Skip to main content

Posts

Showing posts with the label Buddha Day Ceremony

Little Girl Praying

  လန်ဒန်မြို့ အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲအခမ်းအနား (၂၂.၀၅.၂၀၁၁) မှာ တွေ့မြင်ခဲ့ရတဲ့ ချစ်စဖွယ်ကလေးငယ်တစ်ဦးပါ။ အဲဒီနေ့က မြန်မာကလေးငယ်များ စုပေါင်းပြီး မြတ်ဗုဒ္ဓကိုပူဇော်တဲ့ ကဗျာများ၊ အလင်္ကာများ စုပေါင်းရွတ်ဖတ်ခဲ့ကြတဲ့ မြင်ကွင်းဟာ ရပ်ဝေးမြေခြား မြန်မာများအတွက် အမိမြန်မာပြည်ကို လွမ်းဆွတ်သတိရစေခဲ့ပါတယ်။ ဓာတ်ပုံရိုက်ရင်း စိတ်ထဲမှာ တွေးမိတာလေးတစ်ခုကတော့ နိုင်ငံရပ်ခြား ရောက်နေတဲ့ (သို့) နိုင်ငံရပ်ခြားမှာ ကြီးပြင်းတော့မည့် မျိုးဆက်သစ်လူငယ်တွေကို လူမျိုး၊ ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုအကြောင်းကို မမေ့ပျောက်အောင် ထိန်းသိမ်းစေချင်တာပါပဲ။ အဆိုးရွားဆုံးမဖြစ်စေချင်တာကတော့ နိုင်ငံခြားသားတစ်ဦးက ဗုဒ္ဓဘာသာဆိုတာဘာလဲ မေးလာတဲ့အခါ ပြည့်ပြည့်စုံစုံမပြောပြနိုင်ခြင်းမျိုး မဖြစ်မိဖို့ပါပဲဗျာ။ အဲဒါ အင်မတန်မှ ရှက်ဖွယ်ကောင်းလှပါတယ်။ လန်ဒန်မြို့မှ မြန်မာများရဲ့ ဗုဒ္ဓနေ့စုပေါင်းပူဇော်ပွဲကို နှစ်စဉ် မေလမှာ ကျင်းပကြပါတယ်။

Eighth Anniversary of Buddha Day Ceremony (London-UK)