Skip to main content

ဘ၀ ၀မ်းတထွာ

ပိုက်ဆံရဖို့အတွက် လူတွေ နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေနေကြရပါတယ်။ ပညာကိုရင်းပြီး ရှာစားကြသလို၊ ခွန်အားကိုရင်းပြီးတော့လည်း ရှာစားကြရပါတယ်။ အဲဒီလို ရှာဖွေကြနေကြတဲ့ သူတွေထဲမှာ အောက်ပါ ဓာတ်ပုံနှစ်ပုံမှာပါတဲ့ သူတွေကိုရော ဘယ်စာရင်းထဲ ထည့်မလဲ ?

မလှုပ်မယှက် ပိုက်ဆံရှာနေသူတစ်ဦးလို့ ဆိုရမှာပေါ့

ခွေးတစ်ကောင်လို့တော့ မထင်လိုက်ပါနဲ့။ ဒါပေမဲ့ ပိုက်ဆံရဖို့အတွက် လူဟာ တစ်ခါတလေမှာ ခွေးဘ၀ကိုလည်း ရောက်သွားတတ်ပါတယ်။ သူဌေးဖြစ် ခွေးဖြစ်ဆိုသလိုပေါ့။ ဒီလိုနည်းနဲ့ ပိုက်ဆံရှားစားနေကြတဲ့သူတွေ London မြို့မှာ အများကြီးပါပဲ။

ဒီနေ့ မြို့ထဲမရောက်တာကြာပြီဖြစ်တာရယ်၊ လူမှုရေးကိစ္စတစ်ခုရယ်၊ အလုပ်ကိစ္စတစ်ခုရယ်ကြောင့် Central London ကို သူငယ်ချင်းနှစ်ယောက်နှင့် အတူ သွားဖြစ်ခဲ့ကြပါတယ်။ Convent Garden တစ်ဝိုက်မှာပဲ လျောက်လည်ပြီး ပြန်လာခဲ့ကြပါတယ်။ ရိုက်လာခဲ့တဲ့ ပုံတွေကတော့ အများကြီးပါပဲ။ နောက်နေ့ ဆက်ပါဦးမယ်။

Comments