Skip to main content

Posts

Showing posts with the label လန်ဒန်မြို့ စာပေဟောပြောပွဲ

လန်ဒန်မြို့စာပေဟောပြောပွဲ - ဒုတိယအကြိမ်

ဗုဒ္ဓ ဓမ္မ ရသစာပေ ဓမ္မနှင့် တည်ဆောက်မယ့် အနာဂတ် ကမ္ဘာ တိပိဋကဓရဆရာတော် အရှင်ဂန္ဓမာလာ လင်္ကာရ နေရာ - St. Agnes Center Gillingham road Cricklewood NW2 1RL နေ့ရက် - ဇန်နဝါရီလ (၂) ရက်၊ တနင်္ဂနွေနေ့ အချိန် - မွန်းလွဲ (၃) နာရီမှ (၅) နာရီထိ -- မည်သူမဆိုအခမဲ့တက်ရောက်နားထောင်နိုင်ပါသည်။ ကောင်းကင် (နိုင်ငံပြု အနုပညာမဂ္ဂဇင်း) မှ စီစဉ်တင်ဆက်သည်။

ဆရာမဒေါ်နုနုရည် (အင်းဝ) ၏ စာပေဟောပြောပွဲ

ဆရာမဒေါ်နုနုရည် (အင်းဝ) မနေ့က ဆရာမဒေါ်နုနုရည် (အင်းဝ)၏ စာပေဟောပြောပွဲ ပြုလုပ်ရာ SOAS University သို့ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်ရောက်တော့ အခမ်းအနားက စတင်နေနှင့်ပါပြီ။ သို့ပေမဲ့ မှီရာနေရာကနေ ဆက်လက်နားထောင်ဖြစ်ပါတယ်။ ဆရာမရဲ့ အမာခံပရိသတ်အတော်များများအပြင် စာပေဝါသနာပါသူ လူငယ်များတက်ရောက်ကြတာတွေ့မြင်ရပါတယ်။ ဆရာမမှ သူ့ရဲ့ဘဝဇာတ်ကြောင်း၊ စာရေးဆရာမဖြစ်လာပုံ နှင့် စာပေလောကအတွေ့အကြုံများကို ရှင်းလင်းပြောကြားပါတယ်။ ဆရာမပြောပြတဲ့ထဲမှာ သူ လူ့လောကထဲရောက်ရှိလာပုံကတော့ အင်မတန်ဝမ်းနည်းအံ့သြဖို့ကောင်းလှပါတယ်။ သူ့ရဲ့အဘွားပေးခဲ့ရတဲ့အသက်နဲ့ ရှင်ခဲ့ရတာဖြစ်ကြောင်း ငယ်စဉ်ကတည်းကပဲ အဖိုးအဖွားလက်ပေါ်မှာ ကြီးပြင်းလာရကြောင်း၊ အဖိုးနှင့်အဖွားပုံပြောပြီဆိုလျှင် အဖိုးပြောသောပုံပြင်များမှာ စိတ်ဝင်စားမှုနှင့် ဆွဲဆောင်မှုရှိကြောင်း အဘယ်ကြောင့်ဆိုသော် အဖိုးမှာ စာပေဖတ်ရှု့လေ့လာသူဖြစ်ကြောင်း စိတ်ဝင်စားဖွယ် ရှင်းပြခဲ့ပါတယ်။ လူငယ်တို့ကို "ဘယ်စာဖတ်ဖတ် ကြိုက်တဲ့စာသာဖတ်ပါ။ စာဖတ်အားများလာပြီးလျှင် ကိုယ်ရွေးခြယ်သင့်တဲ့ စာပေကို အမှန်တကယ်ရွေးခြယ်လာနိုင်လိမ့်မယ်ဖြစ်ကြောင်း" လူငယ်များ စာပေဖတ်ရှု့ရေးကို အားပေးဟောပြောသွားပါသေးတယ်။...