ဆမ်ဘာဝမ်းသင်္ကြန်ကတော့ ရိုးရာယဉ်ကျေးမှုကို အတော်ကို ကြိုးစားထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ဒီသင်္ကြန်ကို ရည်ရွယ်ချက် နှစ်ခုနှင့် ကျင်းပတယ်လို့ သိရပါတယ်။ ပထမတစ်ခုက အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်က ပြည်ပရောက် မျိုးဆက်သစ် လူငယ်များ မြန်မာရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို သိရှိ၊ မြတ်နိုး၊ တန်ဖိုးထားတတ်စေရန် ဖြစ်ပါတယ်။ အင်မတန်မှ လေးစားအားကျအတုယူဖို့ ကောင်းပါတယ်။ ( ဘုန်းဥာဏ် ) ဆမ်ဘာဝမ်သင်္ကြန်အကြောင်း ပြည့်ပြည့်စုံစုံဖတ်ချင်ရင်တော့ စင်ကာပူမှ ခေတ္တရောက်ရှိနေတဲ့ ဘုန်းဥာဏ်ရဲ့ဘလော့ မှာ သွားရောက်ဖတ်ရှု့နိုင်ပါတယ်။ Video တွေအပြည့်အစုံ ကြည့်ချင်တယ်ဆိုရင်တော့ YouTube က နှင်းဟေမာရဲ့ page မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ