Skip to main content

Posts

Showing posts with the label smirnoff vodka

Drinking Time

ဒီနေ့ Off ရတဲ့ ရက်မှာ ဈေးထွက်ဝယ်၊ ဟင်းတွေချက်ပြီး အပေါ်က ယမကာလေး နည်းနည်း မှီဝဲဖြစ်တယ်။  အမြည်းကတော့ ကျွတ်ကျွတ်ရွရွလေး မြင်တဲ့အတိုင်းပဲ။ ဟင်းကတော့ ကြက်မာဟင်း ချက်ဖြစ်တယ်။ အဲဒီကြက်က ချက်ရတာတော့ ကြာပေမဲ့ အတော်ချိုပဲ။  ဒါပေမဲ့ pressure cooker နဲ့ ဆိုတော့ နာရီဝက်ပါပဲ။ နောက်ပြီး မြင်းခွာရွက် ဟင်းရည်ရယ် ပြောင်းဖူးနဲ့ပဲသီးကြော်ရယ်။ ဟင်းသုံးမျိုးတည်း ဆိုပေမဲ့ ထမင်းအတော်မိန်ပါတယ်။ ရာသီဥတုကလည်း အေးတော့ Vodka လေးက နွေးနွေးထွေးထွေးဖြစ်အောင် လုပ်ပေးတယ်ဗျ။ ရုရှားမှာတော့ breakfast စားရင်းနဲ့ကို သောက်ကြတယ်ဆိုပဲ။ အခုသောက်ရင်းနဲ့ သူငယ်ချင်းတွေကို share လုပ်ချင်လို့ ဒီပို့စ်ရေးနေတာ။ သောက်ရတာဇိမ်လျော့သွားပြီ။ လက်ကျန်လေး ဆက်ကစ်လိုက်ဦးမယ် :P