Skip to main content

Happy Myanmar New Year

Happy Myanmar New Year

မင်္ဂလာရှိသော နှစ်သစ်ပါ ခင်ဗျာ ... နှစ်ဟောင်း တစ်နှစ်ကုန်လို့ နှစ်သစ်တစ်ခုကို ရောက်ပြန်ပါပြီ။ တစ်နှစ် တစ်နှစ်ကလည်း မြန်ပါ့။ အသက်တစ်နှစ် ပိုကြီးပြီး သေဖို့တစ်နှစ် ပိုနီးသွားပြီ smile စိတ်ထဲမှာ နှစ်သစ်ကူးအထိမ်းအမှတ် အနေနဲ့ ဘုရားမှာ ဆုတောင်းချင်တာလေးတွေရှိတယ်။
  • ဒီ အသက် ဒီ အရွယ်အထိ မတောင့်မတ မကြောင့်မကျဖြစ်အောင် ကျွေးမွေးပြုစုလာခဲ့တဲ့ ဖေဖေ နှင့် (မေမေ) ကျန်းမာ ချမ်းသာပါစေ။
  • မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပြီး လူအချင်းချင်း နှိပ်စက်ခြင်း ဘေးမှ ကင်းဝေးနိုင်ပါစေ။
  • သူငယ်ချင်း မိတ်ဆွေများလည်း နှစ်သစ်မှာ အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပြီး ကျန်းမာရွှင်လန်းကြပါစေ။
  • မြန်မာပြည်တစ်လွှား မီးဘေး၊ စစ်ဘေး၊ အငတ်ဘေး ဒုက္ခများမှလည်း ကင်းဝေးပါစေ။
ဒီလို နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း မန္တလေး မဟာမြတ်မုနိဘုရားကြီးသို့ အမြဲသွားလေ့ရှိတယ်။ အခုတော့ စိတ်ထဲကပဲ ဘုရားကြီးကို အာရုံပြု ဆုတောင်းလိုက်ပါတယ်။

Comments