Kingdom

မှတ်ချက်
အခမ်းအနား ကျင်းပရာ ခန်းမသို့ ၂၂ ရက်နေ့ မနက် ၉ နာရီ တိတိတွင် ရောက်ရှိစေလိုပါသည်။ အခမ်းအနားတတ်ရောက်သူများအတွက် ပွဲတတ်ဝတ်စုံ (ရိုးရာ) ကို ဝတ်ဆင်စေလိုပါသည်။ ပွဲတတ်ဝတ်စုံ ဝတ်ဆင်ရန်မှာ ခန်းမ၏ စည်းကမ်းဖြစ်ပြီး  အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့မှ "ရိုးရာ" ဆိုသော အချက်ကို မြန်မာနိုင်ငံသားများ အားလုံးအတွက် ဂုဏ်ယူနိုင်ဖွယ်ရာဖြစ်အောင် ဖြည့်စွက်ခြင်း ဖြစ်ပါသည်။

Protest against BBC to stop announcing Bogus News about Rakhine People in Rakhine State, Burma


ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဘင်္ဂါလီရိုဟင်ဂျာ လူမျိုးခြားများ၏ အကြမ်းဖက်ဆူပူမှုများအပေါ်တွင် ကမ္ဘာ့သတင်းဌာနများမှ နိုင်ငံတကာကို သိစေရန် ဘာသာရေး ဖိနှိပ်မှုအသွင်ဖြင့် ပြောင်းလဲဖော်ပြနေပြီး မဟုတ်မမှန် ပြောင်းပြန်ပြောင်းလဲ၍ စွပ်စွဲဘက်လိုက် ရေးသားမှုများ ရှိနေပါသောကြောင့် ယခုလာမယ့် ဇွန်လ ၁၈ရက် ၂၀၁၂ တင်္နလာနေ့ နေ့လည် ၁၂နာရီ မှ ၁နာရီ အချိန်တွင် နာမည်ကြီး မီဒီယာတခုဖြစ်သည့် လန်ဒန်မြို့မှ BBC Worldwide Ltd Media Centre ရှေ့တွင် မိမိနိုင်ငံနှင့် တိုင်းရင်းသားသွေးချင်းများ အပေါ် အမှန်တရားနှင့် ကင်းကွာ၍ ဆန့်ကျင်ဖက်ပြု စော်ကားနေခြင်းကို ကန့်ကွက်သည့်် အနေနဲ့ ယူကေနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ငြိမ်းချမ်းစွာ ဆန္ဒပြ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

ထိုကဲ့သို့ ဆန္ဒပြ ဖော်ထုတ်သွားရာတွင် ယူကေနိုင်ငံ၏ မည်သည့် နိုင်ငံရေး အဖွဲ့အစည်းများ၏ လက်အောက်တွင် ရှိမနေဘဲ အမျိုးသားရေးစိတ်ဓါတ် အသိဖြင့် မြန်မာနိုင်ငံသားများ အနေဖြင့်သာ လွတ်လပ်စွာ ဆန္ဒပြ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ 

ယူကေနိုင်ငံ၏ နိုင်ငံရေး အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသားများကိုလည်း ပါဝင်ပူးပေါင်း ကူညီ၍ လိုအပ်သော အကြံဥာဏ်များ ပေးကြပါရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။ ။

တင်္နလာနေ့ ဇွန်လ ၁၁ ရက်၌ ဤအစီအစဉ် ဖြစ်မြောက်ရန် အစည်းအဝေး၏ ညှိုနှိုင်း ဆုံးဖြတ်ချက်အရ အစီအစဉ်ကို အောက်ပါအတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်။

နေ့ရက်
ဇွန်လ ၁၈ရက် ၂၀၁၂ တနင်္လာနေ့

အချိန်
နေ့လည် ၁၂နာရီ မှ ၁နာရီ

နေရာ
BBC Worldwide Ltd Media Centre
201 Wood Lane
London
W12 7TQ


အစီအစဉ် ၁
အခမ်းအနား စတင်ကြောင်း ကြေညာခြင်း

အစီအစဉ် ၂
ငြိမ်းချမ်းစွာ ဆန္ဒပြ ထုတ်ဖော်သွားခြင်း၏ ရည်ရွယ်ချက်အား ပြောကြားခြင်း

အစီအစဉ် ၃
ကြွေးကျော်သံများ ညီညာစွာ သံပြိုင် ရွတ်ဆိုခြင်း

အစီအစဉ် ၎
အခမ်းအနား တက်ရောက်သူ မြန်မာနိုင်ငံသားများမှ လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးတွင် မီဒီယာများ ဘက်လိုက် ရေးသားမှုများအပေါ် ဆန္ဒပြ ထုတ်ဖော်စကားများ ပြောကြားခြင်း

အစီအစဉ် ၅
ကြွေးကျော်သံများ ညီညာစွာ သံပြိုင် ရွတ်ဆို၍ BBC အား လက်ကမ်းမည့် ဆန္ဒပြ ထုတ်ဖော်ရခြင်း၏ ပြောဆိုရေးသား ဖော်ပြချက် စာမျက်နှာပေါ်တွင် တက်ရောက်လာသူများဆီမှ သဘောတူညီကြောင်း လက်မှတ်ထိုး ကောက်ခံခြင်း

အစီအစဉ် ၆
မြန်မာနိုင်ငံတော်သီချင်းအား သံပြိုင် ရွတ်ဆိုခြင်း

အစီအစဉ် ၇
ရခိုင်ပြည်နယ်အရေးတွင် ဘင်္ဂါလီရိုဟင်ဂျာ အကြမ်းဖက်ဆူပူသောင်းကျန်းသူများကြောင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးသူများအတွက် ဝမ်းနဲကြောင်း အထိမ်းအမှတ် အနေနှင့် ၁ မိနစ် ငြိမ်သက်စွာ မေတ္တာပို့ ဆုတောင်းကြခြင်း

အစီအစဉ် ၈
အခမ်းအနား အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာခြင်း


ဆက်သွယ်ရန်

ကိုဗညား - 07967212582
မနန္ဒာ - 07402443332
ကိုကျော်ဇေယျ - 07805163165
ကိုထက်စိုး - 07742824745

မြန်မာလူငယ်အသင်း (ယူကေ) ၏ နှစ်နှစ်ပြည့် ရံပုံငွေ ဈေးရောင်းပွဲတော် ကျင်းပမည်


အားလုံးသော မိဘပည်သူအပေါင်းတို့ကို မင်္ဂလာပါ လို့ ကျွန်တော်များ မြန်မာလူငယ်အသင်း - ယူကေ ( BYA-UK) မှ နုတ်ခွန်းဆက်သလိုက် ပါတယ်ခင်ဗျာ။

မိဘပြည်သူတို့ ရဲ့  မွန်မြတ်လှသော စိတ်ထား၊ ရက်ရောလှသော သဒ္ဒါ တရားတို့ နှင့် အတူ ပြည်မြန်မာ သာယာဝပြော ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းလှူဒါန်း ကူညီမှုကြောင့်ကျွန်တော်တို့ မြန်မာလူငယ် အသင်း - ယူကေ ( BYA-UK) အဖြစ်ရပ်တည်လာ တာ၂နှစ်တိုင်ခဲ့ ပါပြီ။

အမိမြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့ကလေးငယ်များနှင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် လိုအပ်သော ပညာရေး၊ကျန်းမာရေး ဆိုင်ရာ အခြေခံလိုအပ်ချက်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် ကျွန်တော်များ BURMESE YOUTH ASSOCIATION ( BYA-UK ) မှ ကြိုးပမ်းဆောင် ရွက် လျက် ရှိပါသည်။

BYA-UK မှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များမှာ

၁။ ချို့ တဲ့ကလေးငယ်များအတွက် ပညာရေးစရိတ် ထောက်ပံ့မှု
၂။ ဓမ္မပါရဂူဆေးခန်းရဲ့  အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု အတွက် လစဉ်လှူဒါန်းမှု
၃။ မျက်စိဝေဒနာရှင်များအတွက် အသေးစားခွဲစိတ်မှု
၎။ မရှိမဖြစ် လိုအပ်လှသော သောက်သုံးရေအတွက် အဝီဝိတွင်း လှူဒါန်းမှု
စသည့်တို့ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ များပြားလှသော လိုအပ်ချက်များကို ဆက်လက် ကူညီပံ့ပိုးနိုင်ရန် အတွက် BYA-UK မှဦးဆောင်၍ Fund Raising (Buffet) ဈေးရောင်းပွဲတော်ကို သူငယ်ချင်းတို့အနေဖြင့် ကုသိုလ်လည်းရ ၀မ်းလည်းဝဆိုသည့်အတိုင်း လက်မှတ်တစ်ဆောင်ကို £8 နှုန်းဖြင့် ကြိုတင် ဝယ်ယူအားပေးပံ့ပိုး ကူညီပေးကြပါလို့  တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ရရှိနိုင်သော အစားအစာများမှာ

၁။ ဒံပေါက်
၂။ မုန့် ဟင်းခါး
၃။ အုန်းနို့ ခေါက်ဆွဲ
၎။ ရခိုင်မုန့် တီ
၅။ ခေါက်ဆွဲ ကြော်
၆။ ကြာဇံကြော်
၇။ မြိတ်ကက်ကြေးကိုက်
၈။ ရူးရှဲသုပ်
၉။ ဝက်ခေါင်းသုပ်
၁၀။ အသုပ်စုံ
၁၁။ ကော်ပြန့် စိမ်း
၁၂။ ကြက်သားပလာတာ
၁၃။ ရွှေညောင်ပင် ကြက်သားသုပ်
၁၄။ ပူတင်း
၁၅။ မုန့် ကြာစေ့
၁၆။ ရွှေကြည်
၁၇။ ငှက်ပျောပေါင်း
၁၈။ ကျောက်ကျော နှင့် အတူ မြန်မာရိုးရာ ထမင်းဟင်းစုံလင်စွာ မိမိကြိုက် နှစ်သက်ရာ အစာအစာများကို စိတ်ကြိုက်စားသုံးနိုင်ပါသည်။

ဖျော်ဖြေရေးအစီအစဉ်တွင် .... ရွှေတံဆိပ်(၁၉)ဆုရနိုင်ငံကျော် သီရိမောင်မောင် မင်္ဂလာဆိုင်းအဖွဲ့ နှင့် london ရောက် မြန်မာ လူငယ်မောင်မယ် များ၏ တေးသံသာများ၊ အကအလှ များနှင့် ကလေးကစားနည်းများ စုံလင်စွာ တင်ဆက်သွား မည်ဖြစ်ပါသည်။

မြန်မာ့ ယဉ်ကျေးမှု့ အမှတ်တရ လက်ဆောင် များကိုလည်းရောင်းချသွား မည်ဖြစ် ပါသည်။ ( ရုပ်သေးရုပ် ၊ မြန်မာ အဝတ်အထည်များ )

Ticket တစ်စောင်ကို £8 နှုန်းဖြင့် နီးစပ်ရာ BYA-UK အဖွဲ့ ဝင်များထံတွင် ဝယ်ယူရရှိနိုင် ပါတယ်ခင်ဗျာ။

Venue  
St Agnes Church, 35 Cricklewood Lane, London, NW2 1HR 

Time
3pm to 9pm 

ကိုဇာနည် ph. 07576607122
ကိုညီညီ ph. 07805434919
ကိုဗေလီ ph. 07853115086
ကိုပြည့်စုံ ph. 07908077006
ကိုအာကာမျိုး ph. 07745885770
ကိုကျော်ဇေလတ် ph. 07738179903
ကိုလျှန်ထက်ဇော် ph. 07889380910
ကိုခိုင်လင်း ph. 07848822593
ကိုစည်သူ ph. 07429817176

အမှုဆောင်အဖွဲ့ ( BYA-UK )
www.byauk.org
Via : facebook event

13 Jun 2012

ရခိုင်ပြည်နယ်၌ ဒုက္ခရောက်နေသောပြည်သူများအတွက် အလှုငွေကောက်ခံခြင်း

စစ်တွေမြို့ ဘုန်ကြီးကျောင်းတိုက်တခုအတွင်းက ယာယီဒုက္ခသည်စခန်း
Photo: Getty Image

မင်္ဂလာပါ ခင်ဗျာ

ကျွန်တော်တို့ ရခိုင်လူထုအသိုင်းအဝိုင်း (ယူကေ) မှနေပြီး ရခိုင်ပြည်နယ်တွင် ဘင်္ဂလီ(ကုလားဆိုး) တို့ကြောင့် ဒုက္ခရောက်နေသော ရခိုင်ပြည်သူများအတွက် ယူကေရောက် ညီ၊ အကို၊ မောင်နမများမှ ရခိုင်သူ/ရခိုင်သားတို့၏ အတိဒုက္ခများ သက်သာစေရန် တက်နိုင်သလောက် အလှုငွေများ ကူညီထည့်ဝင်ကောက်ခံပေးကြပါရန် လေးစားစွာ တိုက်တွန်းနိုးဆော်အပ်ပါသည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ ကူညီပေးလိုသော သူများရှိပါလျှင် ရခိုင်လူထုအသိုင်းအဝိုင်းသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ 

--
 လေးစားစွာဖြင့်

ရခိုင်လူထုအသိုင်းအဝိုင်း (ယူကေ) ပြန်ကြားရေးနှင့် ဆက်သွယ်ရေးကော်မတီ


ဆက်သွယ်ရန်


ဘဏ္ဍရေးကော်မတီ
ကိုလူမောင် - ၀၇၇၁၄ ၇၇၉၄၃၄


 ပြန်ကြားရေးနှင့် ဆက်သွယ်ရေးကော်မတီ
ကိုမြတ်စိုးခိုင် - ၀၇၉၃၉ ၂၂၂၉၃၂


 လူမှုရေးကော်မတီ
မအင်ကြင်း - ၀၇၄၀၂ ၈၁၅၇၇၄

Arakan League for Democracy Press Conference






5 Jun 2012

Full Moon

Full Moon

F8, 1/30s, ISO 125, 18-200@200mm

ကျွန်တော်ပထမဆုံး ရိုက်ဖြစ်ခဲ့တဲ့ လပြည့်ဝန်းပုံပါ။ ကျွန်တော့်မှာရှိတဲ့ Nikon 18-200 VRII နဲ့ရိုက်ထားတာပါ။ 70-300 နဲ့ဆိုရင်တော့ ပိုပြီး ကြည့်လို့ကောင်းမယ် ထင်ပါတယ်။ ဝေဖန်ပေးပါဦး။