Skip to main content

Posts

Showing posts with the label ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား

64th Anniversary of Mon National Day - UK

ယူကေနိုင်ငံရောက် မွန်တိုင်းရင်းသားများ၏ (၆၄) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ လူကြီးမင်းကိုယ်တိုင် ကြွရောက်အားပေးပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ ယခုနှစ်ကျင်းပသည့် မွန်အမျိုးသားနေ့သည် လန်ဒန်တွင် (၁၀) ကြိမ်မြောက်တိုင် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။ နေ့ရက် ၂၆.၀၂.၂၀၁၁ အချိန် ညနေ (၅) နာရီမှ ည (၁၁) နာရီထိ နေရာ Feltham Assembly Hall, Feltham Park, Hounslow Road Feltham, Middlesex, London, TW14 9DN မွန်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ၊ ခေတ်ပေါ်တီးဝိုင်းတို့ဖြင့် ဖျော်ဖြေတင်ဆက် မည့်အပြင် အများနှစ်သက်စေမည့် MON Traditional Fashion Show အစီအစဉ်ကိုလည်း ထူးခြားစွာ ထည့်သွင်း တင်ဆက်သွားမှာဖြစ်ပါသည်။ ရိုးရာအစားအသောက်များကို ရံပုံငွေအဖြစ် ရောင်းချသွားမည်ဖြစ်ပြီး ရံပုံငွေများကို မြန်မာပြည်တွင် ထောက်ပံ့မှုအားနည်းနေသည့် ပရဟိတဂေဟာများသို့ လှူဒါန်းသွား မည်ဖြစ်ပါသည်။