Skip to main content

Posts

Showing posts with the label Friends

အပြစ်ကင်းစင်သော မော်ဒယ်လေး

လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူငယ်ချင်းတစ်ယောက်ကို ထိုင်စောင့်နေရင်း သူ့ရဲ့သားလေးကို ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့ပါတယ်။ ကလေးကို ဓာတ်ပုံတွေရိုက်ရင်း စိတ်ထဲမှာလည်း ဆန္ဒတစ်ခုကို သူ့မိဘတွေအတွက်လည်း ဆုတောင်းပေးမိခဲ့တယ်။ ကလေးတွေကို ဓာတ်ပုံရိုက်ရတာ စိတ်ကြည်နူးဖို့အကောင်းဆုံးပဲဗျာ။ သူ့တို့ရဲ့ အပြုံးတွေ၊ မျက်နှာလေးတွေမှာ ဟန်ဆောင်မှုတွေ၊ မာန်မာနတွေ၊ ဒေါသတွေနဲ့ ဖုံးလွှမ်းမနေဘူး။ ဒါ့ကြောင့်လည်း ဒီပို့စ်ရဲ့ နာမည်ကို အပြစ်ကင်းစင်သော မော်ဒယ်လေးလို့ ပေးလိုက်တာပါ။

ဒါနဲ့ စကားမစပ် ...

စကားမစပ် ... မနက်ဖြန် East London မှာ IC show ပွဲရှိတယ်။ မျိုးကြီး၊ အငဲ၊ ၀ိုင်ဝိုင်း၊ တင်ဇာမော်နှင့် IC အဖွဲ့သားများ ဖျော်ဖြေတင်ဆက်ကြမှာ ဖြစ်ပါတယ်။ IC show က ပြည်ပမှာတင်မဟုတ် ပြည်တွင်းမှာပါ ကြည့်ရခဲတဲ့ ပွဲတစ်ခုပါ။ ဒါပေမဲ့ အလုပ်ရှိနေတာရယ် စိတ်မပါတာရယ်ကြောင့် မသွားဖြစ်တော့ပါဘူး။ သူငယ်ချင်းတို့ရေ ... ဆောရီးပါကွာ။ စကားမစပ် ... လွန်ခဲ့တဲ့လက မန္တလေး ၁၆ အထက ကျောင်းတုန်းက တစ်ခန်းတည်း အတူတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့ အပြင်မှာ (Holborn) ပြန်ဆုံခဲ့တယ်။ စကားတွေပြောရင်း အသက်ပြန်ငယ်သွားသလို ၁၆ကျောင်းကြီးကိုလည်း သတိရမိတယ်။ သူငယ်ချင်းကတော့ အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲဘူး။ ငယ်ငယ်ကလို စာတော်မြဲပဲ။ အခုလဲ LSE မှာ Economic and Economic History ကို Master ဖတ်နေတယ်။ သူတင်မဟုတ်ဘဲ သူ့ညီကလဲ ဒီနှစ်ထဲမှာပဲ King College ကို ၀င်ခွင့်ရတယ်။ သူအစ်မကတော့ Imperial ကနေ ကျောင်းပြီးထားပါတယ်တဲ့။ ကျွန်တော် သူတို့ မောင်နှမသုံးယောက်လုံးကို အရမ်းလေးစား အားကျသွားတယ်။ သူကတော့ Master မှာ စာတွေ ဖတ်ရလွန်းလို့ ငြီးနေလေရဲ့။ စကားမစပ် ... စင်ကာပူမှာ Electronic နဲ့ အလုပ်လုပ်နေတဲ့ ၁၆ ကျောင်းက သူငယ်ချင်းတစ်ယောက်နဲ့လည်း အွန်လိုင်...

ဂုဏ်ယူပါတယ် မချောအိမာန် (မန္တလေး)

မန္တလေးမှ လူငယ်စာရေးဆရာမတစ်ဦးလည်းဖြစ် မိတ်ဆွေတစ်ဦးလည်းဖြစ်တဲ့ မချောအိမာန် (မန္တလေး) သည် " မန္တလေးကို ပျံသွားသလား " ၀တ္တုတိုဖြင့် ၂၀၀၈ ရွှေအမြုတေ စာပေဆုရရှိ ထိုက်ထိုက်တန်တန် ရရှိသွားကြောင်း ကြားသိရသည့်အတွက် ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ မချောအိမာန်(မန္တလေး) ကျန်းမာချမ်းသာစွာဖြင့် စာတွေဆက်လက်ရေးသားနိုင်ပြီး အောင်မြင်မှုများ ဆက်လက်ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ အောင်မြင်မှုတွေရပြီးပြီဆိုတော့ နောက်ထပ်ရဖို့ တစ်ခုပဲ ကျန်ပါတော့တယ် အစ်မရေ ... လက်ဖွဲ့ ပြင်ထားလိုက်ရတော့မလား :P ဒီသတင်းအတွက် ဆြာဘ ကို ကျေးဇူးတင်ရှိပါတယ်။ Related post : ရဲတိုက် သို့မဟုတ် တောင်ကြီးသားတစ်ယောက်

ရဲတိုက် (သို့) တောင်ကြီးသားတစ်ယောက်

ဒီလထုတ် ရွှေအမြုတေ မဂ္ဂဇင်း ကို Online မှာ ဖတ်ကြည့်လိုက်တော့ သူငယ်ချင်း ရဲတိုက် (လင်းထွန်း) ကို မျက်နှာဖုံးရှင်အဖြစ်သာမက အင်တာဗျူးအနေနဲ့ပါ ပါလာတာ တွေ့လိုက်ရတယ်။ သူငယ်ချင်း တစ်ယောက် အောင်မြင်မှုတွေ ရနေပြီပဲလို့ တွေးပြီး ၀မ်းသာသွားတယ်။ ရဲတိုက်ကို ပရိတ်သတ် စပြီး သိသွားစေတဲ့ ဇာတ်ကားကတော့ လူမင်း၊ တင့်တင့်ထွန်း၊ မိုးဟေကို တို့နှင့် သရုပ်ဆောင်ထားတဲ့ အမျှင် ဇာတ်ကားမှာပါ။ နောက်ပြီး Billboard တွေ ကြော်ငြာတွေမှာလည်း တွေ့လာရပါတယ်။ အထူးသဖြင့် မြန်မာဘီယာ ကြော်ငြာ၊ ပိုစတာတွေမှာ သူ့ကို အများဆုံး သတိထားမိကြပါလိမ့်မယ်။ ရဲတိုက်ရဲ့ သရုပ်ဆောင်မှုကို ကျွန်တော်ပထမဆုံး ကြည့်ဖူးတာက NO အဖွဲ့ သီဆိုထားတဲ့ ချစ်သူမသိလိုက်သောအချစ် သီချင်းလေးမှာပါ။ အဆိုတော်သာမက သရုပ်ဆောင်တွေရော၊ သီချင်းစာသားလေးတွေပါ ပြောစရာမလိုအောင် ပရိသတ် လက်ခံအားပေးခဲ့တဲ့ သီချင်းတစ်ပုဒ်ဆိုရင်လည်း မမှားပါဘူး။ သူငယ်ချင်း ရဲတိုက် ... နောင် အနာဂတ်မှာလည်း အောင်မြင်မှုတွေကို ဆက်လိုက် ပိုင်ဆိုင်နိုင်ပြီး ပရိတ်သတ်ရဲ့ လက်ခံအားပေးမှုကို အမြဲတမ်းရရှိတဲ့ အနုပညာသည်ကောင်းတစ်ယောက် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

သူငယ်ချင်း တစ်ယောက်ထံမှ ပေးစာ

ဒီနေ့ ဒေးဒရဲဘက်ကို သွားလှူကြတယ်ကွာ။ ထောက်ပံ့ရေး ပစ္စည်းတွေက နေရာတော်တော်များများကို မရောက်ဘူး။ ကွမ်းခြံကုန်းဘက်ကိုတော့ ရောက်တယ်ကွာ။ ဒါပေမယ့် ကြားထဲက ရွာတွေကိုတော့ မဝေဘူးကွ။ ကြားထဲမှာရှိတဲ့ ရွာတွေက ငတ်နေကြတယ်ကွာ။ အိမ်တွေလဲ နေစရာ မရှိ ၀တ်စရာ မရှိနဲ့ တော်တော်သနားဖို့ကောင်းတယ်။ သူတို့ကို လှူတဲ့ပိုက်ဆံ ၅၀၀၀ လောက်ကိုကွာ တစ်ခါမှမကိုင်ဘူးဘူးတဲ့။ မုန်တွေဝေတော့လဲ ဒီလိုမုန့်တွေ မြင်တောင်မမြင်ဘူးဘူးတဲ့။ အဲဒီမုန့်ဆိုတာ ငါတို့လို သာမန်လူတန်းစားတွေတောင် ပေါပေါလောလော ၀ယ်လို့ရတဲ့ ဘီစကစ်တွေပါကွာ။ ကယ်ဆယ်ရေး စခန်းတွေမှာလဲ တစ်ချို့ အစားသောက်တွေဆို သိုးတောင်သိုးနေပြီ။ မနက်ထဲက ဝေမယ်ဆိုပြီး တန်းစီခိုင်းထားတာ ငါတို့ ပြန်လာတဲ့ညနေအထိ ဝေတောင်မဝေရသေးဘူး။ အာဏာပိုင်တွေက တော်တော်ရက်စက်နေကြတာကွာ။ ပြည်သူတွေဆီ အပြည့်အ၀မရာက်ဘူး။ ငါဆို မျက်ရည်တောင်ကျချင်တယ်။ မနည်းထိန်းထားရတယ်။ သူတို့ဆီ တိုက်ရိုက်လှူမယ်ဆိုတော့လဲ မရဘူး။ အစိုးရဆီကိုပဲ အပ်ရမယ်တဲ့။ တော်တော်စိတ်ထားယုတ်တဲ့သူတွေ။ ကျွန်တော်လည်း စာကိုဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ကိုယ်တွေ့ တွေ့မြင်လာခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းစာတယ်။ အဲဒီတော့ ဒီလိုအြေ...

Happy Birthday Ju Ju

သူငယ်ချင်း Ju Ju ... ဒီနေ့မှာ ကျရောက်တဲ့ မင်းရဲ့မွေးနေ့မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ဘ၀ရဲ့ အောင်မြင်မှုပန်းတိုင်ကို မလွဲသေ ဧကန်မုတ်ချရောက်အောင် ကြိုးစားအားထုတ်နိုင်တဲ့ လူတော်လူကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ [ ဘဲ ချောချောလေးလည်း ရပါစေ :P ... မုန့်ကတော့ ပြီးမှစားတော့မယ် :D ] Tags: friend's birthday , birthday , remembrance

ဝမ်းနည်းကြေကွဲခြင်း

သူငယ်ချင်း နိုင်နွေးအောင်၊ ကိုနောင်တို့၏ ချစ်လှစွာသောမိခင် (ဒေါက်တာ ဒေါ်သန်းမေစီ) သည် စနေနေ့ (၃၀ရက်) တွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြောင်း သိရသည့်အတွက် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်။

Friends from MCC - MDY

ခင်လို့ စတာကို စိတ်မဆိုးရဘူးနော်၊ ရုပ်ဆိုးတတ်တယ်။ မကျေနပ်ရင် ပြန်စ :P

Happy Birthday မောင်ဝေဟင်

ပျော်ရွှင်ဖွယ်ရာ ဂုဏ်ယူဖွယ်ရာ မွေးနေ့ပါ ... ဝေဟင် ပျော်ရွှင်ဖွယ်ရာ ဆိုတာကတော့ မွေးနေ့မို့လို့ ပြောတာပါ။ ဂုဏ်ယူစရာဆိုတာကတော့ အမေများနေ့နဲ့ တိုက်ဆိုင်နေလို့ပါပဲ။ မင်းရဲ့ပို့စ်မှာ မွေးမိခင်ဆီကို ဖုန်းဆက်တာ မရသေးတဲ့အကြောင်း တွေ့ပါတယ်။ ဝေဟင်ရေ ဆုတောင်းပေးပါတယ်ကွာ။ ဖုန်းလိုင်းတွေ မြန်မြန်ကောင်းပါစေလို့။ တစ်ခါတလေကျတော့လည်း အဲဒီ ဖုန်း ဆိုတာကြီးကို အရမ်းအမြင်ကတ်မိတယ်။ ဘာပဲဖြစ်ဖြစ်ကွာ မင်းပြောသလိုပါပဲ ငါတို့အမေတွေလည်း ငါတို့မွေးနေ့ ဒါမှမဟုတ် ငါတို့နဲ့ ပက်သက်တဲ့ အထိမ်းအမှတ် တစ်ခုခုအတွက်ဆိုရင် အမြဲဆုတောင်းပေးနေမှာ လက်ခတ်မလွဲပါပဲ။ ကျန်းမာပျော်ရွှင်စွာနဲ့ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေလို့ ထပ်ပြီး ဆုတောင်းပေးပါတယ်ကွာ။ အသက်တစ်နှစ် ထပ်ပြီးကြီးသွားပြန်ပြီ။

မန္တလေး MCC သင်္ကြန်

မန္တလေးသင်္ကြန်အကြောင်းပြောရင် အမှတ်ရဆုံးက MCC သင်္ကြန်ပါပဲ။ ဒီနှစ်တော်တော်စည်တယ်လို့ ကျွန်တော်ရဲ့ မိတ်ဆွေကြီး ကိုဆန်းဦး ဘလော့မှာ ဖတ်လို့ သိရပါတယ်။ သရုပ်ဆောင် ဦးကျော်ဟိန်းလည်း လာတဲ့အတွက် ပိုပြီးစည်ကားသွားခဲ့ပါတယ်။ အစကတော့ ကိုဆန်းဦး နောက်နေတယ် မှတ်နေတာ။ ဘာလို့လည်း ဆိုတော့ MCC မှာကလည်း ဦးကျော်ဟိန်းရှိတယ်လေ။ သူက ဦးကျော်ဟိန်းထက် ပိုချောတယ်။ ဟိဟိ ... ကြားရင်တော့ ၀မ်းသာနေမလား အမြင်ကတ်နေမလားပဲ။ တကယ်ပါ မယုံရင် MDY MCC မှာ သွားကြည့်လိုက်ပါ။ MD ဦးကျော်ဟိန်းလို့ မေးလိုက်ရင် တွေ့ပါလိမ့်မယ်။ စိတ်မကောင်းစရာသတင်းတစ်ခု အနေနဲ့ သူငယ်ချင်း မောင်မျိုးအောင် မေးစိ ပေါက်သွားတယ်လို့ကြားပါတယ်။ ဖြစ်မှ ဖြစ်ရလေ။ တော်သေးတယ် မေးစိပဲပေါက်လို့။ တစ်ခြားနေရာသာဆို မလွယ်ရေးချမလွယ်။ မတော်တဆလား ဒါမှမဟုတ် သင်္ကြန်အတွင်း ယမကာတန်ခိုးကြောင့် ဖြစ်သွားတာလားတော့မသိ ဟိဟိ။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ Sedona နဲ့မျက်နှာချင်းဆိုင်က Premier Pandal မှာ ရှိကြတယ်လို့ပြောပါတယ်။ မနှစ်ကတော့ Domino Pandal နဲ့ နှစ်ပါးသွားခဲ့ကြတယ်။ လူတိုင်းကတော့ သင်္ကြန်ကို စီးပွားရေးသင်္ကြန်ဆိုပြီး ပြောပြောလာတာ တွေ့ရပါတယ်။ ဟုတ်လည်း ဟုတ်နိုင်ပါတယ်။ စီးပွားရေးအခြေအ...

ထွန်းလှဟိုတယ် - မန္တလေး

မန္တလေးမှာ ထွန်းလှဟိုတယ် ဆိုရင် တစ်ချို့လူတွေသိကြမှာ မဟုတ်ဘူး။ အနေကြာတဲ့ (မြို့ခံ)လူတွေပဲသိကြတယ်။ ဘာကြောင့်လဲဆိုတော့ ထွန်းလှ ဆိုတဲ့နာမည်က အရင်ခေါ်တဲ့ နာမည်အဟောင်းမို့လို့ပါပဲ။ ဘယ်ကနေဘယ်လို ဒီဟိုတယ်အကြောင်းရေးတာလဲမေးရင် ... မောင်တို့ချယ်ရီမြေ (၀င်းဦး, ခင်သန်းနု) ဇာတ်ကားထဲမှာ ပြောသွားတာလေးကို သတိရသွားလို့ပါ။ အခု အဲဒီဇာတ်ကား Burmeseclassic မှာတင်နေတယ်။ "မင်းသမီးက ထွန်းလှဟိုတယ်မှာ တည်းနေတယ်"ဆိုတဲ့ စကားပြောလေးခန်းလေး ပါတယ်။ တကယ်တမ်း အခုနာမည် အသစ်က မြမန္တလာဟိုတယ် (Corner of 27th & 68th)ဖြစ်နေပါပြီ။ ၃ တန်း ၄တန်း အရွယ်လောက် အဲဒီ ဟိုတယ်ထဲကို ခဏခဏရောက်တယ်။ သူငယ်ချင်း(အာကာအောင်)ရဲ့အမေက အဲဒီဟိုတယ်မှာ မန်နေဂျာလုပ်တော့ ထမင်းစားကျောင်းဆင်းတိုင်း အဲဒီကို ရောက်ရောက်သွားတယ်။ ကျွန်တော်တို့ ၁၆ အထက ကျောင်းနဲ့ဆိုရင် ၂မိနစ်လောက် လမ်းလျောက်လိုက်တာနဲ့တင် ရောက်ပြီ။ နောက်ပိုင်းကျတော့ ရေကူးကန်မှာ ရေသွားကူးရင်း ခဏခဏရောက်ဖြစ်တယ်။ အမြဲတမ်းကူးတာတော့ မဟုတ်။ သူငယ်ချင်း(အောင်သူရ) နဲ့လိုက်သွားရင်း ကူးဖြစ်နေတာ။ သူကတော့ အမြဲပုံမှန်လိုလိုကူးတယ်။ ကျွန်တော်ကတော့ အမြဲမကူးချင်ဘူး။ ဘာလို့လည်း ဆိုတော့ ရေကူးရင် အရပ...

Happy Birthday Ko Zaw Moe Aung

သူငယ်ချင်း ကိုဇော်မိုးအောင် _^_ မွေးနေ့မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး မိဘကျေးဇူး အထူးဆပ်နိုင်သော လူတော်လူကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ရည်းစားချောချော (၀ါ) မိန်းမချောချောလေးရပြီး မြေးမြစ်တီတွတ်ကျွတ်ဆတ် တိုင်အောင် ပေါင်းသင်းနိုင်ပါစေ :)

ပုဂံရောက် ရောင်းရင်းများ

ဟိုက် ဒီဓာတ်ပုံကျတော့ တင်လို့ရနေပါလား။ ကဲ .. တင်တယ်ကွာ။ ငါရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကျတော့ File Error တက်နေတယ်။ ကြည့်ရတာ ပုံတွေကို ပြန်ပြင်ရဦးမယ်နဲ့တူတယ်။ ထားပါလေ နောက်မှ လုပ်တာပေါ့။ ပုံကတော့ အလွင့်ပဲကွာ (ဆံပင်တွေ)။ မောင်မျိုးအောင်လေး မင်းကို ပုံတွေအတွက် ကျေးဇူးပဲလို့ မပြောတော့ဘူးကွာ။ မင်းကို မေးလ်ကနေလည်း ပြောပြီးပြီ :P ဒါဘယ်နေရာလို့လဲ အတိအကျမပြောဘူးနော်။ မသိရင် ဥာဏ်စမ်းလုပ်ထားတယ်လို့ ထင်စရာပဲ။ အဲဒီလိုပြောတော့ ငါ သိလားဆိုတော့ ငါလည်း မသိဘူး :P တော်တော်များများက ငါသိပြီးသားလူတွေပါ။ မသိတဲ့သူတွေနှင့် နည်းနည်းကြည့်မရတဲ့သူတွေလည်း ပါလာသေးတယ် ဟာဟ ထားပါလေ အရေးမကြီးပါဘူး ဓာတ်ပုံတိုင်းကိုကြည့်နေတာ အဲဒီလက်နှစ်ချောင်းထောင်တာတွေ တော်တော်များများတွေ့တယ်။ ဘာလဲဟင် ... အခု ဓာတ်ပုံလောကမှာ Format ချထားတဲ့ အတိုင်းပဲနော် ... ကင်မရာရှေ့ရောက်တာနဲ့ လက်နှစ်ချောင်းက Auto ထောင်သွားတာလား ဟင် :D လောက်လေးဂွ လိုလို ငြိမ်းချမ်းရေးသင်္ကေတ လိုလိုနဲ့ ဟာဟ ဒီ ဓာတ်ပုံကြည့်ရတော့ ငါလည်း အလွမ်းပြေတာပေါ့ကွာ။ အင်တာနက် အခက်အခဲတွေ ရှိတဲ့ကြားထဲကနေ ပို့ပေးတဲ့အတွက် ဘယ်လိုကျေးဇူးတင်ရမှန်းမသိပါဘူးကွာ။ ပြန်လာရင်တော့ ဘာရီ တိုက်မယ် :P (မင်း မ...

MCC (MDY) မှ သူငယ်ချင်းများသို့

မင်းတို့ရဲ့ အောင်မြင်မှုအတွက် ငါ အရမ်းဝမ်းသာပါတယ်ကွာ။ နောင်မှာလည်း ဒီထက်ပိုပြီး အောင်မြင်တဲ့ ဆရာ/ဆရာမ ကောင်းတွေဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ်။ မင်းတို့ အခုပုဂံမှာ ပျော်နေကြမယ်ဆိုတာ ငါသိပါတယ်။ စည်းစည်းလုံးလုံးရှိကြတဲ့ ငါတို့အုပ်စုကိုယ်စား ငါ အရမ်းဂုဏ်ယူပါတယ်ကွာ။ တစ်ကိုယ်ကောင်းဆန်ပြီး ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး လုပ်တတ်တဲ့လူမျိုးတွေကိုတော့ ဥပက္ခောသာပြုထားလိုက်ကြပါကွာ။ သူတို့ထိုက်နဲ့ သူတို့ကံ အကျိုးပေးသွားပါလိမ့်မယ်။ ပြောလည်း သိမယ့်လူတွေမဟုတ်ဘူး။ မင်းတို့အားလုံး ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင်နဲ့ တာဝန်တွေ ဆက်လက်ထမ်းဆောင်နိုင်ကြပါစေလို့ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်ကွာ။ ပြန်လာရင်တော့ အီးမေးလ်ပို့ဦး ... ကွန်နက်ရှင်ကောင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်။ အင်းခရုက ကွန်နက်ရှင်ဆိုတော့ ခရုလို နှေးနေမှာစိုးလို့ပါ :P

မေမြို့ (သို့) ပြင်ဦးလွင်

ပြင်ဦးလွင်(သို့) မေမြို့အကြောင်း ( PyinOoLwin on WWW ) အရင်က ပို့စ်တွေရေးဖူးပါသည်။ အခုလည်း ရေးပါဦးမည်။ နောင်လည်း ရေးဖြစ်မှာ သေချာပါသည်။ ဘာကြောင့်ဆိုသော် ထိုမြို့လေးမှာ အရမ်းချစ်ဖွယ်ကောင်း၍ နေချင်စရာ ကောင်းလှသော တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သောကြောင့်ဟု ဖြေရန်သာရှိပါသည်။ အခုတလော မေမြို့နှင့်ပက်သက်၍ သတင်းတစ်ခု သိထားပါသည်။ မေမြို့တွင် ပြင်ဦးလွင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် စိန်ရတုပွဲတော်ကြီးကို ဒီဇင်ဘာ ၁၀ ရက် ... အဲ ... ဒီနေ့ စတာပေါ့ဗျာ ... ဒီဇင်ဘာ ၁၀ ရက်မှ ၂၀ ရက်နေ့အထိ ခမ်းနားသိုက်မြိုက်စွာကျင်းပပါတော့မယ်။ အဲဒီသတင်းကိုကြားတဲ့ မန်းလေးသူ မန်းလေးသားတိုင်း မေမြို့ကို သွားချင်နေမည်ဆိုတာကတော့ ငြင်းဖွယ်မရှိပါ။ ထို့အတူ ကျွန်တော်လည်း မေမြို့ကို သတိရမိသည်။ အဝေးရောက်နေတဲ့ သူတွေဆိုရင်တော့ ပိုဆိုးတာပေါ့ဗျာ။ မန်းလေးသူ မန်းလေးသားတွေ အတွက်ကတော့ မေမြို့ဆိုတာ မန်းလေးပြီးရင် အချစ်ဆုံးမြို့တစ်မြို့လို ဖြစ်နေပါတယ်။ ကျောင်းပိတ်လို့အားရင် ဒါမှမဟုတ် သင်တန်းတွေမှာ အုပ်စုလိုက် အပျော်ခရီးထွက်ရင်ပဲဖြစ်ဖြစ် မိသားစုလိုက် အပန်းဖြေသွားရင်ပဲဖြစ်ဖြစ် သွားတဲ့ Direction က မေမြို့ပဲ များပါတယ်။ အခုဆိုရင် ပန်းမြို့တော်(သ...

ဆရာတော် ဦးဝိသုတ နှင့် တွေ့ဆုံခြင်း

မနေ့ ကျွန်တော့်အခန်းဘေးက အခန်းကနေ ဘုန်းကြီးပရိတ်ရွတ်သံတွေ ကြားတယ်။ ပထမတော့ အဲဒီအခန်းက အစ်မကြီး ဘုန်းကြီးတရားခွေဖွင့်တာ နေမှာပေါ့လေဆိုပြီး ထင်နေတာ။ နောက်တော့ ဘယ်ဟုတ်မလဲ။ ဘုန်းကြီး ... ဘုန်းကြီးမှ တကယ့်ဘုန်းကြီး သင်္ကန်းကြီးနဲ့ :P ဒါနဲ့ ဘုန်းဘုန်းကို ရှိခိုးပြီး တရားလေး ဘာလေးနာလိုက်သေးတယ် :P ဘုန်းကြီးက မုံရွာသားဗျ။ ဒီရောက်တာ သုံးနှစ်ခွဲလောက်ရှိပြီ။ WembleyStadium နားက ကျောင်းမှာ သီတင်းသုံးတယ်လို့ပြောတယ်။ ပထမဦးဆုံးပဲဗျာ ... လန်ဒန်မှာ ဘုန်းကြီးတစ်ပါးနဲ့ စတွေ့တာ။ တရားလေးဘာလေးနာပြီးနောက် ဘုန်းဘုန်းပြန်ခါနီးမှာ အရာအားလုံးအတွက် ရည်စူးပြီး ၀ထ္ထုငွေ လှူလိုက်သေးတယ်။ ဘုန်းဘုန်းကတော ဆုတွေ အများကြီးပေးတယ်။ အကုန်ပြည့်ရပါ၏ဘုရား လို့ပဲဆုတောင်းမိတယ်။ ဖတ်မိတဲ့သူများ သာဓုခေါ်ကြပါကုန်လော့ :P အဲ ... ဘုန်းဘုန်းက ပြောသွားသေးတယ်။ နောက်လလောက် သူ့ကျောင်းမှာ ထမနဲထိုးပွဲရှိတယ်တဲ့။ လာခဲ့ပါတဲ့။ ကျွန်တော်လည်း ပြောလိုက်တယ်။ ဆက်ဆက်လာခဲ့ပါ့မယ် ဘုရား ... မရောက်ရောက်အောင်ကို လာခဲ့ပါမယ်ဘုရား။

ချစ်သူငယ်ချင်းကြီး အောင်သူရ

သူငယ်ချင်း ... ငါ ဒီနေ့ မင်းနဲ့ ဖုန်းပြောရတာ အရမ်းဝမ်းသာတယ်ကွာ။ မင်း အာလုံး အဆင်ပြေတာသိရတော့ ပိုပြီးဝမ်းသာတယ်။ ဖုန်းပြောခါစက မင်းငါ့အသံကို မမှတ်မိတာတော့ သိပ်မမိုက်ဘူး :P ဒါလည်း မဆန်းပါဘူးလေး နဲနဲလေးကြာတော့ ဝေေ၀၀ါးဝါးတော့ ဖြစ်မှာပေါ့။ မင်းလည်း မန်းလေးမှာ ပျင်းလိုက်ပျော်လိုက် ဖြစ်နေမယ်ထင်တယ်ကွာ။ ငါလည်း ဒီမှာ အဲဒီလိုပါပဲကွာ။ မင်းတို့ကတော့ နဲနဲတော်သေးတယ်။ နေမျိုးတို့ ဗိုလ်နွေးတို့ ရှိသေးတယ်လေ။ မင်းပြောမှ နယူးရီးယားကို ပိုပြီးသတိရတယ်ကွာ။ ငါတို့သူငယ်ချင်း လေးယောက် နယူးရီးယားမှာ နှစ်တိုင်းလိုလို အတူတူလည်ခဲ့ကြတာ ဒီနှစ်တော့ ငါမရှိဘူး။ မင်းတို့လည်း ပျင်းလောက်ရောပေါ့။ ငါ့ရဲ့ ဟာသတွေကိုလည်း မကြားနိုင်တော့ဘူးလေ :P ဒါပေမဲ့ မပူပါနဲ့ ငါ နယူးရီးယားညကျရင် မင်းတို့ဆီကို ဖုန်း ဆက်ဖြစ်အောင် ဆက်မယ်ကွာ။ မင်းတို့ ဘယ်ကိုရောက်နေ ရောက်နေပေါ့။ အဲဒီညကျရင်တော့ ငါလည်း ဘာလုပ်ရမှန်း မသိသေးဘူး :P တစ်ကောင်တည်းပဲ နယူးရီးယားကြိုရမလား အိပ်ပဲအိပ်နေတာကောင်းမလား ဒါမှမဟုတ် လျောက်သွားရင်နဲ့ ယမကာလေးတွေသောက်ရမလား မစဉ်းစားတတ်အောင်ပါပဲကွာ။ သေချာတာကတော့ မင်းတို့ဆီကို ဖုန်းဆက်ဖြစ်မှာပါပဲ။ မင်းတို့ဘယ်လိုလည်ကြတယ်ဆိုတာသိပြီး ငါလည်း စိတ်က...

Happy Birthday! Thinzar

May your special day be ... Surrounded with Happiness ( မွေးနေ့မှာ စိတ်မဆိုးကြေး ... ကလေးလည်း မဟုတ်ဘဲနဲ့ )

တန်ဆောင်မုန်းလပြည့် (သို့) ဆေးပေါင်းခတဲ့ည

ဒီမှာတော့ ဘာတွေခနေလဲတော့ မသိတော့ဘူး။ မယ်ဇလီဖူးသုပ်လဲ ဘယ်နားမှာမှန်း မသိဘူး။ ကြက်သားနှင့်ဘူးသီး ကာလသားချက်လေးလဲ လွမ်းမိတယ်။ လက်ရာကောင်းကောင်းလေးလဲ မစားရတာကြာပြီ။ အခုတလောလည်း စိတ်က ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့။ စာတွေကလည်း အခုတလော ကြည့်စရာတွေများနေတယ်။ ကြည့်လို့ကို မပြီးနိုင်ပါ။ လပြည့်နေ့ဆိုတာ စာကြည့်တာကို ခဏရပ်ပြီး လွတ်လွတ်လပ်လပ် နာရီဝက်လောက် လပြည့်နေ့အကြောင်းလေး တွေနေလိုက်တယ်။ စိတ်အပန်းဖြေတဲ့ အနေနဲ့ပေါ့။ မန်းလေးမှာ လပြည့်နေပျော်ခဲ့တာလေးတွေ မျက်စိထဲမှာ ပေါ်လာတယ်။ လပြည့်နေ့ညတွေဆိုရင် မန်းလေး ကျုံးလမ်းနဲ့ ၇၃ လမ်းတို့လို လမ်းမတွေပေါ်မှာ ဆိုင်ကယ်တွေနဲ့ စည်ကားနေတတ်တယ်။ တစ်ချို့ကလည်း သီတင်းကျွတ်လက်ကျန် မီးပန်းလေးတွေကို လွှတ်ရင်းပေါ့။ အထူးသဖြင့် မင်္ဂလာတံတားနားက မီးတိုင်းကြီးမှာဆိုရင် တော်တော်လေး စည်ကားတာပေါ့။ နောက်တစ်နေရာကတော့ မန်းလေးတောင်ကြီးပေါ့။ လမင်းရဲ့ အေးမြတဲ့ အလင်းရောင်တွေအပြင် မီးရှူးမီးပန်းတွေရဲ့ ရောင်စုံခြယ်သမှုကြောင့်လည်း မန်းလေးတောင်ကြီးက ပိုပြီး သာယာလှပနေတော့သည်။ တောင်ပေါ်သို့တက်ကြသော ဆိုင်ကယ်တန်းကြီးကလည်း မီးရထားတွဲလေးများပမာ။ ဆောင်းဝင်စပြုနေဖြစ်သော မန်းလေးမှာ အအေးဒဏ်ကို အံတုရင်း ပျော...

Asif, Upton park and CMS

မနေ့က ကျောင်းကနေ အတန်းပြီးတော့ သူငယ်ချင်း Asif နဲ့ သူ့ရဲ့ တိုက်ခန်းကို လိုက်သွားတယ်။ CoursWork အတွက်လည်း အတူတူလုပ်ရင်းပေါ့။ သူနေတာက UptonPark ... London ရဲ့ Zone 3 ထဲမှာပါတယ်။ သွားရတာကတော့ သိပ်မဝေးပါဘူး။ ကျောင်းက Zone 2 မှာဆိုတော့ ခဏလေးနဲ့ပဲရောက်သွားတယ်။ သူက မွတ်စလင်ဆိုတော့ သူနဲ့ အတူတူ နေကြတာကလည်း မွတ်စ်တွေကြီးပဲ။ အားလုံးပေါင်း ၆ ယောက်လောက်ရှိတယ်။ စုငှားပြီးနေကြတာ။ ပျော်စရာကြီးပေါ့။ အိုစမာ့အမျိုးတွေလည်း ပါရင်ပါနိုင်တယ် ဟီးဟီး။ ညစာကိုလည်း အဲဒီမှာပဲ စားခဲ့တယ်။ ကုလားစာ လေးတွေပေါ့။ အမဲခါးပတ် ရယ် အသီးအရွက်ကြော်လေးရယ် ... တော်တော်စားလို့ကောင်းပါတယ်။ လုပ်စရာရှိတဲ့ဟာတွေကိုလည်းလုပ် စားစရာရှိတဲ့ဟာတွေကိုလည်း စားပြီး နာရီကြည့်လိုက်တော့ ည ၁၁ နာရီကျော်နေပြီ။ ဒါနဲ့ပဲ Asif နဲ့ ကျန်တဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး အခန်းကို ပြန်လာခဲ့လိုက်တယ်။ အခုညပိုင်းတွေကတော့ တော်တော်အေးလာပါပြီ။ လမ်းလျှောက်ရင်း မန်းလေးကျုံးဘေးကိုလည်း သတိရလိုက်သေးတယ်။ အခန်းကို ရောက်တော့ ၁၁ နာရီခွဲကျော်နေပြီ။ Asif ရေ ... မင်းရဲ့ အမဲခါးပတ် ကောင်းမှုကြောင့် ငါလည်း ဗိုက်တွေတော်တော်လေးပြီး အိပ်လို့ တော်တော်ကောင်းသွားတယ်ကွာ။ အရာအားလုံးအတွ...