Skip to main content

Posts

Showing posts with the label မာမာအေး

အန်တီမာမာအေးရဲ့ ၂၀၁၀ မြန်မာနှစ်သစ်အတွက် အထူးသီချင်း

မင်္ဂလာ အမိမြန်မာပြည် အမည်ရတဲ့ သီချင်းကို အန်တီမာမာအေးကိုယ်တိုင် ရေးစပ်ဆီဆိုထားတာ ဖြစ်ပါတယ်။ စာသားတွေကို ကြိုက်လွန်းလို့ အခေါက်ခေါက်အခါခါ နားထောင်နေမိတယ်။ ထို့အတူ လန်ဒန်မှာရောက်ရှိနေတဲ့ အန်တီမာမာအေးနှင့် စကားစမြည်ပြောဆိုပြီးတဲ့နောက်မှာ အန်တီရဲ့ အနုပညာစွမ်းရည်နှင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိတဲ့ စိတ်ဓာတ်ကို ဂုဏ်ယူလေးစားမိပါတယ်။ မြန်မာနှစ်သစ်ကူးမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သလေ့ရှိကြပေမဲ့ ဒီနှစ်ကူးကတော့ မသမာသူတွေရဲ့ ဗုံးဖေါက်ခွဲမှုလက်ချက်ကြောင့် နှစ်စမှာ ဝမ်းနည်းဖွယ်ရာတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ နောင်မှာ မဖြစ်ပါစေနဲ့တော့လို့ ထပ်ခါထပ်ခါ ဆုတောင်းနေမိပါတယ်။ မြန်မာနှစ်သစ်ကူးပွဲတော်တွေကို ယခုအချိန် ကမ္ဘာ့နေရာအနှံ့အပြားမှာ ဝိုင်းဝန်းသိုက်မြိုက်စွာ ကျင်းပနေကြပါတယ်။ ကျွန်တော်တို့ လန်ဒန်ရောက် မြန်မာမိသားစုများ၏ အတာသင်္ကြန်ပွဲတော်ကို မနက်ဖြန်မှာ ကျင်းပမှာဖြစ်ပါတယ်။ ၄င်းပွဲတော်ဟာ လန်ဒန်ရှိ မြန်မာတွေအတွက် အစည်ကားအသိုက်မြိုက်ဆုံးနှင့် ပျော်ရွှင်စရာအကောင်းဆုံးပွဲတော်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ယခုနှစ်မှာလည်း နိုင်ငံကျော်အဆိုတော် အန်တီမာမာအေး နှင့် ရွှေတံဆိပ် ၁၉ ဆုရ ရွာစားသီရိမောင်...

အန်တီမာမာအေးရဲ့ ကဗျာတစ်ပုဒ်

အန်တီမာမာအေးရဲ့ မုန်းတယ် လို့ အမည်ရတဲ့ ကဗျာလေးတစ်ပုဒ်ကို မျှဝေချင်ပါတယ်။ ရန်ကုန်မှာဖြစ်ပျက်သွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကို ခံစားရေးစပ်ထားတာဖြစ်ပါတယ်။ မုန်းတယ် သင်္ကြန်မှာ လာတိုက်တဲ့ ငမိုက်သား လူယုတ်မာ ဘယ်က ဟာတွေလဲ။ အမဲဖြစ်ဖြစ် အဖြူဖြစ်ဖြစ် မင်း … လူမှ စစ်ရဲ့လား။ ။ အများ … ဒို့ပြည်သူ ငတ်သူငတ်၊ ပြတ်သူပြတ် လူဖြစ်ကျိုးမနပ်၊ သံချပ်သံ ရပ်။ ။ ကုတ်ကပ်လို့ အပျော်ရှာ သင်္ကြန်မှာ အဖော်အသင်းတွေနဲ့ တေးသီရင်း ကလို့ခုန် ကကြိုးတောင် မစုံသေး ဗုံးပေါက်လို့ ပြေးရသတဲ့ အောင်မယ်လေး ! ကြုံဘူးပေါင် ယုန်ကိုထောင် ကြောင်ကိုမိတယ်လေး ပြည်သူ့ရင်သွေး၊ ဒို့ရင်သွေးတွေမို့ ငါမုန်းတေး သီလိုက်ရဲ့ မဟီသေလာ၊ ၀ဠာတခို အကြိုအကြား သိစေသား။ ။ လူသတ်သမား သနားမရှိ ဒုဂ္ဂတိသွား - အခြားမရှိ မုန်းပါဘိ၊ မုန်းပါဘိ၊ မုန်းပါဘိ။ ။ မာမာအေး ဧပြီ ၁၆၊ ၂၀၁၀