Skip to main content

Posts

Showing posts with the label ထမနဲ

သာသနရံသီဝိဟာရ ထမနဲထိုးပွဲနှင့် စာပေဟောပြောပွဲ အမှတ်တရ

သာသနရံသီကျောင်း (Colindale) ၏ ထမနဲထိုးပွဲကို ဇန်နဝါရီလ ၃၁ရက်နေ့ တနင်္ဂနွေနေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ ယခင်နှစ်တွေထက် လူတွေ ပိုမိုစည်ကားလာတာတွေ့ရပါတယ်။ ထမနဲကလည်း ကောင်းမှကောင်းပဲဗျာ။ ချွေးတပြိုင်းပြိုင်းနဲ့ သံစုံဟစ်ကြွေးပြီး ထမနဲထိုးကြတာ မြန်မာပြည်က တကယ့်ထမနဲပွဲအတိုင်းပါပဲ။ တကယ့်ကို မြန်မာပြည်ကို လွမ်းစေသလို အလွမ်းလည်းပြေစေပါတယ်။ ထမနဲပွဲမတိုင်ခင်မှာ စာပေဟောပြောပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ ဆရာတော် ဦးဥတ္တရမှ စာပေနှင့် ပက်သက်သည့် မှတ်သားဖွယ်ရာ ဆုံးမစကားများကို ဟောကြားဆုံးမတော်မူပါတယ်။ လူငယ်တိုင်း စာအုပ်စာပေလေ့လာသင့်ကြောင်း၊ စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်ကြောင်း၊ စာဖတ်အားကောင်းပြီး အသိဥာဏ်မြင့်မားမှသာလျှင် ကောင်းကျိုး ဆိုးကျိုးကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း ဟောကြားဆုံးမတော်မူပါတယ်။ ထို့နောက် ဖိတ်ကြားထားသည့် Dr. Gustaaf Houtman (ဦးစန်းမောင်) မှ ပညာရေးနှင့် မနုဿဗေဒဆိုင်ရာများကို ဟောပြောဆွေးနွေးကြပါတယ်။ ဦးစန်းမောင်မှ နိုင်ငံခြားသားဖြစ်ပြီး မြန်မာစာပေနှင့် စကားကို မြန်မာတစ်ယောက်လို ဟောနိုင်၊ ရေးနိုင်၊ ပြောနိုင်သူဖြစ်ပြီး မန္တလေးမြို့တွင်လည်း သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ဖူးတဲ့ ဗ...

သာသနရံသီဝိဟာရ၏ ထမနဲပွဲနှင့် စာပေဟောပြောပွဲ

သာသနရံသီဝိဟာရ ၏ နှစ်စဉ်ရိုးရာပျက်ကျင်းပမြဲဖြစ်သည့် ထမနဲပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီ တွင် ကျင်းပမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိ မိတ်ဆွေအပေါင်းတို့အား လေးစားစွာဖိတ်ကြားအပ်ပါသည်။ အဆိုပါထမနဲပွဲနှင့် အတူ စာပေဟောပြောပွဲကိုလည်း ညနေ ၃ နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။ ဟောပြောမည့်သူမှာ Dr. Gustaaf Houtman (ဦးစန်းမောင်) ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေး နှင့် မနုဿဗေဒဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောမှာဖြစ်ပါတယ်။ ထို့ကြောင့် ဗဟုသုတရစရာ စာပေဟောပြောပွဲလည်းတက်ရောက် ရာသီစာ ထမနဲလည်း စားသောက်ရင်း ဘုန်းကြီးကျောင်းမှာ အတူတကွကုသိုလ်ယူနိုင်ကြဖို့ ဖိတ်ကြားလိုက်ရပါတယ်။ ထမနဲထိုးရန်အတွက် အားကောင်းမောင်းသန် အမျိုးသားများလည်း လိုအပ်နေပါတယ်။ ထို့ကြောင့် မိမိ၏ကာယဗလစွမ်းအင်ကို ကုသိုလ်ယူ လှူဒါန်းကြပါစို့ဟု လန်ဒန်ရှိ အစ်ကိုတော်၊ ညီတော်များကိုလည်း ထပ်မံဖိတ်ကြားလိုက်ရပါတယ်။