Skip to main content

Posts

Showing posts with the label သီတင်းကျွတ်ဈေးရောင်းပွဲတော် (လန်ဒန်)

သီတင်းကျွတ်ဈေးရောင်းပွဲတော် (London)

သီတင်းကျွတ်ပြီ။ မြန်မာပြည်မှာတော့ သီတင်းကျွတ်မီးထွန်းကြ၊ ပျော်ကြရွှင်ကြနဲ့ အဝေးရောက်နေသူတွေအဖို့ အရမ်းကို လွမ်းမောဖွယ်ကောင်းလှပါတယ်။ မြန်မာပြည်သီတင်းကျွတ်ကို အရမ်းသတိရတယ်ဗျာ။ ကျွန်တော့်လိုပဲ သီတင်းကျွတ်ညလေးတွေကို အဝေးတစ်နေရာကနေသတိရနေတဲ့ သူငယ်ချင်းများကို သတင်းကောင်းလေးတစ်ခု ပေးပါရစေခင်ဗျာ။ အင်္ဂလန်နိုင်ငံရောက် FFB အဖွဲ့သားများစီစဉ်သော သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို လန်ဒန်မြို့ St Agnes Centre ( Cricklewood ) မှာ အောက်တိုဘာ ၃၁ ရက်ည (ညနေ ၃နာရီခွဲမှ ည ၈ နာရီအတွင်း) မှာပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။ သီတင်းကျွတ် ဈေးရောင်းပွဲတော်တွင် မြန်မာစာကောင်းကောင်းလေးတွေကို စားချင်ပါတယ်ဆိုတဲ့သူများ အတွက် အောက်ပါအစားအသောက်များကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။ - ဂျင်းသုပ် ၊ လက်ဖက်သုပ် - မုန့်ဟင်းခါး - ကတ်ကြေးကိုက် - ကော်ပြန့်စိမ်း - ကျောက်ကြော ၊ ဆနွင်းမကင်း- နန်းကြီးသုပ် - ၀က်သားတုတ်ထိုး - ပဲပြုတ် - ကြာဇံချက် - အသုပ်စုံ - ဒန်ပေါက် - Soft Drink / Beer နှင့် မြန်မာ့ရိုးရာ မုန့်မျိုးစုံဖြစ်ပါတယ်။ ထို့အပြင် သီချင်းဆိုဝါသနာပါသူများ အတွက် Karaoke သီချင်းဆိုပြိုင်ပွဲလေးကိုထည့်သွင်းပေးထားပါတယ်။ မြန်မာ့ရိုးရာ အစားအသော...