Skip to main content

Posts

Showing posts from August, 2014

Olympus ရဲ့ Pen series Camera အသစ် E-PL7

  ပေါ့ပေါ့ပါးပါးရှိပြီး ခရီးသွားရတာကို နှစ်သက်တဲ့သူတွေအတွက် အသုံးတဲ့မည့် ကင်မရာတစ်လက်ပါပဲ။  16mp ပုံထွက်အားရှိပြီး Wi-fi နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ရိုက်ပြီးသားပုံတွေကို Smartphone သို့ Tablet သို့အလွယ်တကူ ပေးပို့နိုင်ပါတယ်။ Touch Screen function ပါဝင်ပြီး 1 sec ကို 8 ပုံနှုန်း ရိုက်ကူးနိုင်ပါတယ်။ ဒါပေမဲ့ အားနည်းချက်တစ်ခုအနေနဲ့  သူ့မှာ View Finder တော့မပါဝင်ပါဘူး။ သို့ပေမဲ့ သီးသန့်ဝယ်ပြီး အသုံးပြုနိုင်ပါတယ်။ 3-axis image stabilizatin စနစ်ကို အသုံးပြုထားတာဖြစ်တဲ့အတွက် လမ်းလျောက်နေရင်းနဲ့တောင် ဓာတ်ပုံကောင်းကောင်းရိုက်ကူးနိုင်ပါတယ်။ Screen ပေါ်မှာကြည့်ပြီး ဓာတ်ပုံရိုက်ရတာကို နှစ်သက်သူတွေ၊ မိမိကိုယ်ကို ပြန်ပြီးဓာတ်ပုံရိုက်နိုင်တဲ့ Selfie အမျိုးအစားတွေကို နှစ်သက်သူတွေအတွက်လည်း အသုံးတည့်မှာအမှန်ပါပဲ။ ဒါပေမဲ့ အဲဒီ selfie ရိုက်ချင်တဲ့သူတွေအတွက် Tripod နဲ့တွဲသုံးလို့တော့ အဆင်မပြေပါဘူး။ Olympus ရဲ့ နာမည်ကြီး Art Filters တွေကို ဒီကင်မရာမှာ RAW format အနေနဲ့လည်း ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ ကင်မရာချည်းသက်သက် $599, Power Zoom 14-42mm lens နဲ့ဆိုရင်တော့ $699 ဝန်းကျင်ခန့်ရောင်းချသွားမယ်လ

Law Abiding Citizen (2009)

ဇာတ်ကားအဟောင်းလေးပါ။ ဒါပေမဲ့ တော်တော်လေးကြည့်လို့ကောင်းပါတယ်။ မကြည့်ရသေးခင်အထိ အသစ်ပဲမဟုတ်လား :) A frustrated man decides to take justice into his own hands after a plea bargain sets one of his family's killers free. He targets not only the killer but also the district attorney and others involved in the deal. Director: F. Gary Gray Writer: Kurt Wimmer Stars: Gerard Butler, Jamie Foxx, Leslie Bibb

Fundraising Burmese Food Fair in London by Mind to Mind Myanmar

 Mind to Mind Myanmar would like to create an opportunity to meet with its existing supporters and to reach out to potential supporters through an activity which everybody can join in and enjoy. Please come along to our charity food fair to try the taste of Burmese cuisine in its authentic form and to meet with like minded others with charitable spirits for people in Myanmar.  Please check our activities at http://www.mindtomind.org/  Via: Facebook

Snapseed Photo Editing App by Google

Google ရဲ့ Snapseed ဆိုတဲ့ Mobile App အကြောင်းနည်းနည်းမျှဝေချင်ပါတယ်။ အဲဒီ App ကို App store မှာရော Play Store မှာပါ နှစ်နေရာလုံး Download လုပ်ယူနိုင်ပါတယ်။ ဓာတ်ပုံပြင်တတ်တဲ့သူတွေအတွက်တော့ အဲဒီ App ဟာ Lightroom အသေးစားလေးလိုပါပဲ။ ကျွန်တော်လည်း တစ်ခါတလေ လမ်းသွားလမ်းလာရင်း ကင်မရာမသယ်ချင်တဲ့အခါမျိုးမှာ ပါလာတဲ့ Mobile Phone ( Galaxy Note II ) နဲ့ပဲ ရိုက်ဖြစ်ပါတယ်။ Mobile ဖုန်းတွေဟာ DSLR တွေနီးပါး ဓာတ်ပုံတွေကို ဖန်တီးလာနိုင်ပါတယ်။ သို့ပေမယ့် အနည်းငယ် ပြုပြင်ပေးဖို့တော့ လိုပါသေးတယ်။ ဥပမာ အလင်းအမှောင်ချိန်ခြင်း၊ လိုချင်တဲ့ size အရွယ်အစားဖြတ်ယူခြင်း စသည်ဖြင့်ပေါ့။ Snapseed မှာ ဓာတ်ပုံပြင်ရတာလည်း အရမ်းလွယ်ကူပါတယ်။ Street Photo တွေရိုက်တဲ့ ကျွန်တော့်အတွက်တော့ များသောအားဖြင့် Black and White ပြောင်းတဲ့အခါ အဲဒီ App ကို သုံးဖြစ်ပါတယ်။   မိမိပြင်ချင်တဲ့ပုံကို App မှာထည့်လိုက်တဲ့အခါမြင်တွေ့ရမည့်ပုံစံပါ။ အောက်ခြေမှာရှိတဲ့ Box တွေကတော့ App ကနေ လုပ်ပေးနိုင်တဲ့ Function တွေပါ။   ဒီပုံမှာ ညာဘက်ဘေးက မလိုချင်တဲ့အပိုင်းကို ဖြတ်ထုတ်ဖို့အတွက် Crop Function ကိုသုံးပါတယ်။ Crop လုပ်တဲ့အခါ မိမိစိတ်တု

iPhone 6 စက်တင်ဘာ ၉ တွင်ထွက်ရှိမည်

အားလုံးမျှော်လင့်တောင့်တနေတဲ့ iPhone 6 ကို Apple မှ လာမည့် စက်တင်ဘာ ၉  ရက်နေ့မှာ ထုတ်ဖော်ပြသသွားတော့မှာဖြစ်လို့ ရင်ခုံစွာ စောင့်မျှော်ကြည့်ရှူ့ရတော့မှဖြစ်ပါတယ်။ ၄င်း iPhone 6 နှင့် အတူ iWatch ကိုလည်း ထုတ်ပြကြေငြာသွားဖွယ်ရာလည်းရှိကြောင်း အင်တာနက် သတင်းတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။  မထွက်ခင်ကတည်းက ဖုန်းရဲ့ အသွင်အပြင်၊ software စတာတွေနဲ့ပက်သက်ပြီး ဖြစ်နိုင်ဖွယ်ရာ ကောလဟာလများစွာရှိတဲ့အထဲက သေချာတာတစ်ခုကတော့ ဖုန်းရဲ့ screen size ဟာ 4.7 နှင့် 5.5 တစ်ခုခုဖြစ်တာသေချာကြောင်း နာမည်ကြီး Techradar website မှာဖော်ပြထားတာတွေ့ရပါတယ်။ အရာရာကို သိုသိုသိပ်သိပ်လုပ်တတ်တဲ့ Apple ရဲ့ နောက်ဆုံးပေါ်နည်းပညာသုံး iPhone 6 ကို စက်တင်ဘာ ၉ ရက်နေ့မှာ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှူ့ကြပါစို့။

Google Launches delivery drones

လူမဲ့ ပစ္စည်းပို့တဲ့စနစ်ကို Google ကနေစတင်စမ်းသပ်နေပြီဖြစ်ပါတယ်။ အနာဂတ်ရဲ့ ပစ္စည်းပို့မည့် ပုံစံအသစ်လည်းဖြစ်နိုင်ပါတယ်။ ဒီစနစ်သာ တကယ်စပြီး သုံးမယ်ဆိုရင်တာ့ Delivery Driver တွေ ထမင်းငတ်မည့်ကိန်းပါပဲ :D သြစတြေးလျက လယ်သမားတွေဆီကို အရေးပေါ်သုံးတဲ့ပစ္စည်းတွေရယ် ချောကလက်တွေရယ်  ရေ နှစ်ဘူးရယ် စမ်းသပ်ပြီးပို့တာ အောင်မြင်ခဲ့ပါတယ်။

ကလေးငယ်များကို ဓာတ်ပုံရိုက်ခြင်း

ကလေးငယ်တွေကို ဓာတ်ပုံရိုက်ရတာလည်း ငှက်ပျောသီးအခွံနွှာသလို ထင်သလောက်တော့ မလွယ်လှပါဘူး။ အနည်းဆုံးတော့ ကလေးငယ်ကိုရိုက်မည့် ကင်မရာရဲ့ Function တွေကို သိထားရပါမယ်။ Auto mode, Child Mode နဲ့ရိုက်တဲ့အခါ ဝါးနေတာတို့ ဖြစ်နေရင် အလွယ်ကူဆုံးရိုက်နည်းကတော့ ကင်မရာရဲ့ shooting mode ကို auto ကနေ S mode ကိုပြောင်းလိုက်ပါ။ S ဆိုတာ shutter priority mode ဖြစ်ပြီး မိမိကိုယ်တိုင် shutter speed ကိုရွေးရမှာဖြစ်ပါတယ်။ ကျန်တဲ့ aperture ကိုတော့ ကင်မရာကနေ auto ရွေးပေးမှာဖြစ်ပါတယ်။ ငြိမ်နေတဲ့ ကလေးကိုရိုက်မယ်ဆိုရင် S တန်ဖိုးကို 1/125 လောက်ကစပြီး ကစားပေးနိုင်ပါတယ်။ ဆော့နေတဲ့ကလေးဆိုရင်တော့ တန်ဖိုးကို တိုးတိုးပြီး ရိုက်ကြည့်ပါ။ 1/125 နဲ့ ဝါးနေသေးရင် 1/160, 1/250 ... စသည်ဖြင့် တိုးပေးသွားပါ။ အဲလိုတိုးတဲ့အခါ indoor မှာ ရိုက်တယ်ဆိုရင် ကင်မရာနဲ့ ISO setting ကိုလည်း တိုးပေးဖို့လိုပါလိမ့်မယ်။ ISO ဆိုတာ ကင်မရာနဲ့ အလင်းစွဲအားနှုန်းဖြစ်ပါတယ်။ ISO ကို အရမ်းမြှင့်ရင်တော့ Grain Noise တွေထွက်လာမှာဖြစ်ပါတယ်။ Focus Mode ကိုတော့ auto ဒါမှမဟုတ် Continuous auto ထားနိုင်ပါတယ်။ ပြေးနေတာတွေဘာတွေရိုက်မယ်ဆိုရင်တော့ Continuou Mode မှာထာြး

eBook : သီပေါမင်းပါတော်မူ အရေးတော်ပုံ - အမျိုးသားပညာဝန် ဦးဖိုးကျား

Download သီပေါမင်းပါတော်မမူမီနှင့် ပါတော်မူပြီးခါစ နိုင်ငံအခြေအနေ ... ပါတော်မူရခြင်း အကြောင်းအရင်းတို့ကို နိုင်ငံခြားသားတို့က မဟုတ်မမှန် ဖော်ပြရေးသားထားမှုများအား အမျိုးသားပညာဝန် ဦးဖိုးကျားက တုံ့ပြန်ချေပထားသော စာအုပ်

Ealing Broadway Shopping Center

Ealing Broadway shopping centre ထဲမှာရိုက်ထားတာပါ။ အဲဒီနေရာက အိမ်နဲ့သိပ်ပြီး မဝေးလှတော့ မကြာခဏဆိုသလိုရောက်ဖြစ်တယ်။ Street Photo ကိုသဘောကျတာတစ်ခုက လူတွေရဲ့ ပင်ကိုစရိုက် သဘာဝဟန်ကို ပေါ်အောင်ရိုက်နိုင်လို့ပဲ။ အကွက်ဆင်ပြီးရိုက်တာတွေကိုတော့ သိပ်ပြီး သဘောမကျဘူး။