Skip to main content

Posts

Showing posts from 2009

Invitation to Burma Conference on SPDC 2008 Constitution & its Consequences

We have the pleasure to cordially invite you and your company to attend the Seminar- to discuss the unilaterally adopted junta’s 2008 constitution and its consequences -in London, UK. The Constitution will also be discussed from the aspect of seeking criminal accountability and ending impunity in Burma, in line with the guidelines provided for in the Assembly of State Parties to the International Criminal Court, held in The Hague, the Netherlands, on November 16-26, 2009. Speaker: U Aung Htoo General Secretary Burma Lawyers’ Council (BLC) Date: 19.12.2009 (Saturday) and 20.12.2009 (Sunday) Time: 12:00 to 17:00 hour both days Venue: London South Bank University (LSBU), London Road London SE1 0AA Room: Castle Lecture Theatre Travel Guide: Waterloo and London Bridge are some of the nearest Over ground stations and the Elephant & Castle is the nearest London Underground station. Background: Daw Aung San Suu Kyi, Democratic and Ethnics groups say “NO” to 2008 constitution

Sharing: နိုင်ငံရေး အကျဉ်းသားတွေအရေး ဗြိတိန်လှုံ့ဆော်

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ လှုပ်ရှားမှုအဖြစ် ဗြိတိသျှအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ တရားဝင် အင်တာနက်စာမျက်နှာပေါ်မှာ ထင်ရှားတဲ့ မြန်မာနိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံတွေနဲ့ သူတို့အကြောင်း မှတ်တမ်းအကျဉ်းကို စတင်ဖော်ပြနေပါတယ်။ ပထမဆုံးအနေနဲ့ မြန်မာအစိုးရက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ထားတဲ့၊ အရှင်ဂမ္ဘီရ၊ မစုစုနွေး၊ မမီးမီး၊ ကိုမင်းကိုနိုင်၊ ကိုဇာဂနာတို့ရဲ့ ဓာတ်ပုံတွေကို မနေ့ကစတင်ပြီး အဲဒီအင်တာနက် စာမျက်နှာပေါ်မှာ တွေ့ရပါတယ်။ ဒီလှုပ်ရှားမှုကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်အတူ၊ အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ Burma Campaign UK နဲ့ Human Right Watch အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပြီး၊ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အကြောင်းကို ဆက်တိုက် ဖော်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။ Via: BBC Burmese

Sharing: အပရိဟာနိယ တရားခုနှစ်ပါး

သုတ်မဟာဝါ ပါဠိတော် မဟာပရိနိဗ္ဗာနသုတ်၌ မြတ်စွာဘုရားသည် လိစ္ဆဝီမင်းသားတို့အား အကြောင်းပြု၍ အပရိဟာနိယ တရားခုနှစ်ပါးကို ဟောကြားတော်မူသည်။ ထိုအပရိဟာနိယတရားတို့ကား ... စည်းဝေးတိုင်ပင်ခြင်း အညီအညွတ်ဆောင်ရွက်ခြင်း ဥပဒေအတိုင်းကျင့်ခြင်း လူကြီးသူမတို့၏ အဆုံးအမ၌ တည်ခြင်း အမျိုးသမီးအား မနှိပ်စက်ခြင်း မြို့စောင့် ရွာစောင့်နတ်တို့အား ပူဇော်ခြင်း ရဟန္တာတို့အား စောင့်ရှောက်ခြင်း ဟူ၍ ဖြစ်လေသည်။ အပရိဟာနိယသည် မဆုတ်မယုတ် မပျက်မစီးနိုင်ခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် အပရိဟာနိယတရားကို တိုးတက်ရေးတရား ဟု ဆိုရမည်ဖြစ်သည်။ ထို တိုးတက်ရေးတရားတို့တွင် သန္နိပါတ တည်းဟူသော စည်းဝေးခြင်း၊ သမဂ္ဂ တည်းဟူသော အညီအညွတ်ဆောင်ရွက်ခြင်း၊ ပညတ္တတည်းဟူသော ဥပဒေပညတ်၍ အုပ်ချုပ်ခြင်းတို့သည် ယခုခေတ်၌ ဒီမိုကရေစီဟုခေါ်သော တရားတို့၏ အနှစ်သာရများဖြစ်လေသည်။ မြန်မာသစ်မဂ္ဂဇင်း (စက်တင်ဘာ ၂၀၀၉) ယောမင်းကြီး ဦးဖိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း (မောင်ထင်) မှ ကောက်နုတ်ချက် တစ်ချို့ ဖြစ်ပါသည်။

Sharing: လူထုဒေါ်အမာ မကွယ်လွန်မီ ၈ လ အလိုက ပြောခဲ့တဲ့စကား

ဒို့ ဗမာပြည်မှာ လက်ရှိ ဒီ အုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံး မသွားနိုင်ဘူး။ သွားလို့ရမှာ မဟုတ်ဘူး။ ဒီ ဗမာပြည်ကြီးက အင်္ဂလိပ် ဗြိတိသျှလက်အောက်၊ ဂျပန်လက်အောက်တွေမှာလည်း ကျွန်ခံခဲ့ဖူးတယ်။ ဖ.ဆ.ပ.လ တို့၊ မ.ဆ.ပ.လ တို့လို အုပ်ချုပ်ရေးတွေလည်း ရင်ဆိုင်ခဲ့ရဖူးတယ်။ အဲဒီခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ သူတို့ ခိုင်မြဲတယ်ဆိုသလောက်၊ ဒီမိုကရေစီ ပေးခဲ့ကြတယ်။ ဥပမာ ... အင်္ဂလိပ်တွေဟာ သူတို့ခိုင်မြဲတယ် ထင်သလောက် ၆၀ ကျပ်သား၊ ၇၀ ကျပ်သား ပေးခဲ့တယ်။ အဲဒါကြောင့် ဒီမိုကရေစီရဲ့ အရသာ ဘယ်လောက်ပေးရင် ဘယ်လောက်ခံစားရတယ်ဆိုတာကို သိလာခဲ့တယ်။ သိလာတော့ တိုးရအောင်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်က တိုက်ယူတတ်ခဲ့တယ်။ အခုလို ဘယ်လောက်သားမှ မပေးခဲ့ဘဲ ဖိနှိပ်တာမျိုးကိုတော့လည်း အကြာကြီး ခံနိုင်ကြမှာ မဟုတ်ဘူး။ ဒို့မှာ ၁၉၈၈ ခု အရေးတော်ပုံအတွေ့အကြုံမျိုးကလည်း ရသင့်သလောက် ရခဲ့တယ်။ တန်ဖိုးရှိ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကောင်းတွေလည်း ထွက်ပေါ်လာခဲ့တယ်။ အဲဒါကြောင့် ဒီအုပ်ချုပ်ရေးမျိုးက အတိုင်းအတာ တခုအထိသာ ခံလိမ့်မယ်။ အတိုင်းအတာမရှိ ခံနေလိမ့်မယ်လို့ မထင်နဲ့။ လက်ရှိ ဒီကမ္ဘာကြီးကလည်း လုံးလုံး ပိတ်ဆို့ထားလို့ ရတာတော့ မဟုတ်ဘူး။ ဆက်သွယ်ရေး သတင်းနည်းပညာခေတ်ကြ

Top 10 Smart Phones of 2010 and 10 Best Mobile Phones in The World Today

ဒီနေ့ အင်တာနက်ပေါ်မှာ အချိန်တော်တော်များများ ဖုန်းနဲ့ပက်သက်တာတွေပဲ အတော်လေး ဖတ်ဖြစ်တယ်။ တစ်ခါတလေကျတော့လည်း အဲလို သရေလိုက်ကျရတာ အရသာတစ်ခု :D Video လေးတွေကြည့်လိုက် စာလေးတွေဖတ်လိုက်ပေါ့။ အခုခေတ်ဖုန်းတွေကလည်း တကယ့်ကို သရေကျချင်စရာတွေပါပဲ။ အထူးသဖြင့် smart phone တွေပေါ့။ လူတွေကို မပျင်းရအောင် မငြီးငွေ့ရအောင် တစ်မျိုးပြီး တစ်မျိုး Application တွေနဲ့ စွဲဆောင်ထားတယ်လေ။ အောက်က Video မှာတော့ Top 10 ပြေးနေတဲ့ smart phone တွေကို ပြထားပါတယ်။ ရှူ့စားကြည့်ပါဦး။ ကျွန်တော်သဘောအကျဆုံးကတော့ HTC Hero ပါပဲ။ Techradar.com မှာတော့ 10 Best Mobile Phones in The World Today ဆိုပြီး စာရင်းပြုစုပေးထားတာတွေ့ရပါတယ်။ Smart Phone တွေအပါအဝင် ဖုန်းတွေအားလုံးထဲမှာ လက်ရှိထိပ်ဆုံးရောက်နေတဲ့ ဖုန်းတွေကတော့ HTC Hero Apple iPhone 3GS BlackBerry Bold 9700 HTC HD2 Nokia N900 Palm Pre Samsung i8910 HD LG BL40 Chocolate Motorola DEXT Nokia 5530 XpressMusic ဒီ list ထဲမှာလည်း HTC လေးက ပါနေတယ်။ ပါနေတဲ့အပြင် ထိပ်ဆုံးပါရောက်နေသေးတယ်။ အဲဒီဖုန်းကိုတော့ တော်တော်ကြိုက်တယ်။ ဒုတိယ ကြိုက်တာကတော့ HTC HD2 ပဲ။ မြင်သာမြင် မကြင်နိုင်သေးဘူး။ နေ

နှစ်သက်မိသောကြော်ငြာများ (၅)

လူတွေကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးကြီးပေါ့။ အကောင်သေးပေမဲ့ သေနတ်တွေ၊ လက်ပစ်ဗုံးတွေထက်ဆိုးတယ်။ ကြိုတင်ကာကွယ်ထားမှ တော်ကာကျမယ်။ Virus အကောင်ကို သေနတ်တွေ၊ လက်ပစ်ဗုံးတွေဆင်ထားတဲ့ Designer ရဲ့ idea ကို တော်တော်လေး သဘောကျတယ်။ ဒီလို ဒီဇိုင်းမျိုးဖန်တီးနိုင်ဖို့ တော်တော်လေး ကြိုးစားရဦးမယ်။ ဒါပေမဲ့ Practice makes perfect ! နောက်ကျရင် တင့်ကားတွေပါ ထည့်ပစ်လိုက်မယ် :P South Africa မှာ သေနတ်တွေ ဘယ်လောက်ပေါပေါလောလော လွယ်လွယ်ကူကူ ရသလဲဆိုတာကတော့ အောက်ပါ ကြော်ငြာက သက်သေပြနေပါတယ်။ Ephone 900 ရဲ့ Speed ကတော့ ဘာမြန်သလဲ မမေးနဲ့ ... မြွေနေခဲ့တော့ ... ကြော်ငြာကတော့ ကျော်အောင် ညာနေတာပဲ ... တကယ်ဟုတ်မဟုတ် သုံးကြည့်မှပဲသိနိုင်မယ်။ မြန်မာပြည်က သနပ်ခါးကြော်ငြာတွေလို ဝက်ခြံ၊ တင်းတိပ်၊ မှည့်ခြောက်ပျောက်တယ်ဆိုပြီး လိမ်းလိုက်တာ သူ့လိမ်းမှာ ပိုဆိုးလာသလိုမျိုး မဖြစ်ရင်တော့ တော်သေးတာပေါ့။ ဒါကြီးကတော့ အိုင်ဒီယာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရွံစရာကြီး :P နားကြပ်ကတော့ ရေရေလည်လည်ကောင်းတယ်။ အဲလို နားကြပ်ကောင်းလွန်းလို့ ကားတိုက်၊ ဆိုင်ကယ်တိုက်မှုတွေ ဖြစ်နေတာ အများကြီးပဲ။ မြန်မာပြည်မှာ အထူးသဖြင့် မန်းလေးလိုနေရာမျိုးမှာဆို ဖုန်းေ

Sharing: ဂုဏ်ယူလျှက်ပါ အမေစု

ကမ္ဘာပေါ်က အတွေးအခေါ်ရှင် ၁၀၀ မှာ ထိပ်တန်း ပါဝင်သူတဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက ထုတ်ဝေတဲ့ Foreign Policy နိုင်ငံခြားရေးရာ မဂ္ဂဇင်း က ဖော်ပြလိုက်ပါတယ်။ အမှောင်ကျနေတဲ့အရပ်မှာ မျှော်လင့်ချက်တစ်ရပ်အဖြစ် သက်ရှိထင်ရှားနေတဲ့ သင်္ကေတပိုင်ရှင်အဖြစ် ကမ္ဘာ့တွေးခေါ်ရှင် ၁၀၀ စာရင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဒီဇင်ဘာလအတွက် ထုတ်ဝေတဲ့ မဂ္ဂဇင်းရဲ့ နှစ်လည် အထူးထုတ်မှာ ဒီစာရင်းကို ဖော်ပြထားတာဖြစ်ပြီး အမေရိကန် ဗဟိုဘဏ် ဥက္ကဌဖြစ်တဲ့ Mr. Frank Bernake ကို စီးပွားပျက်ကပ်အသစ်ကို ကိုင်တွယ်ဖြေရှင်းနိုင်သူအဖြစ် နံပါတ် ၁ မှာ ဖော်ပြထားပါတယ်။ နံပါတ် ၂ ကတော့ ကမ္ဘာပေါ်က အမေရိကန်နိုင်ငံရဲ့ အခန်းဂဏ္ဍကို ပြန်လည်မြှင့်တင်ခဲ့သူအဖြစ် အမေရိကန်သမ္မတ Mr. Barack Obama ကိုဖော်ပြထားပါတယ်။ မဟတ္တမ ဂန္ဒီနှင့် ဗုဒ္ဓဘာသာအခြေခံစည်းမျဉ်းဖြစ်တဲ့ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ မြန်မာစစ်အစိုးရကို အတိုက်အခံ လှုပ်ရှားခဲ့ပြီး အနှစ် ၂၀ အတွင်း ၁၄ နှစ် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဖော်ပြချက်မှာ ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၉၀ ပြည့်နှစ် မိန့်ခွန်းတရပ်မှာ ကြောက်ရွံ့စိတ်ဟာ နေ့စဉ် လူနေမှုလက္ခဏာ တရ

Burmese Cultural Evening

Please come and enjoy a fun evening of Burmese food, dance, costume, crafts and a raffle, in support of poverty relief and education in the Irrawaddy delta region of Burma (Myanmar). Sunday December 6th, 6 - 9pm Buffet opens from 6pm, show starts 6:30pm. In the Newman Room at the Catholic Chaplaincy, The Old Place, Rose Place, St Aldate's, Oxford OX1 1RD Programme : Enjoy a cultural show highlighting the colourful traditional costumes, music and dances of several of the races of Burma, and featuring a traditional puppet show performed by a master of this art. Sample a delicious buffet throughtout the evening featuring a variety of classic Burmese savoury and sweet dishes, together with wine, beer and soft drinks. Admire and buy examples of traditional Burmese craftwork in laquer, tapestry, textiles and other materials - they make ideal Christmas presents! Experience the magic of Thanakah skincare, and learn why Burmese of all ages have used it on their faces for centuries. Tickets

မြန်မာပြည်အလွမ်းပြေ သီချင်းများနှင့် ငပိရည် အရှုပ်တော်ပုံ

မြန်မာပြည်အလွမ်းပြေ သီချင်းဟောင်း သီချင်းကောင်းလေးတွေကို Oxford မှာ ပြုလုပ်မည့် Culture Show အတွက် ရှာဖွေရှင်း ရရှိခဲ့ပါတယ်။ သီချင်းတွေ ကူပြီးရှာဖွေပေးတဲ့ မရှင်မင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ တကယ်တမ်းတော့ အဲဒီသီချင်းတွေက ကျွန်တော်တို့ ငယ်ငယ်တုန်းက နားယဉ်ခဲ့ဖူးပြီးသား သီချင်းလေးတွေပါ။ Come To Myanmar ဆိုတဲ့သီချင်းလေးကတော့ အန်တီနွဲ့ယဉ်ဝင်း ရေးစပ်ထားတာဖြစ်ပြီး နွဲ့ယဉ်ဝင်း၊ စိမ်းမို့မို့၊ ဟေမာနေဝင်း၊ သန္တာဦး၊ မီမီဝင်းဖေ နှင့် ပိုးဒါလီသိန်းတန်တို့ သီဆိုထားပါတယ်။ English Version ရော မြန်မာ Version ရောပါပါတယ်။ နောက်နှစ်ပုဒ်ကတော့ အေးချမ်းမေရဲ့ လှမ်းလာခဲ့ပါ ပြည်မြန်မာ နှင့် ချိုပြုံးရဲ့ အလှကမ္ဘာ တို့ပဲဖြစ်ပါတယ်။ သီချင်းအားလုံး လေးပုဒ်ဖြစ်ပြီး ဒီနေရာမှာ ဒေါင်းလုပ်ရယူပါ။ မြန်မာပြည် ... တောတောင်ရှူ့ခင်းတွေနဲ့ ဝင်းဝါတဲ့စပါးခင်းရယ် ... သဘာဝ အလှအပတွေခြယ် စာသားလေးတွေကြားလိုက်ရုံနဲ့ မြန်မာပြည်ကို ချက်ချင်းသတိရလွမ်းဆွတ် သွားစေပါတယ်။ နိုင်ငံခြားရဲ့ မြို့ပြတွေမှာ မြင်တွေနေကျ မြင်ကွင်းတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ဝင်းဝါနေတဲ့ စပါးခင်းတွေဟာ တကယ့်ကိုပဲ မြန်မာပြည်ရဲ့ Trade Mark တစ်ခုလိုပါပဲဗျာ။ မိတ်ဆွေတစ်ယောက်ရဲ

Sharing: သတင်းစာဆရာနှင့် နိုင်ငံရေး - မောင်ဝံသ

(၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ထုတ်၊ Popular News ဂျာနယ်မှာဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ စာနယ်ဇင်း သမားနဲ့နိုင်ငံရေး ဆက်စပ်နေပုံလေးနဲ့ သတင်းစာ ဆရာများဟာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရေးတဲ့အခါ ဘက်လိုက်သင့် မသင့် ဆိုတာကို စဉ်းစားနိုင်ဖို့မျှဝေပေးလိုက် ပါတယ်။ ) နိုင်ငံတကာ နိုင်ငံရေး ခေါင်းဆောင်များနဲ့ နိုင်ငံရေး ပညာရှင်များရဲ့အဆိုအမိန့်များထဲက ကောင်းနိုးရာရာ လေးတွေကို ရွေးချယ် ရေးသားပြီးအပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်မှာ ဖော်ပြနေပါတယ်။ တစ်နေ့ကတော့ အဆိုအမိန့် တစ်ခုကို ဘာသာပြန်ရင်း ကျွန်တော် အတော်လေး သဘောကျပြီး ပြုံးမိပါတယ်။ "Becoming a politician is the only step down I could take from being a journalist." ~ Jim Hightower နိုင်ငံရေးသမား ဖြစ်လာတာဟာ ကျွန်တော့်အနေနဲ့ သတင်းစာဆရာ ဖြစ်ဖို့ကနေ အောက်တစ်ဆင့်ပဲ လျှော့ထားတာ။ (ဂျင် ဟိုင်းတာဝါ) သူ ဆိုလိုတာက တကယ်ဖြစ်ချင်တာ သတင်းစာဆရာ။ သတင်းစာဆရာ ဘဝကို မရောက်ခင် တစ်ထစ်ပဲ လျှော့ပြီး ခံယူမယ့် ဘဝကတော့ နိုင်ငံရေးသမား ဘဝကတော့ နိုင်ငံရေးသမား ဘဝပါပဲတဲ့။ ဟိုင်းတာဝါ (၁၉၄၃ ဖွား) ဟာ ဆင်ဒီကိတ် ကော်လံ ဆောင်းပါးရှင်၊ လစ်ဘရယ် ဝေဖန်ရေးဆရာ၊ေ

Sharing: ရှေးကထင်ရှားတဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့

ဗြိတိန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Christian Solidarity Worldwide (CSW) ၏ ဒုတိယ ဥက္ကဌ Benedict Rogers ပြုစုရေးသားသော မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတ္ထုပ္ပတ္တိ အကြောင်း Than Shwe: Unmasking Burma's Tyrant အမည်ရှိ စာအုပ်နှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ဇာနည်မာန်က Benedict Rogers အား ဆက်သွယ်မေးမြန်းထားသည်များကို တစ်ဆင့် ပြန်လည်မျှဝေလိုက်ပါတယ်။ မေး ။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိ အကြောင်းကို ရေးဖြစ်တဲ့ အကြောင်းလေး သိပါရစေ။ ဖြေ ။ ။ US Campaign for Burma က Jeremy Woodrum နဲ့အတူ ရေးတာပါ။ ကမ္ဘာတ၀န်းက အခြားသော အာဏာရှင် တွေဖြစ်တဲ့ ကင်မ်ဂျုံအီးလ်၊ ဆာဒန် ဟူစိန်၊ မူဂါဘီ စတဲ့သူတွေရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ တွေက ရှိပေမယ့် မြန်မာပြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကကျတော့ မရှိသေးတာနဲ့ ကျနော်တို့ နှစ်ယောက်က အဲ့ဒါကို ရေးဖို့ စိတ်ကူးရမိတာပါ ။ အာဏာရှင်တွေရဲ့အကြောင်းကို ဖော်ပြတာဟာလည်း အဲ့ဒီသူတို့ အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ ဘယ် လိုတွေဖြစ်နေတယ် ဆိုတာကို ပြောပြတဲ့ နည်းလမ်းကောင်းတခုပဲလို့လည်း မြင်တယ်လေ။ အဲ့ဒါကြောင့် ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အ

Free Blogger Template: ProPress

Live Demo ~ Download this template မိမိအသုံးပြုနေတဲ့ Blogger Template ကို အရေခွံလဲဖို့ စဉ်းစားနေတဲ့ Blogger များအတွက် ProPress ဆိုတဲ့ Template ကို ပြောင်းလဲသုံးကြည့်ဖို့ အကြံပေးပါရစေ။ အထက်ပါ ပုံမှာမြင်တဲ့အတိုင်း ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ Template တစ်ခုဖြစ်ပါတယ်။ WigetsForFree ကနေ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ Blogger Template ဖြစ်ပြီး TheBlogTemplates.com မှာ Download ရယူနိုင်ပါတယ်။

Sittin On Tha Toilet

တော်တော်လေး ရီရတဲ့ Video Clip တစ်ခုပါ။ အိမ်သာတက်နေရင်း ဟာသလုပ်ပြီး လျောက်ဆိုထားတာဖြစ်ပါတယ်။ ဆိုတော့ ... ရှူရင်းဆို ... ဆိုရင်းရှူနေရတဲ့ သဘောပေါ့ :P တစ်ချို့လူတွေကလည်း ဟာသတွေကို ကြံကြံဖန်ဖန်လုပ်ကြတယ်။ Video တင်ထားတဲ့သူနဲ့ video ထဲမှာပါတဲ့သူက သူငယ်ချင်းတွေပါ။ Video တင်ထားတဲ့ ပိုင်ရှင်ကတော့ ဒီဗွီဒီယိုမှာပါတဲ့သူက သူ့ပုံကို ခွင့်ပြုချက်မရဘဲ MySpace ပေါ်မှာတင်လိုက်တဲ့အတွက် အခုပြန်ပြီး လက်စားချေထားတယ်လို့ဆိုပါတယ်။ ကဲ .. အဲဒီတော့ ... တစ်အိမ်ထဲမှာ သူငယ်ချင်းတွေ စုနေကြတယ်ဆိုရင် သတိထားကြနော် ... အိမ်သာတက်နေတဲ့ပုံကြီး အွန်လိုင်းရောက်သွားရင်တော့ +_*&^%$ ... :P ဟတ်ဟတ် စကားမစပ် ... အိမ်သာတက်ရင်း မီးပျက်တဲ့ ဒုက္ခ၊ အိမ်သာတက်ပြီးမှ ရေမလာတဲ့ ဒုက္ခ၊ အိမ်သာတက်ပြီး တစ်ရှူးကုန်/မရှိတော့တဲ့ ဒုက္ခ ကြုံဖူးလား ? ကြုံဖူးရင်တော့ ဘယ်လိုဖြေရှင်းခဲ့လဲ ... ဟိဟိ .. Just curious :)

Watch The Twilight Saga: New Moon (2009) Movie Online

Watch Full Movie Now New Moon (also known as The Twilight Saga: New Moon) is an upcoming romantic-fantasy film scheduled for release on November 20, 2009. It is based on the novel of the same name by Stephenie Meyer and is the sequel to 2008's Twilight, which is based on Meyer's previous novel. Directed by Chris Weitz, the film will star Kristen Stewart, Robert Pattinson, and Taylor Lautner, reprising their roles as Bella Swan, Edward Cullen, and Jacob Black, respectively. Melissa Rosenberg returns as the screenwriter for the film. She handed in a draft of the film script during the opening weekend of Twilight. Summit Entertainment greenlit the sequel in late November 2008, following the early success of Twilight.

Sharing: သူငယ်ချင်း

ဒီပို့စ်လေးက ကျွန်တော်ရေးတဲ့ စာသားတွေ မဟုတ်ပါဘူး။ ပြေခိုင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် မေးလ်ကနေ ပို့ပေးထားတာပါ။ လူတိုင်း လူတိုင်းမှာ သူငယ်ချင်း၊ မိတ်ဆွေဆိုတာ ရှိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းကတော့ လူတိုင်းမှာ မရှိပါဘူး။ ဒီပို့စ်လေးအတွက် ပြေခိုင်ကို အထူးကျေးဇူးတင်ပါတယ်။ ကိုယ့်ဘဝမှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား …? ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။ ကံတရားက ဆန်းကြယ်တယ်။ ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ့်ဆီ အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူရီးစားပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ် တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့ လိုပါလိမ့်မယ်။ ကံပါလို့

Bypass Megavideo waiting times with MegaStreaming

Megavideo မှ Video များကိုကြည့်တဲ့အခါမှာ ပိုက်ပိုက်ပေးထားတဲ့ user မဟုတ်ရင် 72 မိနစ် အချိန်ထပ်စောင့်ပြီးကြည့်ရပါတယ်။ အဲဒီ အခက်အခဲကို ကျော်လွှားဖို့အတွက် MegaStreaming ကို အသုံးပြုနိုင်ပါတယ်။ မိမိကြည့်လိုတဲ့ Video ရဲ့ address link ကို ထည့်ပေးလိုက်ရုံနဲ့ ( ၁၃၄ မိနစ် ) ဆက်တိုက် ကြည့်နိုင်မှာဖြစ်ပါတယ်။ ဒီဆိုဒ်တွေ့တာနဲ့အတော်ပဲ ... မောင်တို့ချယ်ရီမြေ ဇာတ်ကားကို ပြန်နွှေးပြီး ခံစားလိုက်ဦးမယ် ;)

Use facbook on your desktop with Fishbowl

Facebook ကို Web Browser မှာ မကြည့်ဘဲ မိမိရဲ့ ကွန်ပျူတာ Desktop ပေါ်မှာပဲ Software တစ်ခုသုံးရသလိုမျိုး ကြည့်ချင်တယ်ဆိုရင် Fishbowl ကို အသုံးပြုနိုင်ပါတယ်။ Fishbowl ဆိုတာကတော့ Facebooker တွေ အတွက် အထူးရည်ရွယ်ပြီး ရေးသားထားတဲ့ Desktop Client Application တစ်ခုပါ။ သတင်းတွေ၊ သူငယ်ချင်းတွေရဲ့ အခြေအနေတွေ၊ ကွန့်မန့်တွေ၊ like/unlike တွေအပြင် Photo တွေကိုပါ Upload လုပ်နိုင်ပါသေးတယ်။ Trial အဆင့်သာရှိသေးပြီး မြန်မာစာရိုက်လို့တော့ မရသေးပါဘူး။

New Facebook Worm Warning

Facebook အသုံးပြုသူ မိတ်ဆွေများ အထက်ပါပုံမျိုးကို မိမိရဲ့ Wall မှာဖြစ်စေ၊ သူငယ်ချင်းတွေရဲ့ Wall တွေမှာဖြစ်စေ တွေ့ခဲ့ပါက လုံးဝ Click မလုပ်မိပါစေနဲ့။ လုပ်မိခဲ့ရင်တော့ CSRF worm တိုက်ခိုက်တာ ခံသွားရပါလိမ့်မယ်။ အဲဒီ worm ဘယ်လို attack လုပ်တယ်ဆိုတာကို အောက်ပါ Video မှာ ရှင်းပြထားပါတယ်။ Facebook ကတော့ အဲဒီလို သံသယဖြစ်ဖွယ် Link တွေ၊ ပုံတွေကို Click မလုပ်မိစေဖို့အတွက်လည်း သတိပေးထားပါတယ်။ Faceebookerတွေ သတိထားကြပေတော့ ;)

2104th Shan/Tai New Year Celebrations at SOAS University

ယူကေရောက် ရှမ်းတိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ ၂၁ဝ၄ နှစ်သစ်ကူးအခမ်းအနား နှင့် ယဉ်ကျေးမှုပွဲတော်ကို ယနေ့နေ့လည် ၂ နာရီခန့်မှ ၅ နာရီထိ SOAS University မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို Shan Cultural Association in the United Kingdom (SCA-UK) မှ ကြီးမှူးကျင်းပပြီး အဆိုပါအခမ်းအနားသို့ Oxford မှ ဆရာတော် ဒေါက်တာဓမ္မသာမိ နှင့် ဆရာတော်များ၊ လန်ဒန်မှ ရှမ်းရိုးရာယဉ်ကျေးမှု စိတ်ဝင်စားသူများ နှင့် နိုင်ငံခြားဧည့်သည်တော်များ စုံလင်စွာတက်ရောက်ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော်သည်လည်း ရှမ်းရိုးရာယဉ်ကျေးမှုတွေ၊ ရှမ်းအက၊ ရှမ်းသီချင်းလေးတွေကို စိတ်ဝင်စားသူတစ်ယောက်ဖြစ်သည်မို့ အဆိုပါအခမ်းအနားပြီးသည်အထိ အားပေးခဲ့ပါတယ်။ ဆရာတော် ဒေါက်တာ ဓမ္မသာမိ ရှမ်းနှစ်သစ်ကူးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ရှမ်းနှစ်သစ်ကူးသီချင်းဖြင့် ဖျော်ဖြေတင်ဆက် ကိန္နရာရှမ်းအက သိုးအက ရှမ်းယဉ်ကျေးမှုအကြောင်းဟောပြောခဲ့သည့် ပညာရှင်များ ဒါတော့ ဘာ"အက"လည်း မသိ ... တရုတ်"အက"နဲ့တော့ဆင်သည် :P ရိုက်မယ် ... တီးမယ် အလှူငွေထည့်ဝင် လှူဒါန်းနေသည့် ဆရာတော် ... more photos ... ရှမ်းနှစ်သစ်ကူးပွဲတွေကို လန်ဒန်မှာ ၂ဝဝ၆ ကတည်းက စတင်က

ဒီဇင်ဘာ သီချင်းများ

ရာသီဥတုက သိသိသာသာအေးလာပြီး ဟေမာန်ဆောင်းရာသီသို့ ဝင်ရောက်လာလေပြီ။ နောက်လဆိုရင် ၂ဝဝ၉ ကို နှုတ်ဆက်မည့် နောက်ဆုံးလ ကျွန်တော်ချစ်တဲ့ ဒီဇင်ဘာလကိုရောက်တော့မယ်။ ဒီဇင်ဘာသီချင်းလေးတွေ နားထောင်ချင်တဲ့ သူငယ်ချင်းတွေအတွက် ဒီဇင်ဘာနှင့် ပက်သက်တဲ့ သီချင်းဟောင်း၊ သီချင်းကောင်းလေးတွေကို လက်လှမ်းမီသလောက် စုစည်းထားပြီး မျှဝေလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခုတလော ဒီဇင်ဘာသီချင်းလေးတွေကိုပဲ နားထောင်နေမိတယ်။ အထူးသဖြင့် မန်းလေးရဲ့ ဒီဇင်ဘာညတွေကို သတိရတဲ့အခါတိုင်းမှာပေါ့ဗျာ။ သြော် ... ဒီလိုနဲ့ပဲ ... နာရီစင်ကြီးရယ် ... မကြာပြီဆိုညည်းတော့မယ် ... သီချင်းများကြားထဲ ... နှစ်တစ်နှစ်ကုန်တော့မယ်။ ဒီဇင်ဘာနှင့် ပက်သက်တဲ့ သီချင်းဟောင်း သီချင်းကောင်းလေးတွေရှိခဲ့ရင်လည်း ကျေးဇူးပြုပြီး မျှဝေပေးစေလိုပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ :)

အိုဘားမားပြောတဲ့ တရုတ်ပြည်က Twitter နှင့် မြန်မာပြည်က အင်တာနက်

အမေရိကန်သမ္မတ ဘားရက် အိုဘားမားဟာ တရုတ်ပြည်ကို အင်တာနက် ကွန်ယက်တွေအားလုံး ဖွင့်ပေးထားဖို့ အရေးကြီးကြောင်းနှင့် Twitter ကဲ့သို့သော social networking site တွေကို မပိတ်ပင်ဖို့ ပြောဆိုလိုက်ပါတယ်။ Via : http://bit.ly/Nfl သမ္မတကြီး အိုဘားမားရေ တရုတ်ပြည်တင်မဟုတ်ဘူး သူ့ရဲ့ အိမ်နီးချင်း မြန်မာပြည်က သူ့ရဲ့မွေးစားသား ဗိုလ်ချုပ်ကြီးတွေကိုပါ ဝင်ပြီးပညာပေးလေး ဘာလေး လုပ်ပေးပါဦး။ အင်တာနက် ပိတ်ပင်ခြင်းဟာ ခေတ်လူငယ်တွေကို မျက်စိတွေ နားတွေ ပိတ်ထားတာနဲ့ တူတူပါပဲ။ အထူးသဖြင့် အခုလို Social Networking site တွေကို ပိတ်ပင်တာဟာ ပညာလိုချင်၊ ဗဟုသုတရှာဖွေချင်တဲ့ လူငယ်တွေရဲ့ တိုးတက်ရာလမ်းကြောင်းကို ပိတ်ပင်ရိုက်ချိုးထားတာနဲ့ အတူတူပါပဲ။ Facebook နဲ့ Twitter လိုမျိုး site တွေဟာ Information တွေကို အလွယ်တကူ မျှဝေဖို့အကောင်းဆုံး website တွေပါပဲ။ နည်းပညာခေတ်ရောက်နေပြီး နည်းပညာခေတ်ရဲ့ အရသာကို အပြည့်အဝမခံစားနိုင်အောင် လုပ်ထားတာဟာ လုံးဝမတရားပါဘူး။ တစ်နည်းအားဖြင့် အနာဂတ်ကို တည်ဆောက်မည့် လူငယ်တွေရဲ့ ဗဟုသုတ ဟင်းလေးအိုးကြီးဖြစ်တဲ့ အင်တာနက်ကို အပြည့်အဝမသုံးနိုင်အောင် ပိတ်ပင်ထားခြင်းပါပဲ။ ဒါ့ကြောင့် စစ်အစိုးရရဲ့ နိုင်ငံရေး ဦးတည်ချက

အိုးလေးလှုပ်တာလွန်သွားတဲ့ အငြိမ့်မင်းသမီး

အောက်တိုဘာလ ၁၇ ရက်နေ့ ၂ဝဝ၉ တွင် သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ကျင်းပခဲ့တဲ့ နာဂစ်ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေပွဲမှာ မြန်မာနိုင်ငံမှ အနုပညာရှင်များ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ အဲဒီထဲမှာမှ ရွှေတံဆိပ်များဆုရှင် အငြိမ့်မင်းသမီး ဒါလီလင်း (ရွှေမန်းသဘင်) လည်းပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စင်ပေါ်မှာ တော်ဂေါ်လီသီချင်းနှင့် ဖျော်ဖြေပြီး အိုးလေးအလှုပ်လွန်ခဲ့တာကြောင့် ပရိသတ်ရဲ့ သို့သော သို့သော မှတ်ချက်များအပေးခံနေရပါတယ်။ ကျွန်တော့်အမြင်ကတော့ အငြိမ့်မင်းသမီးနှင့် ဒီလိုအကတွေကတော့ မဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့ တရားလွန်ဖြစ်အောင် ကပြဖျော်ဖြေခြင်းကတော့ မကောင်းဘူးလို့ထင်ပါတယ်။ မြန်မာပြည်က တစ်ချို့သော အနုပညာသည်တွေဟာလည်း ပြည်တွင်းမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေရယ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှု စည်းမျဉ်းတွေကြောင့် ပြည်ပဖျော်ဖြေပွဲတွေဆိုရင် တရားလွန် ဝတ်စားဆင်ယင်ပြီး ကပြဖျော်ဖြေတာကို တွေ့ရပါတယ်။ သို့ကြောင့် သူတို့နေရာမှာ ကိုယ်သာဆို ဘယ်လိုနေမလဲဆိုတဲ့ စိတ်ကလေးနဲ့ပဲ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။ တရားလွန် မဟုတ်ခဲ့ရင်ပေါ့ဗျာ :)

How to solve Windows cannot configure this wireless connection problem

Windows XP Service Pack 2 ဒါမှမဟုတ် Windows XP Tablet PC Edition 2005 ကို Update လုပ်ပြီးတဲ့အခါမှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ PC ကို ပြင်ပေးတုန်းက ရလိုက်တဲ့ အတွေ့အကြုံတစ်ခုပါ။ ဘလော့ပေါ်မှာ ရေးမှတ်ထားရင်း မျှဝေလိုက်ပါတယ်။ အဲလို Wireless Network တွေကို ရှာမတွေ့ဘူးဆိုတဲ့ ပြဿနာဖြစ်လာတဲ့အခါမှာ ... Wireless Zero Configuration service WZC ကို Disable လုပ်ထားမိလို့ပါပဲ။ Enable ပြန်လုပ်ဖို့အတွက်ဆိုရင် 1. Click Start, click Run, type %SystemRoot%\system32\services.msc /s, and then click OK. 2. Double-click Wireless Zero Configuration. 3. In the Startup type list, click Automatic, and then click Apply. 4. In the Service status area, click Start, and then click OK. Via: Microsoft Help and Support

Google Dashborad

Google Dashboard is a new service that shows a summary of the data stored with a Google account. You'll soon find a link to Google Dashboard in the "personal settings" of the " my account " page.

Print your own iPhone and iPod skins

Iapeel is the way to dress your iPod, iPhone and iTouch. An iaPeel shin is a permium glossy material thae adheres to your iPod or iPhone via a removable adhesive. The skin protects your device from scratches while allowing personalization.

Happy Birthday MYSELF!

ဒီနေ့ ကျွန်တော့်ရဲ့ အသက် ၂၅ နှစ်မြောက် မွေးနေ့ပါ။ အသက်တစ်နှစ် ထပ်ပြီးကြီးသွားသလို လူ့လောကကို စွန့်ခွာဖို့လည်း တစ်နှစ်ပိုပြီး နီးသွားပြန်ပြီပေါ့။ ကျွန်တော့်ကို လူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့ မေမေကို ဒီနေ့ အရမ်းသတိရတယ်ဗျာ။ အဲဒီလိုပဲ ကျွေးကျေးဇူးတွေနဲ့ ပြည့်နေတဲ့ အဝေးရောက် ဖေဖေကိုလည်း သိပ်သတိရတယ်။ မိဘတွေရဲ့ ကျေးဇူးကို အောက်မေ့တဲ့အနေနဲ့ရော မွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် ဒီနေ့ သာသနရံသီကျောင်း ဆရာတော် ဦးဥတ္တနှင့် ဆရာတော် နှစ်ပါးကို မွေးနေ့ဆွမ်းကပ်ဖြစ်ပါမယ်။ သေသွားရင် နောက်ဘဝအထိ ပါသွားမှာ ကုသိုလ်တရားတွေပဲ ရှိပါတယ်။ နောက်ပြီး ကုသိုလ်နည်းရင် အကုသိုလ်ဆိုတာ အလိုလို ဝင်လာတတ်တယ် မဟုတ်ပါလား။ ဒီနေ့ပြုလုပ်ရရှိမည့် ကုသိုလ်တွေကို ကွယ်လွန်သွားပြီဖြစ်တဲ့ မေမေနှင့်တကွ အားလုံးသော လူ၊နတ်၊ ဗြမ္မာ သတ္တဝါအားလုံးကို အမျှပေးဝေပါတယ်။ မွေးနေ့ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများ နှင့် မိတ်ဆွေအပေါင်းအသင်းများကို အထူးကျေးဇူးတင်ရှိပါတယ်။

မြန်မာအစားအစာများ နှင့် ရန်ပုံငွေပွဲ

လန်ဒန်ရှိ မိတ်ဆွေသူငယ်ချင်းတို့ ... ကုသိုလ်လည်းယူ၊ မြန်မာ့ရိုးရာအစားအသောက်များကို လာရောက်စားသုံးရင်း မိတ်ဟောင်း၊ မိတ်သစ်များနှင့် ဆုံတွေ့ချင်တယ်ဆိုရင်တော့ လာမည့် စနေနေ့ (၃၁.၁ဝ.ဝ၉) တွင် ကျင်းပမည့် ရန်ပုံငွေ ဈေးရောင်းပွဲလေးကိုတော့ ဆက်ဆက်လာခဲ့ပါလို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားလိုက်ရပါတယ်။ နေရာအတိအကျကိုတော့ အထက်ပါ ပုံမှာ ကလစ်နှိပ်ပြီး ကြည့်ရှူ့နိုင်ပါတယ်။ Ealing, Hanwell, Southall, Harrow ဘက်မှ လက်မှတ်များ ဝယ်ယူအားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများကို သာဓု သုံးကြိမ်ခေါ်ဆိုရင်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေ။

FeedRoller

FeedRoller is a lightweight RSS and Twitter feed ticker. It is designed to show scrolling headlines from your favorite news sites, blogs and twitter account, directly on your desktop.

Twitter "Follow" Badge for your site/blog by Go2web20.net

Twitter အသုံးပြုသူ Bloggerများ မိမိရဲ့ Blog ဒါမှမဟုတ် Website ရဲ့ ဘယ်ဘက်ခြမ်းမှာပဲဖြစ်ဖြစ် ညာဘက်ခြမ်းမှာပဲဖြစ်ဖြစ် Twitter Follow Badge ထည့်ချင်သူတွေအတွက် အောက်ပါ Link မှာ လွယ်ကူစွာ သွားရောက်လုပ်ယူပြီး အသုံးပြုနိုင်ပါပြီ။ ကျွန်တော့်ဘလော့မှာတော့ ဘယ်ဘက် ညာဘက်ခြမ်းမှာ ထည့်ထားတာ တွေ့မြင်ရပါလိမ့်မယ်။ http://www.go2web20.net/twitterFollowBadge/

ခန္ဓာကိုယ်ကို နိုင်ငံအလံတွေနဲ့ အလှဆင်မယ့်သူ

Photo: BARCROFT MEDIA အိန္ဒိယနိုင်ငံမှ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ Guinness Rishi ဆိုတဲ့သူဟာ သူ့တစ်ကိုယ်လုံးပေါ်မှာ နိုင်ငံတွေရဲ့အလံတွေ အားလုံးကို တက်တူးထိုးထားနိုင်တဲ့ လူသားတစ်ယောက်အဖြစ် Guinness Book ထဲမှာ ပါနိုင်အောင် ကြိုးစားနေပါတယ်။ အခုလောလောဆယ်မှာတော့ နိုင်ငံခြောက်ခု (Canada, Union Jack, India, USA, Cyprus and Indian Congress Party) ရဲ့ အလံတွေကို စတင်ပြီး တက်တူးထိုးပြီးသွားပြီဖြစ်ပါတယ်။ အလံတွေအားလုံးကို လာမည့်သုံးနှစ်အတွင်းမှာ ပြီးအောင် တက်တူးထိုးသွားမှာဖြစ်ပါတယ်။ ဦးခေါင်းနှင့် မျက်နှာပေါ်မှာ နာမည်ကြီးနိုင်ငံတွေရဲ့ အလံတွေကို တစ်လက်မ ပတ်လည်စီ တက်တူးထိုးသွားမှာဖြစ်ပြီး ကျန်တဲ့ အလံတွေကိုတော့ လည်ပင်းမှစတင်ပြီး ခြေထောက်ထိ အက္ခရာစဉ်လိုက် ထိုးမှာဖြစ်ပါတယ်။ "ဆင်းရဲတဲ့သူတွေဟာ ပိုက်ဆံမရှိပေမဲ့လည်း သူတို့ဘဝမှာ တစ်ခုခုကိုတော့ ရအောင် လုပ်သွားဖို့ ဆန္ဒရှိပါတယ်။ ဒါကြောင့်မို့ သူတို့မှာ မူလရှိပြီးသားဖြစ်တဲ့ ခွန်အား၊ စွမ်းပကားတွေကို အသုံးချပြီးတော့ နာမည်တစ်ခုခုကျန်ခဲ့အောင် လုပ်တတ်ကြပါတယ်" လို့ Guinness မှ ပြောကြားသွားပါသေးတယ်။ ကျွန်တော့်အနေနဲ့ကတော့ တက်တူးထိုးတာကို အားမပေးဘူး။ အသားလည်း နာသေးတ

အန်တီမာမာအေးရဲ့ မန်းရာပြည့် သီချင်း

မန္တလေးမြို့ကို တည်ထောင်ခဲ့သော ပဉ္စမသင်္ဂါယနာတင် သီရိပဝရ ဝိဇယာနန္တယ သပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ” ဘွဲ့တံဆိပ် နာမံခံတဲ့ ဆဒ္ဒန်ဆင်မင်းသခင် မင်းတုန်းမင်း မန္တလေးမြို့ကြီးဟာ ဒီနှစ်မေလထဲမှာပဲ (23.May.2009) နှစ် ၁၅၀ ပြည့်ခဲ့ပြီးပါပြီ။ အခု သီချင်းလေးကတော့ မန္တလေးမြို့ နှစ် ၁၀၀ ပြည့်တုန်းက ရေးစပ်ထားခဲ့တာဖြစ်ပြီး အန်တီမာမာအေး သီဆိုထားတာဖြစ်ပါတယ်။ မန္တလေးကိုချစ်မြတ်နိုးသူတွေ အမှတ်တရ သိမ်းထားနိုင်အောင် မျှဝေလိုက်ရပါတယ်။ Quality ကတော့ သိပ်ပြီးအကောင်းကြီး မဟုတ်ပါဘူး။ ဒီထက်ကောင်းတဲ့ Quality ရှိခဲ့ရင်လည်း ကျေးဇူးပြုပြီး မျှဝေပေးခဲ့စေလိုပါတယ်။ သီချင်းလေးကို နားထောင်လိုက်တာနဲ့ မန္တလေးမြို့ရဲ့ အငွေ့အသက်တွေ၊ ရှူ့ခင်းတွေကို မြင်ယောင်လာစေမှာဖြစ်ပါတယ်။ Download : မန်းရာပြည့်

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

Google Fast Flip နှင့် သတင်းရှာနည်း အခြေခံ

နာမည်ကြီး သတင်းဌာနများမှ လူကြိုက်အများဆုံး သတင်းတွေကို တစ်နေရာတည်းမှာ ဖတ်ရှူ့နိုင်အောင် Google Fast Flip က လုပ်ဆောင်ပေးနေပါပြီ။ သတင်းတွေအားလုံးကတော့ Google News ပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ အရင်က Feed တွေ ဖတ်ရတဲ့ ပုံစံအတိုင်းပါပဲ။ ဒါပေမဲ့ Feed တွေယူပြီး ဖတ်တုန်းကတော့ ကိုယ့်စိတ်ကြိုက် ဘလော့တွေ၊ ၀ဘ်ဆိုဒ်တွေကို စိတ်တိုင်းကျ Customized လုပ်နိုင်ပါတယ်။ GFF မှာ ဖတ်ရှူ့သူတွေအတွက် အကျိုးရှိစေတဲ့ ရလဒ်တစ်ခုကတော့ အချိန်ကုန် သက်သာခြင်းပါပဲ။ ထိုနည်းတူစွာ ဒီပို့စ်နှင့်အတူ ကျွန်တော်ပြုလုပ်နေကျ သတင်းရှာနည်းတစ်ခုကို Sharing လုပ်ချင်ပါတယ်။ မြန်မာပြည်နဲ့ ပက်သက်တဲ့ နောက်ဆုံး Update ဖြစ်တဲ့ သတင်းတွေကို ရှာကြည့်နည်းပါပဲ။ မြန်မာပြည်သတင်းတွေကြည့်မယ်ဆို ပထမဦးစားပေးအနေနဲ့ကတော့ ဧရာဝတီ၊ ခေတ်ပြိုင် စတဲ့ ဆိုဒ်တွေမှာ အရင်ဆုံးကြည့်ပါတယ်။ အဲဒီနောက်မှာတော့ Google News ဆီသို့ ခြေဦးလှည့်ပါတယ်။ Google News Page ရဲ့ search box မှာ Myanmar သို့မဟုတ် Burma (သို့မဟုတ် မိမိရှာဖွေလိုသည့် အကြောင်းအရာနှင့် ပက်သက်သည့် စာသား) အစရှိတဲ့ keyword တွေကို ရိုက်ထည့်ပြီး ရှာဖွေခြင်းဖြစ်ပါတယ်။ ထို့နောက်မှာတော့ နောက်ဆုံးသတင်း သို့မဟုတ်ေ

တို့ရဲ့မန်းမြေမှာ

ရွှေမန်းမြေ သာပေရဲ့လား။ တို့ဌာနေ ကျုံးရေ အလှနဲ့ သာပေစွ တကား။ ရွှေမန်းမြေ စည်ပေရဲ့လား။ တို့ရဲ့မြေ ၀ါရွှေ အလှနဲ့ စည်ပေစွ တကား။ ရွှေမန်းမြေ ဖြိုးဝေရဲ့လား။ တို့မန်းမြေ အိမ်ခြေ အလှနဲ့ ဖြိုးဝေစွ တကား။ ရွှေမန်းမြေ ခါတစ်ခေါက် လာရောက်လို့ လည်လှည့်ပါ။ ဘ၀င်မှာ ကြည်ရွှင်လန်းလို့ မြင်ဆန်းစေမှာ။ တို့ရဲ့ မန်းမြေမှာ သာသနာ ကွန့်မြူး။ တို့ရဲ့ ဌာနေမှာ မြင်မြင်တကာ ကြည်နူး။ ရှေးအမွေ နန်းပြသာဒ်တို့ သပ်ရပ် တင့်ထူး။ ။ သိပ္ပံ စိုးမြင့်နိုင် အတွဲ ၄၁၊ အမှတ် (၁)၊ မြ၀တီ မဂ္ဂဇင်း ၁၉၉၂ နိုဝင်ဘာလ ကဗျာလေးကိုဖတ်ပြီး မန္တလေးကျုံးကြီးအကြောင်း၊ အိမ်ခြံမြေတွေအကြောင်း နှင့် သာသနာအကြောင်း နည်းနည်းရေးချင်လာတယ်။ အုတ်တွေမခင်းမှီ အရင် ကျုံးကြီးကတော့ မျက်စိထဲမှာ ပိုပြီး ကြည့်လို့ကောင်းသလိုပဲ။ အုတ်တွေခင်းလိုက်တာ မျက်စိထဲမှာ ကြည့်ရတာ တစ်မျိုးဖြစ်သွားတယ်။ ဘာပဲပြောပြော ကျုံးကြီးနဲ့ မန္တလေးတောင်ကြီးကို (၂၆ဘီလမ်း ဒေါင့်ကနေ) တွဲဖက်ပြီး မြင်ရတဲ့ မြင်ကွင်းက စိတ်ကြည်နူးသွားတာ အမှန်ပဲ။ အုတ်ခင်းတယ်ဆိုတာ ခေတ်မီပေမဲ့ ရှေးဟောင်းအမွေအနှစ်တွေကိုတော့ အုတ်တွေနဲ့အစားထိုး ပြုပြင်လိုက်တာဟာ လုံးဝ မှားတယ်လို့ ထင်တယ်။ ဥပမာ ... ဥ