Skip to main content

Posts

Showing posts with the label photography tips

ကလေးငယ်များကို ဓာတ်ပုံရိုက်ခြင်း

ကလေးငယ်တွေကို ဓာတ်ပုံရိုက်ရတာလည်း ငှက်ပျောသီးအခွံနွှာသလို ထင်သလောက်တော့ မလွယ်လှပါဘူး။ အနည်းဆုံးတော့ ကလေးငယ်ကိုရိုက်မည့် ကင်မရာရဲ့ Function တွေကို သိထားရပါမယ်။ Auto mode, Child Mode နဲ့ရိုက်တဲ့အခါ ဝါးနေတာတို့ ဖြစ်နေရင် အလွယ်ကူဆုံးရိုက်နည်းကတော့ ကင်မရာရဲ့ shooting mode ကို auto ကနေ S mode ကိုပြောင်းလိုက်ပါ။ S ဆိုတာ shutter priority mode ဖြစ်ပြီး မိမိကိုယ်တိုင် shutter speed ကိုရွေးရမှာဖြစ်ပါတယ်။ ကျန်တဲ့ aperture ကိုတော့ ကင်မရာကနေ auto ရွေးပေးမှာဖြစ်ပါတယ်။ ငြိမ်နေတဲ့ ကလေးကိုရိုက်မယ်ဆိုရင် S တန်ဖိုးကို 1/125 လောက်ကစပြီး ကစားပေးနိုင်ပါတယ်။ ဆော့နေတဲ့ကလေးဆိုရင်တော့ တန်ဖိုးကို တိုးတိုးပြီး ရိုက်ကြည့်ပါ။ 1/125 နဲ့ ဝါးနေသေးရင် 1/160, 1/250 ... စသည်ဖြင့် တိုးပေးသွားပါ။ အဲလိုတိုးတဲ့အခါ indoor မှာ ရိုက်တယ်ဆိုရင် ကင်မရာနဲ့ ISO setting ကိုလည်း တိုးပေးဖို့လိုပါလိမ့်မယ်။ ISO ဆိုတာ ကင်မရာနဲ့ အလင်းစွဲအားနှုန်းဖြစ်ပါတယ်။ ISO ကို အရမ်းမြှင့်ရင်တော့ Grain Noise တွေထွက်လာမှာဖြစ်ပါတယ်။ Focus Mode ကိုတော့ auto ဒါမှမဟုတ် Continuous auto ထားနိုင်ပါတယ်။ ပြေးနေတာတွေဘာတွေရိုက်မယ်ဆိုရင်တော့ Continuou Mode မှာထာြး...