Skip to main content

Sony မှ တစ်ခါဘက်ထရီသွင်းရုံဖြင့် ၄၈ နာရီကြာခံသည့် Xperia Z3 ဖုန်းအသစ်ကို IFA တွင် စတင်မိတ်ဆက်


ဂျာမနီနိုင်ငံမြို့တော် ဘာလင်မှာ ကျင်းပပြုလုပ်နေတဲ့ IFA, Internationale Funkausstellung (and translates to the international radio exhibition) မှာ Sony မှ New Xperia Z3 ဖုန်းသစ်ကို ယနေ့မှာ စတင်မိတ်ဆက်ပြသခဲ့ပါတယ်။ ယခုဖုန်းဟာ iPhone အသစ်ထွက်မလာခင် တစ်ပတ်အလိုမှာ အချိန်မှီပြသလိုက်တာလည်းဖြစ်ပါတယ်။ နောက်ပြီး Samsung ရဲ့Note 4 မထွက်ခင်လည်းဖြစ်ပါတယ်။ Android စနစ်ကို အသုံးပြုထားတဲ့ Sony ရဲ့ဖုန်းအစ်မှာ စိတ်ဝင်စားပြီး ဝယ်သူအသုံးပြုချင်စဖွယ် လုပ်ငန်းများစွာထည့်သွင်းထားတာတွေ့ရပါတယ်။ 

Design ကိုတော့ ပိုမိုပါးလွှာအောင် ပြုလုပ်ထားပါတယ်။ Aluminium Frame နဲ့ ဖုန်းရဲ့ဘေးဘောင်တွေမှာထည့်သွင်းပြုလုပ်ထားပြီး ဖုန်းရဲ့ မျက်နှာပြင်ကိုတော့ Tempered Glass  Display ကို အသုံးပြုထားတာတွေ့ရပါတယ်။ အထူအားဖြင့် 7.4mm နှင့် အလေးချိန်အားဖြင့် 153g သာရှိပါတယ်။



ကမ်းခြေသွားရေကူးရင်း ဓာတ်ပုံရိုက်ဖို့ ရေစိုခံကင်မရာတစ်လုံးသီးသန့်ဝယ်ဖို့မလိုတော့ပါဘူး။ Sony ရဲ့ Xperia Z3 ဖုန်းဟာ ရေထဲမှာ မိနစ် ၃၀ ကျော်ရိုက်ကူးနိုင်ပြီး ရေအောက် ၁.၅ မီတာအထိသယ်ယူနိုင်ပါတယ်။ ရေအောက်မှာအသုံးပြုတော့မယ်ဆိုရင် USB, Micro Sim နှင့် Memory Card အပေါက်တွေကိုတော့ သေချာပိတ်ထားဖို့ လိုလိမ့်မယ်လို့ Sony ရဲ့ website မှာ ဖော်ပြထားတာတွေ့ရပါတယ်။

ကင်မရာဖုန်းတွေထဲမှာ ပထမဆုံးအဖြစ် အလင်းသိပ်သည်းမှုအား 3200 အထိအသုံးပြုနိုင်တဲ့ ပထမဆုံးဖုန်းဖြစ်လာပါတယ်။ ညပိုင်းတွေ ဓာတ်ပုံရိုက်တဲ့အခါ တခြားဖုန်းတွေနဲ့မတူပဲ ပိုမိုပုံထွက်ကောင်းအောင် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Handycam recording technology ကိုအသုံးပြုထားတဲ့ ဒီဖုန်းမှာ ရေအောက်မှာရိုက်ကူးတဲ့ video တွေကို 4K resolution (Full HD ထက် ၄ ဆ ပိုမိုအသေးစိတ်မြင်ရ) အဖြစ် ရိုက်ကူးနိုင်တာတွေ့ရပါတယ်။ ကျွန်တော်တို့မှာ ဒီဖုန်းရှိရင် ကင်မရာတွေ၊ Video Camera တွေ သက်သက်ဝယ်နေဖို့မလိုလောက်တော့ဘူးထင်တယ် :)


PS Remote Play သင့်မှာ ဝယ်ထားတယ်ဆိုရင် Sony Table တွေ smartphone တွေနဲ့ PS4 Game တွေကို ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ 


Z3 ရဲ့အထူးခြားဆုံး လူအဆွဲဆောင်နိုင်ဆုံးအချက်ကတော့ ဘက်ထရီအားကြာမြင့်မှုပါပဲ။ တစ်ခါအားသွင်းထားရုံမျှဖြင့် ၂ ရက်တိတိအသုံးပြုနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ တကယ်အားဖြင့် samsung ရဲ့S5 ဖုန်းနဲ့ ပုံစုံတူ power saving mode ဖြစ်တဲ့ Battery STAMINA Mode ကိုအသုံးပြုထားတာတွေ့ရပါတယ်။ မလိုအပ်တဲ့ App တွေ Function တွေကို ခဏဖြုတ်ထားပေးခြင်းဖြင့် battery life ပိုကြာကြာသုံးရအောင် လုပ်ဆောင်ထားခြင်းပါပဲ။

Z3 ရဲ့ စွမ်းအောင်မှုနှုန်းကတော့ Android ဖုန်းတွေထဲမှာ အမြင့်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ 2.5 GHz, 3GB Quad-Core Snapdragon processor ကိုအသုံးပြုထားပါတယ်။ Network အနေနဲ့ကတော့ Ultra-fast LTE/4G technology ကိုအသုံးပြုထားပါတယ်။ ဒါ့ကြောင့် Fine transfer လုပ်တာတွေ  video ကြည့်တာတွေ စတဲ့အလုပ်တွေကို လျင်မြန်ချောမွေ့စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။


ချိတ်ဆက်မှု လုပ်ငန်းစဉ်တွေအနေနဲ့ ဖုန်း နှင့် smart watch ကိုချိတ်ဆက်အသုံးပြုပြီး အပြေးလေ့ကျင့်ခန်းတွေလုပ်နိုင်ပါတယ်။ နောက်ပြီး အဲဒီ Smartwatch ပေါ်မှာပဲ Phone ကနေ Notification တွေကြည့်ခြင်း၊ သီချင်းပြောင်းခြင်းစတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ NFC techology  အသုံးပြုထားတဲ့ Device တွေနှင့် Z3 တို့ကြား အပြန်အလှန် file sharing လုပ်နိုင်ပါတယ်။ နောက်ပြီး  NFC technology သုံးထားတဲ့ Speaker, Wireless Headphone တွေကိုလည်း Z3 ဖုန်းဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ Screen Mirroring technology အသုံးပြုပြီး ဖုန်းပေါ်က ဓာတ်ပုံ၊ ဗွီဒီယိုတွေကို TV ဖန်သားပြင်ပေါ်မှာ ဒါရိုက်ကြည့်ရှူ့နိုင်ပါတယ်။ Backup လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ Sony Personal Content Staion မှာ သင့်ရဲ့ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကိုလည်း အမြဲတမ်း Backup လုပ်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။

နိဂုံးချုပ်အားဖြင့် ပြောရရင် sony ရဲ့ Xperia Z3 ဖုန်းက Apple ရဲ့ နောက်ထွက်လာမည့် iPhone 6 နှင့် Samsung ရဲ့ Galaxy S5 အပြင် နောက်ထွက်ရှိလာမည့်  Note 4 တို့ကိုပါ ကောင်းကောင်းစိန်ခေါ်နိုင်မည့်  နောက်ဆုံးပေါ် Smartphone တစ်ခုပဲဖြစ်ပါတယ်။ ဈေးကတော့ လက်ရှိ £550 ဝန်းကျင်ခန့်ရောင်းချသွားမယ်လို့ သိရပါတယ်။



Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။