Skip to main content

Posts

Showing posts from February, 2013

စက်ဘီးမြို့တော်မှသည် ဆိုင်ကယ်မြို့တော်သို့

ခေတ်ကာလတွေ၊ နည်းပညာတွေ ဘယ်လောက်ပြောင်းပြောင်း စက်ဘီးစီးတဲ့ အလေ့အကျင့်ကတော့ နေရာတိုင်းမှာ ယခုထက်တိုင် ရှိနေဆဲပါပဲ။ ယာဉ်တွေကျပ်တည်းလှတဲ့ မြို့ပြတွေမှာ စက်ဘီးတွေဟာ လိုရာခရီးကို လွယ်ကူမြန်ဆန်စွာ ရောက်ရှိစေပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ စက်ဘီးတွေဟာ အခြေခံလူတန်းစားတွေအတွက် အသုံးပြုနေရဆဲပါပဲ။ ဒါပေမဲ့လည်း တရုတ်ဘက်ကဝင်လာတဲ့ ဈေးနှုန်းသက်သာတဲ့ မော်တော်ဆိုင်ကယ်တွေက အစားထိုးနေရာယူလာတာကို တော်တော်များများတွေ့လာရပါတယ်။ အထူးသဖြင့် ကျွန်တော်နေထိုင်တဲ့ မန္တလေးမြို့မှာပေါ့။

66th The Mon National Day - London, UK

more photos ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းကို ယမန်နေ့က The Cardinal Wiseman School , Greenford, London မှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါမယ်။ ယခုနှစ်နဲ့ဆိုရင် လန်ဒန်မှာကျင်းပလာခဲ့တာ ၁၂ ကြိမ်တိုင်ခဲ့ပါပြီ။  ဒီနှစ်ပွဲကတော့ ယခင်နှစ်တွေထက် လူအနည်းငယ် နည်းသွားပါတယ်။ မွန်အမျိုးသမီး အစ်မကြီးတစ်ယောက်ရဲ့ ပြောပြချက်အရ သူ့အသိ(မွန်)တွေ တချို့မြန်မာပြည်ပြန်ပြီး စီးပွားရေးလုပ်ကုန်ကြပြီတဲ့။ မော်လမြိုင်တဝိုက် ရာဘာခြံတွေ အတော်အလုပ်ဖြစ်တယ်ဆိုပဲ ;) ဖြစ်လည်းဖြစ်သင့်ပါတယ်။ လန်ဒန်ဆိုတာလည်း အခွံပဲ ကျန်တော့တာပဲလေ။ တချိန်တုန်းကတော့ ကျားပေါ့ အခုတော့ ဖွတ်ကျားဖြစ်သွားပြီ ဆိုသလိုပေါ့ :P မြန်မာ့ရိုးရာစားစရာများကို ရန်ပုံငွေအဖြစ်ရောင်းချခဲ့ပါတယ်။ မွန်တိုင်းရင်းသားရိုးရာအက၊ အငြိမ့် နှင့် ဝါသနာရှင်တေးသံရှင်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး ရိုးရာဝတ်စုံဝတ်ဆင်ပြသတဲ့ model show ကိုလည်း စီစဉ်တင်ဆက်ခဲ့ကြပါတယ်။ ကျွန်တော်ကတော့ ပွဲမပြီးခင် ၁ နာရီလောက်အလို ပြန်ဖြစ်ခဲ့လို့ အဲဒီပုံတွေ မရလိုက်ဘူး :(

လက်ဦးဆရာ

ဒီပုံလေးကတော့ ရိုက်ခဲ့သမျှ street photo တွေထဲမှာ အကြိုက်ဆုံး။ သားအမိနှစ်ယောက်ရဲ့ နွေးထွေးတဲ့ မေတ္တာကို သရုပ်ဖော်ထားသလိုခံစားရတယ်။ ကျွန်တော်တို့ကျောင်းမနေခင်မှာ မိဘတွေဟာ ကိုယ့်ရဲ့လက်ဦးဆရာတွေပဲ မဟုတ်ပါလား။

နည်းပညာများရဲ့ အခြားတဖက်

လမ်းမတွေပေါ်မှာ ဓာတ်ပုံလျောက်ရိုက်ရင်း တစ်ခုသတိထားမိလာတာက လူတွေတော်တော်များများ ဖုန်းတွေနဲ့ပဲ အလုပ်ရှုပ်နေကြတယ်။ ၁၀ ယောက်မှာ ၆ ယောက်လောက်က လက်ထဲကနေ မတ်ဆေ့ခ်ျ ဒါမှမဟုတ် ဖုန်းပြောနေတတ်ကြတယ်။ ဆက်သွယ်ရေးတွေ ပိုမိုအဆင်ပြေလာတာတော့ အရမ်းကောင်းပါတယ်။ မျက်နှာချင်းဆိုင်ဆွေးနွေးပြောဆိုရတဲ့ နွေးထွေးမှုတွေတော့ နည်းသွားသလားလို့။

နွေးထွေးတဲ့ရင်ခွင်

အမေရှိတုန်းမှာ အမေ့ရဲ့နွေးထွေးတဲ့ ရင်ခွင်နှင့် မေတ္တာကို တန်ဖိုးထားသိတတ်ပါ။ မရှိတော့မှ နောင်တတွေနဲ့ လွမ်းဆွတ်တမ်းတနေလို့ ဘာမှအကျိုးမရှိပါဘူး။

လမ်းမပေါ်က သင်ခန်းစာ

ဒီပုံလေးက ကျွန်တော်အလုပ်လုပ်တဲ့နေရာနားလေးမှာ ရိုက်ထားတာ။ အချိန်ကတော့ ညပိုင်း ၉  နာရီလောက်ရှိပြီ။ ကော်ဖီခွက်အခွံကို ပစ်ဖို့ဟန်ပြင်နေတဲ့ ကောင်မလေးရယ်၊ အမှိုက်ပုံးပေါ်မှာ ရှိနေတဲ့ အအေးဗူးခွံရယ် အဲဒီနှစ်ခုကိုကြည့်ပြီး လူ့စည်းကမ်းနဲ့ပက်သက်တဲ့ သင်ခန်းစာတစ်ခုခုရလိုက်သလို ခံစားရတယ်။ လူတစ်ချို့က အမှိုက်ပုံးရှိရဲ့နဲ့ အမှိုက်ကို လမ်းပေါ်မှာပဲ ပစ်တယ်။ ဒီ့ထက်နည်းနည်း စည်းကမ်းကျသလိုလို ထင်ရတဲ့လူမျိုးကျတော့ အမှိုက်ပုံးပေါ်တင်ထားခဲ့တယ်။ အဲဒီထက်ပိုပြီး စည်းကမ်းရှိသူကတော့ အမှိုက်ပုံးထဲရောက်အောင် ထည့်လိုက်တယ် :) မိတ်ဆွေရော ... ဘယ်ထဲမှာ ပါနေသလဲ ?

Deer in Richmond Park

Richmond Park ထဲမှာ တွေ့ရတဲ့ သမင်လေးတွေပါ။ ဓာတ်ပုံရိုက်တာဝါသနာပါလို့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ ပျော်ပွဲစားထွက်ချင်ရင်ပဲဖြစ်ဖြစ် Richmond Park ဟာ သွားသင့်တဲ့နေရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သွားရင်တော့ စောစောသွားနိုင်ရင်ပိုကောင်းတယ်။ Park က အကျယ်ကြီးဆိုတော့ နေ့တစ်ဝက်နဲ့ မလောက်ဘူး :)

Android Tips, Tricks, Apps and Hacks

Download Android ဖုန်း အသုံးပြုသူတွေအတွက် အမှန်တကယ်အသုံးဝင်ပြီး ဖတ်ရှူ့သင့်တဲ့ စာအုပ်တစ်ခုဖြစ်ပါတယ်။ ဒါမှ သင့်လက်ထဲမှာ ရှိနေတဲ့ smartphone ကို smart ကျကျ အကျိုးရှိရှိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်တော် တွေ့ဖူးတဲ့ လူတစ်ချို့လို smartphone ကိုင်ပြီး လမ်းပျောက်လို့မေးရတဲ့ အဖြစ်မျိုး ဖြစ်နေပါလိမ့်မယ် :D