၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် နအဖ စစ်အုပ်စုမှ ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည်မဟုတ်ဟု မတ် (၂၉) ရက်တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ချခဲ့ပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီမှတ်ပုံ မတင်ရေး ဆုံးဖြတ်ချက်သည် လူထုကို မျက်နှာမှု၍ ပါတီရပ်တည်မှုထက်၊ တနိုင်ငံလုံး၏ အမျိုးသား အကျိုးစီးပွားကို ဦးတည်သောကြောင့် ကျွန်ုပ်တို့ ယူကေနိုင်ငံရောက် အင်အားစုများ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့် အခန်းအနားတစ်ခုကို ကျင်းပမည် ဖြစ်ပါသဖြင့် ယူကေနိုင်ငံရောက် အင်အားစုများ အနေဖြင့် အဆိုပါ ထောက်ခံပွဲ အခန်းအနားသို့ မပျက်မကွက် တတ်ရောက်နိုင်ကြပါရန် မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ(ယူကေ)မှ လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ နေ့ရက် - ၁၁ရက်၊ ဧပြီလ ၂၀၁၀ အချိန် - ညနေ ၆နာရီ မှ ၈နာရီအထိ ကျင်းပမည့် လိပ်စာ 117-125, West Hendon Broadway, London, NW9 7BP (Map Here) BUS 142, 32. မြန်မာနိုင်ငံအရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ (ယူကေ) Dear friends, We would ...