Skip to main content

Posts

Showing posts with the label mobile

သင့်ဖုန်းကင်မရာရဲ့ Silent Mode ကို နေရာတကျအသုံးပြုရအောင်

နည်းပညာခေတ်ကြီးမှာ မိမိအသုံးပြုနေတဲ့ ပစ္စည်းကိရိယာတွေအကြောင်း အကုန်လုံးမဟုတ်တောင် အနည်းအကျဉ်းတော့ သိထားသင့်တယ်လို့ထင်ပါတယ်။ အထူးသဖြင့် နေ့စဉ်အသုံးပြုနေတဲ့ မိမိရဲ့မိုဘိုင်းလ် ဖုန်းတွေပေါ့။ ကျွန်တော်ပြီးခဲ့သည်အပတ်က ဘုန်းကြီးကျောင်းမှာ အလှူတစ်ခုကိုသွားခဲ့ပါတယ်။ ရောက်သွားတဲ့အချိန်က တရားနာနေတဲ့အချိန်နဲ့ ကွက်တိပါပဲ။ ဒါနဲ့ပဲ နောက်ဆုံးအတန်းမှာ အေးအေးလူလူထိုင်ပြီး တရားနာဖို့လုပ်လိုက်ပါတယ်။ ၅မိနစ် ၁၀ မိနစ်ခန့်ကြာပြီးတဲ့နောက်မှာ ဂျောက်ဂျက် ရွှက် ဆိုတဲ့အသံတွေနဲ့အတူ တရားနာနေတဲ့ အာရုံတောင် ဘယ်တွေရောက်ကုန်မှန်းမသိတော့ပါဘူး။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုဘိုင်းလ်ဖုန်းနဲ့ ဓာတ်ပုံမှတ်တမ်းတင်နေတဲ့သူတစ်ယောက်ကို တွေ့မိပါတယ်။ သူကိုင်ထားတာက နောက်ဆုံးပေါ် Samsung ဖုန်းအမျိုးအစားပါ။ သူကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ အသံထွက်အောင်ရိုက်တာ မဟုတ်ပေမဲ့ တရားပွဲထဲမှာ တရားနာနေတဲ့ မိတ်ဆွေတွေကိုတော့ အနည်းနဲ့အများ အနှောက်အယှက်တော့ ဖြစ်စေပါတယ်။ အဲဒါကိုအကြောင်းပြုပြီး ဒီပို့စ်လေးရေးဖို့ဖြစ်လာတာပါပဲ။ တရားပွဲတွေမှာ ဒါမှဟုတ် အခမ်းအနားတွေမှာ သူများေ...

Sony မှ တစ်ခါဘက်ထရီသွင်းရုံဖြင့် ၄၈ နာရီကြာခံသည့် Xperia Z3 ဖုန်းအသစ်ကို IFA တွင် စတင်မိတ်ဆက်

ဂျာမနီနိုင်ငံမြို့တော် ဘာလင်မှာ ကျင်းပပြုလုပ်နေတဲ့ IFA , I nternationale Funkausstellung (and translates to the international radio exhibition)  မှာ Sony မှ New Xperia Z3 ဖုန်းသစ်ကို ယနေ့မှာ စတင်မိတ်ဆက်ပြသခဲ့ပါတယ်။ ယခုဖုန်းဟာ iPhone အသစ်ထွက်မလာခင် တစ်ပတ်အလိုမှာ အချိန်မှီပြသလိုက်တာလည်းဖြစ်ပါတယ်။ နောက်ပြီး Samsung ရဲ့Note 4 မထွက်ခင်လည်းဖြစ်ပါတယ်။ Android စနစ်ကို အသုံးပြုထားတဲ့ Sony ရဲ့ဖုန်းအစ်မှာ စိတ်ဝင်စားပြီး ဝယ်သူအသုံးပြုချင်စဖွယ် လုပ်ငန်းများစွာထည့်သွင်းထားတာတွေ့ရပါတယ်။  Design ကိုတော့ ပိုမိုပါးလွှာအောင် ပြုလုပ်ထားပါတယ်။ Aluminium Frame နဲ့ ဖုန်းရဲ့ဘေးဘောင်တွေမှာထည့်သွင်းပြုလုပ်ထားပြီး ဖုန်းရဲ့ မျက်နှာပြင်ကိုတော့ Tempered Glass  Display ကို အသုံးပြုထားတာတွေ့ရပါတယ်။ အထူအားဖြင့် 7.4mm နှင့် အလေးချိန်အားဖြင့် 153g သာရှိပါတယ်။ ကမ်းခြေသွားရေကူးရင်း ဓာတ်ပုံရိုက်ဖို့ ရေစိုခံကင်မရာတစ်လုံးသီးသန့်ဝယ်ဖို့မလိုတော့ပါဘူး။ Sony ရဲ့ Xperia Z3 ဖုန်းဟာ ရေထဲမှာ မိနစ် ၃၀ ကျော်ရိုက်ကူးနိုင်ပြီး ရေအောက် ၁.၅ မီတာအထိသ...

iPhone 6 စက်တင်ဘာ ၉ တွင်ထွက်ရှိမည်

အားလုံးမျှော်လင့်တောင့်တနေတဲ့ iPhone 6 ကို Apple မှ လာမည့် စက်တင်ဘာ ၉  ရက်နေ့မှာ ထုတ်ဖော်ပြသသွားတော့မှာဖြစ်လို့ ရင်ခုံစွာ စောင့်မျှော်ကြည့်ရှူ့ရတော့မှဖြစ်ပါတယ်။ ၄င်း iPhone 6 နှင့် အတူ iWatch ကိုလည်း ထုတ်ပြကြေငြာသွားဖွယ်ရာလည်းရှိကြောင်း အင်တာနက် သတင်းတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။  မထွက်ခင်ကတည်းက ဖုန်းရဲ့ အသွင်အပြင်၊ software စတာတွေနဲ့ပက်သက်ပြီး ဖြစ်နိုင်ဖွယ်ရာ ကောလဟာလများစွာရှိတဲ့အထဲက သေချာတာတစ်ခုကတော့ ဖုန်းရဲ့ screen size ဟာ 4.7 နှင့် 5.5 တစ်ခုခုဖြစ်တာသေချာကြောင်း နာမည်ကြီး Techradar website မှာဖော်ပြထားတာတွေ့ရပါတယ်။ အရာရာကို သိုသိုသိပ်သိပ်လုပ်တတ်တဲ့ Apple ရဲ့ နောက်ဆုံးပေါ်နည်းပညာသုံး iPhone 6 ကို စက်တင်ဘာ ၉ ရက်နေ့မှာ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှူ့ကြပါစို့။