Skip to main content

Smartphone ကင်မရာသုံးပြီး လျှို့ဝှက်ဓာတ်ပုံရိုက်ခြင်း


ယခုခေတ်မှာ Smartphone ကင်မရာတွေဟာ DSLR နီးပါးအလုပ်တွေလုပ်ဆောင်လာနိုင်ပါပြီ။ DSLR ထက်ပိုပြီး အားသာတဲ့အချက်ကတော့ ပေါ့ပေါ့ပါးပါးသယ်ဆောင်နိုင်တာရယ် ဓာတ်ပုံကို ရိုက်ခံရတဲ့သူမသိအောင် လျှို့ဝှက်ရိုက်နိုင်ခြင်းပါပဲ။ ဒါကလည်း ဘာမှ အထွေအထူးတော့ မဟုတ်ပေမဲ့ တချို့နေရာတွေမှာတော့ အင်မတန်အသုံးဝင်ပါလိမ့်မယ်။ ဥပမာ street photo ရိုက်တာဝါသနာပါသူတွေ၊ ဖြစ်ရပ်တစ်ခုကို လျှို့ဝှက်မှတ်တမ်းတင်ချင်သူတွေ စသည်ဖြင့်ပေါ့။ ကျွန်တော်အခုပြောမည့် smartphone ကတော့ iPhone နဲ့ Samsung ကိုဦးတည်ပြီးပြောသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ဖုန်းတွေမှာလည်း အလားတူ setting တွေကို ရှာဖွေစမ်းသပ်ကြည့်နိုင်ပါတယ်။ မရိုက်ခင်မှာ ပထမဆုံးအနေနဲု့ဖုန်းကို setting အရင်လုပ်ပေးဖို့လိုပါတယ်။ Samsung smartphone ကိုင်တဲ့လူတွေအတွက်တော့ Camera App ကိုဖွင့်ပါ။ ပြီးရင် setting ကိုနှိပ်ပြီးရွေးလိုက်တဲ့အခါ ဒုတိယ menu နေရာမှာ Use the volume keys as ဆိုပြီးတွေ့ရပါလိမ့်မယ်။ အဲဒီနေရာမှာ Default အနေနဲ့ The Zoom Key ဆိုပြီးရွေးထားတာတွေ့ရလိမ့်မယ်။ အဲဒါကို ဒုတိယ option ဖြစ်တဲ့ The Camera Key ဆိုပြီးတော့ ရွေးပါ။ အဲဒါဆိုရင် ကင်မရာရဲ့ Volume button နှစ်ခုလုံးကို အသုံးပြုပြီး ဓာတ်ပုံရိုက်လို့ရသွားပါပြီ။ iPhone ကတော့ ဘာ setting မှပြောင်းစရာမလိုပါဘူး။ သူ့ရဲ့ Default အနေဖြင့် setting လုပ်ပြီးသားဖြစ်တဲ့အတွက် တိုက်ရိုက် စမ်းရိုက်ရုံပါပဲ။ ကင်မရာရဲ့ Volume Button တင်မဟုတ်ဘဲ Headphone တပ်ထားတဲ့အချိန်မှာလည်း ကင်မရာဖွင့်ပြီး Headphone မှာပါတဲ့ Volume Button တွေနဲ့လည်း ရိုက်လို့ရပါတယ်။ အဲဒီနည်းကတော့ ရထားတွေ ကားတွေပေါ်မှာ ကျွန်တော်ရိုက်လေ့ရှိတဲ့နည်းပါပဲ :P Have fun shooting ;)

Comments

Post a Comment

Thanks for your comment.

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe