Skip to main content

Posts

Showing posts with the label howto

သင့်ဖုန်းကင်မရာရဲ့ Silent Mode ကို နေရာတကျအသုံးပြုရအောင်

နည်းပညာခေတ်ကြီးမှာ မိမိအသုံးပြုနေတဲ့ ပစ္စည်းကိရိယာတွေအကြောင်း အကုန်လုံးမဟုတ်တောင် အနည်းအကျဉ်းတော့ သိထားသင့်တယ်လို့ထင်ပါတယ်။ အထူးသဖြင့် နေ့စဉ်အသုံးပြုနေတဲ့ မိမိရဲ့မိုဘိုင်းလ် ဖုန်းတွေပေါ့။ ကျွန်တော်ပြီးခဲ့သည်အပတ်က ဘုန်းကြီးကျောင်းမှာ အလှူတစ်ခုကိုသွားခဲ့ပါတယ်။ ရောက်သွားတဲ့အချိန်က တရားနာနေတဲ့အချိန်နဲ့ ကွက်တိပါပဲ။ ဒါနဲ့ပဲ နောက်ဆုံးအတန်းမှာ အေးအေးလူလူထိုင်ပြီး တရားနာဖို့လုပ်လိုက်ပါတယ်။ ၅မိနစ် ၁၀ မိနစ်ခန့်ကြာပြီးတဲ့နောက်မှာ ဂျောက်ဂျက် ရွှက် ဆိုတဲ့အသံတွေနဲ့အတူ တရားနာနေတဲ့ အာရုံတောင် ဘယ်တွေရောက်ကုန်မှန်းမသိတော့ပါဘူး။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုဘိုင်းလ်ဖုန်းနဲ့ ဓာတ်ပုံမှတ်တမ်းတင်နေတဲ့သူတစ်ယောက်ကို တွေ့မိပါတယ်။ သူကိုင်ထားတာက နောက်ဆုံးပေါ် Samsung ဖုန်းအမျိုးအစားပါ။ သူကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ အသံထွက်အောင်ရိုက်တာ မဟုတ်ပေမဲ့ တရားပွဲထဲမှာ တရားနာနေတဲ့ မိတ်ဆွေတွေကိုတော့ အနည်းနဲ့အများ အနှောက်အယှက်တော့ ဖြစ်စေပါတယ်။ အဲဒါကိုအကြောင်းပြုပြီး ဒီပို့စ်လေးရေးဖို့ဖြစ်လာတာပါပဲ။ တရားပွဲတွေမှာ ဒါမှဟုတ် အခမ်းအနားတွေမှာ သူများေ...

Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း

Facebook မှာ up to date သတင်းတွေ၊ ဓာတ်ပုံတွေ ကြည့်ရဖတ်ရတာ ကြိုက်နှစ်သက်ပေမဲ့ အရည်မရ အဖတ်မရတွေကိုလည်း မမြင်ချင်ဘဲ မြင်နေရတဲ့ အခါမျိုးလည်း ရှိနေတတ်ပါတယ်။ အဲဒီလို အရည်မရ အဖတ်မရ ပို့စ်တွေတင်တတ်တဲ့ ကျေးဇူးရှင်လေးတွေကို အားနာလို့ သူငယ်ချင်းအဖြစ်ကနေလဲ Unfriend/Block မလုပ်ချင်ဘူးဆိုရင် ဒီနည်းလေးအတိုင်း လုပ်သာထားလိုက်တော့။   ဒီပုံမှာ ပြထားတဲ့အတိုင်း News Feed မှာ ကိုယ်မမြင်ချင်တဲ့ သူရဲ့ page ကိုသွားပြီး Friends button ကိုနှိပ် Shows in News Feed ကို uncheck လုပ်ပေးလိုက်။ ဒါဆိုရင် အဲဒီကျေးဇူးရှင်ရဲ့ အရည်မရ အဖတ်မရ ပို့စ်တွေ သင်ရဲ့ News Feed မှာ တွေ့ရတော့မှာ မဟုတ်ဘူး။ အာရုံနောက်ခြင်း ကင်းဝေးကြပါစေ။

Simple Selective Colour Photoshop/Camera RAW

Youtube ထဲက Photoshop tutorial တစ်ခုကို ကြည့်ပြီး လက်တည့်စမ်းထားတာပါ။ ဓာတ်ပုံမှာ ကာလာတွေစုံမှ ကြည့်လို့ကောင်းတယ်လို့ လူအတော်များများ ဆိုကြပေမယ့် တစ်ခါတရံမှာ အရောင်နှစ်မျိုးတည်းရှိရင်လည်း ကြည့်လို့ကောင်းတယ်ဆိုတာကိုလည်း မြင်စေချင်ပါတယ်။  ရိုးစင်းမှုရှိတာဟာ ဘယ်နေရာမှာမဆို အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တုံးတာတို့၊ နုံတာတို့အထိတော့ မဖြစ်သွားစေနဲ့ပေါ့။

Top 3 easy ways to free up disk space in Windows 7

1. Run Disk Cleanup Tool : Follow below steps to run Disk Cleanup Tool : - Find “Disc” by opening “Windows Explorer” - Select “Properties” by right clicking “Disc” - A new window will open, click on Disk Cleanup - Choose which files to delete from the Disk Cleanup Tool options. You have to tick the checkbox right next to the filename. 2. Turn Unused Windows Features Its better to remove Windows features that you feel you never use them or they are totally waste. Follow below steps to turn off unused Windows features : - Click “Start” and find “Control Panel” - “Control Panel” window will open, find “Programs” options under it - Simply tick the checkbox if you want particular feature or uncheck the box to disable any feature. 3. Remove Unnecessary Programs Removing unnecessary programs not only free up disk space but it also makes your Windows system to perform faster. Follow below steps to remove unnecessary programs from your computer : - Click “Start” and open “...

Gmail တွင် Facebook, Twitter ပေါင်းစပ်ထည့်သွင်းခြင်း

Facebook, Twitter, Orkut, Digg, MySpace ကဲ့သို့သော Social Networking service များအပြင် Yahoo Mail, Hotmail စသည်ကဲ့သို့သော email service များကိုလည်း gmail sidebar မှာထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Gmail sidebar မှာ ၄င်း service များကို ထည့်သွင်းအသုံးပြုဖို့ ပထမဦးစွာ ထို service (Add any gadget by URL) ကို Enable လုပ်ပေးရပါမယ်။ Add any gadget by URL ကို Enable လုပ်ခြင်း gmail login လုပ်ပြီး setting ထဲမှာ Labs ကိုရွေးပါ။ Labs သို့ရောက်လျင် Add any gadget by URL ကိုရှာပြီး enable လုပ်ပါ။ ပြီးလျှင် Save changes လုပ်ပေးပါ။ Setting ထဲတွင် Gadgets ဆိုတဲ့ Tab တစ်ခုတိုးလာမှာဖြစ်ပါတယ်။ Setting ထဲမှ Gadgets ကိုသွားပါ။ မိမိထည့်သွင်းလိုတဲ့ service ရဲ့ address ကို URL Box မှာထည့်သွင်းလိုက်သည်နှင့် Gmail ရဲ့ sidebar မှာပေါ်လာပြီး စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သက်ဆိုင်ရာ service တွေနဲ့ ပက်သက်ပြီး ထည့်သွင်းအသုံးပြုရမည့် address (URL) တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ Facebook Gadget URL http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml Twitter Gadget URL https://twitte...

Lens Flare Filter နှင့် ကစားခြင်း

ဓာတ်ပုံတွေကို Lens Flare Filter သုံးပြီး လွယ်ကူစွာ Effect ထည့်နည်းပါ။ ဒီနည်းကို တွေ့မိတာ သိပ်မကြာသေးပါဘူး။ ပညာရပ်တစ်ခုကို ကျွမ်းကျင်အောင် လိုက်စားရတာ မလွယ်လှပါဘူး။ မသိသေးတာတွေ တပုံတပင်ကြီးပါတကား။ အထူးသဖြင့် ကွန်ပျူတာလို ပညာရပ်မျိုး ပိုဆိုးပါသေးတယ်။ ဒါပေမယ့်လည်း အသေးအမွှားလေးတွေကစပြီး အဆက်မပြတ်လေ့လာသွားရင် ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်မှာသေချာပါတယ်။ Keep in Touch ပေါ့ :) ဒီနည်းလေးကိုလည်း နောင်ခါမေ့သွားရင် ဘလော့ပေါ်မှာ ပြန်ဖတ်နိုင်အောင်နှင့် သူငယ်ချင်းတွေကိုလည်း မျှဝေချင်တာကြောင့် ပို့စ်တစ်ခုအနေနှင့် sharing လုပ်လိုက်ပါတယ်။ ၁။ New Document တစ်ခုကိုခေါ်ပြီး မိမိပြုလုပ်လိုသော ပုံကိုထည့်သွင်းပါ။ ၂။ Layer အသစ်တစ်ခု (Shift+Control+N) ဖန်တီးပြီး Paint Backet Tool ဖြင့် အနက်ရောင်ဖြည့်ပါ။ ထို့နောက် အနက်ရောင် Layer ထဲသို့ Lens Flare (Filter Menu > Render > Lens Flare) ထည့်သွင်းပါ။ 50-300mm Zoom ရွေးလျှင် ပိုပြီး ကြည့်ကောင်းပါလိမ့်မည်။ 3။ Lens Flare ထည့်သွင်းထားသော အနက်ရောင် Layer ကို select ပေးပြီး Layer Belndin Mode မှ Screen ကို ရွေးပါ။ (Linear Dodge နှင့်လည်း ကစားနိုင်သည်)။ Effect ထည်...

How to solve Windows cannot configure this wireless connection problem

Windows XP Service Pack 2 ဒါမှမဟုတ် Windows XP Tablet PC Edition 2005 ကို Update လုပ်ပြီးတဲ့အခါမှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ PC ကို ပြင်ပေးတုန်းက ရလိုက်တဲ့ အတွေ့အကြုံတစ်ခုပါ။ ဘလော့ပေါ်မှာ ရေးမှတ်ထားရင်း မျှဝေလိုက်ပါတယ်။ အဲလို Wireless Network တွေကို ရှာမတွေ့ဘူးဆိုတဲ့ ပြဿနာဖြစ်လာတဲ့အခါမှာ ... Wireless Zero Configuration service WZC ကို Disable လုပ်ထားမိလို့ပါပဲ။ Enable ပြန်လုပ်ဖို့အတွက်ဆိုရင် 1. Click Start, click Run, type %SystemRoot%\system32\services.msc /s, and then click OK. 2. Double-click Wireless Zero Configuration. 3. In the Startup type list, click Automatic, and then click Apply. 4. In the Service status area, click Start, and then click OK. Via: Microsoft Help and Support

Google Fast Flip နှင့် သတင်းရှာနည်း အခြေခံ

နာမည်ကြီး သတင်းဌာနများမှ လူကြိုက်အများဆုံး သတင်းတွေကို တစ်နေရာတည်းမှာ ဖတ်ရှူ့နိုင်အောင် Google Fast Flip က လုပ်ဆောင်ပေးနေပါပြီ။ သတင်းတွေအားလုံးကတော့ Google News ပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ အရင်က Feed တွေ ဖတ်ရတဲ့ ပုံစံအတိုင်းပါပဲ။ ဒါပေမဲ့ Feed တွေယူပြီး ဖတ်တုန်းကတော့ ကိုယ့်စိတ်ကြိုက် ဘလော့တွေ၊ ၀ဘ်ဆိုဒ်တွေကို စိတ်တိုင်းကျ Customized လုပ်နိုင်ပါတယ်။ GFF မှာ ဖတ်ရှူ့သူတွေအတွက် အကျိုးရှိစေတဲ့ ရလဒ်တစ်ခုကတော့ အချိန်ကုန် သက်သာခြင်းပါပဲ။ ထိုနည်းတူစွာ ဒီပို့စ်နှင့်အတူ ကျွန်တော်ပြုလုပ်နေကျ သတင်းရှာနည်းတစ်ခုကို Sharing လုပ်ချင်ပါတယ်။ မြန်မာပြည်နဲ့ ပက်သက်တဲ့ နောက်ဆုံး Update ဖြစ်တဲ့ သတင်းတွေကို ရှာကြည့်နည်းပါပဲ။ မြန်မာပြည်သတင်းတွေကြည့်မယ်ဆို ပထမဦးစားပေးအနေနဲ့ကတော့ ဧရာဝတီ၊ ခေတ်ပြိုင် စတဲ့ ဆိုဒ်တွေမှာ အရင်ဆုံးကြည့်ပါတယ်။ အဲဒီနောက်မှာတော့ Google News ဆီသို့ ခြေဦးလှည့်ပါတယ်။ Google News Page ရဲ့ search box မှာ Myanmar သို့မဟုတ် Burma (သို့မဟုတ် မိမိရှာဖွေလိုသည့် အကြောင်းအရာနှင့် ပက်သက်သည့် စာသား) အစရှိတဲ့ keyword တွေကို ရိုက်ထည့်ပြီး ရှာဖွေခြင်းဖြစ်ပါတယ်။ ထို့နောက်မှာတော့ နောက်ဆုံးသတင်း သို့မဟုတ်ေ...

YouTube တွင် Video Playlist တစ်ခု ဖန်တီးခြင်း

ကျွန်တော်တို့ နေ့တိုင်းနီးပါး သွားလာကြည့်ရှူ့ကြတဲ့ YouTube မှာ Video Playlist တစ်ခုပြုလုပ်နည်းကို မျှဝေလိုက်ပါတယ်။ Playlist လုပ်ထားခြင်းအားဖြင့် မိမိရဲ့ဘလော့ ဒါမှမဟုတ် မိမိရဲ့ YouTube account မှာ Video တွေကို တစ်စုတစ်စည်းတည်း ဆက်တိုက်ကြည့်ရှူ့နိုင်ပါတယ်။ ထို့အတွက်ကြောင့် ဘလော့ပေါ်မှာ တင်မယ်ဆိုရင်လည်း loading space သက်သာစေမှာဖြစ်ပါတယ်။ Playlist တစ်ခု ပြုလုပ်နည်းကို အောက်ပါ Video မှ အလွယ်တကူလေ့လာနိုင်ပါတယ်။ Video ထဲမှာ Tutorial အတိုင်း လိုက်မလုပ်မီ YouTube မှာ sign up အရင်ဆုံး လုပ်ထားဖို့တော့ လိုပါလိမ့်မယ်။

အင်တာနက် ဘယ်လို အလုပ်လုပ်သလဲ

IT ခေတ်ကြီးမှာ Internet နဲ့ ပက်သက်ပြီး လူတိုင်းကြည့်ရှူ့သင့်တဲ့ Video Presentation နှစ်ခုလို့ ထင်ပါတယ်။ အလွယ်ကူဆုံး အရိုးရှင်းဆုံးပုံစံနဲ့ ရှင်းပြထားတာ ဖြစ်ပါတယ်။ စကားမစပ် ... it ဆိုတဲ့ စာလုံးကို မြန်မာစာ(ဇော်ဂျီ)လက်ကွက်နဲ့ ရိုက်ဖူးလား ? မရိုက်ဖူးရင် ရိုက်ကြည့်ပါ။ သင့်ရဲ့နာမည်ထွက်ပေါ်လာတာကို ထူးခြားစွာ တွေ့မြင်ရပါလိမ့်မည် :P

Window Vista ၏ User Account Control ကို Disable လုပ်နည်း

Window Vista တွင် Software တစ်ခုကို ဖွင့်တိုင်း ငြီးငွေ့ဖွယ်ကောင်းသော အထက်ပါ Message Box တစ်ခု အမြဲတမ်းတက်လာသည်ကို တွေ့ရပါလိမ့်မည်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီ Box တက်လာရင် အတော်လေး စိတ်ညစ်မိပါတယ်။ ကွန်ပျူတာဖွင့်ပြီး software တစ်ခုကို သုံးတိုင်းသုံးတိုင်းတွေ့နေရတော့ စိတ်ပျက်လာမိတယ်။ ဒီနေ့တော့ ဘယ်လို Turn Off လုပ်ထားတဲ့နည်းကို HowToGeek မှာ တွေ့လိုက်တော့ ပျော်သွားတယ်။ လုပ်ပုံလုပ်နည်းက လွယ်ကူပါတယ်။ Control Panel ကိုဖွင့်ပါ။ Top right corner မှာရှိတဲ့ search box မှာ UAC စာလုံးကိုရိုက်ထည့်ပါ။ User Accounts ဆိုပြီး တက်လာပါလိမ့်မယ်။ Turn User Account Control (UAC) or off ကို ကလစ်နှိပ်ပြီး တက်လာတဲ့ page မှာ check box ကို uncheck လုပ်ပေးပါ။ ပြီးလျှင် OK ပေးပြီး restart လုပ်ပါ။ စက်ပြန်တက်လာတဲ့အခါ Software တွေဖွင့်တိုင်း ငြီးငွေ့ဖွယ်ရာကောင်းသော permission တောင်းတဲ့ UAC Box ကို တွေ့ရတော့မှာ မဟုတ်ပါဘူး။

Ophcrack - Free Windows password cracker

Ophcrack is a free Windows password cracker based on rainbow tables. It is a very efficient implementation of rainbow tables done by the inventors of the method. It comes with a Graphical User Interface and runs on multiple platforms. Window xp မှာဖြစ်ဖြစ် Window Vista မှာပဲဖြစ်ဖြစ် login password မေ့သွားခဲ့ရင် ဒီ password cracker လေးကို သုံးနိုင်ပါတယ်။ သူများသုံးနေတဲ့ ကွန်ပျူတာကိုတော့ သွားမလုပ်နဲ့နော် ... ကံဆိုးပြီးတော့ အီလက်ထရောနစ် အက်ဥပဒေနဲ့ မိနေဦးမယ်။ ကျွန်တော့်အနေနဲ့ password မမေ့ဘူးသေးတော့ မစမ်းကြည့်ဖူးသေးပါဘူး။ ဒါပေမဲ့ Life Hacker မှာလည်း recommend လုပ်ထားတာဖြစ်တဲ့အတွက် မိတ်ဆွေတွေမှာ အလားတူ ပြဿနာမျိုးကြုံခဲ့ရင် သုံးနိုင်အောင်လို့ sharing လုပ်လိုက်တာပါ။ အသုံးပြုပုံ နည်းလမ်းတွေကိုတော့ Google မှာဖြစ်စေ Youtube မှာဖြစ်စေ How to Ophcrack, Ophcrack Tutorial စတဲ့ Keywords တွေနဲ့ ရှာဖွေပြီး လေ့လာကြည့်နိုင်ပါတယ်။

Window Vista ရဲ့ Desktop မှာ Recycle Bin ကို မှားဖျက်မိတယ်ဆိုရင်

ဒီပြဿနာကတော့ ကိုယ်တိုင်ကြုံတွေ့ခဲ့တာပါ။ Recycle Bin ထဲက File တွေကို ရှင်းတဲ့အခါမှာ Recycle Bin ကို right click နှိပ်ပြီး Recycle Bin ကို ရွေးရမည့်အစား မှားပြီးတော့ Delete ဆိုတာကိုရွေးမိလိုက်တာပါ။ Warning ပေးတာကိုလည်း ရုပ်တည်ကြီးနဲ့ Yes ကိုပဲနှိပ်လိုက်မိတယ် :P အဲဒီတော့ Recycle Bin ဖျက်လိုက်သလို ဖြစ်သွားရော။ Solution ကတော့ Warning message ပေးကတည်းက ပါပြီးသားပါ။ To store it later, go to Personalization in Control Panel တဲ့။ ဒါပေမဲ့ မှားပြီးဖျက်ခဲ့တဲ့အတွက် အဲဒီ messageကို ဘယ်လိုမှ ပြန်ဖတ်လို့မရတော့ဘူးလေ။ ဒါနဲ့ပဲ Goggling လုပ်လိုက်တော့ ရရှိခဲ့တဲ့ solution က အောက်ပါအတိုင်းဖြစ်ပါတယ်။ Start Button ကိုနှိပ်ပြီး Control Panel သို့ဝင်ပါ။ Control Panel ထဲရောက်ပြီဆိုရင် Appearance and Personalization ကိုရွေးပါ။ ထို့နောက် Personalization ကို ထပ်ပြီးရွေးပါ။ Personalization ကိုပြနေတဲ့ Window ရဲ့ left side မှာရှိတဲ့ Change Desktop Icons ဆိုတဲ့စာသားကို Click နှိပ်ပါ။ Desktop icon settings ဆိုပြီး window တစ်ခု ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ Window ထဲမှာ Recycle Bin ဆိုတဲ့နေရာလေးရဲ့ Check Box ကို Tick ပြန်လုပ်...

Thumbnail Images for Photoshop PSD files in Window XP and Vista

Photoshop ver.7 တုန်းက Folder တစ်ခုထဲမှာရှိတဲ့ photoshop file တွေကို browse လုပ်ရင် thumbnail view ပေါ်ပါတယ်။ ဒါပေမယ့် ver.7 နောက်ပိုင်းမှာတော့ adobe ကနေ thumbnail အတွက်ရေးထားတဲ့ dll file နဲ့ window xp conflict ဖြစ်တာကြောင့် အဲဒီ ability ကို ဖြုတ်ချလိုက်ပါတယ်။ Manually အားဖြင့် Thumbnail ပေါ်အောင် photoshop ထဲမှာပါတဲ့ Adobe Browser နှင့်လည်း ကြည့်လို့ရသလို Third party tool တွေဖြစ်တဲ့ Irfan View ဒါမှမဟုတ် Thumb View Lite တို့ကိုလည်းအသုံးပြုပြီးတော့ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် photoshop file တွေကို folder explore လုပ်ပြီး thumbnail view ကြည့်ရတာပဲ ကြိုက်တယ်ဆိုရင်တော့ အောက်ပါနည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ XP user 1. Close Photoshop 2.Download the file, photoshop_thumbnails.zip (62kb) 3. Copy psicon.dll to C:\Program Files\Common Files\Adobe\Shell - if this folder doesn't exist create it 4. Run Adobe.reg 5. You now can view PSD files in Thumbnails view within Windows Explorer. Vista user 1. Close Photoshop 2. Download the file, photoshop_thumbnails.zip (62kb) 3. Copy psicon.dll to C:\...

How to put WebMinster Player in your blog

Mp3 player တစ်ခုကို ဘလော့မှာထည့်သွင်းပြီး လာလည်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကို အပန်းဖြေခိုင်းရအောင် :) အခုအသုံးပြုမည့် mp3 player ကတော့ WebMinster player ဖြစ်ပါတယ်။ source file တွေကို ဒီမှာ download လုပ်ယူပါ။ Download လုပ်ထားတဲ့ zip file ကို unzip လုပ်လိုက်ရင် file 4 ခုကို တွေ့ရပါလိမ့်မယ်။ ပထမဦးစွာ webplayer ဆိုတဲ့ swf file ကို hotlinking (direct link) ရတဲ့ hosting တစ်ခုမှာ တင်ပေးရပါမယ်။ free ရတဲ့ထဲမှာ အဆင်ပြေဆုံးကတော့ pages.google.com ပါပဲ။ google ကနေ မိမိရဲ့ file တွေ၊ အသေးစား webpage တွေကို တင်ဖို့ free ပေးထားတဲ့နေရာပါ။ google page မှာ upload stuff ဆိုတဲ့နေရာကိုသွားပြီး webplayer ဆိုတဲ့ file ကို upload လုပ်ပေးပါ။ upload လုပ်ပြီးတဲ့နောက်မှာရလာမည့် webplayer ရဲ့ address သည် http:// yourname .googlepages.com/webplayer.swf ဆိုပြီး ဖြစ်ရပါမည်။ webplayer ကို upload လုပ်သလိုပဲ မိမိထည့်သွင်းမည့် သီချင်းကိုလဲ upload လုပ်ပေးပါ။ upload လုပ်ပြီးရလာမည့် song file ရဲ့ url သည် http:// yourname .googlepages.com/ yoursong.mp3 ဖြစ်ရပါမည်။ အဲဒီနောက်မှာတော့ unzip လုပ်ထားတဲ့ folder ထဲက quickstart ဆိုတဲ့ ...

Essential Sites for Tips and How-To’s

Update mashable မှာပါတဲ့ how-to's sites တွေအပြင် လိုအပ်နေတဲ့ တခြား sites တွေကို Web Tech Daily ကထပ်ပြီး ဖြည့်စွက်ပေးထားပါတယ်။ How to websites by Web Tech Daily အင်တာနက်စာမျက်နှာပေါ်မှာ Tips and How-To's sites တွေဟာ အရမ်းအရေးပါတဲ့ အခန်းတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ ဘယ်ဘာသာရပ် ဒါမှမဟုတ် ဘယ်အကြောင်းအရာကိုပဲ လေ့လာလော့လာ မရှိမဖြစ်သွားရောက် ဖတ်ရှူ့သင့်တဲ့ Web sites များဖြစ်ပါတယ်။ ဟင်းချက်နည်းကစပြီး နည်းပညာပိုင်းအဆုံး စုံစုံလင်လင် လေ့လာမှတ်သားနိုင်ပြီး ကိုယ်တိုင်လက်တွေ့ကျကျ ပြုလုပ်နိုင်ပါတယ်။ တစ်ချို့ site တွေက Video Tutorial တွေနဲ့ ရှင်းပြထားတာဖြစ်တဲ့အတွက် လေ့လာသူတွေအနေနဲ့ ပိုပြီး အဆင်ပြေပါတယ်။ အခုလည်း popular social networking site တစ်ခုဖြစ်တဲ့ mashable ကနေ ပြုစုပေးထားတဲ့ 10 Essential sites for Tips and how-to's ပို့စ်လေးကို မိတ်ဆွေ သူငယ်ချင်းများသို့ မျှဝေလိုက်ရပါတယ်။ Read more on Mashable!

How to increase your Wi-Fi by Mark Erickson

ကြံကြံဖန်ဖန် တွေ့လည်း တွေ့တတ်တယ်။ 3G Tech ပါတဲ့ Phone နဲ့ စမ်းကြည့်လိုက်တော့ တကယ် အလုပ်လုပ်တာ တွေ့ရပါတယ်။ မိတ်ဆွေတို့လည်း စမ်းကြည့်နိုင်အောင်လို့ မျှဝေလိုက်ပါတယ်။

Adding a top of page icon link in blog

Blog တိုင်းမှာ ထည့်သွင်းထားသင့်တဲ့ Link Icon တစ်ခုလို့ ထင်ပါတယ်။ ကိုယ့်ဘလော့ရဲ့ ပို့စ်တွေကို reader တွေ ဖတ်ရင်း Blog Page ရဲ့ အောက်ဆုံးကို ရောက်သွားတဲ့အခါမှာ top of the page ကို ပြန်သွားနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ကျွန်တော့် Blog ရဲ့ bottom-right hand corner မှာ ထည့်သွင်းထားတာကို တွေ့မြင်နိုင်ပါတယ်။ ထည့်သွင်း အသုံးပြုပုံကတော့ အရမ်း လွယ်ကူပါတယ်။ Blogger မှာ sign in လုပ်၊ layout page ကိုသွားပြီး Add a page element ကို ရွေးရပါမယ်။ Element list ထဲကနေ HTML/Javascript ကိုရွေးပြီး အောက်ပါ coding ကို ထည့်သွင်းပေးလိုက်ရုံပါပဲ။ <a style="display:scroll;position:fixed;bottom:5px;right:5px;" href="#" title="Back to Top"> <img src="http://farm3.static.flickr.com/2112/2424600997_f0ef13d47b_o.gif"/></a> Source : Blogger Buster

Tilt-Shift Photography

Before After ဒီလို effect ပုံစံကို ဓာတ်ပုံပညာ အခေါ်အဝေါ်အရ Tilt Shift technique လို့ခေါ်ကြောင်း မှတ်သားရပါတယ်။ ဓာတ်ပုံ နှင့် Design ပညာလေ့လာနေသူတွေအတွက်တော့ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ အဆင့်မြင့် Digital Camera တွေမှာသုံးတဲ့ Tilt Shift Lens တွေဟာ အင်မတန် ဈေးကြီးပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့လို အပျော်တမ်း ကင်မရာသမားတွေအတွက် ဒီလို effect မျိုးကို Len တွေမလိုဘဲ Photoshop သိရုံနဲ့ ဖန်တီးလုပ်ယူနိုင်ပါတယ်။ အရိုးရှင်းဆုံးပြောမယ်ဆိုရင် ဓာတ်ပုံတစ်ပုံမှာ လိုချင်တဲ့ Focus ကို ချန်ထားပြီး ကျန်တဲ့အပိုင်းတွေကို Blur လိုက်တာပါပဲ။ Tutorial ကို ဒီနေရာ မှာ လေ့လာနိုင်ပြီး examples တွေကို ဒီမှာ ကြည့်ရှူ့နိုင်ပါတယ်။ Tags: tilt shift photography , tilt shift , photoshop , photography

What is Baseline Shift in Photoshop?

The baseline is the imaginary line on which most letters in a front rest. (Some letters extend well below the basline, such as g, j, p, q, and y; others extend slightly below the baseline, such as e and o) shifting a letter above the baseline creates superscript and below the baseline creates subscript. Baseline shift ဆိုတာကတော့ superscript, subscript လုပ်တဲ့ ပုံစံပါပဲ။ ဒါပေမဲ့ အကွာဝေးကို ကိုယ်တိုင် စိတ်ကြိုက်သတ်မှတ်နိုင်တာလေးတစ်ခု ပိုလာပါတယ်။ စာသားနှစ်ကြောင်းကို အပေါ်အောက်ကပ်ပြီး shiny floor ပုံစံလုပ်တဲ့အခါမှာ base line ပေါ်မှာရှိတဲ့စာသားတွေပဲ ဆိုရင် ပြဿနာ သိပ်မရှိပေမဲ့ base line ကိုကျော်လွန်တဲ့စာလုံးတွေ (q,y, etc) ပါလာပြီဆိုရင် character တွေရဲ့ Baseline Shift မှာ သွားပြင်ပေးဖို့လိုပါတယ်။ နံပါတ် ၁ ပုံမှာဆိုရင် ကျန်တဲ့စာလုံးတွေအားလုံး အဆင်ပြေပြီး y ဆိုတဲ့စာလုံးက ဒုက္ခပေးနေတာ တွေ့ရပါလိမ့်မယ်။ နံပါတ် ၂ မှာကျတော့ y အတွက် အဆင်ပြေသွားပေမဲ့လည်း ကျန်တဲ့စာလုံးတွေက အရမ်းကွာဟနေပြီး ပုံစံသိပ်မလှတော့ပဲဖြစ်သွားပါတယ်။ နံပါတ် ၃ ကတော့ အဆင်ပြေဆုံးပါ။ ဘာလို့လည်းဆိုတော့ y ဆိုတဲ့ စာလုံးကို select ပေးပြီး Bas...