Skip to main content

Posts

Showing posts with the label 64th Anniversary of Burma Martyrs' Day

၁၉ ဇူလိုင် မမေ့နိုင်

ဒီကနေဟာဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့ သမိုင်းဝင်တဲ့ အာဇာနည်နေ့ဖြစ်ပြီး ယခုနှစ်ဟာ ၆၄နှစ်မြောက် ဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ အစိုးရရုံးပိတ်ရက်တစ်ရက်ဖြစ်ပါတယ်။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင်တော့ ဒီနေ့လိုနေ့မျိုး မြန်မာပြည်မှာ မိုးဖွဲဖွဲလေးတွေ ရွာနေတတ်ပါတယ်။ လူလတ်ပိုင်းအရွယ်တွေအထိ အာဇာနည်နေ့သမိုင်းကို ဂဃဏနသိပေမဲ့ တစ်ချို့လူငယ်ပိုင်း (၁၆နှစ်အောက်) တွေကတော့ အာဇာနည်နေ့ဆိုတာကို ဝေတေဝါးတားဖြစ်နေတာ စိတ်မကောင်းစရာပါပဲ။ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် မိမိကိုယ်ကျိုးကိုစွန့်လွှတ်ပြီး ပေးဆပ်ခဲ့တဲ့ အာဇာနည်တွေကို ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေ မေ့ပျောက်နေမယ်ဆိုရင် သမိုင်းကိုမေ့ပျောက်နေတာနဲ့အတူတူပါပဲ။ သမိုင်းပျောက်ရင်တော့ လူမျိုးပါ ပျောက်ကွယ်ဖို့ဆိုတာ မဝေးတော့သလိုပါပဲ။ အခု မြန်မာပြည်မှာဆိုရင် စစ်အာဏာရှင် လက်ထက်ကစပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမိုင်း၊ ဓာတ်ပုံတွေကို မေ့ပျောက်အောင် တစတစပြုလုပ်လာတွေ တွေ့မြင်လာရပါတယ်။ အဆိုးရွားဆုံးကတော့ နိုင်ငံတော်ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ၊ ဆရာစံတို့လိုခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကိုပယ်ဖျောက်ပြီး တိရစ္ဆာန်ပုံတွေက...

64th Anniversary of Burma Martyrs' Day

အလေးပြုပါသည် by မေလှမြိုင် (ရေး-ဂစ်တာတင်အုံး) လာမည့် အင်္ဂါနေ့ (၁၉.၀၇.၂၀၁၁) ဆိုရင် ၆၄ ကြိမ်မြောက် အာဇာနည်နေ့ကို ရောက်ပြန်ပြီ။ တိုင်းပြည်အတွက် အသက်ပေးဆပ်သွားတဲ့ အာဇာနည်ကြီးတွေကို ယနေ့တိုင် ဘယ်သူမှ မေ့ပျောက်နိုင်မှာမဟုတ်ပါဘူး။ အာဏာရူးအုပ်စုတွေကတော့ အာဇာနည်တွေရဲ့ကျေးဇူးကို မသိတဲ့အပြင် ကျေးဇူးကန်းနေတာ နှစ်ပေါင်းကြာပါပြီ။ အဆိုးဆုံးကတော့ မျိုးဆက်သစ်လူငယ်တွေကို အာဇာနည်နေ့၊ အာဇာနည်ခေါင်းဆောင်တွေ အကြောင်းကို မေ့ပျက်အောင်လုပ်ပစ်နေခြင်းပါပဲ။ ကျွန်တော်တို့အနေနဲ့ (မြန်မာပြည်မှာနေထိုင်သည်ဖြစ်စေ၊ ပြည်ပမှာနေထိုင်သည်ဖြစ်စေ) မျိုးဆက်သစ်လူငယ်လေးတွေကို အာဇာနည်နေ့အကြောင်းကို ပြောပြပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကျေးဇူးကို တစ်ထောင့်တစ်နေရာကနေ ပြန်လည်ပေးဆပ်သင့်ပါတယ်။ အရှင်းဆုံးပြောပြီး လူငယ်တွေကို ရှင်းပြ ပြောပြချင်တာကတော့ "အာဇာနည်ခေါင်းဆောင်တွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ ခင်ဗျားတို့တတွေလူတစ်လုံး သူတစ်လုံးနဲ့ လွတ်လွတ်လပ်လပ် လူဖြစ်ပြီးကြီးပြင်းလာရတာ။ မဟုတ်လို့ကတော့ ခုချိန် ဘယ်ဘဝမှာပဲ ရှိဦးမယ်မသိဘူး။" ဒါကတော့ ကျွန်တော့်အတွက် အရှင်းဆုံး ဥပမာပါပဲ။ အာဇာနည်နေ့မှာ အာဇာနည်ကြီးတွေအတွက် ရည်စူးပြီ...