Skip to main content

Posts

Showing posts with the label Oxford International Women's Festival

Oxford International Women's Festival အမှတ်တရ

ပြီးခဲ့တဲ့ တနင်္ဂလာနေ့ (၈.၃.၂ဝ၁ဝ) က Oxford မြို့ Oxford Town Hall တွင် ကျင်းပခဲ့သော Oxford Internation Women's Festival သို့ ဓာတ်ပုံရိုက်ကူးရန် ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်နှင့် အတူ လန်ဒန်မှမိတ်ဆွေများလည်း ပါဝင်ပါတယ်။ လန်ဒန်မှ နေ့လည် ၁ နာရီခန့် ထွက်လာကြပြီး နေ့လည် ၃ နာရီခန့်မှာ Oxford သို့ ရောက်ရှိခဲ့ပါတယ်။ အခမ်းအနားသည် ညနေ ၆ နာရီမှ စမည်ဖြစ်သော်လည်း ပြင်ကြဆင်ကြရင်း ညနေ ၆ နာရီသို့ အချိန်ကုန်မှန်းမသိကုန်ပြီး ရောက်ရှိသွားပါတယ်။ ဒီနှစ်ပွဲရဲ့ ထူးခြားချက်ကတော့ Oxford Internation Women's Festival မှာ မြန်မာနိုင်ငံကို လက်ခံကျင်းပခွင့်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းမှာ Oxford မြို့လေးဟာ သမိုင်းမှတ်တိုင်တစ်ခုအနေနှင့် ပါဝင်ခဲ့တယ်လို့ ပြောမယ်ဆိုရင်လည်း မှားမည်မထင်ပါ။ ထိုပွဲကို နှစ်စဉ် ၂၈ ဖေဖော်ဝါရီ မှ ၁၄ မတ်လအထိ ကျင်းပပြီး မတ်လ ၈ ရက်နေ့ကို International Women's Day အဖြစ် သတ်မှတ်ထားပါတယ်။ ပွဲတော်မှာ အမျိုးသမီးများနှင့် ပက်သက်သော စာပေ၊ ဂီတ၊ ပြပွဲ နှင့် workshop များ စသည်ဖြင့် ထည့်သွင်းကျင်းပကြပါတယ်။ နိုင်ငံပေါင်းစုံမှ စွမ်းဆောင်ရည်မြင့်မားပြီး ထင်ရှားကျော်ကြား...