Skip to main content

Posts

Showing posts with the label Mandalay

Sharing: ရတနာပုံ ဒိုင်းမွန်းပလာဇာ ဖွင့်တော့မည်

မန္တလေးမြို့ မီးဘေးသင့်သွားသော ရတနာပုံဈေးနေရာတွင် တည်ဆောက်ပြီးစီးခဲ့သော ရတနာပုံဒိုင်းမွန်းပလာဇာအား ၂၀၁၁ခုနှစ် စက်တင်ဘာ ၅ရက်တွင် ဖွင့်လှစ်မယ်လို့ သိရပါတယ်။ ရတနာပုံ စူပါစင်တာနှင့် ရတနာပုံ ဒိုင်းမွန်းပလာဇာရယ်လို့ ၂မျိုးပြန်လည်တည်ဆောက်ပြီးချိန်မှာတော့ ရတနာပုံဒိုင်းမွန်းပလာဇာကို မကြာမီ ဖွင့်လှစ်တော့မှာပါ။ ရတနာပုံစူပါစင်တာကတော့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပြီး ရတနာပုံဒိုင်းမွန်းစင်တာကတော့ ပြင်ပကုမ္ပဏီက တာဝန်ယူတည်ဆောက်ပြီး စီမံခန့်ခွဲသွားမှာပါ။ Via: OurMandalay.net

တို့ရဲ့မန်းမြေမှာ

ရွှေမန်းမြေ သာပေရဲ့လား။ တို့ဌာနေ ကျုံးရေ အလှနဲ့ သာပေစွ တကား။ ရွှေမန်းမြေ စည်ပေရဲ့လား။ တို့ရဲ့မြေ ၀ါရွှေ အလှနဲ့ စည်ပေစွ တကား။ ရွှေမန်းမြေ ဖြိုးဝေရဲ့လား။ တို့မန်းမြေ အိမ်ခြေ အလှနဲ့ ဖြိုးဝေစွ တကား။ ရွှေမန်းမြေ ခါတစ်ခေါက် လာရောက်လို့ လည်လှည့်ပါ။ ဘ၀င်မှာ ကြည်ရွှင်လန်းလို့ မြင်ဆန်းစေမှာ။ တို့ရဲ့ မန်းမြေမှာ သာသနာ ကွန့်မြူး။ တို့ရဲ့ ဌာနေမှာ မြင်မြင်တကာ ကြည်နူး။ ရှေးအမွေ နန်းပြသာဒ်တို့ သပ်ရပ် တင့်ထူး။ ။ သိပ္ပံ စိုးမြင့်နိုင် အတွဲ ၄၁၊ အမှတ် (၁)၊ မြ၀တီ မဂ္ဂဇင်း ၁၉၉၂ နိုဝင်ဘာလ ကဗျာလေးကိုဖတ်ပြီး မန္တလေးကျုံးကြီးအကြောင်း၊ အိမ်ခြံမြေတွေအကြောင်း နှင့် သာသနာအကြောင်း နည်းနည်းရေးချင်လာတယ်။ အုတ်တွေမခင်းမှီ အရင် ကျုံးကြီးကတော့ မျက်စိထဲမှာ ပိုပြီး ကြည့်လို့ကောင်းသလိုပဲ။ အုတ်တွေခင်းလိုက်တာ မျက်စိထဲမှာ ကြည့်ရတာ တစ်မျိုးဖြစ်သွားတယ်။ ဘာပဲပြောပြော ကျုံးကြီးနဲ့ မန္တလေးတောင်ကြီးကို (၂၆ဘီလမ်း ဒေါင့်ကနေ) တွဲဖက်ပြီး မြင်ရတဲ့ မြင်ကွင်းက စိတ်ကြည်နူးသွားတာ အမှန်ပဲ။ အုတ်ခင်းတယ်ဆိုတာ ခေတ်မီပေမဲ့ ရှေးဟောင်းအမွေအနှစ်တွေကိုတော့ အုတ်တွေနဲ့အစားထိုး ပြုပြင်လိုက်တာဟာ လုံးဝ မှားတယ်လို့ ထင်တယ်။ ဥပမာ ... ဥ...

ဂုဏ်ယူပါသည် Yadanarbon FC

အခုရက်ပိုင်း အောင်ပွဲရ Yadanarbon FC အသင်းနှင့် ပက်သက်တဲ့ သတင်းတွေ အင်တာနက် စာမျက်နှာတွေပေါ်မှာ တွေ့နေရသဖြင့် မန္တလေးသားတစ်ယောက်အနေဖြင့် ဂုဏ်ယူဝမ်းသာမိပါတယ်။ ရန်ကုန်ကနေ အောင်ပွဲခံပြီး ပြန်လာတဲ့ အသင်းဟာ မန္တလေးကို အခုချိန်မှာ ရောက်ရှိနေလောက်ပါပြီ။ မန္တလေးမြို့တစ်မြို့လုံးလည်း အောင်ပွဲခံအသင်းကိုကြိုဆိုဖို့ရာ အသင်းရဲ့ အင်္ကျီဖြစ်တဲ့အပြာရောင်တွေဝတ်ဆင်ထားကြတယ်လို့ သိရပါတယ်။ အသင်းအတွက် Website ရေးဆွဲပေးထားတဲ့ ချမ်းမင်းမောင် ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီပို့စ်နှင့်အတူ Yadanarbon FC အသင်း အဓွန့်ရှည်တိုးတက်ဖို့နှင့် အနာဂတ်မှာ အောင်ပွဲများစွာ ရယူပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။

မန္တလေးမှာ အိမ်ခြေ ၂၅၀ကျော် ပါသွားတဲ့မီး

ဓာတ်ပုံ - အောင်ချမ်းလင်း ကျန်တဲ့ပုံတွေကို ဒီနေရာမှာ ဆက်လက်ကြည့်ရှူ့ပါ အကယ်ဒမီပေးပွဲအပြီးမှာ မန္တလေးကနေပြီး ဆုတွေအများကြီးရတဲ့အတွက် မန္တလေးသားတစ်ယောက်အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်နေချိန်မှာပဲ မန္တလေးနဲ့ပက်သက်ပြီး စိတ်မကောင်းစရာ သတင်းတစ်ခုကို ဒီနေ့ကြားသိခဲ့ရပြန်ပါတယ်။ မနေ့က မန္တလေး မြရည်နန္ဒာမြို့သစ်ဘက်မှာ မီးလောင်ကျွမ်းခဲ့ပါတယ်။ အိမ်ခြေ ၂၅၀ ကျော် ပါသွားတယ်လို့ စိတ်မကောင်းစွာ ကြားသိရပါတယ်။ လူအသေအပျောက်ရှိတယ်လို့လည်း သိရပါတယ်။ နွေရောက်မယ်လို့ စရုံလေးပဲ ရှိသေးတယ်။ ဟူး .... ဒီသတင်းအတွက် ညီလေး အောင်ချမ်းလင်း ကို ကျေးဇူးတင်ပါတယ်။

ရွှေမန်းနှစ်တစ်ရာ ခေတ်အခါ

သက္ကရာဇ် ၁၂၂၁ ခုနှစ်က အုတ်ကျစ်ကျော်အေး မန္တလေးလို့ စာဆိုရှိတဲ့ မန္တလေးရွှေမြို့တော်ကြီးဟာ ၁၃၇၁ ခုနှစ်မှာ နှစ်ပေါင်း ၁၅၀ သက်တမ်းသို့ ရောက်ရှိတော့မှာဖြစ်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် ၂၀၀၉ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ပေါ့။ ထို့အတွက် ပြင်ဆင်ခြင်းနှင့် အတူ မန္တလေးအမှတ်တရ ဆောင်းပါးများ၊ ဓာတ်ပုံပြိုင်ပွဲများ၊ ရာပြည့်ပွဲတော်များကိုလည်း မန္တလေး ရွှေမြို့တော်ကြီးမှာ ကြိုတင်ပြင်ဆင်ကျင်းပနေကြပြီ ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။ ဒီပုံကတော့ ယခုလက်ရှိ နှစ် ၁၅၀ ပြည့်အကြိုအတွက် ထုတ်ဝေထားတဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်၏ မျက်နှာဖုံးနှင့် နောက်ကျောဖုံး ပုံစံပါ။ လက်ရှိတော့ ကျွန်တော်မှာ မရှိသေးပါဘူး။ ရခဲ့လျှင်တော့ ပြန်လည်မျှဝေပေးသွားပါမယ်။ အလားတူစွာ မန္တလေး နှစ် ၁၀၀ ပြည့်ပွဲတော်တုန်းက ထုတ်ဝေခဲ့တဲ့ " ရွှေမန်းနှစ်တစ်ရာ ခေတ်အခါ " ဆိုတဲ့ အဖိုးတန် ရှေးဟောင်းဆောင်းပါးလေးကိုလည်း နှစ် ၁၅၀ ပြည့်တော့မည့် မန္တလေးကို ကြိုဆိုရင်း အမှတ်တရအဖြစ် မန္တလေးချစ်သူများသို့ မျှဝေလိုက်ရပါတယ်။ ဒီဆောင်းပါးလေးကို ပေးပို့တဲ့ ကိုဘိုဘိုလမ်းစဉ် ကိုလည်း ဒီနေရာမှတစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ။ စကားအညွှန်း ဤစာအုပ်ကို ထုတ်ေ...

မန္တလေးမြို့ရဲ့ Great Wall

Great Wall ဆိုတာ မန္တလေးမြို့ ရတနာပုံဈေးအနီး ဇောတိကလမ်း နှင့် ၃၃ လမ်းကြားမှာ အသစ်ဖွင့်လှစ်မည့် Shopping Center ရဲ့နာမည်ဖြစ်ပါတယ်။ အဲဒီ Shopping Mall ကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်ခန်းပေါင်း ၂၁၂ ခန်းပါဝင်ပြီး RC ခြောက်ထပ်အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ ဓာတ်လှေကား နှစ်စင်း၊ ရွေ့လျားစက်လှေကား ရှစ်စင်း၊ ခန်းလုံးပြည့် လေအေးပေးစက်များနှင့် ၂၄နာ၇ီ လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ထားကြောင်းလည်း သိရပါတယ်။ လုံခြုံရေးနှင့် မီးဘေးအတွက် အရေးပေါ်ထွက်ပေါက်များ၊ ဂါလန် နှစ်သောင်းဆံ့ မီးသတ်ရေလှောင်ကန်နှင့် ရေငုတ်များ၊ အရေးပေါ် အချက်ပေးစနစ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။ Great Wall Shopping Center ကို ယခင် ရတနာပုံဈေး ပထမထပ်ရှိ မီးလောင်ကျွမ်းခြင်းခံခဲ့ရတဲ့ Sky Walk Shopping Center ပုံစံ ဆောက်လုပ်ထားတာဖြစ်တယ်လို့ တာဝန်ယူပြီး ဒီဇိုင်းဆောက်ရွက်နေတဲ့ ဗိသုကာပညာရှင် ဦးဇင်မင်းဆွေက ဆိုထားပါတယ်။ မီးလောင်ကျွမ်းသွားခဲ့တဲ့ ယခင် ရတနာပုံဈေးကိုလည်း ကျပ် သန်း ၄၅၀ ကျော် အကုန်အကျခံပြီး နာမည်အသစ်အနေဖြင့် ရတနာပုံဆူပါစင်တာနှင့် ဒိုင်းမွန်းပလာဇာဆိုပြီး အသစ်ထပ်မံ တည်ဆောက်သွားမည်ဖြစ်ပြီး သုံးနှစ်အတွ...

သို့ ... ဆရာဆူးငှက် နှင့် ဆရာနေ၀င်းမြင့်

တိမ်ယံအိမ်မက်မိုးထက်နာရီ ဝတ္ထုရှည်ဖြင့် ၂၀၀၇ ခုနှစ် အမျိုးသားစာပေဆု ရရှိခဲ့သော ဆရာဆူးငှက် (မန္တလေး) နှင့် အိမ်ကလေး ၁၆လုံး ၀တ္တုတိုစာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိခဲ့သော ဆရာနေ၀င်းမြင့်(မန္တလေး)တို့ကို မန္တလေးသားတစ်ယောက် အနေဖြင့်လည်းကောင်း၊ ကွယ်လွန်သွားသော မေမေ(ဒေါ်အေးအေး) ကိုယ်စားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ လေးစားစွာဖြင့် ဖိုးချမ်း (ခ) ချမ်းမြစိုး Credit : ဆြာဘ Related post : ဂုဏ်ယူပါတယ် မချောအိမာန် (မန္တလေး)

MANDALAY ICON MAGAZINE

Mandalay Icon Magazine ဒီနေ့ အင်တာနက်မှာ ဟိုဟိုဒီဒီသွားလာရှာဖွေရင်း မန္တလေးအလွမ်းပြေဖတ်လို့ရတဲ့ မဂ္ဂဇင်း website တစ်ခုကို သွားတွေ့တယ်။ မန္တလေး အခြေစိုက် Regent Group က တည်ထောင်ထားတဲ့ Website တစ်ခုဖြစ်ပါတယ်။ ဒီနှစ်ထဲမှာစတင်လွှင့်တင်တာဖြစ်ပြီး Volume အရပြောရင် Volume 1 လောက်ပဲရှိပါဦးမယ်။ ဒါပေမဲ့ ပါဝင်တဲ့အကြောင်းအရာတွေကတော့ စိတ်ဝင်စားဖွယ်ရာကောင်းလှပါတယ်။ ဥပမာ ညီစေမင်းရေးသားတဲ့ မန္တလေး နှစ် ၁၅၀ အကြို ဆောင်းပါးတစ်ခုဖြစ်တဲ့ ကူးသည့် လသင်းဇံ ၊ စိန်မြင့် (ရွှေချည်ထိုး) ၏ မင်းနှစ်ပါးညီနောင် လ၀ါခေါင် ၊ ဦးကျော်ရင်မြင့်၏ သရဖီရနံ့သင်းပျံ့တဲ့ သခင်မတောင် ၊ အယ်ဒီတာကြီး မချောအိမာန် (မန္တလေး)၏ မန္တလေးမုန့်တီ (ဗိုက်တောင်ဆာလာပီ :P)၊ မောင်ကိုကို (အမရပူရ) ၏ မန္တလေးစက်ဘီး နာမည်ကြီးတယ် စတဲ့ မန္တလေးအလွမ်းပြေ ကဗျာလေးတွေအပြင် Photo Album ကဏ္ဍမှာပါဝင်တဲ့ ဒါးတန်းဦးသန့် (၁၉၀၇-၁၉၈၈) ၏ ၁၉၆၀ ၀န်းကျင်က ရိုက်ကူးထားသော မန္တလေးမြို့ လူနေမှုနဲ့ရှူ့ခင်းဓာတ်ပုံတွေ ကိုလည်း တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ အင်တာဗျူး ကဏ္ဍမှာတော့ ရုပ်ရှင်ဗွီဒီယိုလောကမှာ နာမည်ရလာတဲ့ သူငယ်ချင်းကြီး ရဲတိုက်နှင့် တွေ့ဆုံမေးမြန်းခန်း ကို တင်ဆက်ထားပါတယ်။ ကျွန်တော့်အတ...

Congratulations U Myo!

" အနာဂတ်မှာလည်း အောင်မြင်မှုတွေ ဆက်တိုက် ပိုင်ဆိုင်နိုင်ပါစေ " ဒါပေမဲ့ ခင်လို့ တစ်ခုတော့ ပြောပါရစေ ဦးမျိုး " အရေးကြီးတဲ့ လူမှုရေးကိစ္စတွေအတွက် အချိန်ပေးတတ်အောင် ကြိုးစားပါဦး"

ဂုဏ်ယူပါတယ် မချောအိမာန် (မန္တလေး)

မန္တလေးမှ လူငယ်စာရေးဆရာမတစ်ဦးလည်းဖြစ် မိတ်ဆွေတစ်ဦးလည်းဖြစ်တဲ့ မချောအိမာန် (မန္တလေး) သည် " မန္တလေးကို ပျံသွားသလား " ၀တ္တုတိုဖြင့် ၂၀၀၈ ရွှေအမြုတေ စာပေဆုရရှိ ထိုက်ထိုက်တန်တန် ရရှိသွားကြောင်း ကြားသိရသည့်အတွက် ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မချောအိမာန်(မန္တလေး) ကျန်းမာချမ်းသာစွာဖြင့် စာတွေဆက်လက်ရေးသားနိုင်ပြီး အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ အောင်မြင်မှုတွေရပြီးပြီဆိုတော့ နောက်ထပ်ရဖို့ တစ်ခုပဲ ကျန်ပါတော့တယ် အစ်မရေ ... လက်ဖွဲ့ ပြင်ထားလိုက်ရတော့မလား :P ဒီသတင်းအတွက် ဆြာဘ ကို ကျေးဇူးတင်ရှိပါတယ်။ Related post : ရဲတိုက် သို့မဟုတ် တောင်ကြီးသားတစ်ယောက်

Bookstalls under Waterloo bridge

Waterloo Bridge ရဲ့အောက်မှာ တည်ရှိပြီး စာအုပ်ကောင်းတွေရော အဟောင်းတွေရော ဈေးချိုချိုနဲ့ ၀ယ်လို့ရနိုင်တဲ့နေရာလေးတစ်ခုပါ။ စာအုပ်တွေအပြင် ပန်းချီကားတွေကိုလည်း ရောင်းချနေတာ တွေ့ရပါတယ်။ စာဖတ်ဝါသနာပါသူ၊ စာအုပ်စုဆောင်းသူတွေအတွက် အကြိုက်တွေ့စရာနေရာလေးတစ်ခုပါ။ ဒီစာအုပ်ဈေးလေးကို မြင်တော့ ကျွန်တော်တို့ ရွှေမန္တလေးရဲ့ ဈေးချိုညဈေးတန်းကိုလည်း သတိရမိတယ်။ ဈေးချိုညဈေးတန်းမှာလည်း စာအုပ်အဟောင်းတွေကို ဈေးပေါပေါနဲ့ ရှာဖွေဝယ်ယူလို့ရပါတယ်။ စာဖတ်ဝါသနာပါသူတွေအတွက် စာအုပ်တိုက်တွေ စာအုပ်ဆိုင်တွေမှာ စာအုပ်ရှာလို့မရတော့ရင် ဈေးချိုညဈေးတန်းကို ပြေးရပါတယ်။ အဲဒီမှာမှ မရရင်တော့ ရဖို့ရာ သိပ်ပြီး မသေချာလှတော့ပါ။ ကွန်ပျူတာသင်တန်းတက်တုန်းက သူငယ်ချင်းတွေနဲ့အတူ ညဘက် ဗိုက်ဆာရင် ဈေးချိုညဈေးတန်းဘက်ကို သွားပြီး မုန့်စားကြတယ်။ ညဈေးတန်းမှာ အကြိုက်ဆုံးကတော့ ၀က်သားဒုတ်ထိုး။ ဆိုင်နာမည်က ဦးလေးကြီး။ တစ်ခါတစ်ခါစားရင် အဆုံးမသတ်နိုင်ပဲ ဈာန်ဝင်သွားပြီး ရှစ်ရာ တစ်ထောင်ဖိုးလောက် ထိရောက်ရောက်သွားတယ်။ ရောက်လဲ ရောက်သင့်ပါတယ် ... အသီးမှာ သရက်၊ အသားမှာ ၀က် မဟုတ်လား။ နောက်တစ်ခုကျန်တာက အသားမှာ လက်ဖက်။ ဈေးချိုဘက်ရောက်လို့ လမ်းကြုံရင် သူ...

မန်းဘလော့ မိတ်ဆက်

အခုတလော ဘာရယ်ကြောင့်မသိ စိတ်ထဲမှာ နည်းနည်းထွေနေတာရယ်၊ ကွန်ပျူတာ ခဏခဏပျက်နေတာရယ်ကြောင့် ဘလော့ကို နေ့တိုင်းလည်း Update မလုပ်ဖြစ်၊ သူများဘလော့တွေကိုလည်း သွားမဖတ်ဖြစ်ဘူး။ ဒါပေမဲ့ ၀ါသနာတူတဲ့ ဘော်ဒါတွေနှင့် မန္တလေးဘလော့တွေကိုတော့ ရောက်ဖြစ်ပါတယ်။ အခုလည်း မန္တလေးက သူငယ်ချင်းတစ်ယောက်ရဲ့ ဘလော့ကိုဖတ်မိရင်း ဒီပို့စ်လေး ဖြစ်လာတာပါ။ သူ့ဘလော့မှာတော့ ဒီလိုဖော်ပြထားပါတယ်။ ဘလော့နာမည် - လွမ်းတယ် မန်းရယ် ရေးသားသူ - ကိုပေါက်ကျိုင်း (SG) - မြန်မာပြည်မှ ခြင်္သေ့မြို့ဆီ အလုပ်လာလုပ်သော ငနဲလေး အရေးအသား ရှင်းလင်းပြီး ထိထိရောက်ရောက်ရှိလှပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် သွားရောက် ဖတ်ရှူနိုင်ပါတယ်။ စကားမစပ် ... ကျွန်တော် တစ်ပတ်၊ ဆယ်ရက်လောက် ပျောက်နေပါလိမ့်ဦးမယ်။ အကြောင်းကတော့ ကွန်ပျူတာ ကလိခြင်း များလွန်းသွားပြီး Service Center သို့ သွားရောက်ပို့ထားရမည့် အတွက်ကြောင့်ဖြစ်ပါတယ်။ ကြုံရာအရပ်မှ အင်တာနက် တက်ဖြစ်ခဲ့ရင်တော့ ပြန်ပြီး ဆက်သွယ်ပါ့မယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ အစဉ်လေးစားလျှက် CMS

ရွှေမန္တလေးတွင် ရှေးဟောင်းဘုရားများ ပေါ်ထွက်လာ

မန္တလေးမှ သူငယ်ချင်း နှစ်ကူး ဆီကနေ ဒီနေ့ email တစ်စောင်ကို ရရှိခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ ရွှေမန္တလေးမှာ ရှေးဟောင်းဘုရားတွေ ပေါ်ထွက်လာတဲ့ အတွက်ကြောင့်ပါ။ ပေါ်ထွက်လာတဲ့ ရှေးဟောင်းဘုရားတွေအကြောင်း သူဖော်ပြထားသလောက်ကတော့ ... မန်းလေးမှာ ဘုရားနှစ်ဆူပေါ်လာတယ်။ နှစ်ရက်လောက်ရှိပြီတဲ့။ ဒီနေ့သွားကြည့်လာခဲ့တယ်။ ၃ ဆူပေါ်တာ ၂ ဆူပဲဆယ်လို့ရတယ်။ တစ်ဆူက ပြန်ပျောက်သွားတာတဲ့။ မြစ်လယ်မှာပေါ်တာ။ အဲ့ဒီကိုသွားချင်ရင် ၄၁လမ်း အနောက်ထဲ တန်းတန်းဆင်းတွားရင်ရောက်ပြီ။ မြစ်ဆိပ်က ရန်မျိုးလုံ ဆုတောင်းပြည့်မြတ်စွာဘုရားမှာ ခေတ္တစံပါယ်နေတယ်။ ဘုရား တစ်ဆူက ထုထည်အကြီးကြီးပဲ။ နောက်တစ်ဆူက ဟိုတစ်ဆူထက်တော့ နည်းနည်းသေးတယ်။ ရှေးဟောင်းဘုရားလို့တော့ ပြောတာပဲ။ ဓါတ်ပုံရိုက်လာခဲ့တယ်။ အဝေးရောက် သူငယ်ချင်းများအားလုံး ဖူးကြဖို့အတွက်... သူငယ်ချင်း နှစ်ကူးလိုပဲ ကျွန်တော်လဲ ဘုရားများကို သူငယ်ချင်းများအားလုံး ဖူးမျှော်နိုင်ဖို့ရာ ဓာတ်ပုံများကို blog မှတဆင့် ပြန်လည်ဝေမျှလိုက်ရပါတယ်။ ဓာတ်ပုံတွေပို့ပေးတဲ့ နှစ်ကူးကိုလဲ အထူးကျေးဇူးတင်ပါတယ်။ ဘုရားတွေပေါ်ထွက်လာခြင်းနှင့်အတူ နိမိတ်တွေ၊ တဘောင်တွေလည်း ပေါ်လာပါလိမ့်ဦးမည်။

ဓမ္မပါရမီမှ သဘာဝပါရမီ ဖြည့်ခြင်း

မစိုးရိမ် ဆရာတော်ဘုရားကြီး ဦးကောဝိဒ ဘိဝံသ ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း

အမေရိကန်ပြည်ထောင်စု New York ပြည်နယ်မှာ သတင်းသုံးနေထိုင်နေတဲ့ သာသနာ့အာဇာနည် မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒ ဘိဝံသ သည် ဧပြီလ ၂၉ ရက်နေ့ တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။ ရပ်ဝေး ရပ်နီးမှာ ဆရာတော်ဘုရားကြီး၏ တပည့် ဒါယိကာ ဒါယိကာများ သိစေဖို့ရာ သတင်းပါးလိုက်ရပါတယ်။ ဈာပန အခမ်းနားကို လာမည့် တနင်္ဂလာနေ့ မေလ ၅ ရက်နေ့မှာ ကျင်းပ ပြုလုပ်မှာဖြစ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။

ရှမ်းတိုဖူး (သို့မဟုတ်) တိုဖူးပျော့

"တစ်နပ်ကယ် ၀၀ စားလိုက်ရရင်ဖြင့် အာဂပါးစပ် လူဖြစ်ရကျိုးနပ်ပြီဟေ့" ရေသည်ယောင်္ကျား တမ်းတခဲ့တဲ့ စာသားလေးပါ။ အခုတော့ မိမိနိုင်ငံရဲ့အပြင်ကို ရောက်နေတဲ့သူတွေအတွက် အဲဒီစာသားလေးက တကယ်ကို ဖြစ်နေပြီထင်တာပဲ။ အခုလည်း အရည်မရ အဖတ်မရ ငတ်လိုက် .. အဲ တမ်းတလိုက်ဦးမယ်။ ရှမ်းတိုဖူးလေ တချို့ကလည်း ရှမ်းတိုဟူးလို့ ခေါ်ကြတယ်။ ရှမ်းပြည်နဲ့ မန္တလေးကလူတွေ တော်တော်များများကတော့ ကြိုက်ကြ စားဖူးကြပါတယ်။ ရန်ကုန်မှာလည်း လမ်းဘေးက ရှမ်းခေါက်ဆွဲဆိုင်တွေမှာလည်း ရောင်းကြပါတယ်။ အရသာကတော့ မတူဘူးပေါ့။ ကိုယ့်ဘက်ကို ယက်ပြီးပြောဦးမယ် မန္တလေးက တိုဖူးပျော့ကို အကြိုက်ဆုံးပဲ။ အဲဒီထက်ကောင်းတာက တောင်ကြီးသွားတုန်းက စားခဲ့ဖူးတဲ့ တိုဖူးပျော့ပဲ။ စိတ်သာပါလို့ကတော့ နှစ်ပွဲလောက် ကုန်တယ် ငယ်ငယ်တုန်းကတည်းက စားခဲ့ဖူးပါတယ်။ မေမေ့ကို မနက်ပိုင်း မြို့သစ်က VEC စာသင်ဆောင်တွေကို လိုက်ပို့တုန်းက အပြန်ဆိုရင် သားအမိနှစ်ယောက် အမြဲဝင်ဝင်စားကြတယ်။ ဆောင်းတွင်း မနက်ခင်းလေးဆိုရင် ပူပူနွေးနွေးလေး စားရတာ အရမ်းမြိန်တယ်။ မေမေဆို သိပ်ကြိုက်တာ။ မေမြို့ညဈေး(ရတနာပုံဈေးအနီးနား) မှာဆိုရင် ညပိုင်း ရှမ်းခေါက်ဆွဲ နှင့် တိုဖူးပျော့ ရောင်းတဲ့ဆိုင်တွေ ပေါမှပေါပဲ။ က...

တိုက်ဆိုင်လွန်းလှပါလား

မနေ့ညက အလုပ်က အပြန် Colindale ဘုန်းကြီးကျောင်း ထမနဲသွားစားတယ် စိုးကြည်၊ ဂျစ်တူးတို့နဲ့ အဲဒီမှာ ဆုံဖြစ်တယ်။ ထမနဲကတော့ တကယ့်ကို ရှယ်ပါပဲ။ ရောက်တုန်းရောက်ခိုက် ဘုန်းဘုန်းတို့နဲ့ စကားပြောချင်တာရယ် မိတ်ဆွေတွေနဲ့လည်း မတွေ့ဖြစ်တာကြာလို့ အိမ်မပြန်တော့ပဲ အဲဒီမှာပဲ ညအိပ်လိုက်တယ်။ မနက် ၆ နာရီလောက်မှ အလုပ်သွားဖို့ ဘုန်းကြီးကျောင်းကနေ ထွက်လာခဲ့တယ်။ အလုပ်ရောက်ခါနီး station တစ်ခုအလိုမှာ message တစ်ခုဝင်လာလို့ ကြည့်လိုက်တယ်။ ကိုဖြိုးက ထိုင်းကနေ ပို့လိုက်တဲ့ message ဖြစ်နေတယ်။ Ko Chan Yadana bon zay fired. All gone :( ရုတ်တရတ် msg ကိုဖတ်ပြီး မယုံနိုင်အောင် ဖြစ်သွားတယ်။ ဟုတ်ရော ဟုတ်ရဲ့လားပေါ့။ Reply ပြန်ချင်ပေမဲ့ အလုပ်ကလည်း နောက်ကျနေတာနဲ့ အလုပ်ကို အရင်သွားလိုက်တယ်။ အလုပ်လည်း ပြီးရော အိမ်မပြန်ခင် အစ်မဆီကို ဖုန်းဆက်ပြီး အင်တာနက်မှာ ကြည့်ခိုင်းလိုက်တယ်။ တကယ့်ကို မယုံနိုင်အောင်ပဲ။ ရတနာပုံဈေးရဲ့ ၃ ပုံ ၂ ပုံလောက် ပါသွားတယ်။ ဒါနဲ့ပဲ သတင်းတွေပုံတွေကိုကြည့်ဖို့ အိမ်ကိုတန်းပြန်လာလိုက်တယ်။ သတင်းတွေလိုက်ရှာပြီးဖတ်ကြည့်တယ်။ ရတနာပုံဈေးထဲက အင်္ကျီဆိုင် တစ်ခုကနေ ၀ိုင်ယာရှောခ်ဖြစ်ပြီး စလောင်တာလို့ သိရပါတယ်။ နောက်ပြီးေ...

စောင့်လိုက်ရတဲ့စာ၊ This is myanmar နှင့် ထိုင်းဘလော်ဂါ

နိုင်ငံခြား ပြန်ထွက်ဖို့ စောင့်လိုက်ရတဲ့ ကျောင်းကစာ ... အခုမှ ရောက်လာတော့တယ်။ ဆက်သွယ်ရေး အင်မတန်ကောင်းတယ်ဆိုတဲ့ သဘောပေါ့။ ရန်ကုန်ဆင်းပြီး Visa တိုးရဦးမယ်။ နောက် သုံးလေးရက်လောက်နေရင် ရန်ကုန်ကို ရောက်မယ်။ ရွှေမန္တလေးကို ခဏပြန်ရောက်နေတဲ့ ဘန်ကောက်မှ ကိုမျိုးကျော်ထွန်းနဲ့လည်း လျှောက်လည်ဖြစ်တယ်။ မနေ့က မေမြို့ကို သွားလည်ကြသေးတယ်။ ဓာတ်ပုံတွေလည်း ရိုက်ခဲ့ကြတယ်။ နောက်မှပဲ ပုံတွေကို တင်တော့မယ်။ ပြန်ရောက်နေတဲ့ ကာလအတွင်း တော်တော်တော့ စိတ်တင်းထားရတယ်။ အင်တာနက်ကလည်း သုံးချင်တိုင်း သုံးမရ၊ မီးကလည်း ပျက်၊ စလောင်းတွေဆိုရင် အခုဆို ခိုးကြည့်ရသလိုတောင် ဖြစ်နေတယ်။ ကိုပုဂံနက်ကို နိုင်ငံခြားသားတစ်ယောက်က ပြောသွားတာကိုတောင် သတိရမိတယ်။ "မင်းတို့ မြန်မာတွေကို မေးခွန်းတွေ လျောက်မေးလိုက်တိုင်း နောက်ဆုံးတော့ အဖြေတစ်ခုနဲ့ပဲ အဆုံးသတ်သွားတယ်တဲ့" "ဘာလဲလို့ မေးလိုက်တော့" "This is Myanmar." တဲ့ ... ရှင်းရော။ ကိုမျိုးကျော်ထွန်းလည်း ၁၈ ရက်နေ့လောက် ပြန်သွားမယ်ထင်တယ်။ လောလောဆယ်တော့ ကျွန်တော်က ရန်ကုန်ကို သူ့ထက်အရင် ရောက်ဖြစ်လိမ့်မယ်။ ရထားစီးရင်တော့ ကြည့်ကြပ်စီးရလိမ့်ဦးမယ်။ ဘုရားစာ ရသလောက် ရွတ်သွာ...

Mandalay and Bloggers

ဒီနေ့ မန္တလေးမှာ Everything is Bloggable ဆိုတဲ့ seminar နဲ့အတူ ဘလော်ဂါတွေ ဆုံဆည်းတဲ့ပွဲလေးတစ်ခု လုပ်ခဲ့ကြပါတယ်။ မန္တလေး အခြေစိုက် ဘလော့ဂါတော်တော်များများ တက်ရောက်ကြတာတွေ့ရပါတယ်။ တကယ်ကို ပညာရတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့သလို ပျော်ရွှင်စရာကောင်းတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီပွဲက ဓာတ်ပုံတွေကို ကြည့်တော့ ကျွန်တော့်ဆရာ နှစ်ယောက်ဖြစ်တဲ့ ဆရာတုံ ၊ ဆရာစစ်ကိုင်း တို့နှင့်အတူ အွန်လိုင်းမှ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းများကိုလည်း တွေ့လိုက်ရပါတယ်။ မန္တလေးဘလော့ဂါတွေက တကယ့်မင်းသား မင်းသမီးတွေဆိုတာ ဓာတ်ပုံတွေ့မှပဲ သိတော့တယ် :) ကျွန်တော်မန္တလေးမှာ ရှိရင်တော့ အဲဒီပွဲလေးကို တက်မိမှာ မလွဲမသေပါပဲ။ ဟိုတစ်လောက ရန်ကုန်မှာ ဘလော့ဂါ မီတင်တွေလုပ်တုန်းကလည်း စိတ်ထဲမှာ သွားချင်စိတ်တွေဖြစ်နေမိတယ်။ အွန်လိုင်းမှာ ခင်မင်ခဲ့ရတဲ့သူတွေကို အပြင်မှာတွေ့ပြီး ရင်းရင်း နှီးနှီး စကားပြောချင်စိတ်လည်း ဖြစ်ပေါ်မိပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် Blogger တွေ Forumer တွေကြားမှာ ရင်းနှီးမှုတွေ ပိုမို ရရှိသွားလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့ ယူကေမှာတော့ အားလုံးပေါင်းလိုက်လို့ ဆယ်ဂဏန်းလောက်ပဲ ရှိပါတယ်။ ကျွန်တော်တကယ်အပြင်မှ...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...