Skip to main content

Voting on the referendum

အခြေခံဥပဒေမူကြမ်းအတွက် မဲသွားပေးဖို့ ဒီနေ့ နေ့လည် ၂ နာရီလောက်မှာ မြန်မာသံရုံး တည်ရှိရာ 19 A Charles Street, London W1J 5DX သို့ သူငယ်ချင်းတစ်ယောက်နှင့်အတူ ရောက်ဖြစ်ခဲ့ပါတယ်။ သံရုံးရှေ့မှာလည်း မြန်မာတွေ တော်တော်များများ လာပြီး မဲပေးနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ သံရုံးထဲ မဲပေးဖို့ ၀င်ခါနီးမှာ Passport ကို စစ်ပါတယ်။ အဲဒီနောက်မှတော့ မဲပေးဖို့အတွက် form ဖြည့်ပြီး စာရွက်လေးတစ်ခုကို ပေးလာပါတယ်။ စာရွက်မှာတော့ အခြေခံဥပဒေ မူကြမ်းကို ထောက်ခံ (သို့) ကန့်ကွက်ကြောင်း ဖြည့်စွက်ပြီး မဲပုံးထဲသို့ ထည့်ပေးခဲ့ ရုံပါပဲ။

ကျွန်တော်အပါအ၀င် မြန်မာပြည်သူတော်တော်များများ ဘယ်အဖြေကို ထည့်ကြမလဲဆိုတာကတော့ မေးနေစရာတောင် လိုမယ် မထင်ပါဘူး

Comments