Skip to main content

DJ တွေ ကုန်ကြမ်း ရှားနေပြီလား


မေတ္တာပို့တဲ့ သီချင်းက အစ DJ လုပ်ပြစ်လိုက်ပြီ။ တော်လွန်းပါတယ် DJ တို့ရယ်။ ကြည့်ကြပ်လည်း လုပ်ကြပါဦး။ မေတ္တာပို့တဲ့သီချင်း ဖြစ်တဲ့အတွက် သီချင်းရဲ့ video ထဲမှာ ဘုရားပုံ၊ ဘာသာရေးနဲ့ ပက်သက်တဲ့ ပုံတွေပဲ မြင်ပါရစေ။ အဆိုတော်၊ DJ တွေပါ ပါနေတာ စိတ်ထဲမှာကြည့်ရတာ တစ်မျိုးဖြစ်နေသလားလို့။

ကြက်ဖတညှင် တောကိုဝင်တောင်ပေါ်ကရှမ်းကလေး လျှော်ထမ်းလို့ပြေး စတာတွေက အစ အကုန်ပါတယ်နော်။ နောက်ဆို အောင်ခြင်းရှစ်ပါး DJ ဆိုပြီးများ ထွက်လာမလား မသိဘူး။

Video from : Burmese Classic

Comments

  1. DAMN !!! လို့ ပြောရင် ဘုရားသီချင်းဖြစ်နေတော့ ရိုင်းများနေမလား ?

    ReplyDelete
  2. သာသနာက မှေးမှိန်လာပါတယ်ဆိုမှ Opacity ထပ်လျော့ချင်ကျသေးတယ်။ လက်အုပ်ချီရမှာလား ထကရမှာလား ဘာလုပ်ရမှာလဲ။

    ReplyDelete
  3. ကျွန်တော်တော့ ကြည့်လို့ မရတော့ဘူးအကိုရေ သူတို့က တစ်ခါလောက်လုပ်လို့ ရတာနဲ့ အားလုံးကို ဖျက်တော့မလို့လား မသိဘူး။

    ReplyDelete
  4. စီးပွားရေးသဘောတရားအရ ပြောမယ်ဆိုရင် ပေါ်ပင်တွေလိုက်လုပ်ပြီး သာရေး နာရေး ဘာသာရေးဆိုတာလည်း ထည့်မစဉ်းစားကြတော့ဘူး။ အခုဆို ပြန်ဆိုတေးတွေ ထုတ်လွန်းလို့ အဆိုတော်တွေတောင် သေရမှာ အသေမဖြောင့်ဖြစ်နေလောက်ပြီ ... တကယ်လေတယ်

    ReplyDelete
  5. တော်တော်ကို လွန်လွန်းတယ်ဗျာ။ ... :((

    ReplyDelete

Post a Comment

Thanks for your comment.