Skip to main content

Posts

Showing posts with the label news

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးများထည့်ခိုင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်သည့် ဆောင်းပါးအား ယခုတပတ် ပြည်တွင်းထုတ် ဂျာနယ် ၃ စောင်ထက်မနည်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထည့်ခိုင်းသည်။ ကလောင်ရှင် ငါးမင်းဆွေ ရေးသားသော ဒေါ်အောင်ဆန်းစုကြည်သို့ (၂) အမည်ရှိ ဆောင်းပါးတွင် စီးပွားရေး ပိတ်ဆို့ခြင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်ထားကာ ဆောင်းပါးကို 7 Days ၊ ပြည်မြန်မာနှင့် News Week ဂျာနယ်များတွင် စာပေစိစစ်ရေးနှင့် မုတ်ပုံတင်ဌာနကတဆင့် ဖော်ပြစေခြင်း ဖြစ်သည်။ “စာပေစိစစ်ရေးက မထည့်မနေရ ထည့်ခိုင်းတာ။ စာမူကို စာပေစိစစ်ရေးက လာယူခိုင်းပြီးတော့ အဲဒါကို ဂျာနယ်ထဲကို ထည့်ပေးဆိုပြီး ခိုင်းတာလို့ သိရတယ်” ဟု ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစောင်၏ အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။ Via: mizzima မထည့်မနေရဆိုပါလား ... စစ်အာဏာရှင်ဆိုတာ ဒါမျိုးပေါ့။ မြန်မာပြည်မှာ ဂျာနယ်လစ်လုပ်စားမယ်ဆိုရင် အစိုးရကိုဖားတတ်မှ အလုပ်ဖြစ်မယ့်သဘောရှိနေတယ်။

သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးတွင် ဗုံးပေါက်ကွဲဟု သတင်းရရှိ

ရန်ကုန် ကန်တော်ကြီး x2o မဏ္ဍပ်တဝိုက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ကြားသိရပါတယ်။ တစ်ယောက်သေပြီး လူအချို့ ဒဏ်ရာရရှိသွားတယ်လို့ သတင်းရရှိပါတယ်။ အသေးစိတ်ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ Facebook သတင်းများအရ ၃နာရီ ၁၅ မိနစ်။ ကန်တော်ကြီးပတ်လမ်း X2O မဏ္ဍပ်တွင် ဗုံးသုံးလုံး ပေါက်ကွဲ။ လူငါးဦးခန့် သေဆုံး။ မဏ္ဍပ်များအားလုံး ပိတ်ခိုင်းထား။ သေချာပေါက် Confirm ဖြစ်သွားပါပြီ။ Reuters မှာလည်း သတင်းပါလာပြီ။ ( Reuters ) - At least nine people were killed and 50 wounded in three explosions at a new year water festival in the former Myanmar capital of Yangon on Thursday, witnesses and hospital sources said. Deadly blasts hit Myanmar festival At least nine people were killed and more than 60 injured in three explosions at a park in Yangon, Myanmar's commercial hub. The blasts occurred as revellers gathered for a New Year water festival in the former capital, an official said on Thursday. A representative from the British embassy in Myanmar told Al Jazeera that it was not yet known what exactly caused the expl...

သာသနရံသီဝိဟာရ၏ ထမနဲပွဲနှင့် စာပေဟောပြောပွဲ

သာသနရံသီဝိဟာရ ၏ နှစ်စဉ်ရိုးရာပျက်ကျင်းပမြဲဖြစ်သည့် ထမနဲပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီ တွင် ကျင်းပမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိ မိတ်ဆွေအပေါင်းတို့အား လေးစားစွာဖိတ်ကြားအပ်ပါသည်။ အဆိုပါထမနဲပွဲနှင့် အတူ စာပေဟောပြောပွဲကိုလည်း ညနေ ၃ နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။ ဟောပြောမည့်သူမှာ Dr. Gustaaf Houtman (ဦးစန်းမောင်) ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေး နှင့် မနုဿဗေဒဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောမှာဖြစ်ပါတယ်။ ထို့ကြောင့် ဗဟုသုတရစရာ စာပေဟောပြောပွဲလည်းတက်ရောက် ရာသီစာ ထမနဲလည်း စားသောက်ရင်း ဘုန်းကြီးကျောင်းမှာ အတူတကွကုသိုလ်ယူနိုင်ကြဖို့ ဖိတ်ကြားလိုက်ရပါတယ်။ ထမနဲထိုးရန်အတွက် အားကောင်းမောင်းသန် အမျိုးသားများလည်း လိုအပ်နေပါတယ်။ ထို့ကြောင့် မိမိ၏ကာယဗလစွမ်းအင်ကို ကုသိုလ်ယူ လှူဒါန်းကြပါစို့ဟု လန်ဒန်ရှိ အစ်ကိုတော်၊ ညီတော်များကိုလည်း ထပ်မံဖိတ်ကြားလိုက်ရပါတယ်။

လူမိုက်အားပေး မလုပ်မိစေဖို့

အခုရက်ပိုင်းမှာ ဗုဒ္ဓဘာသာအကြောင်း မကောင်းကြောင်း ရေးသားတဲ့ Blog တစ်ချို့ကိုတွေ့နေရပါတယ်။ မြန်မာလို ရေးသားထားတဲ့ ဘလော့တစ်ခုပါပဲ။ ဆရာတော်ကြီးများ၊ ဘုရားစေတီများ၏ ဓာတ်ပုံများကိုပင် ကြက်ခြေခေတ်ပြီး စော်ကားထားတာဖြစ်ပါတယ်။ ဘာသာရေးနှင့် ဆက်နွယ်နေတာဖြစ်တဲ့အတွက် အဲဒီဘလော့မှာ ကျွန်တော်ဘာမှ ဝင်ပြီးမပြောခဲ့ပါဘူး။ နောင်လည်း ပြောမှာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒီလို ဘာသာရေးကို အစွန်းရောက်ပြီး တစ်ဘက်သတ်စော်ကားတဲ့လူတွေနဲ့ စကားပြိုင်ပြောရမှာ ရှက်လို့ပါပဲ။ ရေးသားတဲ့သူကိုယ်တိုင် သူဟာ ဗုဒ္ဓဘာသာဝင် မဟုတ်သည့်တိုင် မိမိကိုယ်ကိုရော၊ မိမိရဲ့မိဘ၊ မိမိရဲ့ဘာသာကို ကိုယ်ကိုတိုင် ပြန်ပြီးစော်ကားနေတယ်ဆိုတာ မတွေးမိဘူးထင်ပါတယ်။ အဲဒီတော့ မိတ်ဆွေကိုယ်တိုင် မျက်စိလည်လမ်းမှားပြီး အဲဒီဘလော့ (အစိမ်းရောင်နောက်ခံရှိပါတယ်) ကို ရောက်သွားခဲ့သည်ရှိသော် တစ်ခြားမိတ်ဆွေတွေကို လက်ဆင့်မကမ်းကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲလို အနှစ်သာရမရှိ ပေါက်တတ်ကရ ရေးထားတာကိုမှ လူတွေတအားလာကြည့်တယ်ဆိုရင် သူ့ကိုယ်သူ မာန်တက်ပြီး ပိုဆိုးသွားပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်ကိုယ်တိုင် အဲဒီဆိုဒ်ကို sharing မလုပ်သလို လာမေးရင်လည်း ဖြေမှာမဟုတ်ပ...

The Conservative Party Human Rights Commission will hold a hearing on Burma on Monday 18 January

ယူကေရောက် ညီအစ်ကို မောင်နှမများအားလုံး တက်ရောက်ကြဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။ နိုင်ငံခြားသားတွေတောင် မြန်မာ့အရေးကို အထူးအလေးပြု ဆောင်ရွက်နေချိန်မှာ တိုက်ရိုက်သက်ဆိုင်သူ ကာယကံရှင် ကျွန်တော်တို့တွေ ပိုပြီး အလေးထားသင့်ပါတယ်။ အနီးဆုံး station မှာ Webminister Station ဖြစ်ပါသည်။ The Conservative Party Human Rights Commission will hold a hearing on Burma on Monday 18 January from 5pm-7pm , in Room O at Portcullis House . The hearing will be chaired by Tony Baldry MP, Chairman of the Conservative Party Human Rights Commission, and the Commission will hear evidence from: Sir Geoffrey Nice QC , former deputy prosecutor of the International Criminal Tribunal for the former Yugoslavia and principal prosecution trial attorney in the case against Slobodan Milosevic. Sir Geoffrey was one of five leading international jurists who commissioned the report Crimes in Burma, by Harvard Law School. Wai Hnin Pwint Thon , campaigner and daughter of Mya Aye, a political prisoner in Burma. Bwa Bwa Phan , a K...

Invitation for BICC Meeting

Dear All, We would like to invite you to attend BICC (Burma Initiative Coordination Committee) meeting on 09-01-10. Please, attend this meeting and take action to show solidarity for free Burma activities in UK. Stand and take action for people of Burma who are suffering under Military Regime in Burma. Date: 09-01-09 (Saturday) Time: 13:00 - 17:00 Venue: 28 Charles Square London N1 6HT UK Nearest underground station: Old Street Updated: 10.01.2010 မှတ်တမ်းတင် ဓာတ်ပုံများ

Invitation to Burma Conference on SPDC 2008 Constitution & its Consequences

We have the pleasure to cordially invite you and your company to attend the Seminar- to discuss the unilaterally adopted junta’s 2008 constitution and its consequences -in London, UK. The Constitution will also be discussed from the aspect of seeking criminal accountability and ending impunity in Burma, in line with the guidelines provided for in the Assembly of State Parties to the International Criminal Court, held in The Hague, the Netherlands, on November 16-26, 2009. Speaker: U Aung Htoo General Secretary Burma Lawyers’ Council (BLC) Date: 19.12.2009 (Saturday) and 20.12.2009 (Sunday) Time: 12:00 to 17:00 hour both days Venue: London South Bank University (LSBU), London Road London SE1 0AA Room: Castle Lecture Theatre Travel Guide: Waterloo and London Bridge are some of the nearest Over ground stations and the Elephant & Castle is the nearest London Underground station. Background: Daw Aung San Suu Kyi, Democratic and Ethnics groups say “NO” to 2008 constitution...

Sharing: နိုင်ငံရေး အကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော်

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုအဖြစ် ဗြိတိသျှအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ တရားဝင် အင်တာနက်စာမျက်နှာပေါ်မှာ ထင်ရှားတဲ့ မြန်မာနိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေနဲ့ သူတို့အကြောင်း မှတ်တမ်းအကျဉ်းကို စတင်ဖော်ပြနေပါတယ်။ ပထမဆုံးအနေနဲ့ မြန်မာအစိုးရက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားတဲ့၊ အရှင်ဂမ္ဘီရ၊ မစုစုနွေး၊ မမီးမီး၊ ကိုမင်းကိုနိုင်၊ ကိုဇာဂနာတို့ရဲ့ ဓာတ်ပုံတွေကို မနေ့ကစတင်ပြီး အဲဒီအင်တာနက် စာမျက်နှာပေါ်မှာ တွေ့ရပါတယ်။ ဒီလှုပ်ရှားမှုကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်အတူ၊ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ Burma Campaign UK နဲ့ Human Right Watch အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပြီး၊ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အကြောင်းကို ဆက်တိုက် ဖော်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။ Via: BBC Burmese

Sharing: ဂုဏ်ယူလျှက်ပါ အမေစု

ကမ္ဘာပေါ်က အတွေးအခေါ်ရှင် ၁၀၀ မှာ ထိပ်တန်း ပါဝင်သူတဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက ထုတ်ဝေတဲ့ Foreign Policy နိုင်ငံခြားရေးရာ မဂ္ဂဇင်း က ဖော်ပြလိုက်ပါတယ်။ အမှောင်ကျနေတဲ့အရပ်မှာ မျှော်လင့်ချက်တစ်ရပ်အဖြစ် သက်ရှိထင်ရှားနေတဲ့ သင်္ကေတပိုင်ရှင်အဖြစ် ကမ္ဘာ့တွေးခေါ်ရှင် ၁၀၀ စာရင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီဇင်ဘာလအတွက် ထုတ်ဝေတဲ့ မဂ္ဂဇင်းရဲ့ နှစ်လည် အထူးထုတ်မှာ ဒီစာရင်းကို ဖော်ပြထားတာဖြစ်ပြီး အမေရိကန် ဗဟိုဘဏ် ဥက္ကဌဖြစ်တဲ့ Mr. Frank Bernake ကို စီးပွားပျက်ကပ်အသစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်သူအဖြစ် နံပါတ် ၁ မှာ ဖော်ပြထားပါတယ်။ နံပါတ် ၂ ကတော့ ကမ္ဘာပေါ်က အမေရိကန်နိုင်ငံရဲ့ အခန်းဂဏ္ဍကို ပြန်လည်မြှင့်တင်ခဲ့သူအဖြစ် အမေရိကန်သမ္မတ Mr. Barack Obama ကိုဖော်ပြထားပါတယ်။ မဟတ္တမ ဂန္ဒီနှင့် ဗုဒ္ဓဘာသာအခြေခံစည်းမျဉ်းဖြစ်တဲ့ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ မြန်မာစစ်အစိုးရကို အတိုက်အခံ လှုပ်ရှားခဲ့ပြီး အနှစ် ၂၀ အတွင်း ၁၄ နှစ် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖော်ပြချက်မှာ ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၉၀ ပြည့်နှစ် မိန့်ခွန်းတရပ်မှာ ကြောက်ရွံ့စိတ်ဟာ နေ့စဉ် လူနေမှုလက္ခဏာ တရ...

Burmese Cultural Evening

Please come and enjoy a fun evening of Burmese food, dance, costume, crafts and a raffle, in support of poverty relief and education in the Irrawaddy delta region of Burma (Myanmar). Sunday December 6th, 6 - 9pm Buffet opens from 6pm, show starts 6:30pm. In the Newman Room at the Catholic Chaplaincy, The Old Place, Rose Place, St Aldate's, Oxford OX1 1RD Programme : Enjoy a cultural show highlighting the colourful traditional costumes, music and dances of several of the races of Burma, and featuring a traditional puppet show performed by a master of this art. Sample a delicious buffet throughtout the evening featuring a variety of classic Burmese savoury and sweet dishes, together with wine, beer and soft drinks. Admire and buy examples of traditional Burmese craftwork in laquer, tapestry, textiles and other materials - they make ideal Christmas presents! Experience the magic of Thanakah skincare, and learn why Burmese of all ages have used it on their faces for centuries. Tickets ...

အိုဘားမားပြောတဲ့ တရုတ်ပြည်က Twitter နှင့် မြန်မာပြည်က အင်တာနက်

အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ တရုတ်ပြည်ကို အင်တာနက် ကွန်ယက်တွေအားလုံး ဖွင့်ပေးထားဖို့ အရေးကြီးကြောင်းနှင့် Twitter ကဲ့သို့သော social networking site တွေကို မပိတ်ပင်ဖို့ ပြောဆိုလိုက်ပါတယ်။ Via : http://bit.ly/Nfl သမ္မတကြီး အိုဘားမားရေ တရုတ်ပြည်တင်မဟုတ်ဘူး သူ့ရဲ့ အိမ်နီးချင်း မြန်မာပြည်က သူ့ရဲ့မွေးစားသား ဗိုလ်ချုပ်ကြီးတွေကိုပါ ဝင်ပြီးပညာပေးလေး ဘာလေး လုပ်ပေးပါဦး။ အင်တာနက် ပိတ်ပင်ခြင်းဟာ ခေတ်လူငယ်တွေကို မျက်စိတွေ နားတွေ ပိတ်ထားတာနဲ့ တူတူပါပဲ။ အထူးသဖြင့် အခုလို Social Networking site တွေကို ပိတ်ပင်တာဟာ ပညာလိုချင်၊ ဗဟုသုတရှာဖွေချင်တဲ့ လူငယ်တွေရဲ့ တိုးတက်ရာလမ်းကြောင်းကို ပိတ်ပင်ရိုက်ချိုးထားတာနဲ့ အတူတူပါပဲ။ Facebook နဲ့ Twitter လိုမျိုး site တွေဟာ Information တွေကို အလွယ်တကူ မျှဝေဖို့အကောင်းဆုံး website တွေပါပဲ။ နည်းပညာခေတ်ရောက်နေပြီး နည်းပညာခေတ်ရဲ့ အရသာကို အပြည့်အဝမခံစားနိုင်အောင် လုပ်ထားတာဟာ လုံးဝမတရားပါဘူး။ တစ်နည်းအားဖြင့် အနာဂတ်ကို တည်ဆောက်မည့် လူငယ်တွေရဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးဖြစ်တဲ့ အင်တာနက်ကို အပြည့်အဝမသုံးနိုင်အောင် ပိတ်ပင်ထားခြင်းပါပဲ။ ဒါ့ကြောင့် စစ်အစိုးရရဲ့ နိုင်ငံရေး ဦးတည်ချက...

မြန်မာအစားအစာများ နှင့် ရန်ပုံငွေပွဲ

လန်ဒန်ရှိ မိတ်ဆွေသူငယ်ချင်းတို့ ... ကုသိုလ်လည်းယူ၊ မြန်မာ့ရိုးရာအစားအသောက်များကို လာရောက်စားသုံးရင်း မိတ်ဟောင်း၊ မိတ်သစ်များနှင့် ဆုံတွေ့ချင်တယ်ဆိုရင်တော့ လာမည့် စနေနေ့ (၃၁.၁ဝ.ဝ၉) တွင် ကျင်းပမည့် ရန်ပုံငွေ ဈေးရောင်းပွဲလေးကိုတော့ ဆက်ဆက်လာခဲ့ပါလို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားလိုက်ရပါတယ်။ နေရာအတိအကျကိုတော့ အထက်ပါ ပုံမှာ ကလစ်နှိပ်ပြီး ကြည့်ရှူ့နိုင်ပါတယ်။ Ealing, Hanwell, Southall, Harrow ဘက်မှ လက်မှတ်များ ဝယ်ယူအားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများကို သာဓု သုံးကြိမ်ခေါ်ဆိုရင်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေ။

ခန္ဓာကိုယ်ကို နိုင်ငံအလံတွေနဲ့ အလှဆင်မယ့်သူ

Photo: BARCROFT MEDIA အိန္ဒိယနိုင်ငံမှ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ Guinness Rishi ဆိုတဲ့သူဟာ သူ့တစ်ကိုယ်လုံးပေါ်မှာ နိုင်ငံတွေရဲ့အလံတွေ အားလုံးကို တက်တူးထိုးထားနိုင်တဲ့ လူသားတစ်ယောက်အဖြစ် Guinness Book ထဲမှာ ပါနိုင်အောင် ကြိုးစားနေပါတယ်။ အခုလောလောဆယ်မှာတော့ နိုင်ငံခြောက်ခု (Canada, Union Jack, India, USA, Cyprus and Indian Congress Party) ရဲ့ အလံတွေကို စတင်ပြီး တက်တူးထိုးပြီးသွားပြီဖြစ်ပါတယ်။ အလံတွေအားလုံးကို လာမည့်သုံးနှစ်အတွင်းမှာ ပြီးအောင် တက်တူးထိုးသွားမှာဖြစ်ပါတယ်။ ဦးခေါင်းနှင့် မျက်နှာပေါ်မှာ နာမည်ကြီးနိုင်ငံတွေရဲ့ အလံတွေကို တစ်လက်မ ပတ်လည်စီ တက်တူးထိုးသွားမှာဖြစ်ပြီး ကျန်တဲ့ အလံတွေကိုတော့ လည်ပင်းမှစတင်ပြီး ခြေထောက်ထိ အက္ခရာစဉ်လိုက် ထိုးမှာဖြစ်ပါတယ်။ "ဆင်းရဲတဲ့သူတွေဟာ ပိုက်ဆံမရှိပေမဲ့လည်း သူတို့ဘဝမှာ တစ်ခုခုကိုတော့ ရအောင် လုပ်သွားဖို့ ဆန္ဒရှိပါတယ်။ ဒါကြောင့်မို့ သူတို့မှာ မူလရှိပြီးသားဖြစ်တဲ့ ခွန်အား၊ စွမ်းပကားတွေကို အသုံးချပြီးတော့ နာမည်တစ်ခုခုကျန်ခဲ့အောင် လုပ်တတ်ကြပါတယ်" လို့ Guinness မှ ပြောကြားသွားပါသေးတယ်။ ကျွန်တော့်အနေနဲ့ကတော့ တက်တူးထိုးတာကို အားမပေးဘူး။ အသားလည်း နာသေးတ...

လွတ်လပ်ရေးနေ့ ဆန္ဒပြရန် နှိုးဆော်စာများ ပခုက္ကူတွင် ကပ်ပြန်ပြီ

မကွေးတိုင်း ပခုက္ကူမြို့တွင် လာမည့် လွတ်လပ်ရေးနေ့၌ သံဃာအားလုံး စုပေါင်း ဆန္ဒပြကြရန် နှိုးဆော်စာများ ယနေ့နံနက်က ကပ်ထားသည်။ လာမည့် နှစ် ၆ဝ ပြည့် လွတ်လပ်ရေးနေ့ ကျရောက်မည့် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပခုက္ကူမြို့ရှိ သံဃာထုအနေဖြင့် စုပေါင်းဆန္ဒပြပွဲကို ပြန်လည်ဖော်ထုတ်ရန် ရွှေဝါရောင်တော်လှန်ရေး စတင်မြစ်ဖျားခံရာ ပခုက္ကူမြို့ရှိ မဟာဝိဇယာရာမ (အရှေ့တိုက်) မြောက်ဘက်မုခ်တွင် နှိုးဆော်စာများ ကပ်ထားခြင်း ဖြစ်သည်။ “ဒီနေ့မနက် မြောက်ဖက်မုခ်မှာ ဇန်နဝါရီ ၄ ရက်နေ့ ဆန္ဒပြဖို့ စာတွေ ကပ်ထားတယ်။ ကိုရင်တွေ ဦးဇင်းတွေတော့ သွားဖတ်ကြတာပဲ” ဟု စာသင်တိုက်ကြီးမှ စာချဆရာတော် တပါးက မိန့်ကြားသည်။ နှိုးဆော်စာများ ကပ်ပြီး မကြာမီအချိန်အတွင်းမှာပင် ဒေသခံ ရဲများက လာရောက် ခွါယူသွားခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ကံဆောင်သပိတ် ပြန်လည်လုပ်ဆောင်ရန် နှိုးဆော်စာများကို ပခုက္ကူမြို့ ကျောင်းတိုက်များအနီး၌ ကပ်ထားခဲ့သည်။ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးအား နအဖ က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ရန်ကုန်နှင့် အခြားမြို့နယ်များရှိ ကျောင်းတိုက်များသို့ ဝင်ရောက်စီးနင်းကာ စာသင်သား သံဃာများကို နေရပ်သို့ပြန်ရန် အတင်းအကျပ်...