ဒီနေ့ မိုးမခဝဘ်ဆိုဒ်မှာ ပြည်သူ့ဂုဏ်ရည် (သို့) Citizen of Burma Award နှင့် ပက်သက်တဲ့ အကြောင်းအရာတစ်ချို့ကို ဖတ်လိုက်ရပါတယ်။ စိတ်ပါဝင်စားဖို့ကောင်းတဲ့အပြင် အားကျဖို့ကောင်းတဲ့အတွက် စာဖတ်သူများကို ပြန်လည်မျှဝေလိုက်ရပါသည်။ ပြည်သူ့ဂုဏ်ရည် - ဆိုသည်မှာ မြန်မာပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်း စွမ်းဆောင်သူများကို ဂုဏ်ပြုချီးမြှင့်ရန် ပြည်ပရောက် မြန်မာမိသားစုများ စုစည်း၍ ၀ိုင်းဝန်းဆောင်ရွက်ကြမည့် အစီအစဉ် ဖြစ်ပါတယ်။ ၁) ရည်ရွယ်ချက် ၁။ ပြည်တွင်းတွင် လူမှုရေးလုပ်ငန်းများကို အားကျိုးမာန်တက် လုပ်ကိုင်ဆောင်ရွက်နေကြသူများအား ပြည်ပရှိ မြန်မာမိသားစုအသိုင်းအဝိုင်းများမှကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း လူသိရှင်ကြား တရားဝင်အခမ်းအနား ကျင်းပပြီးဂုဏ်ပြုဆုချီးမြှင့်မည်။ ၂။ နှစ်စဉ်နှစ်တိုင်း မပျက်မကွက်လုပ်ဆောင်သွားကြမည့် အထိမ်းအမှတ်ဆုအဖြစ်နောင်အရှည်သဖြင့် တည်တံ့ ခိုင်မြဲသွားစေရန် စည်းမျဉ်း၊ စည်းကမ်းများ ဖွဲ့စည်းပုံများချမှတ်လုပ်ဆောင်သွားမည်။ ၂) ဘယ်လိုလုပ်ကြမလဲ၊ ဘယ်သူတွေပါမလဲ ၁။ ပထမအကြိမ်ဆုအတွက် “အမေရိကန်ပြည်ထောင်စုရောက် ပြည်ထောင်စုမြန်မာနိုင်ငံမှ မိသားစုများ” အနေနှင့် ဖြစ်မြောက်အောင် ကြိုးစားကြမည်။ နေ...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ