Skip to main content

Posts

Showing posts with the label dhamma

Sharing: မစိုးရိမ်ဆရာတော် မိန့်ကြားတော်မူသော "အကြွားမလွဲနဲ့" သြ၀ါဒကထာ

၂၀၁၁ ခုနှစ် ဇွန်လ ၁-ရက်  အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါထေရ၀ါဒဓမ္မအသင်းတည်ထောင်ခြင်းနှင့်  သီတဂူသံဃ၀ိဟာရ ကျောင်းလွှတ်ပူဇော်ပွဲ၌  မစိုးရိမ်ဆရာတော် မိန့်ကြားတော်မူသော  အကြွားမလွဲနဲ့ သြ၀ါဒကထာ --------------------------------------------------------- ဘုရားရှင်က တိုင်းပြည်တိုးတက်ဘို့အတွက် အသင်းအဖွဲ့တွေတိုးတက်ဘို့အတွက် ဟောကြားခဲ့တဲ့ တရားတော်တွေကို မှီငြမ်းပြုပြီးတော့ မဃဒေ၀လင်္ကာမှာ ဆရာတော်ကြီးက “မင်းနှင့်ပြည်သူ ရှင်လူဒကာ ပွင့်လင်းသာလျှက်၊ မေတ္တာမပျက်၊ စောင့်ရှောက်ဖက်မှ၊ တိုးတက်ကြီးပွား၊ ချမ်းသာများလိမ့်”တဲ့ နိုင်ငံတစ်နိုင်ငံ ဆိုရင် အုပ်ချုပ်တဲ့ ရှင်ဘုရင် အစိုးရပုဂ္ဂိုလ်တွေနဲ့ ပြည်သူဆိုတဲ့ အုပ်ချုပ်ခံလူတန်းစား အဲဒီနှစ်ဦး မေတ္တာမပျက်မှ ကြီးပွားတိုးတက်တယ်တဲ့။ ဘာသာရေးမှာလည်း “ရှင်လူဒကာ ပွင့်လင်းသာလျှက်”တဲ့ ကျောင်းထိုင်ဆရာတော် တွေ၊ လူဒကာ ဒကာမတွေဟာ “မေတ္တာမပျက်၊ စောင့်ရှောက်ဖက်မှ၊ တိုးတက်ကြီးပွား၊ ချမ်းသာများလိမ့်” လို့ မန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာမှာ ဆုံးမထားတယ်။  ဒီလင်္ကာအဆုံးအမအတိုင်းပဲ ဒကာ ဒကာမနဲ့ သီတင်းသုံးမယ့်ဘုန်းကြီးများ မေတ္တာမပျက်ဘဲနဲ့ ...

Sharing: အပရိဟာနိယ တရားခုနှစ်ပါး

သုတ်မဟာဝါ ပါဠိတော် မဟာပရိနိဗ္ဗာနသုတ်၌ မြတ်စွာဘုရားသည် လိစ္ဆဝီမင်းသားတို့အား အကြောင်းပြု၍ အပရိဟာနိယ တရားခုနှစ်ပါးကို ဟောကြားတော်မူသည်။ ထိုအပရိဟာနိယတရားတို့ကား ... စည်းဝေးတိုင်ပင်ခြင်း အညီအညွတ်ဆောင်ရွက်ခြင်း ဥပဒေအတိုင်းကျင့်ခြင်း လူကြီးသူမတို့၏ အဆုံးအမ၌ တည်ခြင်း အမျိုးသမီးအား မနှိပ်စက်ခြင်း မြို့စောင့် ရွာစောင့်နတ်တို့အား ပူဇော်ခြင်း ရဟန္တာတို့အား စောင့်ရှောက်ခြင်း ဟူ၍ ဖြစ်လေသည်။ အပရိဟာနိယသည် မဆုတ်မယုတ် မပျက်မစီးနိုင်ခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် အပရိဟာနိယတရားကို တိုးတက်ရေးတရား ဟု ဆိုရမည်ဖြစ်သည်။ ထို တိုးတက်ရေးတရားတို့တွင် သန္နိပါတ တည်းဟူသော စည်းဝေးခြင်း၊ သမဂ္ဂ တည်းဟူသော အညီအညွတ်ဆောင်ရွက်ခြင်း၊ ပညတ္တတည်းဟူသော ဥပဒေပညတ်၍ အုပ်ချုပ်ခြင်းတို့သည် ယခုခေတ်၌ ဒီမိုကရေစီဟုခေါ်သော တရားတို့၏ အနှစ်သာရများဖြစ်လေသည်။ မြန်မာသစ်မဂ္ဂဇင်း (စက်တင်ဘာ ၂၀၀၉) ယောမင်းကြီး ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း (မောင်ထင်) မှ ကောက်နုတ်ချက် တစ်ချို့ ဖြစ်ပါသည်။

ဝါဆိုလပြည့်နေ့ (သို့) လမြတ်ဝါဆို

ဒီနေ့ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ ၀ါဆိုလပြည့်နေ့ ဖြစ်ပါတယ်။ အမြတ်ဆုံးလပြည့်နေ့လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ၀ါဆိုလပြည့်ကိုမှ ဘာကြောင့်အမြတ်ဆုံးလို့ ခေါ်ဆိုလဲဆိုတာကို ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်း လေးနက်စွာသိထားသင့်ပါတယ်။ ကျွန်တော်တို့၏မြတ်ဗုဒ္ဓနှင့်ပက်သက်သော အောက်ပါနေ့ရက်များသည် ၀ါဆိုလပြည့်နေ့တွေမှာချည်း ဖြစ်တည်ခဲ့သောကြောင့် ဖြစ်သည်။ (၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့) (၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့) (၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) (၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) (၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) via : http://www.theravada-3p.org/knowledge-book.htm

မန္တလေး မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ၏ တရားပွဲ

လန်ဒန်သို့ရောက်ရှိနေပြီး သာသနရံသီဝိဟာရတွင် သီတင်းသုံးနေထိုင်လျှက်ရှိသော မန္တလေး မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသသည် ဇူလိုင်လ ဒုတိယအပတ်တွင် မြန်မာပြည်သို့ ပြန်လည်ကြွချီမှာဖြစ်ပါသည်။ ထိုသို့မကြွချီခင် လန်ဒန်ရှိ ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား တရားရေးအေး အမြိုက်ဆေးကို တိုက်ကျွေးခဲ့မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ တရားနာလိုသူ ပရိသတ်အပေါင်းတို့အား တရားနာကြွရောက်နိုင်ရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ရပါသည်။ အချိန် ညနေ (၇) နာရီ မှာ (၉) နာရီထိ နေရာ သာသနရံသီဝိဟာရ 83 Booth Road, Colindale, NW9 5JU, London နေ့ရက် 5/07/09 SUNDAY

မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး၏တရားပွဲ လန်ဒန်ဝိဟာရ၌ အောင်မြင်စွာပြီးဆုံး

လန်ဒန်သို့ အလည်အပတ်ခရီးရောက်ရှိတော်မူနေသော မန္တလေး မစိုးရိမ်တိုက်သစ် နာယကချုပ်ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ၏ လန်ဒန်ရှိ ဒါယိကာ ဒါယိကာမများကို တရားရေအေး အမြိုက်ဆေးတိုက်ကျွေးသည့် တရားပွဲကို မနေ့ညနေ ၇ နာရီအချိန်မှာ စတင်ပြီး ၈ နာရီခွဲခန့်မှာ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ ထို့နောက်မှတော့ ဒါယိကာ ဒါယိကာမများမှ လှူဖွယ်ဝတ္တုများဆပ်ကပ်ခြင်း နှင့် ဆရာတော်အား အလည်အပတ်ခရီးနှင့် ပက်သက်ပြီး အမေးအဖြေများပြလုပ်ခဲ့ကြပြီး အခမ်းအနားကိုအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ဆရာတော် ဟောကြားသည့်တရားတော်များမှာ စိတ်နှလုံးချမ်းမြေ့ဖွယ်၊ အတုယူကြိုးစားဖွယ်ရာ တရားတော်များဖြစ်လို့ တရားနာလာရောက်သူ ပရိသတ်များမှာလည်း အထူးအားရပီတိဖြစ်ခဲ့ကြပါတယ်။ ထို့နောက်မှာတော့ လန်ဒန်ဝိဟာရကျောင်းမှ တရားနာလာ ပရိသတ်များကို ကြာဇံကြော်ဖြင့် တည့်ခင်းဧည့်ခံခဲ့ပါတယ်။